ဘလော့မရေးတာလဲ ကြာပေါ့.. ကြာပေါ့ဆို.. အလုပ်များတယ်.. အလုပ်နဲတဲ့အချိန်မှာ အလုပ်ပြောင်းတယ်.. အခု လက်ရှိ အလုပ်ကလဲ အထိုင်မကျတော့ အင်တာနက်လဲ မသုံးဖြစ်သေး.. အဲ့လာနဲ့ ကြာကြာလာတာကနေ. ပို့စ်မရေးဖြစ်တာ သုံးလတောင်ကြာပီပေါ့။
နောက်တစ်ချက်ကတော့ ကုန်ကြမ်းပေါ့နော်.. ကျနော့်ရဲ့ကုန်ကြမ်းဆိုတာကလဲ သူများတွေလို ရင်ထဲ နှလုံးထဲကနေ ထွက်လာတာ မဟုတ်ပဲ.. သူများတွေကို လှောင်ဖို့ ဗျင်းဖို့ ရှာတဲ့ ကုန်ကြမ်းပါ။ အခုတလော ရှာလို့ကလဲ မတွေ့ဘူးပေါ့လေ.. တွေ့ရင်ပြောကြပါဦးဗျ.
စိတ်လဲ မပါဘူး. ပျင်းနေတယ်.. ကိုယ့်ဘလော့ကလဲ အဂ္ဂမဟာ စီနီယာ ဘလော့ဂါများကဲ့သို့ လူ တစ်နေ့ကို ရာကျော် ဝင်နေတာမဟုတ်တော့လဲ.. မရေးတော့ဘူး.. ပိုပိုပျင်းလာတယ်.. အားပေးမဲ့လူမှ မရှိတာကိုးဂျ............နော်..
ကျနော်ဘလော့ စရေးခါစက ကော့မန့်တစ်ခု မှတ်မိတယ်.. ဘလော့စရေးတယ်ဆိုတာ မိန်းမရခါစလိုပဲတဲ့ အချိန်ပြည့် ကြည့်ချင်တယ်.. ဘယ်သူ ကော့မန့်ရေးလဲ သိချင်တယ်.. ဘယ်နှစ်ယောက်လာဖတ်သွားလဲ သိချင်တယ်..
နဲနဲကြာလာတော့ မိန်းမကို မကြည့်ချင်တော့သလိုပဲ.. ဘလော့ကိုလဲ ပစ်ထားကြတယ်.. ရေးချင်ရေးတယ်.. မရေးချင်မရေးဘူး..
နောက်ဆုံးအချက်ကတော့ ဖဘခေါ် ဖေ့ဘုတ်ပေါ့။ ကျနော် တော်တော်များများဖတ်ကြည့်ရင် ဖဘ ဘက်ရောက်လို့ စာမရေးနိုင်ကြတာကြီးပါပဲ..
ပျင်းလို့ချရေးလိုက်တဲ့ ပို့စ်တစ်ပုဒ်ပါ.. ပျင်းလို့ ဘာမှဆက်မရေးချင်တာနဲ့တုံးတိနဲ့ဖြတ်လိုက်ပါတယ်း)
လေးစားစွာဖြင့်
ကိုထွဋ်