သင့်ပြွန် (ခ) Youtube မှာလဲ “့How to lose belly fat " စသဖြင့် ဗိဒိုတွေရှာပြီးပြီဟုတ်။ တွေ့ပေမဲ့ လိုက်မလုပ်နိုင်ဘူးလေ။ စိတ်ဓာတ်မကျပါနဲ့ ခညားတို့ နေရာမှန်ကို ရောက်ရှိလာပြီလို့ ပြောလို့ရပါတယ်။ ကျနော် အကောင်းဆုံး မြန်မာ့ရိုးရာ ဝိတ်ကျနည်းကိုတွေ့ရှိထားပါတယ်။
ခညားတို့ ဝိတ်ကျဖို့ဆိုရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးလည်ပတ်မှုမြန်အောင်လုပ်ပီး ချွှေးများများထွက်အောင်လုပ်ရမှာဖြစ်တယ်။ ဗိုက်တစ်ခုတည်း ကွက်ပြီး အဆီချလို့မရပါဘူး.. ရသည်ပဲထားဦးတော့ ကြည့်ကောင်းမှာ မဟုတ်ပါဘူး။ ဗိုက်ချပ်ပီး ဇလုပ်ထွက်နေရင် ဘယ်ကောင်းပါ့မလဲ။
အဲဒီတော့.....
လိုက်နာရမည့် အချက်များ
အောက်ကအချက်တွေကို အရင်လိုက်နာပါ။
၁။ ရုံးက အပြန်မှာ ပန်းသီးတစ်လုံး၊ပေါင်မုန့်တစ်လုံး ဝယ်လာပါ။
၂။ အိမ်မှာ ဘာမှ မဝယ်ထားပါနဲ့။ ကြွက်ရောက်လာရင် စိတ်ပျက်ပြီးပြန်သွားရလောက်အောင် စားစရာနဲ့ပတ်သတ်ပြီး ဘာမှမရှိပါစေနဲ့။ (အပေါ်က နှစ်မျိုးမှလွဲ၍)
၃။ ညဘက် ဗိုက်ဆာပါက ရေပဲသောက်ပါ။ဘယ်လောက်ဆာဆာ ရေပဲသောက်ပါ။
လိုအပ်သော ပစ္စည်းများ
အဲဒါဆိုလေ့ကျင့်ခန်းစလို့ရပါပီ။ဘာမှ ထွေထွေထူးထူးမလိုပါဘူး။
လိုအပ်တာက တစ်ယောက်တည်းသမားဆိုရင် ကိုယ်လုံးပေါ်မှန်တစ်ချပ်။ အိမ်ထောင်သည်ဆိုရင် မိမိ၏ ခင်ပွန်းနဲ့ဖြစ်စေ၊ ဇနီးနှင့်ဖြစ်စေ ပြုလုပ်နိုင်ပါတယ်။
အကောင်းဆုံးနည်းလမ်းကတော့ သားသမီးများနှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြစ်သည်။(ကလေးမှာ အသက် ၇နှစ်မှ ၁၂ နှစ်အထိသာ)
လေ့ကျင့်ခန်းပြုလုပ်ရန်
၁။ ပထမဆုံးအနေနှင့် မှန်ရှေ့တွင် (သို့) တစ်ယောက်ယောက်ရှေ့တွေ ငုတ်တုတ်ထိုင်ပါ။ ထိုတစ်ယောက်ယောက်ကိုလည်း ထိုင်ခိုင်းပါ။(အော်မေ့လို့ ပုဆိုး၊ထဘီများအား ဘောင်းဘီတိုနှင့်လဲဝတ်ရန်)
၂။ လက်နှစ်ဖက်ကို ကွေး၍ ဘေးတွင်ကပ်ခါ ဘယ်ခြေအား ရှေ့တစ်ချက်တိုး၍ ညာခြေနောက်တစ်ချက်ဆုတ်ပါ။ ထိုအရာအား မြန်မြန်ဆန်ဆန်ပြုလုပ်ပါ။မြန်မြန်ဆန်ဆန်လုပ်ပါက သင်သည် အချိန် အနည်းငယ်တွင်းမှာပင် ချွေးများ ပျံလာပါလိမ့်မည်။ နောက်ဆုံး မတ်တပ်ပင် မထနိုင်တော့သည် အထိ လုပ်ပါက အလွန်ကောင်းသည်။
တစ်နေ့တစ်ကြိမ်လုပ်ရုံနှင့် တစ်လကြာပါက သင်သည် ခင်သန္တာသက်ချိုပြုံးမှ သွယ်သွယ်လျလျ ကိုယ်ခန္ဓာကို ရရှိမည်ဖြစ်သည်။
ထိုလေ့ကျင့်ခန်းမှာ မြန်မာအခေါ်အရ ကြက်ဖခွပ်ခြင်း ဖြစ်သည်။
![]() |
ကြပ်ဖခွပ် ပြိုင်ပွဲဝင်နေကြစဉ် (ဓာတ်ပုံ - နေညွှန်း) |
အသင်တို့ ကျနုပ်ရေးထားသည်ကိုနားမလည်ပါက သား၊သမီးများအား မေးမြန်းရန် အကြံပေးအပ်သည်။
ကြက်ဖခွပ်ခြင်းသည် မည့်သည်အရာမှ မလိုအပ်ချေ ကာပျုတွန်မလိုပါ။ဗီဒီယို မလိုပါ။ ပိုက်ဆံမကုန်ပါ။
အလွန်တရာမှ ကုန်ကျစရိတ်အလွန်နည်းသော အမှန်အကန် အဆီချနည်းဖြစ်သည်။ အိမ်ရှင်မများ အချိန်အနည်းငယ်ရှိရုံနှင့် အဆင်ပြေသည်။ ကိုကိုများအတွက်လည်း အဆင်ပြေသည်။
ထို့ပို့စ်အား ဝိတ်ကျချင်သောသူများအတွက်ရေးသည်။
Ref : ဓာတ်ပုံအား http://www.yeyintnge.com/2010/01/blog-post_911.html ဘလော့မှ ယူထားပါသည်။
ကြက်ဖခွပ်ချန်ပီယံ
ရွှေမျှစ်ဝံ(ရွှေဓူဝံတပည့်)
22 comments:
အကောင်စုတ်
အဟုတ်မှတ်လို့ ငါ လာဖတ်တယ်
အချိုးကိုမပြေဘူး ဟွင်းးးးး
ဟဲ့ ငါ ဟိုဟာ လိမ်းနေတယ် နင်သိလားမသိဘူး
သံပုရာသီးရယ် အုန်းဆီရယ် ပရုတ်ဆီ ရယ်ကို သမမွှေပြီး လိမ်းတာလေ .... အုန်းဆီမရှိရင် သံလွင်ဆီ olive oil ကို ထည့်လို့ရတယ်
ငါ လိမ်းနေတာ ၃ ရက်ရှိဘီ တခန်းလုံးလဲ ပရုတ်ဆီနံ့တွေ ထောင်းထောင်းထ လို့ဟေ့
အဆီ တကယ် ကျ မကျတော့မသိဘူးဟေ့ စမ်းနေတယ် တလ အတွင်းမကျ လို့ကတော့ အဲဒီ နည်းကို မလုပ်တော့ဘူး ဒါဖဲ
နာ့ကို ဖျားဆောင်သွေးယောင်းပြီး ခေါ်လာတယ်။ တကယ်တော့ ပို့စ်မဖတ်ခင် ဘလော့ဂါရဲ့ ဗိုက်ကို အရင်လေ့လာရမှာ။ :P
ဟဟဟ ကိုထွဋ္ဋ်ရေ ခွပ်တော့မယ်:)
ဝိတ်ကျရင်လာပြောမယ်နော်
မခွပ်ကြနဲ့ မခွပ်ကြနဲ့ မှားမယ် မှားကုန်ကြမယ် အူတွေအပြူံလိုက်ထွက်ကျအောင် မျှစ်ဒူဝန်တော့ကြံကုန်ဘီ ..
ယောကျာင်္းလေးတွေလဲမခွပ်ကြနဲ့အေ ..
အမှားကြီးမှားကြမယ်း))))))))))))))
ပုရွက်ဆိတ်အုံပေါ်ခွပ်မိလဲ သေဦးမယ်
မကောင်းဘာဘူးအေ ညေးဟာကး)
ခုနော်ဆေးလက်ဖက်ခြောက်သောက်နေတာ တနေ့ကို ၁၀ ခါလောက်တွိုင်းလက်နေရတယ်အေ့
မကောင်းပါဘူးအေ ..း)
ဂျာရစ်
ကြက်ဖခွပ်နေတဲ့ပုံလေး ဖဘမှာတင်ပါလား ဟိဟိ
အောင်မယ်လေး... ကိုယ်တော် ကိုယ့်ဟာကိုယ် လက်တွေ့စမ်းပြီးမှ သက်သေခိုင်လုံမှပြောအေ... ဓါတ်ပုံနဲ့တစ်ကွမှယုံမယ်။
အရင်ဆုံး ဗိုက်တစ်လုံးနဲ့ ကြက်ဖမခွပ်ခင် ငုပ်တုပ်ပဲအရင်ထိုင်ကြည့်လိုက်စမ်းပါအုံး.. ငုပ်တုပ်ထိုင်ရမှ ကြက်ဖခွပ်ဖို့ပြော.. :D
ငါတို့တော့အခုစိတ်ချမ်းသာနေရပြီ နင့်ကိုပဲ သနားတယ်... နင့်ကို ပြောတဲ့နည်းလဲ စုံနေနေပြီ..နောက်ဆုံး တစ်နည်းထပ်ပြောဦးမယ်...လမ်းကြိတ်စက်မောင်းလာတာတွေ့ရင် ရှေ့ကနေ ပက်လက်ကလေး လှန်အိပ်ပေးလိုက်... အဲလိုမှ မဟုတ်ပဲ ကြက်ဖပဲ ခွပ်နေမယ်ဆိုရင်တော့ နောက်တစ်ခါ ဆောင့်ကြောင့်ထိုင်ရင် နင်အုတ်နီခဲ နှစ်လုံးပေါ်ထက်တိုင်မှ ပွက်ဆိတ်စာ လွတ်မယ်မှတ်...မျှစ်ဒူဝန် ရေ။
ထင်တော့ထင်တယ်။ ယုံစားသူကိုယ်ပဲမှား :D
ကြက်ဖခွပ်ဖို့ က နှစ်ယောက်မှရမှာ... တနင်္ဂနွေနေ့ ကျရင် နှစ်ယောက်ဖြစ်ပြီ ဆိုတော့ ကိုထွဋ်တို့ အပြိုင်ကြဲပြီး ဝိတ်ချလို့ ရပြီပေါ့...
ဝပါစေတော့ ကြက်ဖတော့ ခွပ်ချင်တော့ ပါဘူး
ဝပါစေတော့ ကြက်ဖတော့ ခွပ်ချင်တော့ ပါဘူး
:):)
မောင်ညီရဲနဲ့ကိုထွဋ်တို့နှစ်ယောက်ပြိုင်ခွပ်လို့
အဆင်ပြေရင်တီတင့်ကိုလည်းပြောကြပါအုံး။
အိမ်ဦးသခင်ကိုဗိုက်ချပေးချင်လို့း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်း... ဒါ အထိရောက်ဆုံး နည်းဖြစ်ရမယ်.. အလုပ်ကပြန်တော့မှ ကြက်ဖခွပ်ကြည့်ရမလိုလို ဖြစ်နေပြီ...
မောင်ငထွဋ် “မ” နဲ့  ကြက်ဖ ခွတ်ဖြစ်ကြသလား။ ဟဟ မိုက်တယ်။ စကား မစပ် ကြက်ဖ ခွတ်ရင် တင်ကားတယ်လို့  ကြားဖူးတယ်နော်။ ကြည့်လုပ် မင်း အသက်က ၂၀ ကျော်ကျော်ရယ် အရိုးဖွင့်ဖြိုးမှု ကောင်းသေးတယ်။ တော်ကြာ တင်ကြီး ကားလာမှဖြင့် ဟီးဟီး :P :P :P
ကြိုက်သွားပြီ ဒီပို့စ်ကိုတော့ ဟားဟား
တောသား
လာဖတ်သွားတယ်ဗျို့...
ဟုတ်မဟုတ်တော့ သိဝူးးးးးးးးးးးးး
ခေါင်းစဉ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်..... အဟ...
လက်တွေ့ လုပ်မှ သိမှာပဲ....။
မလိမ်မိုးသိပ်ဆိုးပါတဲ့ထွဋ်အကောင်နည်းပညာသူကပေးလို့ယုံမှားစွာငါလေကျင့်မိပါ၏စိတ်မှာအပြုံးဆောင်အမယ်မင်းခုများမှာလေအဆီကျကာဝိတ်မကျပေမယ့်အူကျကာဆေးရုံရောက်ပါပေါ့မဟာရာဇာအိနြေ္ဒပျက်ကာလူပုံအလယ်ရံရွှေကြားမှာဘောကဒရွတ်ဆွဲ ..ငါ့လခွီးငါချည်းသာမဟုတ်ငါ့ရည်းစားအမှန်ကြီးမှာဖြင့်တူယှဉ်ကာပျော်ပျော်ကြီးဆင်နွဲမိပါလို့ဖင်ကြီးမှာတော်တော်ကြီးတာပ..အီး...ကြီးမှအရှက်ကွဲ
ဘာကြီးမှန်းလဲသိဘူး
ဟွန့်  တကယ်မှတ်လို့
Post a Comment