09 March 2011

တိုတိုထွာထွာနည်းလမ်းတွေ

ဒီနည်းလမ်းတွေက သိပြီးတဲ့လူလည်းရှိမယ် မသိသေးတဲ့လူလည်းရှိမယ်.. မသိသေးတဲ့လူတွေအတွက်ပါ။

.....................................


၁။အစားအသောက်ထဲမှာ ဆီများနေတယ် ဆိုရင်

          တကယ်လို့ ဟင်းထဲမှာဆီများနေတယ်ဆိုရင် ဆလတ်ရွက်
တစ်ရွက်လောက် ထည့်လိုက်ပါ။ စက္ကန့်အနည်းငယ် ကြာရင်ပြန်ဆယ်ထုတ်လိုက်ပါ။ ဆီတွေနည်းသွားပါလိမ့်မယ်။

၂။ ခဲနေတဲ့ သကြားပျော့သွားအောင်
 သကြားကို အဖုံးလုံတဲ့ဘူးတခုထဲမှာထည့် ၊ အဲဒီသကြားပေါ်မှာ ပန်းသီး၊ ဒါမှမဟုတ် ပေါင်မုန့် တစ်ချပ်တင်ထားပြီး အဖုံးပိတ်ထားပါ။၂၄ နာရီလောက်ကြာအောင် ထားလိုက်ရင် ခဲနေတဲ့ သကြားတွေပြန်ပျော့လာမှာ ဖြစ်ပါတယ်..

၃။ အိမ်ထဲမှာ မှိုအနံရတာကိုဖယ်ပစ်ဖို့

အိမ်ထဲမှာ မှိုနံ့ကင်းစင်ပြီး အနံ့သင်းသင်းလေး ဖြစ်နေဖို့အတွက်ဆိုရင် အိုးထဲမှာ ရေ၊သစ်ကြံပိုးနှစ်ချောင်း၊ လေးညှင်းပွင့်နည်းနည်းနဲ့ လိမ္မော်ခွံ ထည့်ပြီးတော့ ပွက်ပွက်ဆူအောင် ကျိုလိုက်ပြီး အငွေ့တွေ လှိုင်နေအောင် ထွက်ပါစေ မှိုနံတွေပျောက်ပြီး မွှေးပျံနေမှာဖြစ်ပါတယ်..

၎။ ရေစိုနေတဲ့ ရှုးဖိနပ်က အနံဆိုးပျောက်အောင်

    စိုနေတဲ့ရှုးဖိနပ်တွေက စိုထိုင်းထိုင်းနဲ့ အနံအသက် မကောင်းတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ ရှုးဖိနပ်ထဲကို စက္ကူအဟောင်းတွေခေါက်ပြီးပြည့်အောင်ထည့်ပါ။ ဒီအတိုင်းလေးပဲ သူ့ဘာသာသူ ခြောက်သွားအောင် ထားလိုက်ပါ။ ဖိနပ်လည်းပုံမပျက် အနံလည်းပျောက်သွားပါလိမ့်မယ်။

၅။  ကိုကာကိုလာ စွန်းသွားခဲ့ရင်

              ကော်ဇောပေါ်မှာ ကိုကာကိုလာ ဖိတ်နေတာမျိုး ဆိုရင် ယူကလစ်ဆီကို ရေမြှုပ်မှာဆွတ်ပြီး သုတ်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ သေချာလျှော်ပေးလိုက်မယ်ဆိုရင် ပြောင်သွားမှာဖြစ်ပါတယ်..

၆။ ငွေထည်ပစ္စည်း အသစ်အတိုင်း တောက်ပြောင်သွားအောင်

            သံလွင်ဆီကို ဖော့တုံးမှာ ဆွတ်ပြီး ငွေထည်ပစ္စည်း တွေကိုပွတ်တိုက်ပေးပါ။ ပြီးရင်ဆပ်ပြာနဲ့ ဆေးလိုက်ပြီး အဝတ်နဲ့သုတ်လိုက်ပါ။ ဘာအခြစ်ရမှ မဖြစ်တဲ့အပြင် နဂိုအတိုင်း တောက်ပသွားမှာဖြစ်ပါတယ်။


လေးစားစွာဖြင့်
ကိုထွဋ်
၀၉.၀၃.၂၀၁၁

        


1 comment:

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုတအတိုအထွာလေးတွေ ရှာကြံတင်ပေးတဲ့အကိုရေ
ကျေးဇူးပါနော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။