17 October 2011

မနှင်းဆီ

သို့
မနှင်းဆီ

မနှင်းဆီ ကျနော်ကို သိနိုင်မယ်လို့ ကျနော် ယူဆပါတယ်..ကျနော် မနှင်းဆီ အနားမှာ အမြဲရှိနေတတ်တဲ့ကောင်လေးပါ။ မနှင်းဆီ ကွမ်းယာယာနေရင်ဖြစ်ဖြစ် ဆေးလိပ်ရောင်းနေရင်ဖြစ်ဖြစ် အနားမှာရှိနေတတ်သူပါ။ကျနော်ကို သတိထားမိရဲ့လားဟင်။မနှင်းဆီသိအောင်ပြောရရင် ကျနော်က ရေခဲရေ ရောင်းတဲ့ကောင်လေး မိုးဖျောင်ပါ။ ဟိုနေ့ကပဲ မနှင်းဆီ ရေဆာတယ်ဆိုလို့ ကျနော်တောင် ရေခဲရေ တစ်ခွက် အလကားတိုက်လိုက်သေးတယ်လေ။
မနှင်းဆီ ကိုဘယ်လောက်ချစ်လဲ ဆိုတာ မနှင်းဆီ သိစေချင်တယ်။ကျနော်ညညဆိုလဲ အိပ်မပျော်ဘူး။မနှင်းဆီကိုပဲသတိရနေတယ်။ကျနော်စာတွေအများကြီးမရေးတတ်ပါဘူး။
ဒါပေမဲ့ မနှင်းဆီကို ချစ်တယ်။

မိုးဖျောင်။

သူမ စာကိုဖတ်ပြီးသွားသည်နှင့်ရင်ခုန်မိ၏။အခုလဲ ဆိုင်တွင်လူရှင်းနေတုန်းခိုးဖတ်ရခြင်းဖြစ်သည်။သူ၏ ဗို့အားတစ်ထောင်လောက်ရှိသော မီသီးလုံးကဲ့သို့ပြုးကျယ်သော မျက်လုံးများကို သတိထားမိတာကြာပြီ။မရိုးမသားဖြစ်နေမှန်းတော့ မသိချေ။ မိုးဖျောင် ရှိသောနေရာကို လှမ်းကြည့်မိသောအခါ သူ့ကိုကြည့်နေသည်ကိုတွေ့ရသည်။

သို့နှင့်ဆိုင်သိမ်း၍ ပြန်သောအခါ မိုးဖျောင်ကဘေးမှ ပါလာ၏။
“မနှင်းဆီ ကျနော့်ကို စိတ်ဆိုးနေလားဟင်” သူမက ဘာမှမပြောချေ။ချေးအထပ်ထပ်တက်နေသော လက်သည်းကြားမှ ဂျီးများကိုထုတ်ရင်း မျက်လုံးကို ပြာလတွတ် ပြာလတွတ် လုပ်ကာ တစ်လုံးချင်း
“မဆိုးပါဘူး”
“ဂယ်လားဟင်..ကျနော်ကိုရှစ်တယ်ပေါ”့(ဝမ်းသာလွန်း၍ စကားမပီခြင်း)
“စဉ်းစားခွင့်လေးတော့ ပေးပါဦး မိုးဖျောင်ရဲ့”
“ဘယ်တော့ ပေးမှာလဲ မနှင်းဆီရဲ့”
“မိန်းမတို့အိနြေ္ဒရွှေပေးလို့မရတဲ့ ...မနက်ဖြန်ကျရင်ပေးမယ်နော်”
ကျနော်အရမ်းပျော်မိသွားသည်။နောက်နေ့မနက်ေ၇ာက်မှာကိုမစောင့်နိုင်တော့ချေ...

နောက်နေ့ရောက်တော့လဲ သူမနားကို မကပ်နိုင်ချေ။ သူမဆိုင်တွင် လူကျနေသောကြောင့်ဖြစ်သည်။နေ့လည်ကိုသာစောင့်မျှော်နေမိသည်။

သို့နှင့်နေ့လည်ရောက်လာသည်။လူရှင်းတာနဲ့တစ်ပြိုင်နက် ကျနော်သည်သူမနားကပ်ကာ အဖြေတောင်း၏။ သူမက စာတစ်စောင်ပေးသည်။ စာထဲတွင်ရေးတားသည်က “ချစ်တယ်” တဲ့။ နှစ်လုံးတည်းပါသည်။ အပိုစားသားတွေမပါသော ပြန်စာကို ကျနော်ရသည်။ အရမ်းချစ်ပါတယ် မနှင်းဆီရယ်...

ကျနော်သည် အရမ်းပျော်သောကြောင့် ထိုနေ့က ရေခဲရေအလကားတိုက်သည်။ အားလုံး အားပေးကြသည်မှာ ပြောင်ရောပင်။ ထို့နေ့က ကျနော် အရင်းပင်မရ သို့သော်ကျနော်ပျော်သည်။
အချစ်သည် အခက်အခဲတွေကိုကျော်လွှားနိုင်သည် မဟုတ်ပါလား မနှင်းဆီ...

ကျနော်တိုချစ်သူတွေဖြစ်ပြီးနောက်ပိုင်း ပိုမိုနီးစပ်လာကြသည်။ ကျနော်ကလဲ ရေခဲရေ ကိုယ်တိုင်မရောင်းတော့ဘဲ ကိုယ်စားလွှဲဖြစ်သော ကျော်လတ်ကိုလွှဲထားသည်။ သူကခိုးတတ်သည် သို့သော်လည်း ကိစ္စမရှိ မနှင်းဆီက အရေးကြီးသည်မဟုတ်ပါလော ပရိသတ်။ ကျနော်သည် ဘာလုပ်လုပ် မနှင်းဆီကိုသာ တမ်းတမိသည်။မျက်နှာသစ်တာမှစ၍ အိမ်သာသွားရင်တောင် မနှင်းဆီကို သတိရသည် အထိချစ်မိသည်။


ကံကြမ္မာသည် ချစ်သူတွေကို မျက်နှာသာမပေးတတ်ချေ။ကျနော် ရေခဲရေ ရောင်းသောအလုပ်က သူမကို တင့်တောင့်တင့်တယ် မထားနိုင်မှန်းကျနော်သိသည်။ ထို့ကြောင့် သူမနှင့်ကျနော်ခဏတာဝေးနေဖို့ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ပိုက်ဆံရအောင် ကျနော် နိုင်ငံခြားတွင် အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်သည်။

တစ်နှစ်..... နှစ်နှစ်..... သုံးနှစ်........

ငါပြန်လာမနီုင်သေးဘူး မနှင်းဆီ ..နင့်နဲ့နီးဖို့ အတွက် လုပ်နေရင်း နဲ့ငါလမ်းပျောက်နေပီ...ဖုန်းဆက်တိုင်း နင့်ရဲ့ ဘယ်တော့ပြန်လာမှာလဲ မိုးဖျောင် ဆိုတဲ့စကားသံကို ငါမခံစားနိုင်ဘူး...

နင့်နဲ့ နီးဖို့ကြိုးစားရင်း ကြွေးနွံနစ်နေတဲ့ ငါ့ရဲ့ မိသားစုကိုကြည့်ရင်း ...........................................

အချိန်ရရင် ငါ့ကိုသတိရပေးပါ မနှင်းဆီ...
အရမ်းချစ်တယ် မနှင်းဆီ..

(ရေးရင်းနဲ့ခံစားချက်တွေက ဗျောက်သောက်ဖြစ်လာလို့ စာက ဘာမှန်းမသိဖြစ်သွားတယ်..ဆောရီး မိုးဖျောင်ရေ)


ကိုထွဋ်
၁၇.၁၀.၂၀၁၁




10 comments:

ကြောင်ဖြူများရှင် said...

မိုက်သကွာ...... လုပ်စမ်းဘာ အဲ့ဒါမျိုးလေး.... အချစ်ဇတ်လမ်းလေးက

ရင်တုန် ချင်စရာ လူပျိုကြီး

ကျနော့မှာ။

ချစ်ခြင်း နှင်းဆီ စိမ့်စိမ့်မွှေး

အဲ့ဒါ လူပျို့ ချစ်ချစ် လေး။

(မှတ်ပလား)

ပုံ/ ကြောင်ဖြူများရှင်

Anonymous said...

အော်.....မိုးဖျောင်....မိုးဖျောင်.....မိုးကိုမှ သွားဖျောင်သကိုး.....:)) အေးလကွယ်.....နင့်ဇာတ်လမ်း
လေးက လွမ်းစရာနိုင်ဂံဂျားရောက် ရွှေတစ်ယောက်ဇာတ်
လမ်းလေးပဲဟာ.....ငါ့မယ်လွမ်းရလွန်းလို့ နှပ်တောင်
ထွက်သဟာ....:)) စတာနော်......

အူးလေး ကု

Candy said...

မနှင်းဆီ အရမ်းခေတ်စားနေပါလား... မနှင်းဆီချည်းရေးနေကြတယ်.. ဘာတွေ ဖြစ်နေကြတာလဲဟင်.. @_@

AH said...

အဟား မိုက်သဗျို့ မိုးဖျောင် မိုက်ရှ်တယ်.......

Angelhlaing(May everybody be happy and healthy! said...

မိုက်တယ်အကိုရေ.....မနှင်းဆီ...မနှင်းဆီ....:)

မေသိမ့်သိမ့် ကျော် said...

ကောင်းတယ်ဗျိုးး။ နောက်အပိုင်းတွေ မျှော်နေတယ်နော်။း)

ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

တိန် ..ကြောင်မျိုးကြောင်နွယ်တွေ မနှင်းဆီ စီးရီးထုတ်တော့မယ် ၁၂၃ ဟိဟိး)

mstint said...

မနှင်းဆီတို့လန်းရာမြေကို ရောက်ခဲ့တယ် ကိုထွဋ်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

အချစ်ဇာတ်လမ်းလေးနော်....
နောက်အပိုင်းတွေစောင့်နေပါတယ်
နှင်းဆီတွေခေတ်စားနေလို့နာမည်ပြောင်းတော့မယ်
ခင်မင်တဲ့ jasmine

blackroze said...

မနှင်းဆီ ကိုလာရောက်ခံစားဖတ်ရှု့သွားပါတယ်