10 November 2012

အစွန့်ပစ်ခံသူတစ်ယောက်ရဲ့အတ္ထုပတ္တိ



အစွန့်ပစ်ခံသူတစ်ယောက်ရဲ့အတ္ထုပတ္တိ

ကျွန်တော့မှာမွေးချင်းလေးယောက်ရှိတယ်..ကွန်တော့အထက်မှာအကိုအကြီးတစ်ယောက်အောက်မှာညီတစ်ယောက်ညီမလေးတစ်ယောက်ရှိတယ်
ကျွန်တော်တို့မောင်နှမတွေအဲ့အိမ်ကြီးမှာနေရတာပျော်တယ်ဗျာ..တစ်ခါတစ်ခါ ကျနော်တို့နဲ့ ရန်သူဖြစ်တဲ့ အမွှေးစုတ်ဖွားအကောင်ကြီးနဲ့တူတူပုန်းတန်းကစားရတယ်..စိန်ပြေးလိုက်တန်းကစားရတယ်
ကျွန်တော်အပျော်ဆုံးအချိန်ကတော့အဲ့အကောင်ကြီးမရှိပဲအိမ်ထဲမှာစိတ်ကြိုက်ပြေးနေရတဲ့အချိန်ပါပဲ
တစ်ခါတစ်ခါသူတို့တွေကျွန်တော့်နောက်လိုက်လို့ပြေးပေါက်မရှိပဲလေပေါ်ပျံဝဲပြီးပြေးရတဲ့အချိန်အဲ့ဒါလဲစွန့်စားမှုတစ်ရပ်မို့ပျော်ရတယ်

တစ်ခါတစ်ခါကျွန်တော်နဲ့မျက်စိအကြည့်ချင်းဆုံမိလို့ကြားလိုက်ရတဲ့အသံဟာ..ကျွန်တော့ရင်ထဲကိုသိမ့်သိမ့်ကိုခါသွားစေတယ်.
အဲ့လိုနဲ့ကျွန်တော်တို့နေလာလိုက်တာ..တစ်ရက်ကျွန်တော်တို့မောင်နှမတွေအကုန်လုံးစောစောစီးစီးအပြင်ထွက်ပြီးဆုံနေကျနေရာဆော့နေကျလေးနေရာမှာပုံမှန်အတိုင်းနေနေကျလေရော..
ဟော..ကျွန်နော်နဲနဲညဥ့်နက်လာတော့အပြင်ထွက်မယ်လည်းလုပ်ရောထွက်ထွက်ချင်းမှာပဲမျက်စိချင်းဆုံမိပါလေရော..ဒီတစ်ခါတော့အော်သံကြားမိတယ်..အရင်ကတစ်ခါလောက်တော့သိမ့်သိမ့်မတုန်တော့ပါဘူး
ကျွန်တော့လည်းကျွန်တော့မောင်နှမတွေကိုပြန်ပြောတယ်..ခနစောင့်လို့..ဒါနဲ့အပြင်ကစကားပြောသံတွေကြားနေရတယ်..ဘာတွေပြောနေလဲတော့သဲသဲကွဲကွဲမကြားရဘူး
ပြီးတာနဲ့ဂျိမ်းဆိုတဲ့အသံကြားတယ်ဗျာ..ကျွန်တော်တော့စိတ်ထဲထင်လိုက်တယ်တစ်ခုခုဖြစ်တော့မှာပဲလို့.ဒီလိုနဲ့ခနငြိမ်လိုက်တယ်

အဲ့ဒီအခါအပြင်ကနေတစ်စုံတစ်ယောက်ဝင်လာပါလေရော..သူတို့ကအင်အားကြီးတယ်ဗျ..
သုံးယောက်တောင်..ကျွန်တော်ညီမလေးအတွက်တော်တော်စိတ်ပူသွားတယ်တော်သေးတယ်ဗျ.သူတို့ကျွန်တော့ညီမလေးကိုမတွေ့ကြဘူး..အဲ့လိုနဲ့တော်တော်ကြာတယ်ကျွန်တောလည်းရောက်တတ်ရာရာပုန်းရင်ရှောင်ရင်း..မရဘူးဗျအင်အားမမျှဘူးဖြစ်သွားတယ်.နောက်ဆုံးတော့ကျွန်တော်အဖမ်းခံလိုက်ရတယ်ဗျာကျွန်တော့ညီမလေးကိုလှမ်းမှာတယ်စိတ်မပူနဲ့လို့.. 
ကိုယ့်ဘာသာကိုလုံအောင်ပုန်းဆိုပြီးတော့ဒီတော့ကသူကကျွန်တော့အကိုနဲ့ဆိုတော့ကျွန်တော်စိတ်ချသွားတယ်..တစ်ခုခုဆိုအကိုကတော့ကာကွယ်နိုင်မယ်ဆိုပြီးတော့..
ကျွန်တော့ကိုဖမ်းထားပြီးတော့ဘာတွေလဲမသိဘူး..ဖျန်းကြတယ်ဒါပေမယ့်ဗျာကျွန်တော်သတိအလွှတ်မခံဘူး..တင်းထားတယ်ကျွန်တော်ပြေးဖို့လွှတ်လမ်းကိုရှာကြည့်သေးတယ်မရဘူးဗျ..အဲ့ဒါနဲ့ကျွန်တော်စိတ်လျှော့တော့ကျွန်တော့နောက်ပိုင်းကိုနာကျဉ်အောင်လုပ်ကြပြီးအိတ်ကြီးတစ်အိတ်ထဲကိုထည့်လိုက်ကြတယ် 
ကျွန်တော့ကိုအိတ်ထဲလည်းဖမ်းပြီးရော….သွားလိုက်ကြတာအကြာကြီးပဲဗျာ..ကျွန်တော်အရမ်းစိတ်ပူသွားတယ်..
ငါ့ကိုသတ်ကြတော့မယ်ငါ့ကိုသတ်လို့ငါသေသွားရင်ငါမိသားစုတွေကလည်းမသိဘူးဘယ်ရောက်နေပြီလဲဆိုပြီးတော့စိတ်ပူနေကြတော့မယ် 
ငါချစ်တဲ့ငါ့အကို..ငါ့ညီလေးနဲ့ညီမလေး…အထူးသဖြင့်ညီလေးနဲ့ညီမလေးကငါ့နောက်ကိုပဲလိုက်လိုက်ပြီးဆော့နေကြတာ..ငါမရှိတော့ရင်မျက်စိသူငယ်နားသူငယ်နဲ့ဟိုစုတ်ဖွားကြီးကိုကြောက်နေရော့မယ်….
အဲ့လိုနဲ့တွေးပြီးလိုက်လာလိုက်တာတစ်နေရာရောက်တော့သူတို့အထုတ်ကိုဖြည်ပြီးဖွင့်ချလိုက်တယ်ပြီးတော့ကျွန်တော့်ကိုထွက်ခိုင်းတာပေါ့မထွက်ချင်ပါဘူး..ဒါကျွန်တော့အိမ်မှမဟုတ်တာ..ကျွန်တော်ကျွန်တော့ညီမလေးနဲ့ညီလေးကိုအရမ်းတွေ့ချင်နေတယ်..သူတို့ဆီကိုပြန်သွားရမယ်..ဒီမှာနေခဲ့လို့မဖြစ်ဘူး
 ဒါပေမယ့်နောက်တစ်ခုကလည်းကျွန်တော်မနေခဲ့ရင်သူတို့ကျွန်တော့ကိုဘယ်လိုဒုက္ခထပ်ပေးဦးမယ်ဆိုတာလည်းမသိဘူး..
ဒါနဲ့ဖြစ်ချင်ရာဖြစ်နေခဲ့မယ်ဆိုပြီးတော့အိတ်ထဲကထွက်ခဲ့တယ်..  

ကျွန်တော်ခေါင်းနဲနဲမူးနေတယ်ဗျာ..သူတို့ကျွန်တော့ကိုဖျန်းထားတဲ့အနံ့တွေကြောင့်နေမယ်ကျွန်တော် တ်ာတော်နဲ့လမ်းလျှောက်လို့မရဘူး..ခေါင်းကမိုက်ခနဲ့မူးမူးနေလို့..ဒါနဲ့အဲ့ဒီနားမှာပဲခနနေပြီးအိမ်ပြန်လမ်းကိုကြိုးစားရှာမယ်ပေါ့.. ဘာလို့လဲဆိုတော့သူတို့တွေပြန်ပြီးညီလေးနဲ့ညီမလေးကိုဘာလုပ်ဦးမလဲဆိုပြီး အရမ်းကိုစိုးရိမ်နေရတယ်.. ကျွန်တောအဲ့လိုနဲ့နေနေတယ်ဗျာ….အဲ့နာမှာလေကောင်းလေသန့်လေးရှူရင်းအမူးလဲဖြေရင်း
တော်တော်လည်းကြာသွားတယ်ကျွန်တော်အိမ်ကိုဘယ်လိုပြန်ရမလဲလို့ရှာနေတုန်းမှာပဲမလှမ်းမကန်းမှာကျွန်တော့ညီလေးနဲ့ညီမလေးကိုလှမ်းတွေ့လိုက်ရယ်..
စောစောကလိုပဲကျွန်တော့ကိုလာထားသွားသလိုဟိုလူတွေလာထားသွားကြတယ်ဘာလုပ်မလဲလို့မလှမ်းမကမ်းကစောင့်ကြည့်နေတုန်းကျွန်တော်တို့အရမ်းကြိုက်တဲ့ဘီစကွတ်အချိုမှုန့်တစ်ခုကိုထားသွားတယ်တော်တော်လည်းစိတ်ကောင်းရှိတဲ့သူတွေ..ကျွန်တောတို့ကိုထားသွားပေမယ့်ကျွန်တော်တို့တခြားနေစရာအသစ်မတွေ့ခင်အသက်ဆက်နိုင်အောင်လို့မုန့်လေးတစ်ခုကိုထားသွားခဲ့ကြတယ်..
ကျွန်တော့ညီလေးနဲ့ညီမလေးကကျွန်တော့ကိုလည်းတွေ့ရောဝမ်းသာအားရနဲ့သူတို့အရမ်းပျော်နေခဲ့ကြကြောင်း..
အကိုကြီးကိုလည်းဖမ်းမိမလို့လက်မတင်လေးပဲဆိုတဲ့အကြောင်း..သူတို့တွေဘယ်လိုပုန်းရှောင်ပြီးဘယ်လိုအဖမ်းခံခဲ့ရကြောင်းပြောပြရှာပါတယ်
အဲ့လိုနဲ့ပဲမလှမ်းမကမ်းမှာကျွန်တော့တို့နေဖို့နေရာသစ်ကိုရှာတွေ့ခဲ့ကြတယ်..

ဘာပဲဖြစ်ဖြစ်အကိုကြီးကလွှတ်သွားတယ်ဆိုတဲ့အတွက်အဖေနဲ့အမေကိုစောင့်ရှောက်နိုင်မှာပါ.
 ကျွန်တော်တို့ကလည်းအိမ်အပြန်လမ်းကိုရှာရင်း..တွေ့တဲ့နေရာမှာခဏနားရင်ခရီးဖြည်းဖြည်းချင်းဆက်ရမှာပေါ့
တစ်နေ့တော့အဖေနဲ့အမေကိုပြန်တွေ့နိုင်မှာပါ

အဖေနဲ့အမေကို ရှာဖို့ဆိုတာကလည်း မလွယ်ပေမဲ့ ကျနော်ကြိုးစားရှာရမှာပေါ့လေ.. ကျနော့်မှာ ညီနဲ့ညီမလေးရှိတယ်.. ကျနော်တို့သုံးယောက် အတူ ဘဝကို ရှေ့ဆက်ဖို့ကြိုးစားရမှာပေါ့လေ။။ကျနော် တွေးနေမိတာကတော့.. 

ဒါဟာ ဘဝ တစ်ခု အဆုံးသတ်ခြင်းနဲ့ အသစ်တစ်ခု စတင်ခြင်းလို့ပဲထင်ပါတယ်.. ဘာပဲဖြစ်ဖြစ် ကြိုးစားပီးရှေ့ဆက်ရမှာပေါလေ..
ကျနော်ကတော့ ကြွက်တစ်ကောင်ပါ..


P.S .. ကျနော်မရေးပါဘူး..  အနော့် မ ရေးထားတာကို တင်ပေးချင်းသာ ဖြစ်သည်.. 

မျှစ်ဝေယံ

02 October 2012

ပျင်းလို့ချရေးတဲ့ပို့စ်တစ်ပုဒ်..

ဘလော့မရေးတာလဲ ကြာပေါ့.. ကြာပေါ့ဆို.. အလုပ်များတယ်.. အလုပ်နဲတဲ့အချိန်မှာ အလုပ်ပြောင်းတယ်.. အခု လက်ရှိ အလုပ်ကလဲ အထိုင်မကျတော့ အင်တာနက်လဲ မသုံးဖြစ်သေး.. အဲ့လာနဲ့ ကြာကြာလာတာကနေ. ပို့စ်မရေးဖြစ်တာ သုံးလတောင်ကြာပီပေါ့။

နောက်တစ်ချက်ကတော့ ကုန်ကြမ်းပေါ့နော်..  ကျနော့်ရဲ့ကုန်ကြမ်းဆိုတာကလဲ သူများတွေလို ရင်ထဲ နှလုံးထဲကနေ ထွက်လာတာ မဟုတ်ပဲ.. သူများတွေကို လှောင်ဖို့ ဗျင်းဖို့ ရှာတဲ့ ကုန်ကြမ်းပါ။ အခုတလော ရှာလို့ကလဲ မတွေ့ဘူးပေါ့လေ.. တွေ့ရင်ပြောကြပါဦးဗျ.

စိတ်လဲ မပါဘူး. ပျင်းနေတယ်.. ကိုယ့်ဘလော့ကလဲ အဂ္ဂမဟာ စီနီယာ ဘလော့ဂါများကဲ့သို့ လူ တစ်နေ့ကို ရာကျော် ဝင်နေတာမဟုတ်တော့လဲ.. မရေးတော့ဘူး.. ပိုပိုပျင်းလာတယ်.. အားပေးမဲ့လူမှ မရှိတာကိုးဂျ............နော်..

ကျနော်ဘလော့ စရေးခါစက ကော့မန့်တစ်ခု မှတ်မိတယ်.. ဘလော့စရေးတယ်ဆိုတာ မိန်းမရခါစလိုပဲတဲ့ အချိန်ပြည့် ကြည့်ချင်တယ်.. ဘယ်သူ ကော့မန့်ရေးလဲ သိချင်တယ်.. ဘယ်နှစ်ယောက်လာဖတ်သွားလဲ သိချင်တယ်..

နဲနဲကြာလာတော့ မိန်းမကို မကြည့်ချင်တော့သလိုပဲ.. ဘလော့ကိုလဲ ပစ်ထားကြတယ်.. ရေးချင်ရေးတယ်.. မရေးချင်မရေးဘူး..

နောက်ဆုံးအချက်ကတော့ ဖဘခေါ် ဖေ့ဘုတ်ပေါ့။ ကျနော် တော်တော်များများဖတ်ကြည့်ရင် ဖဘ ဘက်ရောက်လို့ စာမရေးနိုင်ကြတာကြီးပါပဲ..

ပျင်းလို့ချရေးလိုက်တဲ့ ပို့စ်တစ်ပုဒ်ပါ.. ပျင်းလို့ ဘာမှဆက်မရေးချင်တာနဲ့တုံးတိနဲ့ဖြတ်လိုက်ပါတယ်း)

လေးစားစွာဖြင့်
ကိုထွဋ်


08 June 2012

၂၀၁၂ အတွက် အယူတော် မင်္ဂလာ ခြောက်လ ဟောကိန်းကြီး

အကျနုပ်သီ နိုင်ဂံရပ်ခြားတွင် အလုပ်လုပ်နေသော်လည်း မြန်မာ လူမျိုးတစ်ဦး ဖြစ်သည့်အားလျော်စွာ ဗေဒင်၊ကဝိ၊ဝေဒ ဘာညာ ဘာညာ စသည်များအား စိတ်ဝင်စားမိသည်။ ထို့ကြောင့် အတန်ငယ် လေ့လာလိုက်စားသည့်အားလျော်စွာ အနည်းအကျဉ်း တီးခေါက်မိ၏။ ထို့သို့တီးခေါက်မိသည်နှင့် မြင်မြင်သမျှ လူများအား တွေ့သည်နှင့် "ဟိုနားက လုကြီး စစ်သူကြီး" "အောင်ပန်း စိန်သာ ခွေးသေးပန်း " စသည့်နည်းလမ်းများဖြင့် မဟာဘုတ်(Mahar boat မဟုတ်ပါ) တိုင်ထူခြင်း.  ဇာတာ ချခြင်းများကို လူသောက်မြင်ကပ်လောက်အောင် ပြုလုပ်နေသည် ကြာမြင့်လှပီဖြစ်သည်။ ယခု အချိန်အခါတွင် ကျနုပ်သည် အကျနုပ်ကိုယ်ကျနုပ် ပညာရည် အနည်းငယ်ပြည့်ဝပီ ဟု ယူဆသဖြင့် အောက်ပါဟောကိန်းကို ရေးရန်ကြိုးစားမိလေသည်။

ထို့သို့ ရေးရန်ဖြစ်ပေါ်လာခြင်းမှာ ကျနုပ်၏ ဂျုနီယာများဖြစ်ကြသော ဆန်ဆာပြာဘို ၊ ဆင်ယော်ပြာ စသော ဂျုနီယာများက စာအုပ်ရေးခြင်းဖြင့် ဝင်ငွေဖြောင့်နေသည်ကို အားကျမိသောကြောင့် ဖြစ်သည်။
အောက်ပါဟောကိန်းသည် လက်တည့်စမ်း အဲလေ ကျနုပ်ပညာကို အမြည်းသဘောမျှသာ ပြချင်သောကြောင့် ခြောက်လဟောကိန်း ဟုဆိုရခြင်းဖြစ်သည်။


၂၀၁၂ အတွက် အယူတော် မင်္ဂလာ ခြောက်လ ဟောကိန်းကြီး

ကျနုပ်၏ သူတစ်ထူးမတူသော ဗေဒင်ပညာနှင့် ဆန်းစစ်ကြည့်ရာ ၂၀၁၂ သည် နှစ်သစ်တစ်နှစ်ဖြစ်သည်ကို အံသြဖွယ်ရာတွေ့ရှိရသည်။ ထို့အတူ ဂျိုးငှက်လေးတစ်ကောင်သည် ဟိုဒီပျံသန်းရာမှ သစ်ကိုင်းတစ်ကိုင်းကောက်ချီမိသဖြင့် ညိမ်းချန်းရေးတမန်တော် ဖြစ်သွားသည်။ ထို့ကြောင့် မသင့်မြတ်သော အဖွဲ့အစည်းများ ရန်စောင်လာနိုင်ခြင်း၊  ရန်သူများက ENEMY အဖြစ်သို့ ပြောင်းလဲသွားခြင်း ၊ နယ်နမိတ်များ ဖွင့်ထားရာမှ ပိတ်သွားခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်သည်။

၂၀၁၂ သည် ပညာရေးတွင်ထိပ်ဆုံးရှိသဖြင့် ပညာရှာသူများ စာကြိုးစားပါက စာမေးပွဲအောင်နိုင်သည်။ မကြိုးစားပါက ကျနိုင်သည်။ ဘာသာရေးလုပ်သူများ ပုတီး တစ်နေ့ အပတ်တစ်သောင်းစိတ်ပါ။ ရလဒ်မှာ အညောင်းမိနိုင်သည်။ ခြေထောက်တွင် အသားမာတက်နိုင်သည်။ ကဘာ တစ်ဝှမ်းလုံးတွင်လည်း စီပွားရေး ပြန်လည်ကောင်းမွန်လာမည်။ အလုပ်လုပ်သူများ လကုန်လျှင် လစာရမည်။ ကံကောင်းပါက ဒီဇင်ဘာလတွင် ဘောနပ်ရနိုင်သည်။

အထူးခြားဆုံး အချက်မှာ အနောက်တောင် အာရှနိုင်ငံတစ်ခု တွင် အစိမ်းရောင် ငွေစက္ကုတစ်ရွက် ပေါ်ပေါက်လာမည်။ နောက်ခြောက်လအတွင်း မပေါ်ပေါက်ပါက တစ်နေ့နေ့ ပေါ်ပေါက်နိုင်သည်။ထိုငွေစက္ကုသည် ဝိတ်မလောက (သို့) သိုက်စသော စာကလေးသိုက် ၊ငှက်သိုက်တိုနှင့် ဆက်စပ်၍ ပေါ်ပေါက်လာခြင်းဖြစ်ပေသည်။

၂၀၁၂ ခုနှစ်နှောင်းပိုင်း ခြောက်လကာလတွင် သဘာဝသတ္ထုများတူးဖော်တွေ့ရှိနိုင်သည်။ ဥပမာ မြေကြီးထဲသို ကျင်းတူးပါက ဓာတ်ခဲ အစုတ်အပြတ်များ ၊ သံချေးတက်နေသော သံတိုသံစ စသည်တို့ တွေ့ရှိနိုင်သည်.။ မည်သည့်ကိစ္စမဆို ရုတ်တရက် အပြောင်းအလဲ ဖြစ်နိုင်သည်။ ဥပမာ ရန်ကုန်တွင် ဂျိုးဖြုရေလာနေရာမှ ရုတ်တရက် ဂျိုးဖြုရေ ပြတ်သွားခြင်း၊ မျက်စိမှတ်ပါက မှောင်မည်းသွားခြင်း တို့ဖြစ်နိုင်သည်.။ ၂၀၁၂ သည် အကောင်းအဆိုး ဒွန်တွဲနေရာ ပညာရေး ဘာသာရေး လုပ်သူများအဖို့ ထိပ်ဆုံးရောက်နိုင်သည်။ သို့သော် မကောင်းသော အပြောင်းအလဲများလည်းရှိသည်။ ဥပမာ မိုးတွင်းတွင် မိုးသဲသဲမဲမဲ ရွာခြင်း ၊ မိုးတွင်းဖြစ်သော်ငြား နေထွက်ခြင်း ၊ ည ရှစ်နာရီဆိုပါက နေလုံး မမြင်ရခြင်း စသည်တို့ ဖြစ်ပေါ်လာနိုင်သည်။ ၂၀၁၂ ၏ အထူးခြားဆုံးကို ဒေါက်ကနဲဒေါက်ကနဲ ကောက်ချက်ချရမည်ဆိုလျှင် မြန်မာပြည်တွင် ကြက်ဆူဆီမီးဖို တီထွင်ခဲ့သကဲ့သို့၎င်း ၊ သစ်ဆိမ့်ဆီ ထုတ်လို့ရပီဟူ၍ လည်းကောင်း ထို့ကဲ့သို့ တလွဲဆံပင်ကောင်း ဖြစ်ရပ်များပေါ်ပေါက်လာမည်ဖြစ်သည်။၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့သော လိမ္မော်သီး အရေးအခင်းကဲ့သို့သော် ဖြစ်ရပ်များကဲ့သို့ လူ၏ပယောဂကြောင့်လည်းကောင်း ပေါ်ပေါက်လာနိုင်သေးသည်။ ယခုတချို့ပင် ပေါ်ပေါက်နေပီဖြစ်သည်။

၂၀၁၂ အားခြုံငုံ၍ ပြောရမည်ဆိုလျှင် ကောင်းချင်လည်းကောင်းမည်၊ဆိုးချင်လည်းဆိုးမည် ဖြစ်သော
 နှစ်တစ်နှစ်ဖြစ်ကြောင်း အကျနုပ် နမိတ်ဖတ်လိုက်ပေတော့သတည်း။

အကျနုပ်၏ တပည့်ရေးထားသော နမိတ်စာတမ်းအား ဖတ်ရှုလိုပါက ဒီမှာ ကလစ်ပါ


လေးစားစွာဖြင့်
ဗျစ်တစ်ပြန် ဗေဒဝိတ်ဇာကလိမ် ဆရာကြီး
မျှစ်ဇင်ယော်မည်း


23 May 2012

ကျနော့်ရဲ့ ပြတင်းပေါက်လေး

ကျနော့်ရဲ့ ပြတင်းပေါက်လေး
ဟုတ်တယ် ကျနော့်နေတဲ့ အခန်းမှာ ပြတင်းပေါက်လေးတစ်ခုရှိတယ်.
ကျနော်နေတဲ့ အခန်းဆိုတော့ လောလောဆယ် ကျနော်ပိုင်တာပေါ့နော်..

ပြန်ရောက်လာတိုင်းကျနော် အရင်ဆုံးလုပ်မိတာကတော့ ဖယောင်းတိုင်ကိုထုတ် မီးခြစ်ခြစ်ရတာပါပဲ။
အလုပ်က ပြန်လာတိုင်း မီးကပျက်နေတယ်လေ။
နောက်တော့ ဘတ်ထရီကုန်နေတဲ့ အိုင်ပတ် ၂ ကို စားပွဲပေါ်တင်.. အိုင်ဖုန်း ၄အက်စ် ကိုလဲ စားပွဲပေါ်မှာတင်ပီး ပြတင်းပေါက်လေးကို ဖွင့်လိုက်တယ်.. ပီးတော့ ရေချိုးခန်းကိုသွား လက်ဆေး ခြေဆေးပီး ပြတင်းပေါက်နားမှာ ခုံတစ်လုံး ယူထိုင်ပီး ငေးကြည့်နေလိုက်တယ်။

ထိုအချိန်မှာပဲ အတွေးထဲကို ဝင်လာတာ တစ်နေ့တာ ပင်ပန်းတာတွေ၊ရန်ဖြစ်ရတာတွေ ပျော်ရွှင်ကြည်နှုးရတာတွေပေါ့။ အဲဒါတွေကိုထွက်သွားဖို့ သက်ပြင်းလေးကို အနားမှာ ဘယ်သူမှမရှိပေမဲ့ ခိုးချရင်း ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်ကို ကျော်ပီး လောကကြီးကိုကြည့်လိုက်မိတယ်။

ပြတင်းပေါက်ကနေလှမ်းကြည့်ရင် တွေ့ရတာက အိမ်လေးတွေပဲ။ တချို့အိမ်တွေက မီးပျက်နေပေမဲ့လဲ အင်ဗာတာလေးတွေနဲ့ ဆိုတော့ မှိတ်တုတ်မှိတ်တုတ် လေးတွေတော့ လင်းနေတယ်။ တချို့ကျတော့ လဲ ဖယောင်းတိုင်လေးတွေနဲ့ပေါ့။ အဲလိုနဲ့လိုက်ကြည့်ရင်း အနားမှာ၇ှိတဲ့ ဘီယာဆိုင်ကို ကြည့်မိတော့။
သူတို့လောက ကတော့ ဆူညံနေလေရဲ့။ နီနီ ဝါဝါ ပြာပြာ မီးရောင်စုံတွေရဲ့အောက်မှာ လှနေတဲ့ မိန်းမလေးတွေရယ် အဆီပျံနေတဲ့မျက်နှာတွေရယ်ကိုတွေ့ရမယ်လို့ စိတ်ကူးပုံဖော်နေမိတယ်။

အဲဒီ အချိန်မှာ သူနားထဲကြားလိုက်ရတာက ရယ်သံလေးတွေ ...ဒီရယ်သံတွေကို သူ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ ရင်းလဲ ရင်းနှီးတယ်။ တချိန်တည်းမှာပဲ သူသတိရမိတာက ဖန်ခွက်တစ်လုံးနဲ့အဖော်ပြုနေတဲ့ သူ့ပုံရိပ်တွေ နံရံကို ကျောမီရင်း အိုင်ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့ သူ့ပုံရိပ်တွေ ကို ပြန်မြင်ယောင်လာတယ်။

ဒီနေ့လည်းကျနော် အလုပ်က ပြန်လာတယ်. သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာဆိုင် အသစ်အကြောင်းပြောရင်းနဲ့ပေါ့။ပျော်လို့ ရီလို့ မောလို့ပေါ့
အိမ်ပြန်ရောက်တယ်.. ဖယောင်းတိုင်ထွန်းတယ်.. အိုင်ပတ်တွေ အိုင်ဖုန်းတွေကို စားပွဲပေါ်တင်တယ်။ ပြတင်းပေါက်ဖွင့်တယ်။
ဘီယာဆိုင်ကိုငေးကြည့်တယ်။
တချိန်တည်းမှာပဲ တစ်ခုခုကို ဆာလောင်နေတဲ့ အသံကို ပြန်ကြားရတယ်။
နှုတ်ခမ်းကို လျှာနဲ့သပ်မိတယ်။
လမင်းကိုရှာကြည့်တော့ မတွေ့ လမိုက်ရက်ထင်ပါရဲ့..
မီးပြာပြာ နီနီ တွေကို လှမ်းကြည့်မိတယ်.
ဘီယာခွက် ကိုင်ထားပီး မခို့တခို့ရပ်နေတဲ့ ကောင်မလေး ပိုစတာကို လှမ်းကြည့်မိတယ်။

တစ်ယောက်ယောက်က ပြောတဲ့အသံတစ်ခုကြားလိုက်တယ်။
တိုးညှင်းလွန်းနေပေမဲ့ ကျနော် ဘာပြောလဲ ဆိုတာကောင်းကောင်းသိတယ်။
ဘယ်သူမှလဲ အနားမှာ မရှိဘူး ဘယ်သူပြောမှန်းလဲ မသိဘူး။
ဘယ်နေရာက ပြောမှန်းလဲ မသိဘူး
ဒါပေမဲ့ တစ်ယောက်ယောက်ပြောလိုက်တယ် ကျနော်ကြားလိုက်တယ်။

ပြတင်းပေါက်ကို ပိတ်တယ်. အိုင်ဖုန်းကို ယူတယ်။
အပြင်သွားဖို့ပြင်တယ် တံခါးကို လော့ချတယ်။

အဲဒီအချိန်မှာပဲ ခုနက စကားကို ထပ်ကြားလိုက်တယ်။
အဲဒါက
"မင်း ဘီယာသွားသောက် သင့်ပီတဲ့". နှုတ်ခမ်းကို သပ် ..လေးကိုင်းသဏ္ဍန် ကွေးညွှတ်ပီး
ဟုတ်တာပေါ့လို့ ကိုယ့်ကိုကိုယ်ပြောမိတယ်။

 တချိန်တည်းမှာပဲ ကြားလိုက်ရတာက" ဟေး" ဆိုတဲ့ အသံကြီးပဲ

အော် မီးလည်း ပြန်လာပီကိုး...
ကျနော်လည်း လေလေးချွန်ပီး အိမ်နားမှာ ရှိတဲ့ ဘီယာဆိုင်ကို ထွက်လာလိုက်ပါတော့တယ်။

လေးစားစွာဖြင့်
စီအိုင်အေ ငထွဋ်

ပီ အက်စ်။   ။ ဘလော့ဂါတစ်ယောက်ရဲ့ပို့စ်ကို မှီညမ်း၍ ပေါက်ကရလုပ်ထားသည်။