09 February 2011

လက်သည်းပွင့်နေလို့ပါ

 ဟိုတစ်နေ့က လက်သည်းညှပ်နေတုန်း လက်သူကြွယ်မှာ လက်သည်းပွင့်နေတော့ ဘာဖြစ်မလဲလို့ သိချင်တာနဲ့ရှာလိုက်တာ အောက်ကအဟောတွေ ရလာတော့တာပဲ။ 

လက်သည်းအဟောရှာတာ ခြေသည်းအဟောတွေပါရလာတယ်...

ကဲ..... ဖတ်ကြည့်လိုက်ပါဦး။

1 လက်မမှာ လက်သည်းပွင့် ရင် မိတ်ပျက်တတ်တယ်

2 လက်ညှိုးမှာ လက်သည်းပွင့် ရင် ဆွေမျိုးပျက်တတ်တယ်

3 လက်ခလယ်မှာ လက်သည်းပွင့် ရင် ပူဇော်ခံရတတ်တယ်

4 လက်သူကြွယ်မှာ လက်သည်းပွင့် ရင် တင့်တယ်ခြင်းကောင်းမြတ်ခြင်းတို.နဲ့ပြည့်စုံတယ်တဲ.

5 လက်သန်းမှာ လက်သည်းပွင့် ရင် ချစ်ရေးချစ်ရာတွင် အလွန်အောင်မြင်ပါတယ်

6 ခြေမမှာ ခြေသည်းပွင့် ရင် ကာမဂုံတွင် မွေ့ပျော်ရတတ်တယ်

7 ခြေညှိုးမှာ ခြေသည်းပွင့် ရင် ခရီးရှည်သွားရ တတ်တယ်

8 ခြေခလယ်မှာ ခြေသည်းပွင့် ရင် ဂုဏ်သတင်းကျော်ဇော တတ်တယ်

9 ခြေသူကြွယ်မှာ ခြေသည်းပွင့် ရင် ချစ်သူကောင်း ရတတ်တယ်

10 ခြေသန်းမှာ ခြေသည်းပွင့် ရင် ငယ်သူရဲ့ ငြိုငြင် ခြင်းကိုခံရတတ်တယ်

 solarkoko ဆီက မှတ်ခဲ့တာလေးပါ..

လေးစားစွာဖြင့်
ကိုထွဋ်
၀၉.၀၂.၂၀၁၁

No comments: