25 January 2012

သရဲနှင့်လိမ္မော်သီးစားသူများ...

သူမသည် ဤအခန်းတွင်နေသည်မှာ ကြာလေပီ။ သူမအား မည်သို့ပင် ဖယ်ခိုင်းခိုင်း သူမ မသွားချေ။ သူမသည် ဤအခန်းကိုချစ်သည်။ သူမသည် ဤအခန်းကို မည်သူမှလာနေမည်ကိုသဘောမကျချေ။ ထို့ကြောင့် လာနေသမျှလူ အားလုံးကို သူမသည် ခြောက်လှန့်ကာ မနေနိုင်အောင် လုပ်ပစ်လေသည်။ထို့ကြောင့် လူသိပ်မနေရဲချေ။

အော်..မေ့လို့ သူမသည် သရဲတစ်ကောင်ဖြစ်သည်။ တိတိကျကျ ဆိုရသော် အပျိုဂျီးသရဲဖြစ်သည်။

~~~~~~@@~~~~

တစ်နေ့သ၌.. အခန်းသို့ ဖြုဖြုချောချော ကောင်လေးနှင့် အနည်းငယ်ပြည့်သော(ဝသည် ဟုမရေးချင်သဖြင့်) ကောင်မလေး တစ်ယောက်တို့ပြောင်းလာသည်။ ကောင်လေးကို မြင်မြင်ချင်း သူမသည် အပျိုဂျီးပီသစွာ ရင်ခုန်လေသည်။ ကောင်လေး သွားရာနေရာတိုင်းကို သူမ လိုက်ကြည့်မိသည်။(ရေချိုးခန်းမပါ.. :D) ကောင်မလေးကိုမူကြည့်မရချေ။ထို့ကြောင့် ညဘက်ရောက်လာသောအခါ သူမရှိကြောင်းကို နည်းနည်းသိအောင်ပြ၏။ သို့သော် မမူချေ။ ဂရုတောင် မစိုက်ချေ။ ကောင်မလေးသည် ကောင်လေးကို အနည်းငယ် နိုင်ဖွယ်ရှိသည်။ သူတို့ပြောစကားများ အရ ကောင်မလေးသည် ကောင်လေးနဲ့အတူနေမည်မဟုတ်ဘဲ နှစ်ပတ်တခါ ပိတ်ရက်တွင်သာ လာလည်မည်ဟုသိရသည်။ သို့နှင့် အပျိုဂျီးရင်ထဲတွင် ဖိုးကျိုင်တုတ် ဖြစ်သွားသည်။ နောက်ထပ်တစ်ရက်ခန့်ကြာသော် ကောင်မလေးသည် ပြန်သွားတော့သည်။

ထိုနေ့မှ စ၍ သူမနှင့်ကောင်လေးသာ ကျန်တော့သည်။ ကောင်လေးသည် နေ့တွင်အိမ်တွင်နေ၍ ညတွင်အလုပ်လုပ်သည်။ ညဘက်များတွင် သူမသည် အလွန်ပျင်းမိသည်။ ကောင်လေး၏ ချောမောသော မျက်နှာကို မမြင်ရ၍ဖြစ်သည်။ နေ့ဘက်တွင်တော့ ကောင်လေးသည် အလုပ်မှပြန်လာသောအခါ မောမောနှင့် ရေချိုး၍ အိပ်သည်သာ ဖြစ်သည်။ ထို့အချိန်တွင် သူမသည် ကုတင်ဘေးတွင်ထိုင်ကာ ကောင်လေး၏ မျက်နှာကို တစိမ့်စိမ့် ကြည့်မြဲဖြစ်သည်။ ဘဝချင်းခြားနေ၍ မဖြစ်နိုင်စေကာမူ ကောင်လေး၏ မျက်နှာကို မြင်ရခြင်းသည် သုခပင်ဖြစ်သည်။ ကောင်လေး ပြောင်းသွားမည်ဖြစ်၍ သူမသည် ခြောက်လှန့်ခြင်းလည်း မလုပ်ချေ။

ထို့နှင့် နှစ်ပတ်တာ ကာလကျော်လွန်၍ ကောင်လေး အလွန်ပျော်နေသည်ကို တွေ့ရသည်။ အကြောင်းမှာ သူ၏ ကောင်မလေး လာမည်ဆိုသောကြောင့်ဖြစ်သည်။ ကောင်မလေးေ၇ာက်လာပေသည်။ ရောက်လာသည့် အချိန်မှစ၍ ဟိုဟာစားမည် ဒီဟာစားမည် စသည်ဖြင့် ပူစာလေသည်။ ကောင်လေးသည် လည်း နေ့အချိန်တွင် အိမ်မကပ်တော့ဘဲ ကောင်မလေးနှင့် အပြင်ထွက်နေသဖြင့် သူမသည် ကောင်လေး အား ကောင်းမွန်စွာ မငမ်းရတော့ပေ။ထို့ကြောင့် သူမသည် ကောင်လေးမရှိသောအချိန်တွင် ကောင်မလေးအား အနည်းငယ် ပညာပြလိုက်မိသည်။ ကောင်မလေး အနည်းငယ်လန့်၍ ကောင်လေးအား ဖုန်းဆက်၍ အကျိုးအကြောင်းပြောပြသည်။ သို့သော် ကောင်လေးက မယုံချေ။ သူမသည် တစ်ခါသာ ပညာပြပြီးနောက် အသာနေလိုက်သည်။ သို့နှင့် ကောင်မလေးလည်းပြန်သွားချေသည်။

ထိုသို့နေ၍ သုံးလခန့်ကြာသော် တရုတ်နှစ်သစ်ကူးသို့ ရောက်လာလေသည်။ ကောင်မလေးသည် ကောင်လေးအား ဖုန်းဆက်၍ သူအလုပ်မှာ ၅ရက်ခန့်ပိတ်ကြောင်း ကောင်လေးနှင့်လာနေမည်ဟုပြောသည်။ သူမသည် အလွန်ညစ်သွားသည်။ ထို့ပြင် ကောင်လေးသည်လည်း အလှုလုပ်ထားသဖြင့် ပိုက်ဆံနည်းနေသည်။ မည်သို့ကြံရမည်နည်းဟုတွေးနေစဉ် ကောင်လေးသည် အိပ်ပျော်သွားချေသည်။ ထို့နောက် အိမ်မက် မက်လေသည်။ ထိုအိမ်မက်မှာ သူ၏ကောင်မလေးသည် ဝိတ်ကျချင်သဖြင့် လိမ္မော်သီးများစားသည်ဟု အိမ်မက်မက်လေသည်။ အိပ်ရာမှနိုးသော် ချက်ချင်းပင် လိမ္မော်သီး နှစ်ဖာ ဝယ်၍ထားလိုက်သည်။

သို့နှင့် ကောင်မလေးေ၇ာက်ရှိလာချေသည်။ ကောင်လေးသည်လည်း ကောင်မလေးအား ဝိတ်ကျစေချင်သဖြင့် လိမ္မော်သီများ ဝယ်ထားကြောင်း ၊ အချစ်စားစေချင်ကြောင်းစသည်ဖြင့် ရွှန်းရွှန်းဝေအောင်ဖြီးရာ ကောင်မလေးလည်း တောင့်မခံနိုင်တော့ဘဲ လိမ္မော်သီများကိုစားလေသည်။

ထိုအချိန်တွင် သရဲ အပျိုဂျီးမှာ သူလွတ်လွတ်လပ်လပ် မငမ်းရတော့သဖြင့် ရေလည်ပေါက်ကွဲနေသည်။ ကောင်မလေးသည် ကောင်လေး အလုပ်သွားသောအခါ လိမ္မော်သီးများကို တီဗီရှေ့တွင် ပုံပုံကြီးထိုင်ကာ ပလုပ်ပလောင်းစားနေသည်။ ထိုအချိန်တွင် သရဲမက ဧည့်ခန်းတွင်ထားသော ပန်းအိုးကို တိုက်ချ၍လည်းကောင်း၊နံရံတွင်ချိတ်ထားသော ဦးထုပ်ကို လွင့်စေ၍လည်းကောင်း ခြောက်လှန့်လေသည်။ ကောင်မလေးလည်း အနည်းငယ် လန့်စ ပြုလာသည်။ ထို့ကြောင့် စောင်ကိုခြုံ လိမ္မော်သီးများကို ဗိုက်ခေါက်ပေါ်တွင်တင်ကာ ကောင်လေးကို  ဖုန်းဆက်လေသည်။ ကောင်လေးမှလည်း မကြောက်ရန်ပြောကြားပီး ဘုရားစ ရွတ်နေ၇န်ပြောလေသည်။ သူမကလည်း ကောင်မလေးအား ပိုမိုကြောက်စေ၇န် ကိုယ်ထင်ပြလိုက်သည်။ အနည်းငယ် ပြသည်ဖြစ်သော်လည်း ကောင်မလေးသည် အကြောက်လွန်ကာ စောင်ကိုခေါင်းမြီးခြုံကာ အိပ်ပျော်သွားလေသည်။

နောက်တစ်နေ့နံနက်၌ ကောင်လေးအားပြောသည်။ ကောင်လေးကလဲ ငါတစ်ယောက်တည်းနေတုန်းက ဘာမှမဖြစ်ဘဲ နင်ရောက်လာမှ ဖြစ်တာဟုပြောသည်။ ထို့နောက် ကောင်မလေးသည် ဒံပေါက် စားချင်သည်ဟု ပူစာသည်။ ကောင်လေးကလည်း အိပ်ချင်သော်လည်း ကောင်မလေး စိတ်ကျေနပ်စေရန် လိုက်ကျွေးလေသည်။ သို့သော် လိမ္မော်သီး အစွမ်းကြောင့် အများကြီးမစားနိုင်ချေ။ သို့နှင့် ဘာမှမလုပ်နိုင်ဘဲ အိမ်သို့ပြန်လာကြသည်။

ကောင်မလေးသည် လိမ္မော်သီးဒဏ် ၊ သရဲမ အပျိုဂျီးတို့ဒဏ်ကို ပက်ပက်စက်စက် ခံစားနေရသည့်အပြင် သူမအင်မတန်ကြိုက်နှစ်သက်သော ဒံပေါက်ကိုလည်း အစိလိုက်သာ မျိုရသဖြင့် ရေရေလည်လည်ပေါက်ကွဲနေသည်။ ကောင်လေးကတော့ မသိချေ။ သူက အိပ်ပျော်နေပီဖြစ်သည်။

ထို့နှင့်ကောင်မလေးသည် မီးဖိုချောင်ဘက်သို့ထွက်လာခဲ့သည်။ အပျိုဂျီးကလည်း ကောင်မလေး မီးဖိုချောင်ထဲသို့ရောက်သောအခါ ရေချိုးခန်းကို ဖွင့်ပြသည်။ ရေကျသံများဖန်တီးပြသည်။ ကောင်မလေးမှာ အနည်းငယ် လန့်လာသောကြောင့် သရဲမဂျီးအား ပြန်၍ အော်ဟစ်ခြင်း ဗီဒိုများကို ဆောင့်ကန်ခြင်း စသည်တို့ကို ပြုလုပ်လေရာ ကောင်လေး လည်း လန့်နိုးလာကာ ဤသို့မပြုလုပ်ရန်တားဆီးလေသည်..

ထို့နောက်တွင် ကောင်မလေးလည်းကြောက်လန့်သဖြင် အိပ်ရာလိပ်ကိုပိုက် လိမ္မော်သီးကို နှိုက်ကာ ကောင်လေး အလုပ်ရှိရာသို့ လိုက်အိပ်တော့သည်။ ထို့နောက် သူမသည် ကြောက်သဖြင့် မနေရဲတော့ချေ...


အပျိုဂျီးမှာလည်း ကောင်မလေးအားကြည့်မရသဖြင့် ခြောက်လှန့်လေသည်။ သို့သော် ထူးခြားချက်မှာ ကောင်လေးကို မခြောက်ဘဲ ကောင်မလေးကိုသာ ရွေးခြောက်ခြင်းသာဖြစ်သည်...နောက်ဆုံး ကောင်မလေးမှာ မခံနိုင်သဖြင့် ဓာတ်တော်များကို အခန်းသို့ပင့်လာသည်ဟု သိရသည်။ နောက်ဆုံးတွင် သရဲ အပျိုဂျီးမှာ ကြောက်ရွံသဖြင့် အခန်းအပြင်ဘက်သို့ ထွက်နေရလေသည်..

အသင်သည် တစ်နေရာရာသို့ သွားသောအခါ.. အခန်းအပြင်ဘက်မှ အခန်းတွင်းသို့ ချောင်းကြည့်နေသော အမျိုးသမီးတစ်ယောက်နှင့် အခန်းထဲတွင် ကောင်လေး ချောချော အားတွေ့ပါက....... သူတို့သည်.............မည်သူများဖြစ်မည်ကို အသင်တို့သိကြမည် ဖြစ်ပေသည်......r.r.. မrnf......မည

(ရေးရင်းနဲ့ ဘာမှန်းမသိတော့လို့ ဘာမှန်းမသိဘဲ ဇာတ်သိမ်းလိုက်တယ်..)
ဤပို့စ် ဖြစ်မြောက်အောင် အင်ဖော်မေးရှင်း အချို့ ကူညီခဲ့သော အကို တစ်ဦးအား အလွန်ပင် ကျေးဇူးတင်ရှိပါသည်... ဘူလဲဆိုတာ လာဘ်ပေး မေးမြန်းနိုင်သည်။

သည်းခံဖတ်ရှုပေးတဲ့ အတွက်ကျေးဇူးပါ...

ငထွဋ်
၂၅.၀၁.၂၀၁၂






08 January 2012

ပြည်တော်ပြန်ခရီး (၂)

အဲလိုနဲ့ နောက်တစ်နေ့မှာ ပိုက်ဆံလဲဖို့ မြို့ထဲကို သွားဖို့မေးကြည့်တော့ အထူးတွေကို စီးတဲ့။ အဲဒီကားတွေက မြန်တယ်တဲ့။ အဲဒါနဲ့ပိုက်ဆံကို ယူပြီး ထွက်လာခဲ့တယ်လေ။ အထူးကားတစ်စီးတွေ့တော့ သွားရမဲ့ မှတ်တိုင်ကို မေးပြီး တက်လိုက်မိတယ်။ ပြီးတော့ တစ်ယောက်နှစ်ရာတဲ့။ ရော့..ယူပေါ့။ အထူးဆိုတဲ့ အတိုင်းပဲ ကားထိုင်ခုံက အထူးကျပ်ပါတယ်။ ကျနော်လို အ၇ပ်၅ပေ ၁၀ ရှိတဲ့ လန်ဘား အတွက်တော့ အထူး ထိုင်ခုံမှာ ထိုင်ရတာ မျောက်ကို ကြက်တူရွေး လှောင်အိမ်ထဲ ထည့်ထားသလိုပါပဲ။ ကျပ်လိုက်တာ မပြောပါနဲ့တော့။တချို့ ဘတ်စ်များကတော့လဲ (အထူးမဟုတ်ပါ) ထိုင်နေရင်းနဲ့ ဘုရားတနေရတယ်။ကိုယ်က ဂတ်စ်အိုးပေါ်ထိုင်နေမိတာကိုး ပေါက်များကွဲသွားရင် မတော်ရာနေရာ ကွဲသွားရင် အသေမလှနိုင်ဆိုကာ ယားကျိယားကျိ ဖြစ်မိသည်။ အဲကွန်းဘတ်စ် လို့ပြောသောငြား ဖရက်အဲယား ဘတ်စ်များ ဖြစ်နေသည်ကို လည်း ဂုဏ်ယူမိပါသည်။

ထူးဆန်းသော အရာတစ်ခုကိုလည်းတွေ့ရသည်။ ထိုအရာမှာ ကပ်ခွာ ဖုန်းပြောနည်းဖြစ်သည်။ အဖြစ်မှာ ကျနော့်ရှေ့တွင်ထိုင်သော အဒေါ်ကြီး၏ ဖုန်းမှ အသံမြည်လာ၏။ သူမက ဖုန်းကို ကိုင်ကာ ဟဲလို ဟုထူး၏။သို့သော် သူမ မကြားရ၍ထင့် ဖုန်းကို နားနား မကပ်ဘဲ ပါးစပ်နားကပ်ကာ “ဟဲလို..ကြားလား” ဟု လေးဖြုအသံဖြင့်မေး၏ ထို့နောက် ဖုန်းကို နားသို့ပြန်ကပ်ကာ ကြားတယ်၏ ဖြေ၏။ ထိုပုံစံဖြင့် ဖုန်းပြောသည်မှာ ၁၅ မိနစ်ကြာ၏။ အကျနုပ်လည်း ဖုန်းပြောသော အခါ အဲလို စမ်းကြည့်မိ၏.. အလိုလေး.. အလွန်တရာမှ စကားပြောလို့ကောင်း၏။ ပါးစပ်နားကပ်လိုက် နားနားကပ်လိုက် အော်ပြောလိုက်နှင့် လူအများ၏ အာရုံကို စွဲဆောင်နိုင်ပေသည်။အသံကျယ်လေ ပိုကောင်းလေပင်ဖြစ်သည်။လူအာရုံစိုက်ခံလိုသူများ ထိုသို့ ဖုန်းပြောသင့်၏။ဒါမှမဟုတ် ဖုန်းအား ၁၅မိနစ်တခါ အလန်းပေးကာ ဖုန်းပြောနိုင်၏။ ဖုန်းပြောသောအခါ ပြောစရာမရှိပါက ဟဲ့ ကောင်မ အိမ်က ဘဲဥကြော် သိမ်းထားနော် (သို့) ထမင်းငါ့အတွက် ချန်ထားဦး စသည်ဖြင့် ပေါက်ကရလျှောက်ပြော၍ လူအာရုံကိုလဲ ဆွဲဆောင်နိုင်၏။

အဲလို နှင့် ကားကို ပျင်းရိစွာ စီး၍ ဆူးလေသို့ရောက်သောအခါ ဆင်းလေ၏။ ဆူးလေသို့ရောက်သောအခါ ကုန်ဈေးတန်းကိုသွားရန် ကားထပ်စီး၏။ ထိုနှင့် ငွေလဲပြီးသောအခါ အိတ်ဖောင်းလေ၏။ သို့နှင့်လုပ်စရာမရှိ၍ အင်တာနက်ဆိုင်အား ဝင်၏။ အင်တာနက်ဆိုင်သို့ရောက်သော် အရင်ဆုံး ဂျီတော့ကို ဖွင့်၏။ ဂျီတော့တွင် Connecting ဟု ၃မိနစ်ခန့်ပြ၏ Signing in ဟု နှစ်မိနစ်ခန့်ပြပြီးသော် ဂျီတော့ထဲသို့ အောင်မြင်စွာဝင်သွားလေ၏။ ထို့နော် မော်ဇီလာကိုဖွင့်၍ ဂျီမေးဝင်၏။ ၅မိနစ်ခန့်ကြာသော် try reloading ဟု ပေါ်လာ၏။ ၁၀ မိနစ်ခန့်ကြာသော် အဆင်ပြေသွား၏။ ဘလော့ကိုဖွင့်ကြည့်သော်ရ၏။မဆိုးပေ။ မေးများကိုစစ်၍ ဆိုင်မှ ပြန်ထွက်လာ၏။ ထို့နောက် အိမ်သို့ပြန်မည်။ အိမ်မှာ လုပ်စရာလေးအချို့ရှိသေးသည်။

ထို့နောက် နှစ်ရက်လောက်အထိ အိမ်မှာပဲ နေဖြစ်သည်။ အဖိုး အသုဘ ပြီးသော် နောက်တစ်ခါ ထပ်ထွက်သောအခါ မြင်ရသော ဝတ်စားဆင်ယင်ပုံများကို မျှော်........................


ဆက်ရန်

မျှစ်
၀၈.၀၁.၂၀၁၁

07 January 2012

တစ်နေ့တာ..


 ဒီပို့စ် ဖြစ်ပေါ်လာပုံကိုကြည့်ရမယ်ဆိုရင် ထောက်လှမ်းရေးမှုး 007ပစ်ပစ်က အိုင်ကုနီကို တဂ်လူပ်ပီး  တဆင့် စလုံးက တရုတ်မလေး အိုင်ကုနီက ကျနော်ကို တဂ်လိုက်ချင်းဖြစ်သည်။ အဲဒီတော့ ကိုညီရဲပြောသလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပြီ တော့ အဲလေ ဗျာ။

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ......
ဘာလုပ်သလဲဟတ်လား။ စောင်ကိုခြေထောက်နဲ့ကန်ထုတ်တယ်။အနားမှာရှိနေတဲ့ လှုပ်လိုက်တာနဲ့အော်ဖို့ပြင်နေတဲ့ ကြောင်သုံးကောင်ကို ချစ်စနိုးနဲ့ ဆောင့်ကန်လိုက်တယ်။ :D ပြီးမှ ရေချိုးခန်းဝင်ဒယ်...

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ
ကြိုက်တာကတော့ ပဲပြုတ်ထမင်းကြော်နှင့်ကြက်ဥကြော်.. စားချင်လာပီ.. 

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
ဘိုင်ဆတ်ကျရု လို့ခေါ်တဲ့ ထမင်းဖြုနဲ့ဝက်သားကြော်။နေ့တိုင်းတော့ မနက်စာ မစားဖြစ်ဘူး။ အိပ်ရာထ အမြဲနောက်ကျလို့လေ။

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
လူရှင်းတဲ့နေရာ အိမ်မှာပဲစားစား၊ဆိုင်မှာပဲစားစား လူရှင်းနေမှစားတာများတယ်။အဲတော့ တစ်ယောက်တည်းစားတာပေါ့။တစ်ခါတစ်လေတော့ ချစ်သူနဲ့အတူစားပါတယ်။ အများအားဖြင့်တော့ တစ်ယောက်တည်း လူရှင်းတဲ့နေရာမှာ စားပါတယ်။

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ.....
အခု အစားချင်ဆုံးက အဖွားချက်တဲ့ ဝက်သားခရမ်းချဉ်သီးချက် ကိုတမ်းတနေတယ်။ အဲဒီဟင်းကို ကိုယ်တော်Big နဲ့ ကိုယ်တော် Small အိမ်ပေါ်ရောက်ကတည်းက မစားရတော့တာ အခုထိပါပဲ။နောက်တစ်မျိုးက ပိုက်ပိုက် မရှိစဉ်ကာလက (ခုလဲမရှိပါဘူးး) ) အမေ ချက်တဲ့ ကန်စွန်းရွက်ကြော်နဲ့ဘဲဥချဉ်ရည်ဟင်းပါ။ အခုတော့ နှစ်မျိုးလုံးစားခွင့်မရှိတော့ပါဘူး။ Both of them are passed away...

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ.....
တစ်ခွက်။ အဲဒါကလဲ မနက် ဘရိတ်ဖတ်စ် မစားခင်သောက်ရတဲ့ အဆီကျတဲ့ကော်ဖီမစ်ပါ။ ဘာအရသာမှမရှိပါ။ နှာခေါင်းပိတ်၍ သောက်ရသည်။ ကိုယ်ပုံစံက လီယိုနာဒို ဒီကာပရီယို ဝိတ်တက်တဲ့ပုံဖြစ်နေတာကိုး။။း)

ညနေစာကိုဘယ်မှာစားတတ်ပါလဲ.....
အခန်းမှာ ပဲစားပါတယ်။ထမင်းကိုတော့ ဆိုင်ကဝယ်လာပြီး ကြက်ဥကြော်စားပါတယ်။ တစ်ခါတစ်လေ ဥပုပ် စောင့်ပါတယ်.

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ......
ငါ ဝိတ်အမြန်ကျအောင် ဘယ်လိုလုပ်ရပါ့။ :D

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.....
ကျောင်းသွားရမှာပျင်းလိုက်တာ။ ကျောင်းပြေးရကောင်းမလား ဟု အမြဲတွေးသည်။အလုပ်ပြီး၍ပျော်ကာ စပိန်စကားပြောသင်တန်း သွားဖို့ပျင်းသောခံစားချက် ရှိသည်။

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ......


ဖိနပ်ချွတ် ပြီးတော့ ကြောင်တွေကို အစာကျွေးရဒယ်.. မကျွေးရင် အော်တာ နားကိုညီးရော်...


ဒုတိယလုပ်မိတာလေး...

ဆိုင်ကဝယ်လာတဲ့ ထမင်းနဲ့စားဖို့ ကြက်ဥကြော်ရတယ်.. လက်ဖက်ရှိ လက်ဖက်သုပ်တယ်။


ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....

လုံးဝဥသုံ မသောက်ပါ။ ကော်ကော် သိပ်မကြိုက်ပါ။

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ.....

ဘုရားမရှိခိုးပါ။ ချစ်တူနဲ့ဖုန်းပြောတယ်။ပြီးရင် ဖုန်းထဲက ဂိမ်းတွေကိုဆော့တယ်။ (ဖုန်းနှစ်လုံးထဲမှာ ဂိမ်းပေါင်း ၃၀ကျော်ရှိတယ်း)) အဲဒါတွေဆော့လို့ ညောင်းလာရင် အိပ်တယ်.


အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ......
လပ်တော့ထဲက လေရှုးသုန်သုန်လို ဂန္တာဝင် စာပေတွေကို ဖတ်လိုက်တာနဲ့ အိပ်မပျော်တဲ့ည ဆိုတာမရှိတော့ဘူး.. နှစ်မျက်နှာပဲ ဖတ်ရသေးတယ်.. အိပ်ချင်လာတော့တာပဲ :P



တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ.......
စိတ်ဓာတ်ကျရင်ပဲဖြစ်ဖြစ် ဒေါသထွက်ရင်ပဲ ဖြစ်ဖြစ် ပေါက်ကွဲပစ်ဖို့လိုလာပီလေ.. အဲတော့ ဂိမ်းတစ်ခုခုကို Easy ပေးပြီးတော့ ဆော့ပလိုက်တယ်။ အထူးသဖြင့် Counter Strike တို့ condition Zero တို့လို ပစ်ရခတ်ရတဲ့ဂိမ်းတွေပေါ့။ အကုန်ပစ်သတ်ပလိုက်တယ်။ ပြီးရင်တော့ေ၇တစ်ခွက်သောက်လို့ စဉ်းစားကြည့်တယ် ဘာလုပ်သင့်လဲလို့။  တခါတလေကျတော့ ကျနော့် ဘလော့ဂါ အကို နှစ်ဦးကို ရင်ဖွင့်ပါတယ်။


အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း.......
ဖုန်း၊ ပိုက်ဆံအတ်၊ အိမ်သော့ (အကုန်လုံးခဏ ခဏမေ့ပါတယ်) အိမ်သော့က အထူးသဖြင့်မေ့ပါတယ်.. :P
စလုံးက တရုတ်မလေး အိုင်ကုနီ လိုလဲ နားကြပ်လဲပါတယ်နော်.. 
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူ......

ကျနော့် ချစ်တဲ့သူတွေက ဒီလောကထဲမှာ မရှိတော့ပါဘူး.. ကျန်တဲ့မိသားစုဝင်တွေကိုတော့ ပုံမှန်ပဲသဘောထားပါတယ်။ :D


သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ......
တားရှစ်တူပေါ့ဗျာ.. ပြီးတော့ ဘလော့ဂါ အကိုတစ်ယောက်.. ဒါပါပဲ..

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ.......
အလုပ်ထဲမှာဆိုတော့ တူတူလုပ်နေတဲ့ ရှစ်တူ ပေါ့ဗျာ.. သွပ် သွပ် သွပ် (ပေါလိုက်တာ). :D

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု....
ကျနော့် ပစ္စည်းပေါ့ဗျာ (အဲလေ) ချစ်သူက ကျနော့် မွေးနေ့မှာ ဝယ်ပေးတဲ့ဖုန်း... 

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.....
လက်ဆောငသိပ်မရဖူးပါဘူး.. ချစ်သူပေးတာကလွဲလို့။ နောက်အကိုတစ်ယောက်ပေးထားတာ တစ်ခုပေါ့။ အကြိုက်ဆုံးက အပေါ်ကပြောထားတဲ့ဖုန်းလေးပါပဲ။



ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ......
အမေရှိရင်တော့ အမေပေါ့။ အမေလဲ မရှိတော့၊ အဖွားလဲ မရှိတော့၊ အခုထိ အဲလိုလူမျိုးကို မတွေ့မိသေးပါခင်ဗျာ။ ကျနော်က ငယ်သေးတော့ နောက်ကျတော့များ တွေ့ကောင်းတွေ့မိပါရဲ့ဗျာ...
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ......

လူတော်တော် များများရှိတဲ့ ဆန္ဓမျိုးပါပဲ .. 
ကျနော် ထီပေါက်ချင်ပါတယ်..

အကိုရေးပြီးသွားပါပီ။ တဂ်ပို့စ်ရေးရတာ ပျော်ပါတယ်။ ကျနော့်ကို သတိတရ တဂ် လုပ်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

မျှစ်
၀၇.၀၁.၂၀၁၂





05 January 2012

ပြည်တော်ပြန်ခရီး

အကျနုပ်သည် ပြည်တော်ပြန်ရန် အရေးတကြီးကိစ္စ ပေါ်လောသဖြင့် MAI မြန်မာမာအဲအင်တာနေးရှင်နယ် ဆိုသော လေပျံနှင့် ဖုန်ထူနေပူသော ခမာပြည်မှ ညနေ လေးနာရီ နှစ်ဆယ်တွင် ထွက်ခွာခဲ့ပေသည်။ လေပျံသည် တိုက်ရိုက်ဖြစ်သောလည်း Via Phnom Penh ဖြစ်သောကြောင့် ဖနွမ်ပင် လေဆိပ်တွင် နား၍ ခဏတဖြုတ်နေရသေး၏။ ထိုမှ တဆင့် ညန်မာပြည်သို ၆နာရီ ၁၅မိနစ်တွင် ပျံသန်းလေ၏။ လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါရင်း လေယာဉ်မှ ကျွေးသောအရာအားလုံးကို ခွတုတ်၍ တစ်နာရီခန့်ကြာမြင့်သော် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက်တော့မည်ဖြစ်ကြောင်း သိရှိရလေသည်။

သို့နှင့် ကျနုပ်လည်း သုံးနှစ်တာမျှ ခွဲခွာနေရသော အမိနိုင်ငံတော်ကို မြင်လိုသောစိတ်ဖြင့် လေပျံပြတင်းပေါက်မှ ကြည့်ရှုလိုက်သောအခါ အလို မှောင်မည်းနေသောမြင်ကွင်းကို မြင်ရမည်ဟုထင်ခဲ့မိသည်။ ယခုမြင်ရသည်ကား အလွန်တရာမှ ခြားနား၏။ မြင်ကွင်းမှာ မီးများ မှိတ်တုတ် မှိတ်တုတ် မြင်ရခြင်းပင်ဖြစ်သည်။မည်းမှောင်နေတာထက်စာရင် တော်သေးနော။

ထို့မှ တဆင့် လေဆိပ်၊အင်မီဂရေးရှင်း၊ကာစတန် တို့ကို ဖြတ်ပြီးသောအခါ အိမ်သို့သွားရန် တက်ကစီငှား၏။ တက်ကစီသည် အလွန်ပင် လွတ်လပ်၏။ ကားနံရံသည် ဘာမှကပ်မထား အတွင်းထဲကိုမြင်ရသည်။ အလွန်ဝန်ကင်းပေစွ။ အဲယားကွန်းမရှိချေ။ လေလိုသော် ပြတင်းပေါက်မှ ခေါင်းထုတ်လိုက်ယုံပင်။ ဖရက်အဲ(Fresh Air)ကို ပြည့်ဝစွာရနိုင်၏။ ကားရှေ့ခန်းမှလည်း ဓာတ်ဆီနံသင်းသင်းလေးလည်းရသေး၏။ ကိုယ်က ကားအစုတ်ကိုမှ ငှားစီးမိတာကိုး ဟုပင် သက်ပြင်းချမိ၏။

ထို့နောက် လေဆိပ်မှထွက်၍ အိမ်သို့သွားသော် လေဆိပ်မှ နည်းနည်းဝေးသည်နှင့် လမ်းမီး မရှိတော့ချေ။မှောင်မည်းနေ၏။ ထို့နော် မ ဥက္ကလာဖြတ်၏။ဘာမှမပြောင်းလဲပေ။လမ်းမီးတော့လာ၏။ လိုင်းကားများကိုကြည့်မိ၏။ ကြပ်ဆဲပင် ညပ်ဆဲပင် ဖြစ်သည်။ အတွယ်များမှာလည်း ဟောလီးဝုဒ်မှ စတန့်မင်းသားများ အရှုံပေး၇လောက်၏။ သကြားခဲကို ပုရွက်ဆိတ်များ အုံနေသလိုပင်။

ထို့နောက် အိမ်သို့ရောက်သော် အိမ်မှာဆီးကြို၍ "နင်ကံကောင်းတယ် နင်ရောက်ခါနီးမှ မီးပြန်လာတာ"တဲ့ ဘာမှမပြောလိုတော့ချေ။ သိပ်မကြာချေ မီးသည်ထပ်ပျက်သွားပြန်သီ။ နှုတ်ခွန်းဆက်ခြင်းပင် ဖြစ်သည်ဟု မှတ်ယူမိပါသည်။

သူငယ်ချင်များအား ဖုန်းဆက်ရန် ဖုန်းကိုယူ၍ခေါ်လေသည်။ သူငယ်ချင်းအသံမကြားရဘဲ ငယ်ချစ်ဟောင်း အသံကြားရသည် "လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာ...........".. ဘာမှမပြောနိုင် အော်..ရယ် ဟုသာ ပြောနိုင်လေတော့သည်။

ဆက်ရန်

မျှစ်
၀၅.၀၁.၂၀၁၂