26 October 2011

မောင်ထွဋ်နှင့်မရှိမဖြစ်များ

အခုတလော မောင်မောင်ထွဋ်တစ်ယောက် အင်တာဗျုးခံချင်နေတယ်.ဒါပေမဲ့ ဗျုးမဲ့လူကလဲ မရှိတော့ ကိုယ့်ကိုကိုယ်ပဲဗျုးလိုက်တာ..ဟို ဝက်ဆိုက်က မင်းသမီး၊မင်းသားတွေလိုလဲ နာမည်မကြီးတော့လဲလေ ရှိတာလေးကိုပဲဗျုးပြီးတင်ပေးလိုက်ပါတယ်။ အင်တာဗျုးနာမည်က “မရှိမဖြစ်များ”တဲ့

ကျနော် မောင်မောင်ထွဋ်အတွက် မရှိမဖြစ်အရာတွေက တော်တော်များတယ်ဗျာ..

ပထမတစ်ခုကတော့ ကျနော် အလုပ်အရမ်းများတဲ့ အတွက် ဘယ်သွားသွား ကျနော်ကို အမြန်ပို့ပေးနိုင်မဲ့ ကားလေးပါ။ကိုယ့်ကို တခြားသူတွေက စောင့်နေရတယ်ဆိုတာမျိုး မဖြစ်ရအောင် “ကိုထွဋ်" ရဲ့ ကားလေးကိုလည်း အမြဲကြံခိုင်နေအောင် ဂရုစိုက်ရတာပေါ့။ သူကလေ ဓာတ်ဆီလဲမလိုဘူး ၊မနက်ကျမြက်ကျွေးလိုက်ရုံပဲလေ။ မြက်တွေတော့ ဝယ်ထားရတာ့ပေါ့ဗျာ..ဟင်း..ဟင်း.(ရယ်သံ)အရေးပါအရောက်ဆုံးကတော့ ဟောဒီကားလေးပေါ့။ ခစ် ခစ်

ကျနော့် ညီမလေးကို ဗျုးထားထားတဲ့ လင့်ကို  ဟောဒီမှာ ကလစ်ပါ.

နောက်တစ်ခုကတော့ ဖုန်းပါပဲ။ကျနော်က အရမ်းအလုပ်များတဲ့အတွက် ဖုန်းကိုအမြဲတမ်းဆက်သွယ်နေ၇တယ်လေ။အဲဒီတော့ အဲဒါကတော့ မရှိမဖြစ်ပေါ့။ နောက်တစ်ခုက ကျနော်က အသီးအနှံတွေကြိုက်တယ်ဗျ။ အဲဒီတော့ သူများတွေသုံးတဲ့ Apple၊Blueberry၊ဘလက်ဘယ်ရီအဲဒါတွေလည်းမကြိုက်ဘူး။အောက်က ငှက်ပျောသီး ဖုန်းလေးပေါ့။

 နောက်တစ်ခုကတော့ တစ်သျှုး ပေါ့..သူကအရေးကြုံ အရမ်းကောင်းတယ်လေ..ဟင်း..ဟင်း..ဒီက အိမ်သာတွေက ရေပြတ်တဲ့ဟာကပြတ် တစ်သျှုး မရှိတာကမရှိနဲ့ အမြဲဆောင်ထားတယ်လေ..ခစ် ခစ်..အဲဒီတော့ တစ်သျှုးကလဲ ကျနော့်ရဲ့မရှိမဖြစ်ပဲပေါ့။

နောက်တစ်ခုကတော့ ကွန်ပြုတာပေါ့။ လူကြားထဲရောက်ရင် လပ်တော့ကိုဖွင့် မျက်ခုံးကိုချီ လက်သီးကိုဆုပ် ပြီရင် ဆံပင်ထိုးဖွလိုက် နဲ့ အလုပ်များချင်ယောင်ဆောင်ဖို့ အတွက် လပ်တော့က အရမ်းအရေးပါပါတယ်။ အမှန်ကတော့ စပိုက်ဒါ ဖဲထိုင်ရိုက်နေတာပေါ့ဗျာ။ လပ်တော့ထဲမှာဆို လီးနိုဗို (Lenovo) ဆိုတာကြီးကိုကြိုက်တယ်ဗျ။ နာမည်ကိုက အားရစရာကောင်းတယ်လေ သိတယ်ဟုတ်။ အဲဒီတော့ ပစ္စည်းလဲကောင်းမှာပေါ့လေ မဟုတ်ဘူးလား ခစ်ခစ်...

အော်..ပြောဖို့မေ့သွားတယ်..ပိုက်ဆံကလဲတော်တော် အရေးကြီးပါတယ်။ခစ် ခစ်

အဲဒါတွေကတော့ ကျနော့်ရဲ့ အရေးကြီးဆုံး မရှိမဖြစ်တွေပါပဲ။

မူရင်းလင့် ဟောဒီမှာ ကလစ်ပါ.

ကဗျာဆရာ၊ပန်းချီ၊သရုပ်ဆောင်၊ဒါရိုက်တာ၊အဆိုတော်၊စာရေးဆရာနှင့်မြန်မာ့လက်ရွေးစင်ဘောလုံးသမား

ကိုထွဋ်
၂၆.၁၀.၂၀၁၁


6 comments:

Anonymous said...

မရှိမဖြစ်မျှစ်ပေါ့လေ......၊ကားလေးကအမိုက်ဆုံးပဲ..၊
ရောက်မှငှားစီးရမယ်.....:))))

မရှိမဖြစ် အိကု

အမှတ်တရ said...

စိတ်ဖောက်နေတာများလား

Candy said...

ဟီးဟီး... ရီရတယ်.. :P

mstint said...

တီတင့်အတွက် မရှိမဖြစ်က အရင်ကတော့ 'တစ်ရှူး' တစ်ခုထဲ အခုတော့ ဘလော့တွေမဖတ်ရ မနေနိုင်လို့ လက်တော့' ပါလာပြီ ကိုထွဋ်ရေး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စော(အဝါရောင်မြေ) said...

အင်း ဖစ်မှ အဲလေ ဖြစ်မှ ဖြစ်ရလေ။ ဒီလိုမှန်းသိရင် ဗျူးပါတယ်။ အဲလေ အင်တာဗျူးလုပ်ပါတယ်လို့  ပြောတာပါ။

မဒမ်ကိုး said...

ဒါကိုမန့်ခဲ့ပါတယ် ဘာလို့မတွေ့ရတာပါလိမ့်း(

ငှက်ပျောသီးဖုံးပဲ ယူမယ်း)