ဧရာမမြွေကြီးတစ်ကောင်အား တရုတ်အလုပ်သမားများ သတ်ဖြတ်ခဲ့ပြီးနောက်
မြန်မာအစိုးရသမ္မတ ဦးသိန်းစိန်၏ မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းရန်
သတင်း ထွက်ပေါ်လာသည်။
၄၈ ပေခွဲ ရှည်ပြီး ၅ ပေ လုံးပတ်ရှိသည့် မြွေကြီးအား စီမံကိန်း ဧရိယာထဲ
ဂျွမ်ဘွမ်တောင် (Jum Bum)တွင် လမ်းဖောက်လုပ်နေသော တရုတ်အလုပ်သမားများ
မြေအောက်တွင်းတစ်ခုမှာတွေ့ရြှိ
မျက်မြင်များပြောသည်။
တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ
အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့်
ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်များပြောပါသည်။
CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့
ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ
မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော
နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။
မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀)တွင် “ပြည်သူအများစု
အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား
၎င်းတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားရန်” လွှတ်တော်သို့ သမ္မတ
ဦးသိန်းစိန်ပြောဆိုလာသည်။
တရုတ်အစိုးရပိုင် China Power Investment Corporation (CPI) ကုမ္ပဏီ
အလုပ်သမားများက ၎င်းမြွေကြီး၏ ဦးခေါင်းကို မြေတူးစက်(backhoe) ကော်ဖြင့်
ထိုးသတ်လိုက်ခြင်းဖြစ်သည်ဟု မျက်မြင်များပြောပါသည်။
CPI အလုပ်သမားများက ၎င်းမြွေကြီး အသေကောင်ကိုလည်း တရုတ်နိုင်ငံသို့
ယူဆောင်သွားကြောင်း ဒေသခံများပြောသည်။
ဧရာဝတီမြစ် မလိ-အင်မိုင်ဇွပ် (မြစ်ဆုံ) စီမံကိန်းမှာ ယခုကဲ့သို့ ဧရာမ
မြွေကြီးသတ်ဖြတ်ခြင်း ဖြစ်ရပ်သည် “ရေကာတာစီမံကိန်း၏ မကောင်းသော
နိမိတ်လက္ခဏာ တစ်ခုအဖြစ်” ဒေသခံကချင်များ ရှုမြင်ကြသည်ဟု သိရသည်။
မြွေကြီးသတ်ဖြတ်ခံရပြီး (၈) ရက်အကြာ စက်တင်ဘာ (၃၀)တွင် “ပြည်သူအများစု
အပြင်းအထန် ကန့်ကွက်နေသည့် ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း
၎င်းတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားရန်” လွှတ်တော်သို့ သမ္မတ
ဦးသိန်းစိန်ပြောဆိုလာသည်။
အခုတော့ မြွေသားစွပ်ပြုတ်ဖြစ်နေလောက်ပီ...
ဖော်ဝပ်မေးကပါ။
ကိုထွဋ်
၀၆.၁၀.၁၁
12 comments:
နည်းနည်းနောနော အရှည်ကြီး မဟုတ်ပါလားဗျို့....... နှစ်ချို့ကြီးဖြစ်မယ်ထင်တယ်နော် အဘထွဋ်...
ခင်မင်စွာဖြင့်
တူမောင်ထွဋ်
တစ်ခုခုတော့ တစ်ခုခုပဲ...ဒီမြွေကြီးပုံကို မြင်ဖူးတာ ကြာပြီ....ခန့်မှန်းခြေ ခြောက်လ တစ်နှစ်ကြားမှာပဲ...
သူတို့သတင်းထဲက စက်တင်ဘာ ၂၂ ဆိုတာကြီးက ခုနှစ်လဲ တပ်မထားဘူး....ဟွင့်...
တစ်ခါတစ်ခါဖော်ဝပ်မေးလ်တွေက အဲဂလိုပဲ...ငါလဲ ခဏခဏ ကြုံဖူးတယ်..။ ဟွန့်...
ဒီမြွေကြီး နာလည်းမြင်ဖူးတယ်ဟ မျှစ်ရ....၊ဘာကြောင့်ပဲ
ရပ်ရပ် ရပ်သွားပြီးတာပဲအေ....၊မြွေကြီးကြောင့်ဆိုလည်း
မြွေကြီးကိုကျေးဇူးတင်ရမှာပဲ.....။
တောပီ ဖော်ဝပ်မေးတွေတင်တော့ဘူး...နာဘာသာနာ သတင်းလိုက်ရှာတော့မယ်...
ဘယ်လိုပဲဖြစ်ဖြစ်တော့ရပ်သွားပြီလေ
ဒါပေမယ့် ကြောက်စရာကြီးနော်
ကြည့်ရတား(
အကိုက်ခံလိုက်ရရင်တော့...တွားပါပီ..
တရုတ်တွေကလဲ စားမယ်ဝါးမယ်ဆိုတာချည်းပဲ
အကြီးကြိးပဲနော်...အကိုရေ.. ကြောက်တော့ကြောက်စရာကြိးပဲ :(
မန်းရေနံ မြေ မှာတုန်းကတော့ အလုပ်လုပ်တဲ့ ည ဘက် မြွေ ဖြတ်သွားတာတို့  တွင်းနားမှာတွေ့ လို့ ကတော့ အလုပ်မှာတစ်ခုမဟုတ်တစ်ခု တော့ ပြဿနာတတ်တော့တာပဲ...
အရင်ကတော့ ဒါကို လျှောက်ပြောတယ်ပဲ ထင်နေခဲ့တာ
မြစ်ဆုံမှာ မြွေကြီးနှစ်ကောင်ရှိတယ်ဆိုတဲ့ ရာဇ၀င်လည်းကြားဖူးပါရဲ့
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး မြွေကြီးမျိုးသေဆုံးသွားတာမဟုတ်ပဲ
ဧရာဝတီသေဆုံးသွားတဲ့ အဖြစ်မျိုးမကြုံရတာကိုပဲ မျှော်လင့်စရာပါ..။
(မြစ်ကြီးနားက ကောင်လေးပါ)
ကြောက်ရင်လာကိုင်ထားပါလား
နါချပနက့ါုငါါလုသငမျ့္ကါလျုါျ့ုါနိါျသသသည
ဆဲရင်တော့အဆိပ်ဆေးပေါ့နော်
အံ့ဩစရာ
Post a Comment