04 March 2011

အဆိပ်ပင်များနှင့်တောင်ကုန်း (သို့) Tour Sleng (သို့) S-21




Tour Sleng ဆိုတာကတော့ ကမ္ဘောဒီးယား နိုင်ငံမှာ ကွန်မြူနစ်တွေ ကြီးစိုးတဲ့ကာလ ၁၉၇၅ - ၁၉၇၉ အထိ Secret Prison 21 (S-21) ဆိုပြီး နာမည်ကြီးခဲ့တဲ့ ထောင်တစ်လုံးပါ။ အရင်ကတော့ အထက်တန်းကျောင်းပါ အဲဒါကို Khmer Rouge (ခမာကွန်မြူနစ်) တွေက Toul Sleng ဆိုပြီး ထောင်အဖြစ်ပြောင်းလဲခဲ့တယ်။
Toul Sleng ဆိုတဲ့ အဓိပယ်က “အဆိပ်ပင်များနှင့်တောင်ကုန်း” ပါ။ ခမာနီတွေရဲ့ခေါင်းဆောင်ကတော့ ပိုပေါ့(Pol Pot)ပါ။


 ထောင်သားတွေနေရန် အခန်း

အပေါ်ကအခန်းလေးထဲမှာ ဒီလိုနေရတယ်

ခမာနီ တွေဟာ ပြည်တွင်းစစ်အနိုင်ရပြီး လေးလအကြာ ၁၉၇၅ သြဂုတ်လမှာ စစ်ကြောရေးဌာနနဲ့ထောင်အဖြစ် ကိုပြောင်းလဲခဲ့တယ်။ စာသင်ခန်းတွေဟာ အကျဉ်းခန်းနဲ့နှိပ်စက်ခန်းတွေဖြစ်လာခဲ့တယ်။ အောက်ဆုံးထပ်က စာသင်ခန်းတွေကို အင်မတန်သေးငယ် ပြီး လူတယောက် ကွေးပြီးအိပ်ရရုံ အခန်းငယ်လေးတွေ ဖြစ်အောင်ပြုပြင်ပြီး ပြုတင်းပေါက်တွေကို အဆူးတွေပါတဲ့ သံချောင်းတွေ၊သံစူးကြိုးတွေ နဲ့ကာထားခဲ့ပါတယ်။ ထွက်ပြေးလို့မရအောင် ပေါ့ဗျာ။

၁၉၇၅-၁၉၇၉ အတွင်း လူပေါင်းနှစ်သောင်းနီးပါးလောက် ထောင်ကျပြီး တခါဖမ်းရင် လူ ၁၀၀၀ ကနေ၁၅၀၀ အထိ ဖမ်းပါတယ်။ ပြီးတာနဲ့ အဖမ်းခံရသူတွေဟာ သူတိုရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုပြောပြရတယ်။ ပြီးတာနဲ့ ဖမ်းမယ်၊ စစ်မယ်၊ သူတို့ကို လိမ်တာနဲ့ သတ်ပစ်မယ်။ အစောပိုင်းကာလတွေ မှာအသတ်ခံခဲ့ရတဲ့ လူတွေကတော့ ပိုပေါ့ ရဲ့ ဆန့်ကျင်ဘက်ပါတီက မိသားစုတွေပါပဲ ပြီးတော့ အတတ်ပညာရှင်တွေအားလုံးနီးပါး အသတ်ခံခဲ့ရတယ်။

 အဖမ်းခံခဲ့ ရသူတွေရဲ့ ဓာတ်ပုံများ

ထောင်သားတွေ အတွက်ကတော့ တကယ်ကို အရှင်လတ်လတ် ငရဲရောက် ခဲ့ရတာပါပဲ။ အပေါ်ကအခန်းလေး ထဲမှာ စောင်မပါ၊ ခြင်ထောင်မပါ၊ အိပ်ရာခင်း မပါဘဲ အိပ်ကြရတယ်။ တနေ့ကို ဆန်ပြုတ် လေးဇွန်းနဲ့ ရေသာသာ ဟင်းချိုတစ်ခွက် ပါမယ်။ ခွင့်ပြုချက်မရဘဲရေမသောက်ရဘူး သောက်ရင် သေလုနီးပါး အရိုက်ခံရမယ်။ မနက်တိုင်း အစစ်ခံရမယ်။ အစောင့်တွေဟာ အခန်းတွေကိုသေချာစစ်ဆေးကျတယ်။ အကျဉ်းသားတွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေနှုန်းကမြင့်မားလာတဲ့အတွက် သတ်သေလို့မရအောင် တင်းကျပ်လာကြတယ်။ စကားပြော ခွင့်မရှိဘူး။ ဘာပဲလုပ်လုပ် အစောင့်ရဲ့ ခွင့်ပြုချက် ယူရမယ်။ အာဟာရပြတ်မှု၊ သန့်ရှင်းရေးမရှိမှု ၊အနှိပ်စက်ခံရမှု တို့ကြောင့် လူတွေဟာ အလွယ်တကူ သေဆုံးကုန်ကျတယ်။

လူပေါင်း နှစ်သောင်းနီးပါး အဖမ်းခံခဲ့ရပြီး နောက်ဆုံးမှာ ၇ ယောက်ပဲ အသက်ရှင် ကျန်ရစ်ပါတယ်။

စစ်ကြောနည်း၊အပြစ်ပေးနည်း ကတော့ အစုံပါပဲ။ အောက်က ဓာတ်ပုံတွေသာ ကြည့်ကြပါဗျာ။

ရေနှစ်သတ်ခြင်း



လူသတ်လက်နက်မျိုးစုံ


အပေါ်ကပန်းချီ အောက်ပုံက တကယ့်နေရာ


ကလေးတွေကို  ခြေထောက်ကနေ ကိုင်ပြီးရိုက်သတ်တဲ့သစ်ပင်





၁၉၇၉ ခုနှစ် ခမာနီတွေကျရှုံးပြီး ၁၉၈၀ မှာ ပြတိုက်အဖြစ် သို့ပြောင်းလဲခဲ့ပါတယ်၊
ခမာနီ ကာလ ၁၉၇၅- ၁၉၇၉ အတွင်းမှာ လူပေါင်း ၂ သန်းကျော်သေဆုံးခဲ့ပါတယ်။
ကျနော်တော့ အဲဒီကပြန်လာတဲ့ ညကမအိပ်နိုင်ဘူးဗျာ... လူပေါင်းနှစ်သောင်းနီးပါး အသတ်ခံထားရတဲ့နေရာကို .နေ့လည်ဘက် သွားခဲ့ရသော်လည်း ကျောထဲမှာစိမ့်နေတာပဲ ပြန်ရောက်တဲ့ အချိန်ထိလည်း ရင်တွေတုန်နေတုန်းပဲဗျာ...

ဓာတ်ပုံတွေကို Google ကယူသုံးထားပါတယ် (ကျနော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျနော်အဖေဆီ ပါသွားလို့ မတင်နိုင်ပါခင်ဗျာ)

ပိုသိချင်ရင်တော့ google မှာရှာဖွေနိုင်ပါတယ်။ Tuol Sleng လို့ရေးပြီးတောရှာဖွေနိုင်ပါတယ်။

လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၀၃.၁၁





14 comments:

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတလေးတွေအတွက်ကျေးဇူးပါအကို။ကောင်းသောနေ့လေးဖြစ်ပါစေ။

မေသိမ့်သိမ့် ကျော် said...

ကျွန်မက အနှိပ်စက်ခံရတဲ့ သူတွေနေရာကနေ ခံစားကြည့်ပြီး ရင်ထဲ မကောင်းဘူးရှင်။ ဗဟုသုတရစရာ ပို့စ်လေးတွေ အမြဲ တင်ပေးပါနော်။

ခင်မင်လေးစားလျက်

Crystal said...

အဲလိုလေးရေးပေးတော့ အစ်မရေးရသက်သာတာပေါ့ဟယ်။
အလုပ်ဆိုဒ်မှာ တင်ဖို့ ခွင့်တောင်းမယ်။
ကျေးဇူးတင်လိုက်တာကွယ် :)

မိုးယံ said...

အော်... ရက်ရက်စက်စက် နှလုံးသားပိုင်ရှင်တွေပဲ။

ဂငယ် said...

ဗဟုသုတရပါ၏..
ကြောက်လဲကြောက်စရာနော်..

Anonymous said...

မှတ်သားရပာတယ်... အာဏာရှင်မှန်ရင်ဒီလို လုပ်တတ်ရတယ်လို့များ သတ်မှတ်ထားလားမသိဘူးနော်... myanmar leader တွေ မမြင်ပာစေနဲ့ဗျာ.. လိုက်တုနေမှာစိုးလို့.. :P

ကိုထွဋ် said...

Anglehlaing @ ဟုတ်ကဲ့ ကျေးဇူးပါ၊

မေသိမ့် @ ဟုတ်ကဲ့ပါ

Crystal @ ရပါတယ်ဗျာတင်ပါ။ ထောင်ထဲမှာနေရတဲ့ အကြောင်းကို နောက်မှထပ်ရေးဦးမယ်။ :)

မိုးယံ @ ကွန်မြူနစ်ဆိုတော့လည်းဗျာ... :)

ဂငယ် @ ဒီထက်ဆိုးတဲ့ နေရာတွေရှိသေးတယ်။

Manoublood @ Myanmar Leader တွေက ဒီထက်ဆိုးအောင်လုပ်မှာ..ကျနော် မပါဘူးနော်..

အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ..

Maung Myo said...

ကျနော်လည်း အဲ့သတင်းတွေ ဖတ်ဖူးသလိုလိုပဲ တော်တော်ကိုကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေပဲ ။

အဖြူရောင်နတ်သမီး said...

လေ့လာသွားတယ် အကိုရေ..

မြစ်ကျိုးအင်း said...

သမိုင်းမှာ ဖျက်မရ မေ့ပျောက်မရလောက်အောင် ရက်စက်ခဲ့တာ။
တော်တော်ကြောက်ဖို့ကောင်းတဲ့ အာဏာ တွေပါပဲ။
ပုံလေးတွေရရင်လည်း ထပ်တင်ပါအုံး။

ကိုထွဋ် said...

ဦးမြစ်..... ပုံတွေကရှိတယ်...ဘိုးတော် ကွန်ပြူတာထဲပါသွားလို့....

မြတ်ပုလဲဖြူ said...

ဝဋ်ကြွေးတွေပေါ့..

tabataprincess said...

သတင်းစာမျက်နှာမှာ တင်ပါရစေနော်။ ကျေးဇူးပါ။

An Asian Tour Operator said...

ဖနွန်ပင်က ကျောင်းကို စစ်ကျောရေးထောင်အဖြစ် ပြောင်းထားတဲ့ နေရာနဲ့ လူသတ်ကွင်း ကိုတော့ ရောက်ခဲ့တယ်။ စိတ်မချမ်းသာ စရာဗျာ။ ကျနော် တော့တတ်နိုင်သမျှ မေတ္တာပို့ အမျှဝေ လုပ်ခဲ့တယ်။