11 March 2011

ကံကောင်းတယ်

မနေ့က ဆိုင်ကယ်စီးရင်း တဖက်ကိုငေးလိုက်မိတယ်။အဲဒါနဲ့ Camryတစ်စီးက ရှေ့ကရုတ်တရက် ရပ်လိုက်တော့ နောက်ကဝင်အောင်းမိတယ်..သူကလဲဘာမှတော့မပြောပါဘူး ....အလျော်လဲမပေးခဲ့ရပါဘူး ..ဒါပေမဲ့ကျနော်ဘာမှဖြစ်ဘူး ဆိုင်ကယ်ပဲ ရှေ့မှာကွဲသွားတယ်.. ကျနော်ကံကောင်းတယ်လို့ တွေးမိတယ်..အခုထိ ငါဆိုင်ကယ်မောင်းနိုင်သေးလို့.....

ဒီနေ့လဲ ရေချိုးပြီးတော့ ရေချိုးခန်းထဲက အထွက်မှာ ချော်လဲတယ်..ခေါင်းတော့အပွင့်ပဲလို့ တွက်လိုက်တာပဲ..ကံကောင်းစွာနဲ့ပဲ ခေါင်းလဲဘာမှမဖြစ် ခါးမနာဘဲ ခြေထောက်ပဲနဲနဲနာသွားတယ်...
ခေါင်းမကွဲဘဲ ခြေထောက်ပဲနာတာအတွက် ငါအရမ်းကံကောင်းတယ်.................တကယ်တော့ ခြေထောက်က ရောင်တောင်နေတာ..လမ်းလျှောက်ရင်နာတယ်..

အခုတလော သွေးထွက်သံယိုကိန်းရှိနေတယ် ထင်တယ်။ဖြစ်လိုက်ရင် သေကိန်းချဉ်းပဲ... ဒါပေမဲ့ အသေးအမွှားလေးတွေပဲဖြစ်သွားလို့ အခုထိ စာရေးနိုင်နေသေးတာ နို့မို့ဆို မောင်ထွဋ်တို့ ဆေးရုံပေါ်မှာ မံမီ ဖြစ်ပြီး သူနာပြုမလေးတွေနဲ့..ဟီး..ဟီး..


အယ်...ပြောချင်တာက အဲဒါဟုတ်ဘူး.. ကံကောင်းတဲ့အကြောင်းပြောချင်တာပဲ၊

ကျနော် တို့ ဘဝမှာ ငါကံမကောင်းဘူးလို့ တွေးမိတဲ့အချိန်တွေရှိမှာပါ။
အလုပ်ပြုတ်လို့ ကံမကောင်းဘူးလို့တွေးမိရင်.....ငါ့အတွက် ခဏအနားယူဖို့အချိန်ပဲ ဆိုပြီးလှည့်တွေးလိုက်ပါ
ကံကောင်းလာပါလိမ့်မယ်.. ငါကံမကောင်းဘူးလို့တွေးမိရင် ”ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ခင်ဗျားအတွက် ဖြစ်သွားလိမ့်မယ်...အတတ်နိုင်ဆုံး ကြိုးစားပြီး ကံကောင်းတယ်လို့ မြင်ကြည့်ပါ..ကံကောင်းခြင်းတွေ ခင်ဗျားဆီကိုရောက်လာပါလိမ့်မယ်..

အားလုံးကိုကံကောင်းတယ်လိုတော့ ယူဆလို့မရပါဘူး ..ဒါပေမဲ့ တချို့ကိစ္စတွေကိုတော့ ယူဆစေချင်ပါတယ်. ကံကောင်းတယ်လို့မယူဆနိုင်ရင်တောင်..အကောင်းဘက်ကလှည့်တွေးပေးလိုက်ပါ..
အားလုံးအဆင်ပြေသွားပါလိမ့်မယ် ...

လေးစားစွာဖြင့်
ကိုထွဋ်
၁၀.၀၃.၂၀၁၁

P.S။ ဒီစာရေးပြီးတဲ့ အချိန်မှာ ခြေထောက် အရမ်းကိုက်နေပါသဖြင့် အိပ်တော့ပါမည်....။

7 comments:

yar zar said...

ကိုထွဋ်ရေ ဂရုစိုက်ဗျ။ ဘုရား၊ တရား ကိုအရင်ကထက် ပိုလုပ်ဗျာ။ ဖတ်လိုက်ရတာစိတ်မကောင်းဖြစ်သွားတယ်။
ကံကောင်းပါစေ ကိုထွဋ်။
လေးစားလျက်
ရာဇာ(ကျေးတောသားလေး)

ခနွဲ said...

ကျန်းမာရေး ဂရုစိုက်ပါဗျာ။ ကံကောင်းပါစေ။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ကျန်းမာရေးဂရုစိုက်ပါနော်။
အားပေးသွားလျှက်။
ညီမလေး။
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

...အလင်းစက်များ said...

ဒီလိုစိတ်ထားနိုင်တာ အကောင်းဆုံးပါပဲလေ... တခါတရံ အဆိုးတွေဖြစ်တဲ့ခါ တစ်ခုထည်း ဘယ်တော့မှ ဖြစ်မနေတတ်ဘူး... စုပြီးလာကြတတ်တယ်။

ဥပါဒန်ကြောင့် ဥပါတ် (စာလုံးပေါင်းခွင့်လွတ်) ရောက်ဆိုတာရှိလေတော့ အစွဲတော့ မထားသင့်ဘူး။

Maung Myo said...

သတိမမေ့နဲ့ အသိကလေးနဲ့လုပ် သူများသာပြောတာ ကျနော်လည်းတစ်နေ့က စိတ်တွေလွင့်နေတာ စက်ဘီးကိုခြေဖျားထောက်ရပ်ထားတာ လမ်းဘေးမကျတော့ ဆိုင်ကယ်သမားက ဆဲလိုက်တာ နာလိုက်တာ ကိုယ့်အပြစ်ပဲလေဆိုင်္ပြီး ပြန်ဖြေလိုက်တယ်း)

ကိုထွဋ် said...

ကျေးဇူးတင်ပါတယ်ဗျာ..ဆိုက်ကယ်တိုက်တာ ဘာမှမဖြစ်ဘူး...ချော်လဲတာခြေဖမိုးက ဖောင်းကားနေတာပဲ... :(

rose said...

ပာုတ်တယ်နော်... ကိုထွဋ် ရေးထားတာလေး ထောက်ခံတယ်။ ကံဆိုး နေပေမယ့်လည်း အကောင်း ဘက်ကနေ ရှုမြင်ပြီး သုံးသပ်ရင် ကံကောင်းခြင်းတွေ မကြာခင် ပြန်လည် ရောက်ရှိလာမှာပါ။

http://redroseofburma.blogspot.com/