05 October 2011

လွဲချက်ကယ်နာ ဇာတ်သိမ်း

ကျနော်သည် သူမ၏မျက်နှာလေးကိုကြည့်ရင်း အနားရှိသော စားပွဲအား ထုရမလိုလို၊ ထိုင်ရမလို ထရမလိုနှင့် အလွန်ပင် ဂနာမငြိမ်ဖြစ်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် အလွန်တရာမှပင်လှပ၍ဖြစ်သည်။ကျနော်သည် ကိုလတ်လက်ထဲသို့ ထည့်ရမှာ အလွန်နှမျောမိလေသည်။
သို့သော် ပြောစရာရှိသေးချေသည်။

"ချောရယ် ပြောစရာရှိတာ ပြောချလိုက်ပါ။အားမနာပါနဲ့။"
"ကိုလတ်ရယ် တကယ်တော့ ကိုလတ်နဲ့ချက်တင်ထိုင်တဲ့ မိချော၊အွန်လိုင်းမှာ ချစ်သူဖြစ်နေတဲ့ မိချောဆိုတာ ကျမမဟုတ်ပါဘူးရှင်"ငိုသံပါဖြင့်...
"ဘာ...တကယ်လားဟင်..ချော တကယ်လားဟင်" ကျနော်အံသြပျော်ရွှင်စွာဖြင့်မေးနေသည်ကို သူမက နားမလည်သလိုကြည့်ရင်း
"ဟုတ်ပါတယ်.ကိုလတ်ရယ်..တကယ်တော့ ကျမအဒေါ်နဲ့ကိုလတ်နဲ့က အွန်လိုင်းမှာချစ်ကြိုက်တာပါ။ဒါပေမဲ့ သူက ရုပ်မလှတော့ ရုပ်ချောတဲ့ကျမဓာတ်ပုံကို ထည့်ပေးလိုက်တာပါပဲ။အဖြစ်ကအဲလိုပါပဲရှင်။ ကျမအဒေါ်ကလဲ ကိုလတ်နဲ့တွေ့ဖို့စောင့်နေပါတယ်"
"မခေါ်နဲ့"
"ဟင်..ဘာဖြစ်လို့"
"ပြောစရာရှိသေးတယ်..ချောရယ် ကိုယ်ကလဲချောထင်သလို ကိုလတ်မဟုတ်ပါဘူး..ကိုယ့်နာမည်က ကိုထွဋ်ပါ။ဘလော့ရေးပါတယ်။
ကိုယ့်သူငယ်ချင်း ကိုလတ်က သူ့က အင်မတန်ရုပ်ဆိုးလို့ ကိုယ့်ဓာတ်ပုံထည့်ပေးလိုက်တာပါ..တို့နှစ်ယောက်အဖြစ်ကအတူတူပါပဲ"
"တကယ်လားဟင်"ဟုကျနော်ကို မေး၏။
"ဂယ်ပေါ့ကွယ်" ဟုကျနော်ကဖြေ၏။
ရုပ်ချောသောလူတို့သည် မြင်မြင်ချင်းပင် ချစ်မေတ္တာသက်ဝင်မိသည့်အတိုင်း ကျနော်တို့နှစ်ယောက်သည် စကားပြောစရာမလိုဘဲ တစ်ယောက်ကိုတစ်ယောက် နှစ်မိနစ်မျှစိုက်ကြည့်မိရုံဖြင့် ချစ်မိကြောင်းသိ၇ပေသည်။

ထို့နောက် ကျနော်တို့သည် သူမ၏အဒေါ်နှင့်ကိုလတ်တို့အတွက် စီစဉ်ပေးရန်ကြံလေသည်။

သူမက သူ့အဒေါ်အား ထို့နေ့ ညနေတွင်ပင် ဟိုတယ်၌ပင်စောင့်နေရန်ပြောသည်။
ကျနော်ကလဲ ကိုလတ်အားညနေတွင်ပင် လာရန် သူမကမှာလိုက်ကြောင်းပြောသည်။သူက စိတ်အားတက်ကြွစွာဖြင့် လပ်တော့ပါယူသွားမည်ဟုပြောသည်။

ထို့နှင့် ညနေပိုင်းသို့ရောက်သောအခါ သူတို့တွေ့ကြလေသည်။ရုပ်ဆိုးခြင်းကို အင်မတန်ဆန့်ကျင်သော ရုပ်ဆိုးသော လူပျိုဂျီးနှင့် ရုပ်ဆိုးသော ဝဖိုင့်ဖိုင့် အပျိုဂျီးတို့တွေ့ကြသောအခါ........(အသေးစိတ်ကို ကိုလတ်အားမေးမြန်းနိုင်ပါသည်) :P

ထိုအချိန်တွင် အလွန်တရာမှချောမောလိုက်ဖက်ညီသော စုံတွဲတစ်တွဲသည် ကော်ဖီဆိုင်တွင်ထိုင်ရင်း ပျော်ရွှင်စွာဖြင့်သူတို့အချိန်များကိုကုန်ဆုံးကြလေသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြီးပါပြီ...

ဝန်ခံချက်။       ။ဇတ်လမ်းကျောရိုးအား ဆရာကြီးသော်တာဆွေဝတ္ထုတစ်ပုဒ်မှ ယူထားပါသည်။

ကိုထွဋ်
၀၄.၁၀.၁၁

9 comments:

မဒမ်ကိုး said...

အာ ဟဟဟ နောက်ဆုံးတော့ ဇာတ်လိုက်ဘဘထွတ်နဲ့ညားလေသတည်းပေါ့လေး)

AH said...

နောက်ဆုံးမှာတော့ အိုဗာတင်းသောက်တဲ့ သူရဲကောင်းလေးဟာ ဂေါ်ဇီလာကြီး လက်ထဲမှ မိချောလေးကို ကယ်တင်လိုက်ပါတယ်....... :P
ကောင်းလယ်ဝေ့ ကောင်တယ်....

mstint said...

အပိုင်း-၃ နဲ့ ဇာတ်သိမ်းပေါင်းဖတ်သွားတယ် ကိုထွဋ်ရေ။ အော် အွန်လိုင်း အွန်လိုင်းလောက လို့သာရေရွတ်မိပါတယ်း)တစ်နည်းအားဖြင့်တော့ ဖူးစာဆိုတာ သတ်မှတ်ပြီးသားပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဟီးဟီး... Happy ending ပေါ့... :P

မအိမ်သူ said...

ကဲ.. ဘယ်သူကလွဲချက်နာတာလဲ.. :P
မင်းသားရယ် မင်းသမီးရယ် ဇာတ်ပို့ရယ် ဇာတ်ရံရယ်.. အင်း ဒီဝတ္ထုရုပ်ရှင်ရိုက်ပြီး အကယ်ဒမီပေးလို့ရပြီ။ :D

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်.အကို...:):)

ညိမ်းနိုင် said...

ဟဟဟ.....အော်....ကလတ်....ကလတ်.....အရုပ်ဆိုး
သလောက် ကောင်မလေးချောချောရချင်နေသေး....။
ခုတော့ လွဲချက်ကယ်နာသွားရှာပေါ့...၊တွေ့မှမေးကြည့်
ရဦးမယ်...၊သူ့အဒေါ်ကြီးနဲ့အဆင်ပြေရဲ့လားလို့...၊
အင်းပြောမယ့်သာပြောရ..ကိုလတ်ဆိုတဲ့လူက ဘာလာလာ
ဒေါင်းမယ့်အဆင်ကြီး....:D

ခရစ္စတလ် said...

ဇာတ်လမ်းမေ့သွားလို့ စဆုံး ပြန်ရှာဖတ်နေတာနဲ့ မန့်တာ နောက်ကျသွားတယ်ဟ။

အင်း ကြည့်ရတာ တခုခုတော့ တခုခုပဲ။

ကိုထွဋ်ရေ လာမှ မေးတော့မယ် ဟ ဟ :)

sky blue (from FB) said...

umm... လက်စသတ်တော့ သူက “လိပ်” ကြီးဘဲ ဟီးးးဟီးးးး ခင်မင်စွာ စ သွားသည်နော်

ကျောင်းက ဘော်ဒါ သူငယ်ချင်း