22 March 2011

Smile of Angkor




ဟိုတနေ့ညက Smiles of Angkor ဆိုတဲ့ရှိုးသွားကြည့်တယ် ကမ္ဘောဒီးယားတွေကို Performance နဲ့ပတ်သက်လာရင် လုံးဝအထင်မကြီးပေမဲ့ ဒီတခေါက်တော့ လေးစားသွားရအောင်ကို အစွမ်းပြသွားတယ်ဗျာ..
ရှိုးအတွက်ကတော့ လက်မှတ်ကဖရီးလေ :)

ရှိုးမှာအပိုင်း ၆ ပိုင်းပါပါတယ်။ အဲဒါကိုတော့ ဗမာလိုတော့ ပြန်တော့ဘူး။ အင်္ဂလိပ်စာ သိပ်မကောင်းလို့။

၁)   Dialog with god 
၂)    Prosperous Dynasty 
၃)    Revived gods
၎)    Churning the sea of milk
၅)    Pray for lives
၆)    Smiles of Angkor တို့ပါ။ ပြီးတော့ ရိုးရာအကတွေလဲ ပါဝင်ပါတယ်။ ရှီဗာနတ်အက၊ ရိုးရာနတ်သမီးအက၊ စစ်ချီအက၊ ဒေါင်းအက၊ Bathing Dance၊ မျောက်အက၊ လက်ဝှေ့ရေုးုပြဟန် နဲ့ နန်းတွင်းCandle အကတို့ဖြစ်ပါတယ်။

အဓိကဇာတ်ဆောင်တွေနေရာမှာ ခမာတွေက အဓိက သရုပ်ဆောင်ပြီး တရုတ်သရုပ်ဆောင် အချို့လဲပါဝင်ခဲ့တယ်။ ဇတ်ဆောင် ၈၄ယောက်ပါဝင်သရုပ်ဆောင်ပြီး တရုပ်ပရော်ဖက်၇ှင်နယ် သရုပ်ဆောင် ၁၀ ယောက်ပါဝင်ပါတယ် ဇတ်စင်ကို အဓိက တည်ဆောက်တဲ့ လူတွေနဲ့ဒါရိုက်တာကတော. ဘေဂျင်းအိုလံပစ် ၂၀၀၈ မှာပါဝင်ခဲ့တဲ့ Art Directorပါ။ အန်ကော Complex အကြောင်းကိုရှင်းပြထားပါတယ်။ ဈေးလည်းမြင့်တယ်ဗျ။တယောက်ကို ၅၈ကျပ် နဲ့ ညစာဘူဖေးလဲပါမယ်..

ဒီရှိုးမှာပါတဲ့ ခမာအများစုက မိဘမဲ့တွေများပါတယ်။သူတို့ကို လေ့ကျင့်ပေးထားပြီး ရှိုးတွေမှာထည့်သုံးပါတယ်..




 Apasara နတ်သမီးများ


 
Churning the ocean of the milk

 
ဗီဒီယိုပါ..
လေးစားစွာဖြင့်
ကိုထွဋ်
၂၂.၀၃.၂၀၁၁

7 comments:

မိုးယံ said...

ရှိုးလက်မှတ် ဈေးကြီးတော့ ဒီကောင့်တောင် မခေါ်ဘူး.. ရက်စက်ပ

Crystal said...

ဇာတ်ကတဲ့ ခမာတွေ ဘာလို့ မိဘမဲ့တာလဲဟင်။ စပ်စုလိုပါတယ်။

မိဘမဲ့လေးတွေကို အဆင်ပြေတဲ့ အလုပ်ပေးရတာ သူတို့ကိုယ်စား ဝမ်းသာပါတယ်။

ဒီတခါလာရင် ရှိုးလိုက်ပြဖို့ ပြင်ထားပါလို့ ဖေ့ဘွတ်ထဲက ကောင်မလေးကို ပြောလိုက် ဒါပဲ :P

ကိုထွဋ် said...

မိုးယံ>> ဒီလာခဲ့ လာရင်လိုက်ပြမယ်..လက်မှတ်ဖိုးတာဝန်မယူ.. :P

Crystal >> အမရေ ခမာဈေးနဲ့ကြည့်ရင် သက်သာတယ်ဗျ..ခမာယောင်ဆောင်သွားရင်ရမယ်။

ကိုသန်းထိုက် ကိုခေါ်လို့ရဘူးနော်... :P

Angelhlaing(May everybody be happy and healthy! said...

ညီမလေးလဲ ကြည့်ဖူးချင်လိုက်တာ တစ်ခါမှကြည့်ဖူးသေးဘူး :P:P:P
ကျေးဇူးပါအကိုရေ။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

yar zar said...

ကိုထွဋ်ရေ အကုန်ကြည့်ချင်လိုက်တာဗျာ။ ဗဟုသုတ ရစေလို့ ကျေးဇူးပါဗျ။
ရာဇာ(ကျေးတောသားလေး)

Clozest said...

@Crystal> မိဘမရှိကြတော့လို့မိဘမဲ့တာပေါ့ကွယ်။ :P ကျွန်တော်လည်း လာမယ့်တနင်္ဂနွေနေ့မှာ သွားကြည့်မှာ။ မခရစ်စတယ်ကြီးတော့ မကြည့်ရတာ နာတာပဲ။

ကိုထွဋ် said...

အမရေ...မပူနဲ့နော်...အမလာရင် သမီးတို့ local rate နဲ့သွားကြည့်ကြတာပေါ့..
ကိုသန်းထိုက်တော့အယောင်ဆောင်လို့ရမယ်မထင်.. :P နန်းနန်း