23 October 2011

စွယ်စုံလုပ်အနုပညာရှင်

စွယ်စုံလုပ်အနုပညာရှင် အကြောင်းမပြောခင် စွယ်စုံရ အနုပညာရှင် အကြောင်းပြောရအောင် ဟုတ်ကဲ့


ကျနော်သိတဲ့ ကြားဖူးတဲ့ စွယ်စုံရ အနုပညာရှင် တွေရှိတယ်ဗျ။တချို့ကတော့ သေပြီပေါ့ဗျာ။တချို့ကတော့ မသေသေးဘူးဗျ။ စွယ်စုံရအနုပညာရှင်ဆိုတာဘာလဲ ?? စွယ်စုံရ အနုပညာရှင် ဆိုတာ (ကျနော့်ထင်မြင်ချက်ပါ) အနုပညာရပ်တွေကို ပိုင်နိုင်ကျွမ်းကျင်တဲ့လူလို့ထင်တယ်။ အနုပညာရပ်တွေက အများကြီးပါ။ကိုယ်လုပ်နေတာတွေက အနုပညာတစ်ခုပါပဲ။ ကျနော်သိတဲ့ စွယ်စုံရအနုပညာရှင်တွေက ရုပ်ရှင်သရုပ်ဆောင်၊ဒါရိုက်တာ၊စာရေးဆရာ၊အဆိုတော် ဝင်းဦးပါ၊နောက်တစ်ဦးက မြတ်လေး ၊ကောလိပ်ဂျင်နေဝင်း စသည်ဖြင့်ပေါ့။ တချို့နာမည်ကြီးစွယ်စုံရအနုပညာရှင်တွေ ရှိပါသေးတယ် ကျနော်မသိလို့ပါ။ အထက်ပါ ရုပ်ရှင်မင်းသားတွေဟာ စွယ်စုံရပါတယ်။ ကိုဝင်းဦးဆို မင်းသားပိုင်းမှာတင် မဟုတ်ဘဲ အဆို ဘက်မှာကော စာရေးတဲ့ဘက်မှာပါ အောင်မြင်သူဖြစ်ပါတယ်။သူဆိုတဲ့ သီချင်းတွေဆို အခုထိ နားထောင်လို့ရပါသေးတယ်။နောက်ပြီး သူက ပိုင်းလော့တစ်ယောက်ဆိုလဲဟုတ်ပါတယ်။


နောက်တစ်ယောက်က မြတ်လေးပါ။ သူလဲ သရုပ်ဆောင်ကောင်းတစ်ယောက်၊အဆိုတော်တစ်ယောက်ပင် ဖြစ်သည်။သူ့အကြောင်ကို ဒီမှာဖတ်ပါ
ကောလိပ်ဂျင်နေဝင်းဆိုလဲ သရုပ်ဆောင်အပြင်၊ဘောလုံးသမားဆိုလဲဟုတ်၊အသံတိတ်ခွေဇာတ်လမ်းတွေမှာလည်းအောင်မြင်မှုရခဲ့သူဖြစ်ပါတယ်။




ဟိုတလောကပဲ မြန်မာပြည်က မင်းသားလေးတစ်ယောက် သူရဲ့ကိုယ်တိုင်ရေး ရာဇဝင်ကို စာအုပ်ထုတ်တဲ့အကြောင်းကို ဖေ့ဘုတ်မှာတွေ့လိုက်တယ်။ သူ့ရှေ့ကနောင်တော် အမတော်တွေလည်း စာတွေရေးထားခဲ့ကြတယ်။ဟိုအသံသေးအသံကြောင်နဲ့အဆိုတော် စွတ်စွတ်ဆိုရင်လည်း စာအုပ်လေးတွေထုတ်ရေးတယ်။ဟိုကောင်မလေး ဖြုစုတ်စုတ်နဲ့ ဝက်မှုန် ဆိုတဲ့ကောင်မလေးဆိုလည်း သူ့ဓာတ်ပုံအယ်ဘမ်ကိုရောင်းတာ တော်တော်မြတ်ဆိုပဲ။


ဟိုမင်းသားရာဇဝင်ကလွဲလို့ ကျန်တာတွေ ကျနော်ဖတ်ဖူးပါတယ်။ အချစ်ဇာတ်လမ်းကို ဖျစ်ညှစ်ပြီးေ၇းထားတာပါ။ အွန်လိုင်းပေါ်က ဘလော့ဂါတွေက သူတို့ထက်အရေးကောင်းပါတယ်။သရုပ်ဆောင်တဲ့နေရာဆိုလည်း ကြည့်ရတာ မျက်လုံးထဲ အချိုးမပြေ ဘာတွေဘယ်လိုကောင်းနေလဲမသိ။ သူ့ကိုယ်ရေးရာဇဝင်ဆိုတာကလည်း အကောင်းတွေချဉ်းရေးထားတာတဲ့။ပရိသတ်ကို ချပြတဲ့နေရာမှာ သူဟာအမှန်ကိုချပြတာလား ဒါမှမဟုတ် သူရဲ့ မုသားတွေနဲ့ပြည့်နှက်နေတဲ့ ဘဝကို ချပြတာလားဆိုတာ သူကိုယ်တိုင်ပဲသိမှာပါ။ ဒီလိုစာများဟာ ဘယ်လိုမှ ပရိသတ်ကိုအထောက်အကုပြုမှာမဟုတ်ပါဘူး။
သူတို့ရဲ့နာမည် ကျော်ကြားမှုကို အသုံးချပြီး ပိုက်ဆံရှာတာပါပဲ။

သူ့ဘာသာ သရုပ်ဆောင် သီချင်းဆိုနေရင် အကောင်းသား။ မလုပ်တတ်တာတွေလျှောက်လုပ်မှ နာမည်ပျက်မှာလေ။ဘာပဲဖြစ်ဖြစ် အားပေးပါတယ်။မြန်မာအနုပညာရှင်တွေလဲ အကုန်ဝါသနာ ပါလာတာကိုအားပေးပါတယ်။ မေတ္တာရပ်ခံချင်တာကတော့ ပီပီပြင်ပြင် လုပ်ကျပါ။ ကျနော်တို့လူမျိုးက မင်းသား၊မင်းသမီး ဘာလုပ်လုပ် ကောင်းတယ်ထင်တဲ့လူတွေပါ။ ခင်ဗျားတို့ အတွက်နဲ့ ရန်ဖြစ်ကြတာ ကျနော်တို့လူမျိုးတွေပါ။


မြန်မာပြည်မှာ စွယ်စုံအနုပညာရှင်တွေ အများကြီးပေါ်ထွက်ခဲ့ဖူးပါတယ်။ သီချင်းလဲဆို ၊သရုပ်လဲဆောင်၊ ပြဇာတ်လဲက၊အသံလဲသွင်း၊စာလည်းရေး၊ဒါရိုက်တာလဲလုပ်၊ပန်းချီလဲဆွဲတဲ့ ပညာရှင်တွေအများကြီးပါ။
ကျနော့် အတွက်ကတော့ စွယ်စုံရအနုပညာရှင်ဆိုတာ သူလုပ်နေတဲ့ အရာအားလုံးကို ပီပြင်အောင် လုပ်နိုင်စွမ်းရှိသူပါပဲ။


ယခုခေတ် အနုပညာရှင်များလည်း စွယ်စုံလုပ်အနုပညာရှင် မဖြစ်စေဘဲ စွယ်စုံရအနုပညာရှင်ဖြစ်အောင် ကြိုးစားနိုင်ပါစေ


ကဗျာဆရာ၊ပန်းချီ၊သရုပ်ဆောင်၊ဒါရိုက်တာ၊အဆိုတော်၊စာရေးဆရာနှင့်မြန်မာ့လက်ရွေးစင်ဘောလုံးသမား
ကိုထွဋ်
၂၃.၁၀.၂၀၁၁

11 comments:

Anonymous said...

ဂုဏ်ယူပါတယ်ဗျာ


ပုံ ... ဆိုက်ကားဆရာ သီဟဇော်လင်းဦး

Green said...

တွေးကြည့်ရင်တော့ ဟုတ်တော့ဟုတ်သားဗျ

ဒါပေမယ့် ကျနော်ကတော့ လူတစ်ယောက်သူဝါသနာပါ တဲ့ တစ်ခုခုကို လုပ်တာပေါ့နော်။ သူကိုယ်တိုင်လည်း ပျော်ရွှင်တယ် ။ တခြားသူတွေကလည်း ကျေနပ်ကြတယ်ဆိုရင် ပြီးပြီပေါ့။ ပြီးတော့ ပေးတဲ့သူ နဲ့ ယူတဲ့သူ နဲ့ အပေးအယူမျှနေတဲ့ ကိစ္စတစ်ခုဟာ ကျနော်ကတော့ သင့်တယ်လို့ယူဆမိပါသည်။

အကိုရေးထားတာလေးကို သဘောကျပါတယ်. ။ ဒါပေမယ့် အတွေးအကြံနုနယ်သေးတဲ့အတွက် ထောက်ခံခြင်း မပြုသွားပါကြောင်း။

ခင်မင်လျက်

ကိုထွဋ် said...

ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ကိုအောင်မင်းဦး..ကျနော်ချပြချင်တာက အနုပညာရှင်တွေ သူတို့မပိုင်နိုင်တဲ့အလုပ်တစ်ခုကို စလုပ်မိရင် လမ်းခုလတ်မှာတင်မရပ်ပဲ အောင်မြင်တဲ့အထိလုပ်စေချင်တာပါ။ ဘာရယ်မဟုတ် စာအုပ်လေးတစ်အုပ်လောက်ထုတ်ပြီ စွယ်စုံရတယ်လို့ နာမည်ယူချင်ရင်တော့ ကန်တော့ပါသေးရဲ့။

ကျနော် သူတို့ကို စွယ်စုံရအနုပညာရှင်တွေဖြစ်စေချင်တာပါ.. :D :P

အကိုပြောတာတွေလည်းမှန်ပါတယ် အကို..

Candy said...

ဟီးဟီး.. တွေးလည်း တွေးတတ်ပါ့... သူပြောမှပဲ တွေးမိတော့တယ်.. ဟုတ်တော့ ဟုတ်သလိုလို.. :P

AH said...

ထောက်ခံပါတယ်ခင်ဗျား.... ပုံ ယောင်ခြောက်ဆယ် AH

mstint said...

ကိုထွဋ်ရဲ့ ဒဿနလေးတွေ ဖတ်သွားတယ်။
တစ်ချို့ဘလော့ဂါတွေ အရေးအသားတွေက ပိုသာတယ်ဆိုတာ လက်ခံတယ် ကိုထွဋ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Maung Myo said...

လင့် ကလေးတွေလည်းဝေမျှလေးကွ ငါတို့လလည်း မုဒိတာ ပွားလို့ရတာပေါ့ ။ သူတို့က နာမည်လေးရတာနဲ့ ဘာမဆိုလုပ်နေတော့တာပါပဲ စိတ်ပျက်စရာကြီး ။

မအိမ်သူ said...

စွယ်စုံရမရ ဆိုတာ အချိန်တန်တော့လည်း ပရိသတ်တွေက သတ်မှတ်ပေးပါလိမ့်မယ်။ စွယ်စုံရအနုပညာရှင်ကြီးတွေ ဆိုတာကိုလည်း ပရိသတ်တွေကပဲ သတ်မှတ်ခဲ့ကြတာမဟုတ်လား။ တကယ်တမ်းတော့ အဲဒီအနုပညာရှင်ကြီးတွေက သူ့တို့အလုပ်ကို သူတို့ အကောင်းဆုံးဖြစ်အောင် လုပ်သွားခဲ့ကြတာပါပဲ။ သူတို့ကိုယ်သူတို့ စွယ်စုံရလို့ ကိုယ့်ဟာကိုယ်မသတ်မှတ်သွားခဲ့ကြပါဘူး။ စွယ်စုံဘယ်လောက်လုပ်လုပ် စွယ်စုံရဖြစ်ဖို့ကတော့ သူတို့ရဲ့ လုပ်ဆောင်မှုရလာဒ်တွေရယ် ပရိတ်သတ်နဲ့ အချိန်ကာလရယ်ကပဲ အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

မဒမ်ကိုး said...

ဟုတ်ကဲ့လေးစာပါတယ် စွယ်ဆုံစင် အဲလေ စွယ်စုံရ ဘဘထွတ်း)

အစွယ်စုံမမ

ဒိုးကန်း)

ညိမ်းနိုင် said...

အေးလကွယ်...ကိုယ်လည်းပိုက်ချံရှိရင် ဇီးသီးထုတ်မယ်...၊
ဗီဒိုလုပ်မယ်...၊ဝတ်ထုရေးမယ်...၊ဘောနည်းပြမယ်၊
လိန်ပျံတော့မမောင်းဘူး....၊ဆိုက်ကားနင်းမယ်...၊
ပြီး ဆွယ်စုံပြင်ညာရှင်ကြီးအမည်ခံမယ်....ကဲကောင်းဘူး
လား.....:))

ချယ်ရီမြေ said...

ကိုထွဋ်ရေ.. စာဖတ်ပြီး ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိတယ်။ တကယ်တော့ ကိုထွဋ်ပြောသလို စွယ်စုံဖြစ်ဖို့ဆိုတာ အတော့ကိုမလွယ်တာပါ။ ပါရမီရှင်တွေကလွဲရင်ပေါ့။ ပါရမီရှင်ထဲမပါတဲ့ချယ်ရီမြေအတွက် အသိတွေအများကြီးရသွားပါတယ်ဗျာ...


ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ