01 March 2011

ဘဝ..ဘဝ..ဘဝ

တခါတလေ စိတ်ဓာတ်ကျစရာတွေ တွေ့လာရင် ကျွန်တော်ဆိုတဲ့ကောင်ကလဲ စိတ်ဓာတ်ကျစရာ ရှိရင်ဟိုးအောက်ဆုံးထိကျပြီး ပျော်စရာရှိရင်လဲအရမ်းပျော်တတ်ပါတယ်။ ဘဝ ဆိုတာ တိုက်ပွဲ လို့လဲပြောကြတယ်... ကျွန်တော့ အတွက် ကတော့ ဘဝ ဆိုတာ ဘတ်စ်ကားတစ်စီးနဲ့တူတယ်ဗျ...
ဟုတ်တယ်လေ.....စဉ်းစားကြည့် ဘတ်စ်ကားပေါ်မှာ လူအမျိုးမျိုးအထွေထွေ ပါတယ်ဗျ။ ဈေးသည်၊အရက်သမား၊ပန်းရန်ဆရာ၊လက်သမား၊ကျောင်းသား၊ကျောင်းသူ၊ရုံးစာရေး၊မန်နေဂျာ၊အရက်သမား၊
ခါးပိုက်နှိုက် စတဲ့လူတွေပါတဲ့ကားပေါ်မှာ ပြဿနာမတက်ဘူးတဲ့လူတော့မရှိပါဘူး။ ကြီးတဲ့ပြဿနာနဲ့ငယ်တဲ့ပြဿနာပဲကွာမယ်။
ကျနော်တို့ဘဝတစ်လျှောက်မှာလဲ ဒီလိုပါပဲ လူတွေတစ်ယောက်ပြီးတစ်ယောက်ဝင်လာကြမယ်..

ပထမဆုံးစတွေ့တော့ အားလုံးတစိမ်းတွေပါပဲ..ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ..တချို့က သူငယ်ချင်း..မိတ်ဆွေ.... တချို့က ရန်သူ....တချို့က....ချစ်သူ ဇနီးမယား (သို့) ခင်ပွန်း အဖြစ်ကိုပြောင်းလဲပြီးဒီလူတွေကြောင့်ပဲကျနော်တို့ ပျော်ရွှင်ရတယ်၊ ကြေကွဲရတယ်၊ ဝမ်းနည်းရတယ်၊ ဝမ်းသာရတယ်၊ ဒေါသတွေထွက်ရတယ်.. အဲဒါတွေကိုထိန်းချုပ်ဖိုတော့ကြိုးစားနေတယ်ဗျာ.......

ကိုယ်ဘာမှ မလုပ်နိုင်တော့ရင် အဲဒီအရာကိုအတင်းကျော် ဖြတ်ဖို့မကြိုးစားပါနဲ့
ကျောလှည့်ပေးလိုက်ပါ နောက်မှာကျန်နေခဲ့ ပါလိမ့်မယ်။။ သူဟာရှေ့မှာမရှိတော့ပါဘူး..


အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။ စိတ်ဓာတ်တွေလည်းကျနေတယ်။ လူကလည်း လန်းလန်းဆန်းဆန်း မရှိဘူး။ အခုအချိန်မှာ တခုပဲလိုချင်တယ်........ ဘယ်သူမှမရှိတဲ့ နေရာတခုမှာ သွားနေချင်တယ်..ဘာမှမတွေးဘဲနဲ့ပေါ့ဗျာ...

 စိတ်ညစ်နေချိန် မှာရေးထားတာဖြစ်လို့ စာတွေ အဆီအငေါ်မတည့်ရင်တောင်းပန်ပါတယ်။။

ကိုထွဋ်
၀၁.၀၃.၂၀၁၁

3 comments:

Anonymous said...

စိတ်ညစ်မနေနဲ့..အားလုံးကိုလွင့်ပစ်လိုက်
အားလုံးက ကံတရားရဲ့ အစီအစဉ် အတိုင်းရှိပြီးသား
ဖြစ်ပြီးရင် ပျက်သွားမယ်
ပျက်သွားပြီးရင် အသစ်ပြန်ဖြစ်မယ်
လောလောဆယ် အားလုံးကို မေ့ထားလိုက်

ညိမ်းနိုင် said...

တစ်ယောက်တည်းမဟုတ်ဘူး ညီရေ...။အကိုလည်း ခုတလော စိတ်ဓာတ်တွေကျ၊စိတ်တွေပျံလွင့်၊
အလုပ်ထဲမပျော်၊အိမ်ပြန်ချင်...ဟင်း...။ဘာသာ စိတ်ကို တဖြည်းဖြည်းပြန်တည်ဆောက်ယူရတယ်...။
ဒီလိုပဲညီ...၊စိတ်ဓာတ်ကျမနေနဲ့တော့နော်...ကိုယ့်ထက်ဆိုးတဲ့လူတွေရှိသေးတယ်...၊ကိုယ်တွေကမှတော်
သေးတယ်လို့ပဲ မှတ်ပေါ့ညီ...။

Maung Myo said...

စိတ်ညစ်နေရင်လည်း ဘာကြောင့်စိတ်ညစ်တယ်ဆိုတာကို ဒီဘလော့မှာ ချရေးလိုက်လေ မျှဝေခံစားပေးတာပေါ့ ဒီလိုပါပဲ ကျနော်လည်းဖြစ်ဖူုးတယ် ။ ဘလော့ခြင်းဖြစ် ဘ၀အမောတွေဖြေချနိုင်ပါစေ ။

မောင်မျိုး