23 May 2012

ကျနော့်ရဲ့ ပြတင်းပေါက်လေး

ကျနော့်ရဲ့ ပြတင်းပေါက်လေး
ဟုတ်တယ် ကျနော့်နေတဲ့ အခန်းမှာ ပြတင်းပေါက်လေးတစ်ခုရှိတယ်.
ကျနော်နေတဲ့ အခန်းဆိုတော့ လောလောဆယ် ကျနော်ပိုင်တာပေါ့နော်..

ပြန်ရောက်လာတိုင်းကျနော် အရင်ဆုံးလုပ်မိတာကတော့ ဖယောင်းတိုင်ကိုထုတ် မီးခြစ်ခြစ်ရတာပါပဲ။
အလုပ်က ပြန်လာတိုင်း မီးကပျက်နေတယ်လေ။
နောက်တော့ ဘတ်ထရီကုန်နေတဲ့ အိုင်ပတ် ၂ ကို စားပွဲပေါ်တင်.. အိုင်ဖုန်း ၄အက်စ် ကိုလဲ စားပွဲပေါ်မှာတင်ပီး ပြတင်းပေါက်လေးကို ဖွင့်လိုက်တယ်.. ပီးတော့ ရေချိုးခန်းကိုသွား လက်ဆေး ခြေဆေးပီး ပြတင်းပေါက်နားမှာ ခုံတစ်လုံး ယူထိုင်ပီး ငေးကြည့်နေလိုက်တယ်။

ထိုအချိန်မှာပဲ အတွေးထဲကို ဝင်လာတာ တစ်နေ့တာ ပင်ပန်းတာတွေ၊ရန်ဖြစ်ရတာတွေ ပျော်ရွှင်ကြည်နှုးရတာတွေပေါ့။ အဲဒါတွေကိုထွက်သွားဖို့ သက်ပြင်းလေးကို အနားမှာ ဘယ်သူမှမရှိပေမဲ့ ခိုးချရင်း ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်ကို ကျော်ပီး လောကကြီးကိုကြည့်လိုက်မိတယ်။

ပြတင်းပေါက်ကနေလှမ်းကြည့်ရင် တွေ့ရတာက အိမ်လေးတွေပဲ။ တချို့အိမ်တွေက မီးပျက်နေပေမဲ့လဲ အင်ဗာတာလေးတွေနဲ့ ဆိုတော့ မှိတ်တုတ်မှိတ်တုတ် လေးတွေတော့ လင်းနေတယ်။ တချို့ကျတော့ လဲ ဖယောင်းတိုင်လေးတွေနဲ့ပေါ့။ အဲလိုနဲ့လိုက်ကြည့်ရင်း အနားမှာ၇ှိတဲ့ ဘီယာဆိုင်ကို ကြည့်မိတော့။
သူတို့လောက ကတော့ ဆူညံနေလေရဲ့။ နီနီ ဝါဝါ ပြာပြာ မီးရောင်စုံတွေရဲ့အောက်မှာ လှနေတဲ့ မိန်းမလေးတွေရယ် အဆီပျံနေတဲ့မျက်နှာတွေရယ်ကိုတွေ့ရမယ်လို့ စိတ်ကူးပုံဖော်နေမိတယ်။

အဲဒီ အချိန်မှာ သူနားထဲကြားလိုက်ရတာက ရယ်သံလေးတွေ ...ဒီရယ်သံတွေကို သူ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ ရင်းလဲ ရင်းနှီးတယ်။ တချိန်တည်းမှာပဲ သူသတိရမိတာက ဖန်ခွက်တစ်လုံးနဲ့အဖော်ပြုနေတဲ့ သူ့ပုံရိပ်တွေ နံရံကို ကျောမီရင်း အိုင်ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့ သူ့ပုံရိပ်တွေ ကို ပြန်မြင်ယောင်လာတယ်။

ဒီနေ့လည်းကျနော် အလုပ်က ပြန်လာတယ်. သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာဆိုင် အသစ်အကြောင်းပြောရင်းနဲ့ပေါ့။ပျော်လို့ ရီလို့ မောလို့ပေါ့
အိမ်ပြန်ရောက်တယ်.. ဖယောင်းတိုင်ထွန်းတယ်.. အိုင်ပတ်တွေ အိုင်ဖုန်းတွေကို စားပွဲပေါ်တင်တယ်။ ပြတင်းပေါက်ဖွင့်တယ်။
ဘီယာဆိုင်ကိုငေးကြည့်တယ်။
တချိန်တည်းမှာပဲ တစ်ခုခုကို ဆာလောင်နေတဲ့ အသံကို ပြန်ကြားရတယ်။
နှုတ်ခမ်းကို လျှာနဲ့သပ်မိတယ်။
လမင်းကိုရှာကြည့်တော့ မတွေ့ လမိုက်ရက်ထင်ပါရဲ့..
မီးပြာပြာ နီနီ တွေကို လှမ်းကြည့်မိတယ်.
ဘီယာခွက် ကိုင်ထားပီး မခို့တခို့ရပ်နေတဲ့ ကောင်မလေး ပိုစတာကို လှမ်းကြည့်မိတယ်။

တစ်ယောက်ယောက်က ပြောတဲ့အသံတစ်ခုကြားလိုက်တယ်။
တိုးညှင်းလွန်းနေပေမဲ့ ကျနော် ဘာပြောလဲ ဆိုတာကောင်းကောင်းသိတယ်။
ဘယ်သူမှလဲ အနားမှာ မရှိဘူး ဘယ်သူပြောမှန်းလဲ မသိဘူး။
ဘယ်နေရာက ပြောမှန်းလဲ မသိဘူး
ဒါပေမဲ့ တစ်ယောက်ယောက်ပြောလိုက်တယ် ကျနော်ကြားလိုက်တယ်။

ပြတင်းပေါက်ကို ပိတ်တယ်. အိုင်ဖုန်းကို ယူတယ်။
အပြင်သွားဖို့ပြင်တယ် တံခါးကို လော့ချတယ်။

အဲဒီအချိန်မှာပဲ ခုနက စကားကို ထပ်ကြားလိုက်တယ်။
အဲဒါက
"မင်း ဘီယာသွားသောက် သင့်ပီတဲ့". နှုတ်ခမ်းကို သပ် ..လေးကိုင်းသဏ္ဍန် ကွေးညွှတ်ပီး
ဟုတ်တာပေါ့လို့ ကိုယ့်ကိုကိုယ်ပြောမိတယ်။

 တချိန်တည်းမှာပဲ ကြားလိုက်ရတာက" ဟေး" ဆိုတဲ့ အသံကြီးပဲ

အော် မီးလည်း ပြန်လာပီကိုး...
ကျနော်လည်း လေလေးချွန်ပီး အိမ်နားမှာ ရှိတဲ့ ဘီယာဆိုင်ကို ထွက်လာလိုက်ပါတော့တယ်။

လေးစားစွာဖြင့်
စီအိုင်အေ ငထွဋ်

ပီ အက်စ်။   ။ ဘလော့ဂါတစ်ယောက်ရဲ့ပို့စ်ကို မှီညမ်း၍ ပေါက်ကရလုပ်ထားသည်။

04 May 2012

မျှစ်နှင့်ဖေ့ဘုတ် ဖန်ပေ့

ကျနော်လဲ ပျင်းတာက တစ်ကြောင်း ကုန်ကြမ်းမရတာကတစ်ကြောင်းကြောင့် စာတွေမရေးဖြစ်ဘူး။ နောက်တစ်ချက်က ဖဘမှာပျော်မွေ့နေတာလဲ ပါတာပေါ့လေ။ အခုတော့ ကျနော့်ရဲ့ စာဖတ်ပရိတ်သတ် တွေကို ပို၍နီးကပ်လာစေရန် ဖေ့ဘုတ် ဖန်ပေ့ဂ်ျ ထောင်ဖို့ကြိုးစားနေပါတယ်။ဖန်ပေ့ဂ်ျထောင်ရခြင်းမှာ နာမည်ကြီးလိုစိတ်အလျင်းမရှိဘဲ ပရိသတ်နှင့်ပိုမို နီးကပ်စေရန်ဖြစ်သည်။

ဖေ့ဘုတ်ဖန်ပေ့ ထောင်ခြင်းအားဖြင့် ပရိသတ်နဲ့ကျနုပ်ပို၍နီးကပ်လာမယ်လို့ လဲ ယုံကြည်မိပါတယ်။ စာဖတ်သူများသိကြတဲ့အတိုင်း ကျနော်သည် ရသ စာပေများရေးသူမဟုတ်သောကြောင့် ကျနော့်၏ ဖန်ပေ့တွင် ရသ၊ကဗျာ၊စသည့် တန်ဖိုးရှိသောစာများလုံးဝ လုံးဝ တင်မည် မဟုတ်ဘဲ ..ပေါက်ကရလေးဆယ် စာများ ဒါ့ပုံများ သည်းခြေကြိုက် ရေငတ်စေသောပုံများတင်မည်ဖြစ်သည်။

ပေါက်ကရ ဝတ်ထုများကိုလည်း တင်ပေးမည်ဖြစ်သည်။။ ကျနော်အခုလက်ရှိရေးသားနေသော “မျှစ်တို့၏မာယာ” ဝတ်ထုရှည်ကြီးအားလည်း လက်စသတ်၍ ဖဘတွင် တင်ပြမည်ဖြစ်သည်။ နောက်တစ်ချက်မှာ ကျနော့် ဖန့်ပေ့လေးအား ပထမဆုံး မန်ဘာဖြစ်မဲ့ ခုနှစ်ယောက်ကို အိမ်ကကြောင်မများ ကမြင်း၍မွေးထားသော် ကြောင် ခုနှစ်ကောင်အား အမေ၇ိကန်စစ်စတမ် (ကွကို ပိုက်ဆံရှင်း)စနစ်ဖြင့် အိမ်တိုင်ယာရောက်ပို့ပေးပါမယ်။

ကြောင်မလိုချင်သောသူများကိုလည်း လူကြုံရှိပါက လက်ဆောင်ပစ္စည်းများထည့်ပေးမည်ဖြစ်ပီး ကုန်ကျစ၇ိတ်ကို ပြန်လည်ပို့ပေးရမည်ဖြစ်ပါသည်။ :D

သို့သော ဖန်ပေ့ထောင်ရခြင်းကြောင့် ဘလော့နှင့်လဲ ဝေးကွာမည်မဟုတ်ဘဲ ဆက်လက်ရေးသားသွားမည်ဖြစ်ကြောင်း ပရိသတ်ကို အသိပေးအပ်ပါသည်။

လောလောဆယ် ကျနော့်ရဲ့ဖန်ပေ့လေးကို ဘလော့ဂါ စာဖတ်ပရိသတ်များကို နာမည်လေးရွေးပေးစေချင်ပါတယ်။လောလောဆယ် ကျနော်စဉ်းစားထားသော နာမည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁) မျှစ်ချိုးဟင်း
၂) မျောလွင့်မျှစ်တို့နားခိုရာ
၃) အမှောင်ထုထဲက မျှစ်ချဉ်များ
၎) မဒမ်မျှစ်
၅) My မျှစ်ချဉ်
၆) အမှတ်တရမျှစ်ချဉ်များ။
၇) ကိုမျှစ်(357)
၈) မျှစ်ချဉ်၏ အတွေးပုံရိမ်များ
၉) မျှစ်တံချို
၁၀) ကိုကိုမျှစ်(မျှစ်ရနံ)

ပရိသတ်ကြီးများထဲက စဉ်းစားမိသောနာမည်လေးများရှိရင်လဲ မန့်သွားကြပါဦးလို့ မစ်တာ ရပ်ခံအပ်ပါဒယ်။

ကျနော့်အား နဲနဲချစ်သော၊ချစ်သော၊အများကြီးချစ်သော ပိုးစိုးနဲ့ပက်စက် ချစ်သောပရိသတ်အားလုံးလဲ ကျန်းမာကြပါစေ။

(ဘလော့နာမည်များအား ယူသုံးထားပါသည်။ခွင့်မတောင်းမိသည့်အတွက် ခွှင့်လွှတ်စေချင်ပါသညါ)

လေးစားစွာဖြင့်
မျှစ်ဝေယံ