17 November 2011

စင်ကာပူ..

“စင်္ကာပူ။”

ခြင်္သေ့ဟာ ခြင်္သေ့လိုမနေတဲ့ မြို့။.

လူကိုလူလို့မမြင်တဲ့ လူတွေနဲ့ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်နေတဲ့ မြို့။.
...
ပလီပလာနိုင်ငံရေးနဲ့ ရေညစ်ကို ပြန်စစ်သောက်နေရတဲ့ မြို့။.

အဖြူကိုမှလူထင်ပြီး ရေတူမြေတူကိုလူလို့မထင်ချင်တဲ့ မြို့။.

ဒီဇင်ဘာကို နှင်းအတုနဲ့ ကြိုရတဲ့ မြို့…။.

ကျောက်ရုပ်လို မျက်နှာပေးတွေ ဆပ်ဝေးထဲမှာ ငိုင်နေလှုပ်နေတဲ့ မြို့။.

သူဌေးနဲ့ အလုပ်သမားကြား ယုံကြည်မှုပျက်ပြားနေတဲ့ မြို့။.

လင်ဝေးသားဝေးတွေကို ဖုန်းထဲမှာ တွေးပျော်နေတဲ့ မြို့။.

မြို့ခံလူကြီးတွေ ညစာစားပွဲတောင်မလိုက်ဘူးဆိုပြီး ကုမ္ပဏီအကြီးကြီးတွေခိုးဖွင့်ထားတဲ့ မြို့။.

လိုမြေတွေအတွက် သူတစ်ပါးဘဝတွေကို ချနင်းမြေဖို့နေတဲ့ မြို့။.

ချစ်သူကိုလွမ်းကြောင်း ပီဖင်းဂိုးပြီး အခန်းဖော်ငနဲသစ်နဲ့ဖက်အိပ်နေတဲ့ ကျောင်းသူတချို့ရှိတဲ့ မြို့။.

ကျေးဇူးကြွေးဆပ်ဖို့ဆိုပြီး ဘဝပေါင်တောပြောင်းသွားတဲ့ သားသမီးတွေ ညညအော်ငိုနေတဲ့ မြို့။.

အေ၊ ဘီ၊ စီ၊ ဒီ မရေလည်တဲ့ ပါးကွက်ကြားလေးကို သူနာပြုနဲ့ အိမ်ဖော်လုပ်ဖို့ လိမ်ခေါ်တဲ့ မြို့။.

ကျေးဇူးကြွေးကို ဘဝပေါင်ပြီးဆပ်မယ့် သားသမီးလင်မယားတွေ ညညထငိုနေတဲ့မြို့။.

သား၊ သမီးနဲ့ ဇနီးလိုတာတွေပို့နိုင်ပြီး အနမ်းနဲ့ပြုသောအချစ်တွေပြန်မပို့နိုင်တဲ့ မြို့။.

ကိုယ့်အပူကိုယ်သိမ်းပြီး မွေးမြေအပူတွေကို ငွေစကြေးစမျက်စိမှိတ်လှူကြတဲ့ လူမြတ်တွေရှိတဲ့ မြို့။.

နောက်ဆုံးပေါ်ဖုန်းပေါ်မှာမို့ မတ်စိထားခဲ့ပါဆိုတဲ့ မြို့။.

ဘဝမေ့တဲ့ အမျိုးကောင်းသားနဲ့သမီးတွေရှိတဲ့ မြို့။.

အဲဒီမြို့ကို ဆွမ်းတော်တင်ကြည့်ဖူးတယ်

အဲဒီကနေ ငါပြန်ခဲ့ရတယ်။ အဲဒီမှာ ငါ့သူငယ်ချင်းတွေ ကျန်ခဲ့တယ်။.

အဲဒီမှာ ငါ့သူငယ်ချင်းတွေရှိတယ်။ အခု……………..

အဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာနဲ့ တည်နေတဲ့ မြို့…။.

စိမ်းခက်စိုး

(ဗုဒ္ဓဟူးနေ့) နိုဝင်ဘာ ၁၆၊ ၂၀၁၁.

နံနက် - ၁၂း ၁၇ နာရီ.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနှင်းဆီ သိစေချင်လို့ရှဲလိုက်တာပါ.. 


ငထွဋ်

12 November 2011

ထောင်ချောက်

ဘေးပတ်လည်ကမှောင်မည်းနေတယ်..ဘာမှမမြင်ရတဲ့အတွက်ကြောင့် အမှောင်ထဲမှာကျင့်သားရသွားအောင် ခဏငြိမ်နေမိတယ်..နည်းနည်းကြာတော့ သူမြင်ရလာတယ်။ သူဗိုက်ဆာနေတယ်..သူ့ဇနီးနဲကကလေးတွေလည်း ဗိုက်ဆာနေတယ်။စားစရာကိုရှာရမယ်။မတွေ့တွေ့အောင်ရှာရမယ်..အပြင်ကို ထွက်လိုက်တယ်ဆိုရင်ပဲ သူစားစရာတွေကိုတွေ့လိုက်ရတယ်။

ဝမ်းသာအားရနဲ့သူပြေးသွားမိတယ်။သူတို့မိသားစုအတွက်ဒီနေ့ညစာလောက်ရုံမကဘူး နောက်နေ့တွေအတွက်ပါ အဆင်ပြေနိုင်တယ်လေ။ အပြေးအလွှားနဲ့ စားစရာတွေရှိရာကို ရောက်သွားတယ်။ ဒါပေမဲ့ သူစားစရာတွေကို ယူလို့မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ မှန်တွေခြားနေတယ်။အဲဒါကို သူမသိခဲ့ဘူး။ သူကြိုးစားပြီး  မှန်တွေကိုခွဲဖို့ကြိုးစားတယ်။ ဒါပေမဲ့ မရဘူး မှန်တွေက သူ့ထက်အဆမတန် ကြီးတဲ့အပြင် ထူထဲတဲ့အတွက် သူခွဲလို့မရနိုင်ခဲ့ဘူး။

အပေါက်ဝကနေ ကြည့်နေတဲ့ သူ့ဇနီးနဲ့ကလေးကိုလှမ်းကြည့်လိုက်မိတော့ သနားစရာကောင်းတဲ့မျက်နှာလေးတွေနဲ့ သူ့ကိုပြန်ကြည့်နေတယ်။ သူ့စားစရာ ရအောင်ရှာရမယ်.. သူနောက်တစ်နေရာကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူ့ဇနီးနဲ့ကလေးတွေကလဲနောက်ကပေါ့။ဒါက အန္တာရယ်များမှန်းသူသိတယ်။ဒါပေမဲ့ စွန့်စားရမှာပဲလေ။ သူတို့သွားရင်းနဲ့ အနံတစ်ခုကို သူရလိုက်တယ်။ အနံ ဒီအနံ ဒါစားစရာ အနံ ဆိုတာသူသိတယ်။ ခပ်သွက်သွက်သွားပြီး ကြည့်လိုက်တော့ စားစရာလေးကို တွေ့လိုက်တယ်.သိပ်တော့ မများပါဘူး။ ဒါပေမဲ့ သူတို့မိသားစု အတွက်တော့ ကောင်းကောင်းလောက်ငှပါတယ်။သူ့မိန်းမနဲ့ကလေးကို ချောင်တစ်နေရာမှာထားခဲ့ရင်း သူစားစရာကိုသွားယူဖို့ခြေလှမ်းစလိုက်တယ်။ သူခြေလှမ်းတွေက တက်ကြွနေတယ် ရှေ့မှာ စားစရာရှိတယ်ဆိုတဲ့ အသိက သူ့ကို တက်ကြွစေတယ်။ သူ့စားစရာကို လှမ်းယူလိုက်တဲ့ အချိန်မှာပဲ "ဒုံး" ဆိုတဲ့ အသံနဲ့အတူ နာကျင်မှုတွေခံစားလိုက်ရတယ်..

သူ့လက်ထဲမှာတော့ စားစရာရှိတယ်။ သူ့ကိုယ်ကတော့ လှုပ်လို့မရတော့ဘူး၊တစ်ခုခုနဲ့ညှပ်ထားခံရသလိုပဲ။ သူ့ဇနီးကလည်း သူ့နားပြေးလာနေတယ်။ သူ့နောက်ဆုံးလက်ကျန်ခွန်အားနဲ့ စားစရာလေးကို ကမ်းပေးလိုက်တယ်။ ပြီးတော့ စားပြီးတာနဲ့ဒီကနေ ထွက်သွားဖို့ပြောလိုက်တယ်။နောက်ပိုင်းမှာတော့ လောကကြီးက အမှောင်ကျသွားတယ်............. ......

~~~~~~~~~~~~@@~~~~~~~~~~~~~~~

ဒီနေ့ မနက်အိပ်ရာထနောက်ကျတယ်။ ရုံးပိတ်ရက်မို့လဲပါတာပေါ့။ ဘေးမှာ အိပ်နေတဲ့ ယောင်္က်ျားကိုလဲ နိုးလိုက်တယ်။ ချက်ချင်းထဦးမှာ မဟုတ်။ ကိုယ်ဘာသာကိုပဲ မီးဖိုချောင်ဘက်ကို ထွက်လာခဲ့တယ်။ မီးဖိုချောင်အရောက် မြင်ကွင်းတစ်ခုက ကြိုဆိုနေတယ်။ သူမ သူ့ယောက်ျားကို အော်ခေါ်မိတယ်။ သူမယောက်ျား ရောက်လာတော့လဲ ဘာစကားမှမပြောနိုင်ဘူး။

မြင်ကွင်းလေးက သူမတို့ညကထောင်ထားတဲ့ ကြွက်ထောင်ချောက်မှာ ကြွက်လေးတစ်ကောင်က မိပြီး သေနေတယ်။ သူနဲ့ခပ်လှမ်းလှမ်းမှာ ကြွက်လေးနောက်တစ်ကောင်ရယ်..ကြွက်ပေါက်လေးသုံးကောင် ရယ်သေနေကြတယ်... ဘေးမှာတော့ ကြွက်ထောင်ချောက်က အစာက ပြန့်ကျဲလို့..................

ကြွက်ထောင်ချောက်မှာရှိတဲ့ အစာကလဲ အဆိပ်တွေသုတ်ထားတယ်လေ..............

လေးစားစွာဖြင့်
ငထွဋ်
၁၂.၁၁.၂၀၁၁

06 November 2011

မိုးတိမ်ကဗျာ..

မနှင်းဆီနားထောင်ဖို့ပါ..အခုတလော ဒီသီချင်းလေးနားထောင်နေမိတယ်..ဘာပဲဖြစ်ဖြစ် လွမ်းတယ် မနှင်းဆီ...



03 November 2011

မနှင်းဆီ သို့ လွမ်းချင်း

မနှင်းဆီ

နင့်နေလို့မှကောင်းရဲ့လား။ငါနင့်ကိုအရမ်းလွမ်းတာပဲ။ရေမြေတွေခြားနေပေမဲ့ နင့်ကိုငါလွမ်းတယ် ချစ်တယ်။
ဒါပေမဲ့ နင့်သတင်းတွေငါကြားနေရတယ် မနှင်းဆီ။ဘာတွေဖြစ်နေသလဲ မနှင်းဆီ။ နင့်ငါကို မချစ်တော့ဘူးလား။ငါဘယ်လောက် လွမ်းလဲ ဆိုတာနင်မသိနိုင်ပါဘူး...

ဒါပေမဲ့မနှင်းဆီ မင်းက အခုတော့ ငါးကင်မြင်လို့ ငါးစိမ်းပစ် ဆိုသလို။ မင်းအိမ်ဘေးက အိမ်သာတွင်းတူးတဲ့ကုလား စိုဗစ်နဲ့ကြိုက်ချင်နေတယ်လို့ သတင်းရတယ်။အမှန်ပဲလား မနှင်းဆီရယ်...
မကောင်းကြောင်းပြောတာတော့ မဟုတ်ပါဘူး။ အဲဒီ စိုဗစ် ဆိုတဲ့ကောင်က လုံးဝမကောင်းပါဘူး။ နင့်ကိုချုစားမှာလေ။ အခုတောင် ကွမ်းယာတွေကျွေး ဆေးလိပ်တွေ အလကားတိုက်နေရပြီ မဟုတ်လား။
ကုလားတိုင်းက အဲသလိုမဟုတ်ပါဘူး။ဒါပေမဲ့ စိုဗစ်က အဲလိုကောင်ပါ။ 
အော်....မနှင်းဆီရယ် ပြောရင်းနဲ့တောင် လွမ်းလိုက်တာ..နောက်တစ်ခုက ငါသူငယ်ချင်းတွေက နင်ကို အဲဒီကောင်နဲ့ မဆက်သွယ်ဖို့ပြောတော့ နင့်ကိုပြောတော့ နင့်ဘေးက နင့်ကိုကြောင်နေတဲ့ ဖွန်ကြောင်ငတိ ဆိတ်ကျောင်းတဲ့ကောင် လအုကဲ ငါသူငယ်ချင်းတွေကို ရန်စတယ်ဆို။အဲဒါအမှန်ပဲလား မနှင်းဆီ..

အခုတော့ နင်က ဘော်ဒီဂတ်တွေရနေပြီပေါ့ မနှင်းဆီ။နင့်က အဲသလို မိန်းကလေးဆိုတာ ငါမသိခဲ့ဘူး..

ဘာတွေ ဘယ်လိုကြောင့် နင်စိတ်ပြောင်းသွားလဲ ငါမသိဘူး...ငါတို့နှစ်ယောက်အတွက် ကြိုးစားပြီး အလုပ်တွေလုပ်နေတယ်..ဒီနိုင်ငံမှာ ပိုက်ဆံစု နေတဲ့ ငါ့ကို နင်မသနားဘူးလားဟင်..ငါပြန်လာရင် ဒို့တွေ လက်ထပ်ကြမယ်လေ..ငါ့ကိုစောင့်နေပါ..မနှင်းဆီ...

မိုးဖျောင်

မှတ်ချက်။   ။ မနှင်းဆီသည် မနှင်းဆီသာ ဖြစ်ပါသည်...

ကိုထွဋ်