အခက်အခဲတွေဖြစ်နေတယ်..
ရွေးချယ်စရာတွေရှိတယ်..
ဆွေမျိုးလား တစိမ်းလား
ဘဝလား ..နှလုံးသားလား..
ပိုက်ဆံလား... ခံစားချက်လား
ဂုဏ်သိက္ခာလား...ကြွားဝါမှုလား
ဟန်ဆောင်မှုလား..ကိုယ်ချင်းစာတာလား..
ဘာကိုရွေးရမလဲ....မသိတော့ဘူး..
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမှာလား..
မသိတော့ဘူး......
မနှင်းဆီလား စိမ်းလဲ့သန္တာညိုလားလဲငါမသိဘူး
အဲလက်စ်ကလဲ ဘေးမှာလာအော်နေတယ်
ချစ်လို့ပါတဲ့..စိတ်တိုလို့ ကျော်လိုက်တော့
JB နဲ့ CB ရဲ့ Next to you.. ဒါနဲ့
ဂစ်တာကိုယူပြီး Next to you ကို တီးလိုက်တယ်
ထွက်လာတာက မညီညာတဲ့ သံစဉ်တွေ
ဘာမှန်းလဲ မသိတော့ဘူး..ငါ့ကိုငါ......
ဘာကောင်လဲဟ..ငထွဋ်ဆိုတာ..
ဘေးကိုကြည့်လိုက်တော့ ကြောင်သုံးကောင်
အပူအပင်မရှိအိပ်ပျော်နေတယ်
ငါလဲ မင်းတို့လို အိပ်ချင်တယ်..
အပူအပင်မရှိနဲ့ပေါ့
မနက်တိုင်း မြည်နေတဲ့ ဖုန်းက နှိုးဆက် အသံကိုမုန်းတယ်
ညဘက်မှာ ဝင်လာတဲ့ အလုပ်ကဖုန်းတွေကိုမုန်းတယ်
ဒါပေမဲ့..ဘာတတ်နိုင်မှာလဲ
ဒီလိုနဲ့ပဲ..............
အကို တစ်ယောက် ကမေးတယ်
"စိတ်ဖောက်ပြန်နေပြီလားတဲ့"
ဟုတ်ကဲ့ နည်းနည်းပဲလိုတော့တယ်ဗျ
ပေါက်ကရေးနေတဲ့ငါ
ခပ်ပေါပေါ ဘလော့ဂါလဲငါ
ကော်ပီ ပေ့စ် လုပ်တဲ့ငါ
အဲလို လူမျိုးမှ စိတ်မဖေါက်
ဘယ်သူဖေါက်မလဲဟ ..ကိုယ့်ကိုကိုယ် မေးကြည့်တယ်..
အဖြေက ...အစ်တစ်ထရူးတဲ့..
နိဂုံးက
ငါ..ဂေါက်နေပြီဟ..
ဂေါက်နေပြီ
ဂေါက်နေပြီ..
ကိုထွဋ်
၂၇.၁၀.၂၀၁၁
12 comments:
အခုလို ပွင့်ပွင့်လင်းလင်း ၀န်ခံတာ ကို ကြိုဆိုပါတယ် ခ်ခ်
လူတွေ တစ်ယောက်တစ်မျိုးစီ ရူးနေကြတာပဲ အစ်ကိုရေ.မဂေါက်ဘဲနေမှ ခေတ်မမှီမှာ..ခုတော့ ဂေါက်တယ်ဆိုတော့ ခေတ်မှီတာပေါ့..း)
(စိတ်ဖိစီးမှုတွေ ရှိနေပုံရတယ်..သိပ်အများကြီးမတွေးပါနဲ့ နိုင်သလောက်ပေါ့နော်..)
ခင်တဲ့
အိမ်မက်စေရာ
ရီရတယ်... ဆက်ဂေါက်ပါ... :D
ကဗျာ စပ်ထားပုံလေးက တမျိုးလေး ဖတ်လို့ ကောင်းတယ်...
ဘာမှန်းမသိတာတွေထဲမှာ နေသားကျနေတော့လဲ ခက်သားလား...
ဂယ်တေချာတွားဘီလားဟင် ကထွတ်း)
အခုမှဂေါက်လား နောက်ကျထှာ
မဂေါက်ပါဘူး ငထွဋ်။ လူတိုင်း ဖြစ်နေကျပါပဲ။ မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့  ရင်ဆိုင်လိုက်တော့ ပိုကောင်းပါတယ်။ မျှမျှတတ ဖြစ်အောင် စဉ်းစားပေါ့။ မင်းစဉ်းစားသမျှ မင်းဆုံးဖြတ်သမျှဟာ မင်းအတွက် ပါပဲ။
အေး...နင်ကတော့ ရိုးရိုးသားသားဂေါက်သွားတာ...၊အပေါ်
ကကိုလတ်ကတော့ ရူးချင်ယောင်ဆောင်ရင်း တကယ်ရူး
သွားရှာတာ...၊အဲ့လူမျိုးကကုရခက်ရော....:)))
ဘဝဆိုတာ ဒီလိုပဲညီ...ရွေးချယ်ရခက်တာတွေ၊ဆုံးဖြတ်ရ
ခက်တာတွေ၊သုခတွေ၊ဒုက္ခတွေ...၊လိုချင်တာတွေ၊မလိုချင်
တာတွေ၊အချစ်တွေ၊အမုန်းတွေ....အို....နောက်လာဦးမယ်
လာဦးမယ်..၊ညီ့အသက်ကငယ်ငယ်လေးရှိသေး...၊နောက်
ထက်ဝင်ရဦးမယ့် ရှင်ကြီးဝမ်းတွေ၊ရှင်ငယ်ဝမ်းတွေ ရှိသေး
တယ်...၊ခုဂေါက်ရင်လဲ ချွေချွေတာတာဂေါက်ကွဲ့....၊
တော်ကြာနောင်ဂေါက်စရာကြီးကြီးမားမားနဲ့တွေ့ရင်
မဂေါက်နိုင်ဖြစ်နေမှာစိုးလို့.....:)))
ဟိုက် ပေါက်ကွဲနေပြီ။ ကိုယ့်လာစဉ်ကုန်ဦးမယ်။ ခိခိ။
ကဗျာလေးဖတ်ပြီ ပေါက်ကွဲပစ်လိုက်ဦးမယ်။ အဟိ
ခင်တဲ့
မေသိမ့်
ဟုတ်တယ် ကိုထဋ္ဋ်ရေ လမင်းလည်းဂေါက်နေပြီ
ဟီဟီ ဖတ်သွားပါတယ်ရှင်
အကိုရေ..တစ်မျိုးလေး ဖတ်လို့ ကောင်းတယ်...လို့:):)
ဘာမှန်းမသိတဲ့ ရှုပ်ထွေးပွေလီနေသော မေးခွန်းတွေ စဉ်ဆက်မပြတ် ထွက်ပေါ်နေအုံးမှာပဲ ကိုထွဋ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment