15 March 2011

မိုးရွာတယ်..




မိုးရွာရင် ပုံမှန်အားဖြင့် ကျနော်ပျော်တယ်။ မိုးရေစက်ကလေးတွေကိုကြည့်ရင်း ကော်ဖီသောက်ရတာကို ကျနော်ကြိုက်တယ်..
ဒါပေမဲ့ဗျာ..အခုတော့အောက်က သတင်းကြောင့် မိုးရွာရင် အိမ်ထဲမှာပဲခွေနေရတော့မှာပေါ့ဗျာ..

"A nuclear power plant in Fukushima, Japan exploded at 4:30 AM today.If it rains tomorrow or later, don't go outside,be sure that you have rain protectors.It's acid rain.Don't let it touch you.You may burn your skin,lose your hair or have cancer.This applies to all asian countries.Plz pass and rmind everyone you know!!!! "

အဲဒီသတင်းမှန်လား မမှန်လားတော့မသိဘူး။ ဒါပေမဲ့ ဒီနေ့ ကမ္ဘောဒီးယားမှာ မိုးရွာတယ်။ အက်ဆစ်မိုးလား ဘာလားတော့ မသိဘူး နေ့ခင်း ၂နာရီလောက်မှာ ရွာတာ မိုးအရမ်းတော့မသဲဘူး ရေတော့ပါတယ်...
ကျနော်တော့ အဲဒီမိုးရေထဲမှာပဲ အလုပ်လုပ်ခဲ့ရတယ်...အရေပြားလောင်ပြီး ကျနော်ရဲ့ လှပတဲ့မျက်နှာလေးထိခိုက်မှာကိုလည်း ထည့်မတွက်နိုင်ဘူးလေ အလုပ် လုပ်နေရတာကိုး။
ဝမ်းရေးနဲ့ယှဉ်လိုက်တော့လည်း အက်ဆစ်မိုး ဆိုတာလည်း ဘယ်ရောက်သွားမှန်းမသိတော့ပါဘူးဗျာ.
ငါ့ဝမ်းပူစာမနေသာဆိုသလိုပေါ့ဗျာ..

ဂျပန်ုပြည်သူတွေကိုတော့ သနားပါတယ်။ဘယ်လောက်ပဲခေတ်မှီတယ် ပြောပြော တကယ်ကြုံလာရင် ဘာမှမကယ်နိုင်ပါလားနော်...

သူများတွေ ပြောပြောနေတဲ့ ၂၀၁၂ ရဲ့ရှေ့ပြေးနမိတ်တော့မဟုတ်ပါစေနဲ့ဗျာ.....

အဲ..ဒါနဲ့ ဘယ်နေရာတွေမှာများမိုးရွာသေးလည်းဗျ။ သိရင်ပြောကြပါနော်..

ပုံကတော့ google ကပါ။

လူသားအားလုံးဘေးရန်ကင်းရှင်းပါစေ။
ကိုထွဋ်
၁၄.၀၃.၂၀၁၁

3 comments:

...အလင်းစက်များ said...

မနေ့ ညဖက် ၃ နာရီလောက်က ဘန်ကောက်မှာ မိုးရွာတယ်ဗျ... ရေတော့ အတော်အသင့်ပါတယ်.. အက်စစ်လား အယ်လကာလီလားတော့ စမ်းမကြည့်လိုက်မိဘူး... :P

Angelhlaing(May everybody be happy and healthy! said...

ညီမလေးတို့ဆီမှာ တော့ မိုးမရွာဘူးအကို။
မနက်ဖြန်မှ ရွာမယ်တဲ့...:P
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

မိုးယံ said...

ကောင်းကင်အောက်မှ ရှိတဲ့မြို့တွေ မိုးရွယ်တယ်ဆိုလားပဲ။ ဟဲဟဲ မလေးချားမှာလဲ ရွာဒယ်.. ထိုင်းမှာလဲ ရွာဒယ်တဲ့ ကိုကိုရေ။