25 August 2011

အနာဂတ်လက်တွဲဖော်....

ဖြေကြည့်ရအောင်နော်..ဒီမေးခွန်းလေးတွေကို ဖြေကြည့်တဲ့အခါမှာ ကိုယ်ရွေးချယ်လိုက်တဲ့ အဖြေလေးတွေကိုစိတ်ထဲမှာ မှတ်ထားပြီးမှ အောက်ကအဖြေလေးတွေနဲ့ တိုက်ကြည့်ရအောင်နော်.အဲဒါလေးတွေက နောင်ကြုံတွေ့ ရမယ့်ကိုယ့်ရဲ့လက်တွဲဖော်ကို ခန့်မှန်းနိုင်တယ်
လို့ သူငယ်ချင်းတစ်ယောက်ပြောဖူးတာကို "၀လုံး" က ပြန်တင်ပြလိုက်ပါတယ်..အားလုံးတိတိကျကျမှန်မမှန်မသိပေမယ့် 75%လောက်က
တော့ တိုက်ဆိုင်မှု့ ရှိတယ်လို့ ဆိုပါတယ်...ကဲ စလိုက်ကြရအောင်နော်...

(1) တကယ်လို့ သင်ဟာတောနက်ကြီးတစ်ခုကို ဖြတ်သန်းပြီးသွားရတော့မယ်ဆိုပါစို့ ...အဲဒီတောကြီးကသားရဲတိရစ္ဆာန်တွေပေါပြီး အင်မ
တန်မှလည်း အန္တရာယ်လည်းပေါများလွန်းပါတယ်..အဲဒီအခါမှာ သင်ဟာ
i. တစ်ယောက်တည်းသွားမလား?
ii. အဖော်တစ်ယောက်ခေါ်သွားမလား?
iii. အန္တရာယ်တွေကို ရှင်းပေးနိုင်လောက်တဲ့ ဒုတ်(သို့ )ဓါး တစ်ခုခုယူသွားမလား?

(2 ) ဒီတောအုပ်ကြီးကိုဆက်လက်ဖြတ်သန်းလာတဲ့အခါမှာ သင့်ရဲ့ခေါင်းပေါ်မှာငှက်တွေပျံသန်းနေတာတွေ့ ရပါလိမ့်မယ်..အဲဒီငှက်ဟာ
i. သိမ်းငှက် ii. စာကလေး iii. ခို iv.ကျီးကန်း

(3 ) အရှ့ကိုဆက်ပြီးလျှောက်လာတဲ့အခါမှာ သင့်ရဲ့ရှေ့ကနေ အကောင်တစ်ကောင်ကောင် ဖြတ်ပြေးသွားတာသင်တွေ့ ရပါလိမ့်မယ်...
အဲဒီအကောင်ဟာ
i. မြွေ ii. ကျား iii. ကြောင် iv.ယုန်

(4 ) အဲဒီအချိန်မှာ သင်တွေ့ လိုက်ရတဲ့အကောင်ကို သင်က
i.ဖမ်းထားမလား? ii. လွတ်ပေးလိုက်မှာလား?

(5 ) သင်ဒီတောအုပ်ကို ဆက်ပြီးဖြတ်သန်းလာတဲ့အခါသင့်ရဲ့ရှေ့မှာ အမှိုက်တွေမီးလောင်နေတာ သင်တွေ့ ရပါလိမ့်မယ်.အဲဒီအခါသင်ဟာ
i.ဒီမီးကို ငြိမ်းမှာလား? ii. ဒီအတိုင်းထားခဲ့မှာလား?

( 6) ဒီတောလမ်းခရီးကို သင်အချိန်အကြာကြီးဖြတ်သန်းလာခဲ့ရတဲ့အတွက် သင်လည်းပင်ပန်းပြီး အနားယူချင်ပါပြီ..အဲဒီအခါမှာ သင်ဟာ
i.အရိပ်အာဝါသကောင်းလွန်းလှတဲ့ သစ်ပင်ကြီးအောက်မှာ နားမလား?
ii. အရှိန်အဟုတ်ပြင်းစွာစီးဆင်းနေတဲ့ရေတံခွန်ဘေးမှာနားမလား?
iii. ညိမ့်ညောင်းစွာရေတွေစီးဆင်းနေတဲ့ စမ်းချောင်းလေးဘေးမှာနားမလား?

(7 ) ကဲ..အမောပြေပြီဆိုတော့ ကျန်နေတဲ့ခရီးကိုဆက်ရအောင်..တောအုပ်ကြီးရဲ့ အစွန်ကိုရောက်တဲ့အခါမှာသင်ဟာသစ်လုံးအိမ်လေးတစ်
ကိုတွေ့ ရပါလိမ့်မယ်..အိမ်ရှင်ကသင့်ကို ကြိုဆိုပြီး ဧည့်ခံကျွေးမွေးတဲ့အခါ သင်ဘယ်လိုအရာကိုသုံးဆောင်မလဲ?
i. ရေအေးအေးလေးတစ်ခွက် ii. ရေခဲစိမ်အချိုရည်အေးအေးလေးတစ်ခွက်

သင်ရဲ့ရွေးချယ်မှု့ ဟာ သင့်ရဲ့ရလဒ်ပါပဲ..ကဲ အဖြေလေးတွေကိုကြည့်ရအောင်နော်..

လူရယ်လို့ ဖြစ်လာကြတဲ့အချိန်မှာ လူသားအားလုံးဟာ ငယ်ရွယ်စဉ်မှာတော့ မိ၊ဘတွေရဲ့ အရိပ်အောက်မှာနေပြီး အပူအပင်ကင်းကင်း
နဲ့ စားသောက်နေထိုင်ကြရပါတယ်..ဒါပေမယ့် အရွယ်ရောက်လာတဲ့အချိန်မှာတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ဘ၀ကိုဖြတ်သန်းကြရ
မှာပါ..အဲဒီ ဘ၀ ဆိုတဲ့အရာဟာ အထင်မှတ်ထားတာတွေလည်းကြုံနိုင်ပြီး အန္တရာယ်ရန်စွယ်တွေအင်မတန်မှပေါပြီး မာယာများလွန်း
တဲ့ တောအုပ်ကြီးနဲ့ တူပါတယ်..ဒီဘ၀ခရီးရှည်ကြီးကိုဖြတ်သန်းတဲ့အခါမှာ
(1 ) i.ကိုရွေးရင်တော့ သင်ဟာဇီဖာကြောင်လွန်းပြီး ဘယ်လိုအရာကိုမှစိတ်တိုင်းမကျတာကြောင့် အပျိုကြီး၊လူပျိုကြီးဖြစ်နိုင်ပါတယ်။
ii.ကိုရွေးရင်တော့ သင်ရဲ့အိမ်ထောင်ဘက်နဲ့ အတူတူဘ၀ခရီးကိုဖြတ်သန်းရမှာပါ
iii.ကိုရွေးရင်တော့ သင်ဟာအိမ်ထောင်ကျခဲ့ရင်တောင် အိမ်ထောင်ဘက်ကို မမှီခိုတဲ့သူ ၊ကိုယ့်အားကိုယ်ကိုးချင်စိတ်ရှိသူဖြစ်ပါတယ်။

(2 ) i.သင့်ရဲ့အိမ်ထောင်ဘက်ဟာ သိမ်းငှက်လိုပဲခွန်အားပြည့်ဝသန်မာဖြတ်လတ်ပြီး အရမ်းလည်းထက်ထက်မြက်မြက်ရှိသူဖြစ်ပါတယ်။
သူဟာသင့်ကို လုံခြုံမှုနှင့်နွေးထွေးမှု့ ကိုအပြည့်အ၀ပေးနိုင်ပါလိမ့်မယ်။
ii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ စကားအင်မတန်များပြီး အပြောကောင်းသူဖြစ်ပါလိမ့်မယ်။
iii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ ညည်းတွားလွန်းတဲ့သူဖြစ်ပါလိမ့်မယ်
iv.သင့်ရဲ့အိမ်ထောင်ဘက်ဟာ သင့်ကို စကားနှင့်အမြဲထိုးနှက်ပြီး အပြစ်မြင်လွန်းသူပါ။

(3 ) i.သင်ရဲ့အိမ်ထောင်ဘက်နှင့် သင်ဟာ"နီးတကျက်ကျက်၊ဝေးတသက်သက်" ဆိုသလိုပါပဲ့။သူဟာအေးအေးဆေးဆေးနေရတာကို
နှစ်သက်ပေမယ့် မဟုတ်ရင်လုံးဝမခံဘူးဆိုတဲ့သူမျိုးပါ..
ii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ သင့်ကိုအမြဲဟောက်စား၊မာန်ဖီရန်လိုနေမယ့်သူပါ။သူဟာဒေါသလည်းကြီးပါတယ်။
iii.သင့်ရဲ့အိမ်ထောင်ဘက်ဟာ အားငယ်တတ်ပြီး၊သင့်ရဲ့ယုယကြင်နာမှု့ ကိုနှစ်သက်သဘောကျမယ့်သူပါ။
iv.သင့်ရဲ့အိမ်ထောင်ဘက်ဟာ စိတ်သဘောထားဖြူစင်ပြီး၊သင့်အပေါ်ငံ့ညာပေးမှာပါ။

( 4)i.သင်ဟာသူ့ရဲ့စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်။သူ့ စိတ်သဘောထားကိုနားလည်ပေးနိုင်ပါတယ်။
ii.သင်ဟာသူ့ရဲ့စိတ်ကိုဖမ်းယူဆုတ်ကိုင်နိုင်စွမ်းမရှိပါဘူး။သူ့ ရဲ့စိတ်သဘောထားကို သင်နားမလည်ပါဘူး ။

(5 )i.သင့်ရဲ့အိမ်ထောင်ဘက်မှာကြုံရမယ့်အခက်အခဲစိုးရိမ်ပူပန်မှု့ တွေကို သင်ဟာကူညီဖြေရှင်းပေးနိုင်မယ့်သူပါ။
ii.သင့်အိမ်ထောင်ဘက်ရဲ့အခက်အခဲကို သင်ဟာဖြေရှင်းပေးနိုင်စွမ်းမရှိပါဘူး ။

( 6)i.သင့်ရဲ့အိမ်ထောင်ဘက်ကို သင်အပြည့်အ၀အားကိုးလို့ ရပါတယ်။သူဟာသင့်ကို လုံခြုံမှုကိုအပြည့်အ၀ပေးနိုင်မှာပါ။
ii.သင့်ရဲ့အိမ်ထောင်ဘက်ကို သင်မှီခိုလို့ရပေမယ့် သူဟာတစ်ခါတစ်လေမှာတစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။သူ့ ရဲ့အတ္တကိုရှေ့တန်း
တင်တတ်ပါတယ်။
iii.သင့်ရဲ့အိမ်ထောင်ဘက်နှင့်သင်ဟာ စိတ်သဘောထားတိုက်ဆိုင်ပြီး အပေးအယူညီမျှတဲ့အတွက်သာယာတဲ့အိမ်ထောင်ကိုသင်ပိုင်
ဆိုင်ရမှာပါ။

(7 )i.သင်တို့ ရဲ့အိမ်ထောင်ရေးဟာ အရမ်းကိုအေးချမ်းပြီး သင်ပျော်ရွှင်ရမှာပါ။
ii.သင်တို့ ရဲ့အိမ်ထောင်ရေးဟာ အပြင်ကကြည့်ရင်အေးချမ်းတယ်လို့ ထင်ရပေမယ့် ဟန်ဆောင်မှု့ တွေများလွန်းပါတယ်။


ပျော်ရွင်နိုင်ပါစေ....

REF : ဖော်ဝပ်မေးကပါ..

ကိုထွဋ်
၂၆.၀၈.၂၀၁၁

8 comments:

မောင်မျိုး said...

မေးခွန်း နံပါတ် ၆ က နံပါတ် ၁ ကိုရွေးလိုက်တော့ သွားပါပြီး ငါတော့ မိန်းမ လုပ်စာထိုင်စားပြီး မိုးဖိုချောင်ထဲ ထမင်းချက်နေရတော့မလိုပဲ ဟဟားး ရယ်ရတယ်ဟေ့း))))))))

မိုးယံ said...

(1) 3 ၊ (2) 1 ၊ (3) 1 ၊ (4) 2 ၊ (5) 1 ၊ (6) 3 ၊ (7) 1 ၊

အပေါ်က စာတွေကို ဖတ်ကတည်းက ဒီလိုမျိုး သဘောကို အလင်္ကာနဲ့ ရေးထားမှန်းသိတယ်.. ဒါပေမယ့် စိတ်ရင်းအမှန်အတိုင်းပဲ ဖြေပေးလိုက်တယ်.. အောက်က အဖြေတွေဖတ်ရမှာ ပျင်တယ်.။ ဒါတွေက အတိအကျတွေမဟုတ်ဘူး.. ခန့်မှန်းချေတွေပဲ..

မဒမ်ကိုး said...

တခုမှမတိုက်ဘူး ပြန်လဲပေးး)

...အလင်းစက်များ said...

မ ခင်ဗျာ သနားပါတယ်...... ကျား တစ်ကောင်နဲ့  တော့ထဲမှာ ......... ကျားမျှစ် ကောင် တစ်ကောင်နဲ့  ..... စိတ်မကောင်းထှာ။

ခရစ္စတလ် said...

ဆိုက်ကိုဗေဒင်လေး တစ်ပုဒ်သိထားတယ် အရင်ဆုံး ထိုင်းမှာရှိတဲ့ ဘလော့ဂါတွေကို အရင်မေးကြည့်လိုက်အုံးမယ် :)

ညိမ်းနိုင် said...

နာကျတော့ တစ်ခုမှမမှန်ဘူးကွယ့် နံပတ်၁ရဲ့ ii ကိုရွေးလိုက်တယ်....ခက်တာက ခုထိလူပျိုကြီး...ဟင့်...:)))

စံပယ်ချို said...

မေးခွန်း ၁ က နံပါတ် ၂ ကိုဖြေခဲ့
တာ ကွက်တိပါပဲ....
အဖြေ ပါမှန်းတောင်မသိဘူး..
အောက်ဆက်သွားမှ အဖြေကိုတွေ့တာ။
ခင်မင်တဲ့ jas

သူကြီးမင်း (တုံးဖလား) said...

ရွေးကြည့်မိပါတယ်။ အနာဂါတ်ကိုလဲ မျှော်ကြည့်မိပါတယ်။ ဒါပေမဲ့ ဒီဘ၀ကတော့ လူပျိုသိုးကြီးဘ၀က ကျွတ်အံ့လမ်းမြင်။း))

ခင်မင်လျက်