05 March 2011

ငါ့မှာလည်းတက်တူးနဲ့ပါဟ

မွေးမြူရေး ဝက်တွေကို ခေါင်းအစ ခြေအဆုံး တက်တူး ဆေးမင်ကြောင်တွေ ထိုးပြီး အလှဆင်ထားတဲ့
အနုပညာ ပြသရာ မွေးမြူရေး ခြံတစ်ခြံ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့ရှိ ရန်ကျန်းတွင်
ထွက်ပေါ် လာပါတယ်။ ဗယ်လ်ဂျီယံလူမျိုး အနုပညာရှင် Wim Delvoye နဲ့ သူ့ရဲ့ အပေါင်း
အဖော်တွေဟာ ဝက်တွေကို မေ့ဆေးပေးပြီး အားလုံးပြိုင်တူ ဒီဇိုင်းပုံဖော် ရေးဆွဲကြပါတယ်။ Louis
Vuitton (နာမည်ကြီး လက်ကိုင် အိတ်) ရဲ့ အမှတ် တံဆိပ်၊ ရုရှားအကျဉ်းသားတွေ သိပ် သဘောကျ
တဲ့ အခြားသောအားကစားဆိုင်ရာ ဆေးမင်ကြောင် စတာတွေကို ဝက်တွေရဲ့ ကိုယ်ပေါ်မှာ ရေးဆွဲကြပါတယ်။ ၄င်းဝက်တွေကို လာကြည့်တဲ့ လူတွေဟာ ကြိတ်ကြိတ်တိုးနေတယ်။  

 ဘယ်လိုလဲ...တက်တူးကိုခိုက်သွားပြီလားဗျ..




  ဒါပေမယ့် တိရစ္ဆာန်များ အခွင့်အရေး ဆိုင် ရာ စည်းရုံးလှုံ့ဆော်သူများက ၄င်းဖြစ်ရပ်ကို “ဝက်တွေဟာ မလိုအပ်ဘဲနဲ ဒုက္ခခံနေရရှာတယ်။        မသင့်လျော်တဲ့ စီးပွား ရေး အမြတ် ထုတ်မှုအတွက် စော်ကားခံနေရတယ်” လို့ ဒေါသတကြီးပြောဆိုကြပါတယ်။ ပြီးတော့ လူ တွေ ဟာ ဝက် တွေကို ဝယ်ယူ၊ ဆေးမင်ကြောင်ထိုးထားတဲ့ ဝက်သားရေကို နံရံမှာချိတ်ဒါမှမဟုတ် ပတ္ထူစ ပေါ်မှာ ဖြန့် ပြီး အလှပြ ချိတ်ဆွဲ ထားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လုံးဝ ပြင်းထန်စွာ ကန့်ကွက်နေကြပါတယ်။

ဒါပေမယ့် တက်တူးတွေနဲ့ ဝက်တွေကတော့ ရွှံ့တွေထဲမှာ လူးပြီး ညစ်ညစ်ပတ်ပတ် မနေရဘဲ အဆင့်အတန်း မြင့်မြင့် နေရတဲ့ အတွက် ပျော်ရွှင်နေရုံပါတယ်။

ဖော်ဝပ်မေးကရတာပါ....

လေးစားစွာဖြင့်
ကိုထွဋ်
၀၅.၀၃.၁၁

4 comments:

အဖြူရောင်နတ်သမီး said...

ထွင်လည်း ထွတ်တတ်ကြပါပေတယ်...

ခနွဲ said...

အော်...သူတို့တောင် တက်တူးထိုးမှကိုး။

မေသိမ့်သိမ့် ကျော် said...

ထူးဆန်းပါပေ့တော်.....း)

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလည်းတက်တူးထိုးမလားလို့..:P:P:P
အားပေးလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။