Do not count what u have lost.
Just see what u have now,
because past never comes back
but sometimes future can give u back your lost things! ‘good morning‘.
နင့်ရဲ့ဘဝ အတိတ်မှာ ဘာတွေပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ ပြန်တွေးမနေပါနဲ့နော်..အခုအချိန်မှာ ငါနင့်ဘေးနားမှာရှိနေပြီပဲ..နင့်သိထားဖို့က ငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာရယ် ဘာပဲဖြစ်ဖြစ်နင့်အတွက်ဆို အဆင့်သင့်ရှိနေမှာပါ။ အတိတ်ကိုမေ့ပစ်ပြီးဘဝအသစ်ပြန်စပါနော်။
ငါ့ဘေးနားမှာ နင်ရှိပေမဲ့ ရင်ဘတ်ချင်းကဝေးနေသလိုပဲ..နင်ကပြောတယ် အစိုးရိမ်လွန်နေတာပါတဲ့ အဲသလိုပဲဖြစ်ချင်ပါတယ်..
ငါနင့်ကိုချစ်တယ် ဘယ်လောက်ထိလဲဆိုရင် ဒီကမ္ဘာပေါ်မှာ ငါထက်ချစ်နိုင်တဲ့သူကို နင်ရှာလို့မတွေ့ပါဘူး။ အ၇င်တုန်းက တနင်္ဂနွေနေ့ဆို အရမ်းပျော်တယ်။ အခုတော့ အလုပ်ပိတ်ရက်တွေကို မုန်းနေတတ်ပြီ။ နင်ငါ့အနားမှာ မရှိတဲ့နေတွေဆို ဘယ်လိုနေရမှန်းမသိတော့ဘူး...
နင့်လက်လေးကိုကိုင်ခဲ့တဲ့အချိန်တွေ၊ငါ့ပါးကိုနမ်းတဲ့ အချိန်တွေဆို အရမ်းပျော်မိတယ်.. နင်ငါ့နားကိုကပ်ပြီး “မ မောင့်ကိုအရမ်းချစ်တာပဲ” လို့ပြောတဲ့အခါ ကိုယ့်ကိုကိုယ် ကံအကောင်းဆုံးလူသားလို့ ခံစားရတယ်။
မကို မောင်မတွေ့သေးတဲ့ အချိန်တွေမှာ မောင်ဟာ ရိုးရိုးလူသားတစ်ယောက်ပါပဲ။ မကို မောင်ချစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မောင်ဘဝဟာ ပျော်ရွှင်စရာအတိဖြစ့်ရပါတယ်။ မ မောင်အနားမှာ တသက်လုံးရှိနေပေးပါ။ ဒီဟာကို စိတ်ကူးယဉ်မှုတခုလို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာစစ်မှန်တဲ့ မအပေါ်ထားရှိတဲ့ မောင့်ရဲချစ်ချင်းပါ...ရွှေမလိုပါဘူး ငွေမလိုပါဘူး မောင်အတွက်လိုအပ်တာက မရဲ့ချစ်ချင်းပါပဲ...
လွမ်းတယ် မရယ်...မ မောင့်အနားမှာရှိနေမယ်လို့မျှော်လင့်ရင်းနဲပဲ.......
ကိုထွဋ်
27 March 2011
24 March 2011
လှပသော အစားအသောက်ပုံများ...
အောက်ကပုံတွေကတော့ ကျနော်လုပ်တာမဟုတ်ပါဘူး.. :P လှလို့ ရှယ်မိတာပါ..
ကြောင်ချစ်သူများအတွက်
စားကောင်းမယ်ထင်တာပဲ :)
ဒီဟာကိုတော့ ကြိုက်တယ်.. :P
လုပ်ရတာခက်မယ်ထင်တယ်..
လေးစားစွာဖြင့်
ကိုထွဋ်
၂၄.၀၃.၂၀၁၁
22 March 2011
Smile of Angkor
ဟိုတနေ့ညက Smiles of Angkor ဆိုတဲ့ရှိုးသွားကြည့်တယ် ကမ္ဘောဒီးယားတွေကို Performance နဲ့ပတ်သက်လာရင် လုံးဝအထင်မကြီးပေမဲ့ ဒီတခေါက်တော့ လေးစားသွားရအောင်ကို အစွမ်းပြသွားတယ်ဗျာ..
ရှိုးအတွက်ကတော့ လက်မှတ်ကဖရီးလေ :)
ရှိုးမှာအပိုင်း ၆ ပိုင်းပါပါတယ်။ အဲဒါကိုတော့ ဗမာလိုတော့ ပြန်တော့ဘူး။ အင်္ဂလိပ်စာ သိပ်မကောင်းလို့။
၁) Dialog with god
၂) Prosperous Dynasty
၃) Revived gods
၎) Churning the sea of milk
၅) Pray for lives
၆) Smiles of Angkor တို့ပါ။ ပြီးတော့ ရိုးရာအကတွေလဲ ပါဝင်ပါတယ်။ ရှီဗာနတ်အက၊ ရိုးရာနတ်သမီးအက၊ စစ်ချီအက၊ ဒေါင်းအက၊ Bathing Dance၊ မျောက်အက၊ လက်ဝှေ့ရေုးုပြဟန် နဲ့ နန်းတွင်းCandle အကတို့ဖြစ်ပါတယ်။
အဓိကဇာတ်ဆောင်တွေနေရာမှာ ခမာတွေက အဓိက သရုပ်ဆောင်ပြီး တရုတ်သရုပ်ဆောင် အချို့လဲပါဝင်ခဲ့တယ်။ ဇတ်ဆောင် ၈၄ယောက်ပါဝင်သရုပ်ဆောင်ပြီး တရုပ်ပရော်ဖက်၇ှင်နယ် သရုပ်ဆောင် ၁၀ ယောက်ပါဝင်ပါတယ် ဇတ်စင်ကို အဓိက တည်ဆောက်တဲ့ လူတွေနဲ့ဒါရိုက်တာကတော. ဘေဂျင်းအိုလံပစ် ၂၀၀၈ မှာပါဝင်ခဲ့တဲ့ Art Directorပါ။ အန်ကော Complex အကြောင်းကိုရှင်းပြထားပါတယ်။ ဈေးလည်းမြင့်တယ်ဗျ။တယောက်ကို ၅၈ကျပ် နဲ့ ညစာဘူဖေးလဲပါမယ်..
ဒီရှိုးမှာပါတဲ့ ခမာအများစုက မိဘမဲ့တွေများပါတယ်။သူတို့ကို လေ့ကျင့်ပေးထားပြီး ရှိုးတွေမှာထည့်သုံးပါတယ်..
Apasara နတ်သမီးများ
Churning the ocean of the milk
ဗီဒီယိုပါ..
လေးစားစွာဖြင့်
ကိုထွဋ်
၂၂.၀၃.၂၀၁၁
18 March 2011
နတ်စင်....
နတ်စင်....
နတ်တွေနေတဲ့ အိမ်လို့တော့ပြောတာပဲ...နတ်စင်လို့ပြောတာနဲ့ မျက်လုံးထဲမှာ အနီရောင်အိမ်လေးရယ် ကြောက်စရာ ပြူးပြဲနေတဲ့ အရုပ်တရုပ်ရယ် ပန်းအိုးလေးနှစ်လုံးရယ် သောက်ရေခွက်တခွက်ကို မြင်မှာအမှန်ပဲဗျ။ အချို့တွေဆို အရက်ပုလင်းကပါသေး ဇေ (ဇေယျာဝတီ)က စလို့
Grand Royalအဆုံးပဲဗျာ...ကျနော်အိမ်မှာဆိုရင် အဖွားက ကိုယ်တော်ကြီး၊ကိုယ်တော်လေး နဲ့ ကိုကြီးကျော် ကို ကိုးကွယ်တယ်။သူတို့အတွက်စင်ကတော့ ရိုးရိုးပါပဲ။ကျနော်တို့ လူမျိုးက သေချာကိုးကွယ်တယ်ဗျ။ ပွဲတော်ချိန်ဆိုရင်လည်း ပွဲတော်မှာလည်းလူတွေအများကြီးပဲ.သေသေချာချာ လည်းကျင်းပကြတယ်။
ကျနော် အဖွားဆိုရင် နတ်တင်ဖို့ အချိန်ရောက်ရင် သူ့ညီမ နတ်ကတော်ကို ခေါ်ပြီး နတ်တင်တယ်။ အစားအသောက် ကတော့အစုံပဲ။ ပုဇွန်ကြော်၊ခေါက်ဆွဲကြော်၊ကြာဇံကြော်၊လက်ဘက်၊ကွမ်းယာ၊ကြက်ကြော် အစုံပဲ။နတ်က စားမစားတော့ မသိဘူး။ ကျနော်တို့ကတော့ နတ်ကကျတာနဲ့ ဗိုက်ထဲအရောက်ပဲ။ ကျနော်တို့ကျတော့နတ်ကိုဂရုစိုက်သလောက် ဒီမှာကျတော့လဲ တော်ရုံတန်ရုံပဲ။
ကျနော်ဒီကိုရောက်ခါစက တွေ့ရတဲ့ နတ်စင်တွေကိုဘာမှန်းမသိဘူးဗျ.. ကျနော်ထင်တာက စာကလေးအိမ်လို့ထင်ထားတာဗျ...:P ကျနော်တို့ ရန်ကုန်မှာရှိတဲ့ နတ်စင်နဲ့ မတူဘူး။ ဒီကဟာတွေက ပိုလန်းတယ်။ လှလဲလှတယ်။ သစ်သားနဲ့မဟုတ်ဘူး အင်္ဂတေနဲ့ သေချာလုပ်ထားတာဗျ။. နတ်စင်လို့သာပြောတယ်..အတွင်းထဲမှာကဟာလာဟင်းလင်းကြီး ဘာမှမပါဘူးဗျ။ မိးထွန်းပေးစရာမလိုဘူး။ အမွှေးတိုင်တတိုင်ရှိရင်လုံလောက်ပြီ။ဒါပေမဲ့ နှစ်ကူးတို့ဘာတို့ ဆိုရင်တော့ သေသေချာချာ အသီးအနှံ၊အစားအသောက်တွေနဲ့ ပူဇော်ပသကြတယ်၊ ဒါပေမဲ့ ထူးခြားတာက နတ်စင်ဆောက်တဲ့နေရာမှာ အမိုးအောက်မဖြစ်ရဘူး၊ အိမ်အဝင်ဝ ကိုလုံးဝမျက်နှာမူထားရတယ်။သူတို့နတ်စင်ပုံကဒီလိုဗျ....
ဒါကတော့နတ်စင်ပုံတွေပါ..
လေးစားစွာဖြင့်
ကိုထွဋ်
၁၈.၀၁.၂၀၁၁

15 March 2011
မိုးရွာတယ်..
မိုးရွာရင် ပုံမှန်အားဖြင့် ကျနော်ပျော်တယ်။ မိုးရေစက်ကလေးတွေကိုကြည့်ရင်း ကော်ဖီသောက်ရတာကို ကျနော်ကြိုက်တယ်..
ဒါပေမဲ့ဗျာ..အခုတော့အောက်က သတင်းကြောင့် မိုးရွာရင် အိမ်ထဲမှာပဲခွေနေရတော့မှာပေါ့ဗျာ..
"A nuclear power plant in Fukushima, Japan exploded at 4:30 AM today.If it rains tomorrow or later, don't go outside,be sure that you have rain protectors.It's acid rain.Don't let it touch you.You may burn your skin,lose your hair or have cancer.This applies to all asian countries.Plz pass and rmind everyone you know!!!! "
အဲဒီသတင်းမှန်လား မမှန်လားတော့မသိဘူး။ ဒါပေမဲ့ ဒီနေ့ ကမ္ဘောဒီးယားမှာ မိုးရွာတယ်။ အက်ဆစ်မိုးလား ဘာလားတော့ မသိဘူး နေ့ခင်း ၂နာရီလောက်မှာ ရွာတာ မိုးအရမ်းတော့မသဲဘူး ရေတော့ပါတယ်...
ကျနော်တော့ အဲဒီမိုးရေထဲမှာပဲ အလုပ်လုပ်ခဲ့ရတယ်...အရေပြားလောင်ပြီး ကျနော်ရဲ့ လှပတဲ့မျက်နှာလေးထိခိုက်မှာကိုလည်း ထည့်မတွက်နိုင်ဘူးလေ အလုပ် လုပ်နေရတာကိုး။
ဝမ်းရေးနဲ့ယှဉ်လိုက်တော့လည်း အက်ဆစ်မိုး ဆိုတာလည်း ဘယ်ရောက်သွားမှန်းမသိတော့ပါဘူးဗျာ.
ငါ့ဝမ်းပူစာမနေသာဆိုသလိုပေါ့ဗျာ..
ဂျပန်ုပြည်သူတွေကိုတော့ သနားပါတယ်။ဘယ်လောက်ပဲခေတ်မှီတယ် ပြောပြော တကယ်ကြုံလာရင် ဘာမှမကယ်နိုင်ပါလားနော်...
သူများတွေ ပြောပြောနေတဲ့ ၂၀၁၂ ရဲ့ရှေ့ပြေးနမိတ်တော့မဟုတ်ပါစေနဲ့ဗျာ.....
အဲ..ဒါနဲ့ ဘယ်နေရာတွေမှာများမိုးရွာသေးလည်းဗျ။ သိရင်ပြောကြပါနော်..
ပုံကတော့ google ကပါ။
လူသားအားလုံးဘေးရန်ကင်းရှင်းပါစေ။
ကိုထွဋ်
၁၄.၀၃.၂၀၁၁
14 March 2011
Urgent info
BBC Flashnews : Japan govt confirm radiation leak at Fukushima Nuclear Plants.Asia countries should take necessary precautions.Remain indoors first 24 hrs.Close door & windows.Swab neck skin wt betadine where thyroid area is radiation hits thyroid 1st. Take extra precaution,radiation may hit starting 4pm today
ကိုထွဋ်
၁၄.၀၃.၂၀၁၁
11 March 2011
ကံကောင်းတယ်
မနေ့က ဆိုင်ကယ်စီးရင်း တဖက်ကိုငေးလိုက်မိတယ်။အဲဒါနဲ့ Camryတစ်စီးက ရှေ့ကရုတ်တရက် ရပ်လိုက်တော့ နောက်ကဝင်အောင်းမိတယ်..သူကလဲဘာမှတော့မပြောပါဘူး ....အလျော်လဲမပေးခဲ့ရပါဘူး ..ဒါပေမဲ့ကျနော်ဘာမှဖြစ်ဘူး ဆိုင်ကယ်ပဲ ရှေ့မှာကွဲသွားတယ်.. ကျနော်ကံကောင်းတယ်လို့ တွေးမိတယ်..အခုထိ ငါဆိုင်ကယ်မောင်းနိုင်သေးလို့.....
ဒီနေ့လဲ ရေချိုးပြီးတော့ ရေချိုးခန်းထဲက အထွက်မှာ ချော်လဲတယ်..ခေါင်းတော့အပွင့်ပဲလို့ တွက်လိုက်တာပဲ..ကံကောင်းစွာနဲ့ပဲ ခေါင်းလဲဘာမှမဖြစ် ခါးမနာဘဲ ခြေထောက်ပဲနဲနဲနာသွားတယ်...
ခေါင်းမကွဲဘဲ ခြေထောက်ပဲနာတာအတွက် ငါအရမ်းကံကောင်းတယ်.................တကယ်တော့ ခြေထောက်က ရောင်တောင်နေတာ..လမ်းလျှောက်ရင်နာတယ်..
အခုတလော သွေးထွက်သံယိုကိန်းရှိနေတယ် ထင်တယ်။ဖြစ်လိုက်ရင် သေကိန်းချဉ်းပဲ... ဒါပေမဲ့ အသေးအမွှားလေးတွေပဲဖြစ်သွားလို့ အခုထိ စာရေးနိုင်နေသေးတာ နို့မို့ဆို မောင်ထွဋ်တို့ ဆေးရုံပေါ်မှာ မံမီ ဖြစ်ပြီး သူနာပြုမလေးတွေနဲ့..ဟီး..ဟီး..
အယ်...ပြောချင်တာက အဲဒါဟုတ်ဘူး.. ကံကောင်းတဲ့အကြောင်းပြောချင်တာပဲ၊
ကျနော် တို့ ဘဝမှာ ငါကံမကောင်းဘူးလို့ တွေးမိတဲ့အချိန်တွေရှိမှာပါ။
အလုပ်ပြုတ်လို့ ကံမကောင်းဘူးလို့တွေးမိရင်.....ငါ့အတွက် ခဏအနားယူဖို့အချိန်ပဲ ဆိုပြီးလှည့်တွေးလိုက်ပါ
ကံကောင်းလာပါလိမ့်မယ်.. ငါကံမကောင်းဘူးလို့တွေးမိရင် ”ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားပုံက ခင်ဗျားအတွက် ဖြစ်သွားလိမ့်မယ်...အတတ်နိုင်ဆုံး ကြိုးစားပြီး ကံကောင်းတယ်လို့ မြင်ကြည့်ပါ..ကံကောင်းခြင်းတွေ ခင်ဗျားဆီကိုရောက်လာပါလိမ့်မယ်..
အားလုံးကိုကံကောင်းတယ်လိုတော့ ယူဆလို့မရပါဘူး ..ဒါပေမဲ့ တချို့ကိစ္စတွေကိုတော့ ယူဆစေချင်ပါတယ်. ကံကောင်းတယ်လို့မယူဆနိုင်ရင်တောင်..အကောင်းဘက်ကလှည့်တွေးပေးလိုက်ပါ..
အားလုံးအဆင်ပြေသွားပါလိမ့်မယ် ...
လေးစားစွာဖြင့်
ကိုထွဋ်
၁၀.၀၃.၂၀၁၁
P.S။ ဒီစာရေးပြီးတဲ့ အချိန်မှာ ခြေထောက် အရမ်းကိုက်နေပါသဖြင့် အိပ်တော့ပါမည်....။

09 March 2011
တိုတိုထွာထွာနည်းလမ်းတွေ
ဒီနည်းလမ်းတွေက သိပြီးတဲ့လူလည်းရှိမယ် မသိသေးတဲ့လူလည်းရှိမယ်.. မသိသေးတဲ့လူတွေအတွက်ပါ။
.....................................
၁။အစားအသောက်ထဲမှာ ဆီများနေတယ် ဆိုရင်
တကယ်လို့ ဟင်းထဲမှာဆီများနေတယ်ဆိုရင် ဆလတ်ရွက်
တစ်ရွက်လောက် ထည့်လိုက်ပါ။ စက္ကန့်အနည်းငယ် ကြာရင်ပြန်ဆယ်ထုတ်လိုက်ပါ။ ဆီတွေနည်းသွားပါလိမ့်မယ်။
၂။ ခဲနေတဲ့ သကြားပျော့သွားအောင်
သကြားကို အဖုံးလုံတဲ့ဘူးတခုထဲမှာထည့် ၊ အဲဒီသကြားပေါ်မှာ ပန်းသီး၊ ဒါမှမဟုတ် ပေါင်မုန့် တစ်ချပ်တင်ထားပြီး အဖုံးပိတ်ထားပါ။၂၄ နာရီလောက်ကြာအောင် ထားလိုက်ရင် ခဲနေတဲ့ သကြားတွေပြန်ပျော့လာမှာ ဖြစ်ပါတယ်..
၃။ အိမ်ထဲမှာ မှိုအနံရတာကိုဖယ်ပစ်ဖို့
အိမ်ထဲမှာ မှိုနံ့ကင်းစင်ပြီး အနံ့သင်းသင်းလေး ဖြစ်နေဖို့အတွက်ဆိုရင် အိုးထဲမှာ ရေ၊သစ်ကြံပိုးနှစ်ချောင်း၊ လေးညှင်းပွင့်နည်းနည်းနဲ့ လိမ္မော်ခွံ ထည့်ပြီးတော့ ပွက်ပွက်ဆူအောင် ကျိုလိုက်ပြီး အငွေ့တွေ လှိုင်နေအောင် ထွက်ပါစေ မှိုနံတွေပျောက်ပြီး မွှေးပျံနေမှာဖြစ်ပါတယ်..
၎။ ရေစိုနေတဲ့ ရှုးဖိနပ်က အနံဆိုးပျောက်အောင်
စိုနေတဲ့ရှုးဖိနပ်တွေက စိုထိုင်းထိုင်းနဲ့ အနံအသက် မကောင်းတာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါ ရှုးဖိနပ်ထဲကို စက္ကူအဟောင်းတွေခေါက်ပြီးပြည့်အောင်ထည့်ပါ။ ဒီအတိုင်းလေးပဲ သူ့ဘာသာသူ ခြောက်သွားအောင် ထားလိုက်ပါ။ ဖိနပ်လည်းပုံမပျက် အနံလည်းပျောက်သွားပါလိမ့်မယ်။
၅။ ကိုကာကိုလာ စွန်းသွားခဲ့ရင်
ကော်ဇောပေါ်မှာ ကိုကာကိုလာ ဖိတ်နေတာမျိုး ဆိုရင် ယူကလစ်ဆီကို ရေမြှုပ်မှာဆွတ်ပြီး သုတ်ပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ သေချာလျှော်ပေးလိုက်မယ်ဆိုရင် ပြောင်သွားမှာဖြစ်ပါတယ်..
၆။ ငွေထည်ပစ္စည်း အသစ်အတိုင်း တောက်ပြောင်သွားအောင်
သံလွင်ဆီကို ဖော့တုံးမှာ ဆွတ်ပြီး ငွေထည်ပစ္စည်း တွေကိုပွတ်တိုက်ပေးပါ။ ပြီးရင်ဆပ်ပြာနဲ့ ဆေးလိုက်ပြီး အဝတ်နဲ့သုတ်လိုက်ပါ။ ဘာအခြစ်ရမှ မဖြစ်တဲ့အပြင် နဂိုအတိုင်း တောက်ပသွားမှာဖြစ်ပါတယ်။
လေးစားစွာဖြင့်
ကိုထွဋ်
၀၉.၀၃.၂၀၁၁
်

စိတ်ပျက်ရတဲ့ည
ပထမအကျော့နိုင်တုန်းကတော့ ပျော်လိုက်ရတာ..အခုများကျတော့လဲ ရှုံးးးးးးးးး
အဟင့်.....ရွှတ်..ဟီး......(ငိုသံ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဥရောပ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာနှင့် အာဆင်နယ်တို့ နူးကမ့်တွင် ယှဉ်ပြိုင် ကစားခဲ့ကာ အိမ်ရှင် အသင်းက ၃ဂိုး ၁ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ရလဒ် ၄-၃ဖြင့် ကွာတားဖိုင်နယ် တက်ရောက် နိုင်ခဲ့သည်။
ယခုပွဲတွင် ဘာစီလိုနာ အသင်းက မက်ဆီ၏ ပထမပိုင်း သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်း ပြန်အစတွင် ဘတ်စ်ကွက်စ်၏ Own Goal ဖြင့် အာဆင်နယ်တို့ ချေပဂိုး ရခဲ့သည်။ သို့သော် ဗန်ပါစီ ၂၀ါ၁နီဖြင့် ထုတ်ပယ် ခံရခြင်းကြောင့် အာဆင်နယ်တို့ ၁၀ယောက်တည်း ဆက်လက် ကစားခဲ့ရာ ဘာစီလိုနာ အသင်းက လိုအပ်သည့် အနိုင်ဂိုး များအား သွင်းယူကာ ကွာတားဖိုင်နယ် တက်ရောက် သွားခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာ အသင်းသည် မက်ဆီ၊ ဗီလာ၊ ပက်ထရို၊ ဇာဗီ၊ အင်နီယေစတာ၊ မာရှေရာနို၊ အဲလ်ဗက်စ် အစရှိသည့် ကစားသမားများ ပါဝင်ခဲ့ ကြပြီး အာဆင်နယ် အသင်းတွင်မူ ဒဏ်ရာမှ ပြန်လည် သက်သာလာသည့် ဗန်ပါစီ၊ ဖာဘရီဂတ်စ်တို့ ပွဲထွက် လာခဲ့သည်။
ပွဲစသည်နှင့် ဘာစီလိုနာ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစား နေခဲ့ပြီး အာဆင်နယ် အသင်းကလည်း အကောင်းဆုံး ခံစစ်ဖြင့် ပိတ်ဆို့ ထားနိုင်ခဲ့သည်။ ပွဲချိန် ၆မိနစ်တွင် ရိုစင်စကီး ဂိုးရှေ့ ဖြတ်ပေးသည့် ဘောလုံး ဗန်ပါစီ ပိတ်သွင်းရန် ကြိုးပမ်းသော်လည်း အရှိန်များ၍ လိုက်မမီခဲ့ပေ။ ၇မိနစ်တွင် မက်ဆီ ထိုးဖောက်မှု ကိုစီယယ်နီ တားဆီး နိုင်ခဲ့သည်။ ၁၆မိနစ်တွင် ပက်ထရိုအား တားဆီးရာမှ ကိုစီယယ်နီ အ၀ါကဒ်ပြ သတိပေး ခံခဲ့ရပြီး ၁၇မိနစ်တွင် အဲလ်ဗက်စ်၏ ဖရီးကစ် ကန်ချက်အား ဆက်ဇီနီ တားဆီး နိုင်ခဲ့သော်လည်း လက်ဒဏ်ရာ ရရှိခဲ့၍ အယ်မူနီးယားနှင့် လူစားလဲ ခဲ့ရသည်။
ထို့နောက်တွင် ဘာစီလိုနာ အသင်းက တစ်ဖက်သတ် နီးပါး ဖိကစား နေခဲ့ပြီး အာဆင်နယ် အသင်းကလည်း ဘာစီလိုနာ တိုက်စစ် ကစားသမား များအား အလွတ်မပေးဘဲ တားဆီး နေနိုင်ခဲ့သည်။ ၃၁မိနစ်တွင် ဘယ်ခြမ်းမှ ဒေးဗစ် ဗီလာပေးရာမှ တဆင့် မက်ဆီ တစ်ကိုယ်တော် အစွမ်းဖြင့် ထိုးဖောက် ဂိုးသွင်းရန် ကြိုးပမ်း သော်လည်း အာဆင်နယ် နောက်ခံလူများ အကောင်းဆုံး တားဆီး နိုင်ခဲ့သည်။ ၃၃မိနစ်တွင် ဒေးဗစ်ဗီလာ ဆွဲပြေး ကန်သွင်းခွင့် ရခဲ့သော်လည်း ဂိုးသမား အယ်မူနီးယား ဖမ်းမိခဲ့သည်။ ၃၄မိနစ်တွင် ဗီလာ ဖန်တီးပေးရာမှ အက်ဒရီယာနို ဘယ်ခြေဖြင့် အပြင်း ကန်သွင်းခဲ့ရာ ဂိုးတိုင်ထိထွက် ခဲ့သည်။
ပထမပိုင်း ပြီးခါနီး ပွဲချိန် ၄၄မိနစ်တွင် ၀ီရှိုင်းယားအား မာရှေရာနို တားဆီးရာမှ နှစ်ဖက် ကစားသမားများ အချင်းများ ခဲ့ကြသည်။ ထို့နောက် တစ်မိနစ် အကြာတွင် အဲလ်ဗက်စ် မျက်နှာအား လက်ဖြင့် တွန်းခဲ့သည့် ဗန်ပါစီ အ၀ါကဒ်ပြ သတိပေး ခံခဲ့ရသည်။ နာကျင် အချိန်ပို ၃မိနစ်တွင် ဖာဘရီဂတ်စ် နောက်ပြန် ပေးချက် လူပေးမှား ရာမှတဆင့် အင်နီယေစတာ ဖန်တီးပေးခဲ့ရာ မက်ဆီ လွတ်ထွက် သွားခဲ့ပြီး ဂိုးသမား အယ်လ်မူနီးယားအား ကျော်ဖြတ်ကာ အိမ်ရှင် အသင်းအတွက် အဖွင့်ဂိုး ရယူပေး နိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီးတွင် ဘာစီလိုနာ အသင်းက အာဆင်နယ် အသင်းအား ၁-၀ဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။
ဒုတိယပိုင်း ပြန်စချိန်တွင် အိမ်ရှင် ဘာစီလိုနာ အသင်းကသာ ပွဲအား လွှမ်းမိုး ထားနိုင်ခဲ့ပြီး အာဆင်နယ် အသင်းမှာ ရံဖန်ရံခါမှသာ ထိုးဖောက် နိုင်ခဲ့သည်။ ၅၂မိနစ်တွင် နာဆရီ ဘယ်ခြမ်းမှ ထိုးဖောက်ရာမှ တဆင့် ထောင့်ကန်ဘော ကန်ခွင့် ရခဲ့ပြီး ယင်း ထောင့်ကန်ဘောအား နာဆရီ ကန်တင်ပေးရာ ဘတ်စ်ကွက်စ် ကိုယ့်ဂိုး ကိုယ်သွင်းမိခဲ့ကာ အာဆင်နယ် အသင်း ချေပဂိုး ရခဲ့သည်။
ချေပဂိုး ရရှိပြီးနောက် အာဆင်နယ် အသင်း စိတ်ဓာတ် တက်သွားခဲ့ကာ ဘာစီလိုနာ အသင်းဘက် ဆက်လက် တိုက်စစ်ဆင် နိုင်ရန် ကြိုးပမ်းခဲ့ ကြသည်။ သို့သော် ပွဲချိန် ၅၆မိနစ်တွင် ဗန်ပါစီ လွှတ်ထွက် သွားရာမှ ကန်ချက် ဘေးထွက် သွားခဲ့သော်လည်း ဒိုင်ဖြစ်သူက လူကျွံဘော သတ်မှတ် ပေးထားသည်အား ဂိုးကန်သွင်း သည်ဟု ဆိုကာ ဗန်ပါစီအား နှစ်ဝါ တစ်နီဖြင့် ထုတ်ပယ်ခဲ့၍ အာဆင်နယ် အတွက် ထိုးနှက်ချက် ဖြစ်စေခဲ့သည်။
၅၈မိနစ်တွင် ဒေးဗစ်ဗီလာ ကန်သွင်းချက်အား အယ်မူနီးယား တားဆီး နိုင်ခဲ့ပြီး ဗီလာ ဂိုးရှေ့ တစ်ဖန် ဖြတ်ထိုးပေးသည့် ဘောလုံး ကိုလည်း အာဆင်နယ် နောက်ခံလူများ ရှင်းထုတ် နိုင်ခဲ့သည်။ မိနစ် ၆၀တွင် မက်ဆီနှင့် အဲလ်ဗက်စ် တွဲလုံးမှ တဆင့် ပက်ထရို ပိတ်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း အယ်မူနီးယား ကြားမှ အနာခံ တားဆီး နိုင်ခဲ့သည်။
၆၆မိနစ်တွင် ဒေးဗစ်ဗီလာ တစ်ဦးတည်း လွတ်ထွက် သွားခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်ခဲ့ သော်လည်း အယ်မူနီးယားအား မကျော်လွှား နိုင်ခဲ့ဘဲ ဖြစ်ခဲ့ရသည်။ ၆၈မိနစ်တွင် အင်နီယေစတာ၊ ဒေးဗစ်ဗီလာ တွဲလုံးမှ တဆင့် ဇာဗီ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် ဦးဆောင်ဂိုးအား သွင်းပေး နိုင်ခဲ့သည်။ ထို့နောက် မိနစ် ၇၀တွင် ပက်ထရို ဧရိယာ အတွင်း ထိုးဖောက်လာ သည်အား ကိုစီယယ်နီ တားဆီးရာမှ ဘာစီလိုနာ အသင်း ပင်နယ်တီ ကန်ခွင့် ရခဲ့သည်။ ယင်းပင်နယ်တီအား မက်ဆီက အမှားအယွင်း မရှိ ကန်သွင်းခဲ့ကာ အိမ်ရှင် အသင်းက ၃-၁ဖြင့် ဦးဆောင် နိုင်ခဲ့သည်။
၇၂မိနစ်တွင် ရိုစင်စကီး နေရာ အာရှာဗင် ၀င်ရောက် ကစားခဲ့ကာ ၇၄မိနစ်တွင် ဒေးဗစ်ဗီလာအား ကိုစီယယ်နီ ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ သော်လည်း ဒုတိယ အ၀ါကဒ် အပြခံ ရခြင်းမရှိ၍ အာဆင်နယ် အတွက် သက်သာရာ ရခဲ့သည်။ ၇၇မိနစ်တွင် ဖာဘရီဂတ်စ် အစား ဘန်တနာအား လူစားလဲခဲ့ပြီး ချက်ချင်း ဆိုသလိုပင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ ကန်သွင်းခွင့် ရခဲ့ရာ အယ်မူနီးယား အကောင်းဆုံး ကာကွယ် နိုင်ခဲ့သည်။ မိနစ် ၈၀တွင် ဘာစီလိုနာ အသင်းက ဒေးဗစ် ဗီလာ နေရာတွင် အယ်ဖယ်လေအား ၀င်ရောက် ကစားစေခဲ့သည်။ ထို့နောက် လူစားဝင် လာသည့် အယ်ဖယ်လေ ချက်ချင်းပင် တစ်ကိုယ်တော် ထိုးဖောက် ကန်သွင်းခဲ့ပြီး ဂိုးပေါက် လွဲသွားခဲ့သည်။ ၈၄မိနစ်တွင် မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ တွဲလုံးမှ တဆင့် ဧရိယာ အတွင်း မက်ဆီ ကန်သွင်းရန် ကြိုးပမ်းခဲ့ သော်လည်း နောက်ခံလူများ တားဆီး နိုင်ခဲ့ပြီး နောက်မှ အသင့် ပါလာသည့် အယ်ဖယ်လေ ကန်ချက် အယ်မူနီးယား ကာကွယ် နိုင်ခဲ့ပြန်သည်။ ၈၅မိနစ်တွင် မက်ဆီ ဖန်တီးပေး ရာမှ တဆင့် အဲလ်ဗက်စ် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့် ရခဲ့သော်လည်း အံ့အားသင့်ဖွယ် လွဲချော် ခဲ့သည်။
၈၆မိနစ်တွင် တန်ပြန် တိုက်စစ်မှ တဆင့် အာရှာဗင် ဖြတ်တင်ပေးရာ လူစားဝင် ကစားသမား ဘန်တနာ ဆွဲပြေး ကန်သွင်းရန် ကြိုးပမ်း ခဲ့သော်လည်း မာရှေရာနို အကောင်းဆုံး တားဆီး နိုင်ခဲ့သည်။ ထို့နောက်တွင် မာရှေရာနို နေရာတွင် ကီတာ ၀င်ရောက် ကစားခဲ့ပြီး မိနစ် ၉၀ပြည့်ချိန်တွင် အက်ဒရီယာနို နေရာ မက်စ်ဝဲလ် ၀င်ရောက် လာခဲ့သည်။ သို့သော် နာကျင် အချိန်ပို ၄မိနစ်တွင် အာဆင်နယ်တို့ လိုအပ်သည့် ချေပဂိုး တစ်ဂိုးအား သွင်းနိုင်ခဲ့ခြင်း မရှိရာ ဘာစီလိုနာ အသင်းက နှစ်ကျော့ပေါင်း ရလဒ် ၄-၃ဖြင့် ကွာတားဖိုင်နယ် တက်ရောက် နိုင်ခဲ့သည်။
Source : Soccermyar

08 March 2011
ဗိုက်ချပ်ချင်သလား...
ကျနော် တို့လို့ ဝိတ်ချချင်တဲ့သူတွေ ၊ 6 Packs Abs ရချင်တဲ့သူတွေအတွက် အိမ်မှာလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေ ပါတဲ့ Website လေးတခုကိုရှယ်ချင်ပါတယ်... လင့်ကတော့ဒီမှာပါ။
အောက်မှာနမူနာ အနေနဲ့ ဗီဒီယိုလေးတွေထည့်ထားတယ်..
စမ်းကြည့်လိုက်ပါ...အကျိုးထူးလာပါလိမ့်မယ်..
ဗိုက်ကြွက်သားလေ့ကျင့်ခန်းပါ..
သူကဗိုက်တခုတည်းအတွက် မဟုတ်ပါဘူး...ကျန်တဲ့နေရာ တွေအတွက်ပါ လေ့ကျင့်ခန်းပါတယ်ဗျ...
လေးစားစွာဖြင့်
ကိုထွဋ်
၀၈.၀၃.၂၀၁၁
05 March 2011
ငါ့မှာလည်းတက်တူးနဲ့ပါဟ
မွေးမြူရေး ဝက်တွေကို ခေါင်းအစ ခြေအဆုံး တက်တူး ဆေးမင်ကြောင်တွေ ထိုးပြီး အလှဆင်ထားတဲ့
အနုပညာ ပြသရာ မွေးမြူရေး ခြံတစ်ခြံ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ပေကျင်းမြို့ရှိ ရန်ကျန်းတွင်
ထွက်ပေါ် လာပါတယ်။ ဗယ်လ်ဂျီယံလူမျိုး အနုပညာရှင် Wim Delvoye နဲ့ သူ့ရဲ့ အပေါင်း
အဖော်တွေဟာ ဝက်တွေကို မေ့ဆေးပေးပြီး အားလုံးပြိုင်တူ ဒီဇိုင်းပုံဖော် ရေးဆွဲကြပါတယ်။ Louis
Vuitton (နာမည်ကြီး လက်ကိုင် အိတ်) ရဲ့ အမှတ် တံဆိပ်၊ ရုရှားအကျဉ်းသားတွေ သိပ် သဘောကျ
တဲ့ အခြားသောအားကစားဆိုင်ရာ ဆေးမင်ကြောင် စတာတွေကို ဝက်တွေရဲ့ ကိုယ်ပေါ်မှာ ရေးဆွဲကြပါတယ်။ ၄င်းဝက်တွေကို လာကြည့်တဲ့ လူတွေဟာ ကြိတ်ကြိတ်တိုးနေတယ်။
ဘယ်လိုလဲ...တက်တူးကိုခိုက်သွားပြီလားဗျ..
ဒါပေမယ့် တိရစ္ဆာန်များ အခွင့်အရေး ဆိုင် ရာ စည်းရုံးလှုံ့ဆော်သူများက ၄င်းဖြစ်ရပ်ကို “ဝက်တွေဟာ မလိုအပ်ဘဲနဲ ဒုက္ခခံနေရရှာတယ်။ မသင့်လျော်တဲ့ စီးပွား ရေး အမြတ် ထုတ်မှုအတွက် စော်ကားခံနေရတယ်” လို့ ဒေါသတကြီးပြောဆိုကြပါတယ်။ ပြီးတော့ လူ တွေ ဟာ ဝက် တွေကို ဝယ်ယူ၊ ဆေးမင်ကြောင်ထိုးထားတဲ့ ဝက်သားရေကို နံရံမှာချိတ်ဒါမှမဟုတ် ပတ္ထူစ ပေါ်မှာ ဖြန့် ပြီး အလှပြ ချိတ်ဆွဲ ထားတာမျိုးတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် လုံးဝ ပြင်းထန်စွာ ကန့်ကွက်နေကြပါတယ်။
ဒါပေမယ့် တက်တူးတွေနဲ့ ဝက်တွေကတော့ ရွှံ့တွေထဲမှာ လူးပြီး ညစ်ညစ်ပတ်ပတ် မနေရဘဲ အဆင့်အတန်း မြင့်မြင့် နေရတဲ့ အတွက် ပျော်ရွှင်နေရုံပါတယ်။
ဖော်ဝပ်မေးကရတာပါ....
လေးစားစွာဖြင့်
ကိုထွဋ်
၀၅.၀၃.၁၁
04 March 2011
အဆိပ်ပင်များနှင့်တောင်ကုန်း (သို့) Tour Sleng (သို့) S-21
Tour Sleng ဆိုတာကတော့ ကမ္ဘောဒီးယား နိုင်ငံမှာ ကွန်မြူနစ်တွေ ကြီးစိုးတဲ့ကာလ ၁၉၇၅ - ၁၉၇၉ အထိ Secret Prison 21 (S-21) ဆိုပြီး နာမည်ကြီးခဲ့တဲ့ ထောင်တစ်လုံးပါ။ အရင်ကတော့ အထက်တန်းကျောင်းပါ အဲဒါကို Khmer Rouge (ခမာကွန်မြူနစ်) တွေက Toul Sleng ဆိုပြီး ထောင်အဖြစ်ပြောင်းလဲခဲ့တယ်။
Toul Sleng ဆိုတဲ့ အဓိပယ်က “အဆိပ်ပင်များနှင့်တောင်ကုန်း” ပါ။ ခမာနီတွေရဲ့ခေါင်းဆောင်ကတော့ ပိုပေါ့(Pol Pot)ပါ။
ထောင်သားတွေနေရန် အခန်း
အပေါ်ကအခန်းလေးထဲမှာ ဒီလိုနေရတယ်
ခမာနီ တွေဟာ ပြည်တွင်းစစ်အနိုင်ရပြီး လေးလအကြာ ၁၉၇၅ သြဂုတ်လမှာ စစ်ကြောရေးဌာနနဲ့ထောင်အဖြစ် ကိုပြောင်းလဲခဲ့တယ်။ စာသင်ခန်းတွေဟာ အကျဉ်းခန်းနဲ့နှိပ်စက်ခန်းတွေဖြစ်လာခဲ့တယ်။ အောက်ဆုံးထပ်က စာသင်ခန်းတွေကို အင်မတန်သေးငယ် ပြီး လူတယောက် ကွေးပြီးအိပ်ရရုံ အခန်းငယ်လေးတွေ ဖြစ်အောင်ပြုပြင်ပြီး ပြုတင်းပေါက်တွေကို အဆူးတွေပါတဲ့ သံချောင်းတွေ၊သံစူးကြိုးတွေ နဲ့ကာထားခဲ့ပါတယ်။ ထွက်ပြေးလို့မရအောင် ပေါ့ဗျာ။
၁၉၇၅-၁၉၇၉ အတွင်း လူပေါင်းနှစ်သောင်းနီးပါးလောက် ထောင်ကျပြီး တခါဖမ်းရင် လူ ၁၀၀၀ ကနေ၁၅၀၀ အထိ ဖမ်းပါတယ်။ ပြီးတာနဲ့ အဖမ်းခံရသူတွေဟာ သူတိုရဲ့ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေဟာ ဘယ်သူတွေလဲ ဆိုတာကိုပြောပြရတယ်။ ပြီးတာနဲ့ ဖမ်းမယ်၊ စစ်မယ်၊ သူတို့ကို လိမ်တာနဲ့ သတ်ပစ်မယ်။ အစောပိုင်းကာလတွေ မှာအသတ်ခံခဲ့ရတဲ့ လူတွေကတော့ ပိုပေါ့ ရဲ့ ဆန့်ကျင်ဘက်ပါတီက မိသားစုတွေပါပဲ ပြီးတော့ အတတ်ပညာရှင်တွေအားလုံးနီးပါး အသတ်ခံခဲ့ရတယ်။
အဖမ်းခံခဲ့ ရသူတွေရဲ့ ဓာတ်ပုံများ
ထောင်သားတွေ အတွက်ကတော့ တကယ်ကို အရှင်လတ်လတ် ငရဲရောက် ခဲ့ရတာပါပဲ။ အပေါ်ကအခန်းလေး ထဲမှာ စောင်မပါ၊ ခြင်ထောင်မပါ၊ အိပ်ရာခင်း မပါဘဲ အိပ်ကြရတယ်။ တနေ့ကို ဆန်ပြုတ် လေးဇွန်းနဲ့ ရေသာသာ ဟင်းချိုတစ်ခွက် ပါမယ်။ ခွင့်ပြုချက်မရဘဲရေမသောက်ရဘူး သောက်ရင် သေလုနီးပါး အရိုက်ခံရမယ်။ မနက်တိုင်း အစစ်ခံရမယ်။ အစောင့်တွေဟာ အခန်းတွေကိုသေချာစစ်ဆေးကျတယ်။ အကျဉ်းသားတွေရဲ့ ကိုယ့်ကိုကိုယ် သတ်သေနှုန်းကမြင့်မားလာတဲ့အတွက် သတ်သေလို့မရအောင် တင်းကျပ်လာကြတယ်။ စကားပြော ခွင့်မရှိဘူး။ ဘာပဲလုပ်လုပ် အစောင့်ရဲ့ ခွင့်ပြုချက် ယူရမယ်။ အာဟာရပြတ်မှု၊ သန့်ရှင်းရေးမရှိမှု ၊အနှိပ်စက်ခံရမှု တို့ကြောင့် လူတွေဟာ အလွယ်တကူ သေဆုံးကုန်ကျတယ်။
လူပေါင်း နှစ်သောင်းနီးပါး အဖမ်းခံခဲ့ရပြီး နောက်ဆုံးမှာ ၇ ယောက်ပဲ အသက်ရှင် ကျန်ရစ်ပါတယ်။
စစ်ကြောနည်း၊အပြစ်ပေးနည်း ကတော့ အစုံပါပဲ။ အောက်က ဓာတ်ပုံတွေသာ ကြည့်ကြပါဗျာ။
ရေနှစ်သတ်ခြင်း
လူသတ်လက်နက်မျိုးစုံ
အပေါ်ကပန်းချီ အောက်ပုံက တကယ့်နေရာ
ကလေးတွေကို ခြေထောက်ကနေ ကိုင်ပြီးရိုက်သတ်တဲ့သစ်ပင်
၁၉၇၉ ခုနှစ် ခမာနီတွေကျရှုံးပြီး ၁၉၈၀ မှာ ပြတိုက်အဖြစ် သို့ပြောင်းလဲခဲ့ပါတယ်၊
ခမာနီ ကာလ ၁၉၇၅- ၁၉၇၉ အတွင်းမှာ လူပေါင်း ၂ သန်းကျော်သေဆုံးခဲ့ပါတယ်။
ကျနော်တော့ အဲဒီကပြန်လာတဲ့ ညကမအိပ်နိုင်ဘူးဗျာ... လူပေါင်းနှစ်သောင်းနီးပါး အသတ်ခံထားရတဲ့နေရာကို .နေ့လည်ဘက် သွားခဲ့ရသော်လည်း ကျောထဲမှာစိမ့်နေတာပဲ ပြန်ရောက်တဲ့ အချိန်ထိလည်း ရင်တွေတုန်နေတုန်းပဲဗျာ...
ဓာတ်ပုံတွေကို Google ကယူသုံးထားပါတယ် (ကျနော်ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ကျနော်အဖေဆီ ပါသွားလို့ မတင်နိုင်ပါခင်ဗျာ)
ပိုသိချင်ရင်တော့ google မှာရှာဖွေနိုင်ပါတယ်။ Tuol Sleng လို့ရေးပြီးတောရှာဖွေနိုင်ပါတယ်။
လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၀၃.၁၁
02 March 2011
မေ့လျော့ခြင်း
မိန်းမောမေ့လျော့ခြင်း
ကိုယ်မင်းကိုများ...သတိမရဘဲ..မေ့နေခဲ့မိပါသလား...
ဟုတ်ပါရဲ့။မင်းရှိနေတာကို..သတိမရဘဲမေ့လျော့နေခဲ့မိပါတယ်
ဘာကြောင့်မေ့နေခဲ့ရလဲ လို့ မင်းကမေးရင် မင်းကိုရှင်းပြရမှပေါ့
ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငါ့ရင်ထဲမှာ သတိရနေစရာ မလိုလောက်အောင်ကို နေရာယူထားပြီးလို့ပါပဲ။
မင်းကိုသတိရကြောင်း ပြောစရာမလိုလောက်အောင်ကို ငါ့ရင်ထဲမှာ သိမ်းဆည်းထားလို့ပါပဲ။
ငါတို့မှာ မျက်လုံးတွေရှိပေမဲ့ မျက်လုံးတစ်စုံရှိကြောင်း ကိုအမြဲတမ်းသတိ ရနေခဲ့ပါသလား။
"ငါတို့မှာ မျက်လုံးတွေရှိတယ် မျက်လုံးတွေရှိတယ်" လို့ကော ခဏ ခဏ သတိရ ရေရွတ်နေခဲ့ဘူးပါသလား။
မျက်လုံးတွေရဲ့ကျေးဇူးကြောင့် ကိုယ်တို့ လောကကြီးကိုမြင်နိုင်တယ်လေ။
အဲသလိုပဲ မင်းကိုယ်အနားမှာရှိတာ ကိုယ်အမြဲတမ်း သတိရချင်မှရမှာပါ။
မင်းရှိနေတာ ကိုလဲ တဖွဖွ ပြောချင်မှပြောမှပါ
ဒါပေမဲ့ ..မင်းကိုကိုယ်ဘဝရဲ့ အရင်းအမြစ်ထဲမှာ သိမ်းဆည်းထားခဲ့ ပါတယ်။
မင်းကိုယ် ဘဝထဲကိုဝင်ရောက်လာတဲ့ အချိန်ကစပြီး ကိုယ်ဘဝဟာ သာယာစိုပြေလာပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာခဲ့ရလို့ပါပဲ။

မင်းဟာ ကိုယ်ဘဝရဲ့ ဟိုး ...အတွင်းအကျဆုံးမှာနေရာ ယူထားတဲ့အတွက် ကိုယ်မင်းကိုမေ့လျော့နေခဲ့တာပါ။
ဘာနဲ့အလားသဏ္ဍန်တူလဲဆိုရင် ကိုယ်တို့တွေလမ်းလျောက်သွားရင်း လမ်းဘေးမှာရှိတဲ့ လှပတဲ့ ပန်းတွေရှိတာကို သတိမမူမိ သလိုမျိုး လှပတဲ့ကောင်းကင်ယံမှာ ကြယ်ရောင်စုံတွေ တည်ရှိနေတာ ကိုသတိမမူမိသလိုပါပဲ။
အဲဒီအရာတည်ရှိနေမှုက ဘဝတစ်ခုလုံးကို ချိုမြိန်မှုတွေနဲ့ ပြည့်လျှံနေစေခဲ့သလို မိန်းမောမေ့လျော့ခြင်းတွေကိုလည်း သာယာလှပတဲ့ ဂီတသံတွေနဲ့ အလှဆင်နေခဲ့ပါတယ်.
ကိုယ်ဘဝ မှာမင်းရဲ့တည်ရှိမှုဟာလည်းအဲဒ်ီအရာတွေနဲ့ ထပ်တူထပ်မျှပဲ ဆိုတာ မင်းသိရှိပြီး နားလည်ပေးပါလားအချစ်ရယ်။
တဂိုး
ဒေါက်တာခင်ဇော်လွင်လည်း ဤကဗျာအား ဘာသာပြန်ခဲ့ဘူးပါသည်။ ကဗျာမူရင်းနာမည်က Oblivion ပါ။

01 March 2011
ဘဝ..ဘဝ..ဘဝ
တခါတလေ စိတ်ဓာတ်ကျစရာတွေ တွေ့လာရင် ကျွန်တော်ဆိုတဲ့ကောင်ကလဲ စိတ်ဓာတ်ကျစရာ ရှိရင်ဟိုးအောက်ဆုံးထိကျပြီး ပျော်စရာရှိရင်လဲအရမ်းပျော်တတ်ပါတယ်။ ဘဝ ဆိုတာ တိုက်ပွဲ လို့လဲပြောကြတယ်... ကျွန်တော့ အတွက် ကတော့ ဘဝ ဆိုတာ ဘတ်စ်ကားတစ်စီးနဲ့တူတယ်ဗျ...
ဟုတ်တယ်လေ.....စဉ်းစားကြည့် ဘတ်စ်ကားပေါ်မှာ လူအမျိုးမျိုးအထွေထွေ ပါတယ်ဗျ။ ဈေးသည်၊အရက်သမား၊ပန်းရန်ဆရာ၊လက်သမား၊ကျောင်းသား၊ကျောင်းသူ၊ရုံးစာရေး၊မန်နေဂျာ၊အရက်သမား၊
ခါးပိုက်နှိုက် စတဲ့လူတွေပါတဲ့ကားပေါ်မှာ ပြဿနာမတက်ဘူးတဲ့လူတော့မရှိပါဘူး။ ကြီးတဲ့ပြဿနာနဲ့ငယ်တဲ့ပြဿနာပဲကွာမယ်။
ကျနော်တို့ဘဝတစ်လျှောက်မှာလဲ ဒီလိုပါပဲ လူတွေတစ်ယောက်ပြီးတစ်ယောက်ဝင်လာကြမယ်..
ပထမဆုံးစတွေ့တော့ အားလုံးတစိမ်းတွေပါပဲ..ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ..တချို့က သူငယ်ချင်း..မိတ်ဆွေ.... တချို့က ရန်သူ....တချို့က....ချစ်သူ ဇနီးမယား (သို့) ခင်ပွန်း အဖြစ်ကိုပြောင်းလဲပြီးဒီလူတွေကြောင့်ပဲကျနော်တို့ ပျော်ရွှင်ရတယ်၊ ကြေကွဲရတယ်၊ ဝမ်းနည်းရတယ်၊ ဝမ်းသာရတယ်၊ ဒေါသတွေထွက်ရတယ်.. အဲဒါတွေကိုထိန်းချုပ်ဖိုတော့ကြိုးစားနေတယ်ဗျာ.......
ကိုယ်ဘာမှ မလုပ်နိုင်တော့ရင် အဲဒီအရာကိုအတင်းကျော် ဖြတ်ဖို့မကြိုးစားပါနဲ့
ကျောလှည့်ပေးလိုက်ပါ နောက်မှာကျန်နေခဲ့ ပါလိမ့်မယ်။။ သူဟာရှေ့မှာမရှိတော့ပါဘူး..
အလုပ်လုပ်ရတာလည်း စိတ်မပါတော့ဘူး။ စိတ်ဓာတ်တွေလည်းကျနေတယ်။ လူကလည်း လန်းလန်းဆန်းဆန်း မရှိဘူး။ အခုအချိန်မှာ တခုပဲလိုချင်တယ်........ ဘယ်သူမှမရှိတဲ့ နေရာတခုမှာ သွားနေချင်တယ်..ဘာမှမတွေးဘဲနဲ့ပေါ့ဗျာ...
စိတ်ညစ်နေချိန် မှာရေးထားတာဖြစ်လို့ စာတွေ အဆီအငေါ်မတည့်ရင်တောင်းပန်ပါတယ်။။
ကိုထွဋ်
၀၁.၀၃.၂၀၁၁

Subscribe to:
Posts (Atom)