27 August 2011

အမူးသမားများ မူးနည်း ၄၃ နည်း (အပိုင်း ၁)




****

** **

* ၁) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို ဒေါသထွက်ကာ ရန်ရှာတတ်သူ****

** **

* ၂)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို တယောက်တည်း ဒိုင်ခံ
အားပေးသူ****

** **

* ၃)ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ စိတ်ဝင်စားတော့သူ****

** **

* ၄)မျောက်မူး....ခုန်ချင်ပေါက်ချင် ကချင်လာသူ****

** **

* ၅)၀က်မူး....တွေ့ရာနေရာတွင် ထိုးအိပ်တတ်သူ****

** **

* ၆)ဆက်ရက်မူး..... အဆက်မပြတ် တော်ကီလွှတ်သောသူ****

** **

* ၇)တောက်တဲ့မူး.....ခွါမရတော့အောင် ကပ်ရစ်၍ တိုင်ပတ်သောသူ****

** **

* ၈)နွားမူး....မူးလာလျှင် ချည်တိုင်ကို သတိရ၍ ပြန်ရန်ပြင်တတ်သူ****

** **

* ၉)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ်
လုပ်သည်များကိုဘာမျှမမှတ်မိဟု ပြောတတ်သူ****

** **

* ၁၀)မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သူ (လုပ်စရာရှိသည်များကို
မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်****

** **

* ၁၁) သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ
****

၁၂) ခိုမူး ....မူးလာရင် မပြေလည်တဲ့အကြောင်းတွေပြောပြီးညည်းတတ်သူ****

၁၃)ငုံးမူး ......ကြက်မူးလောက်မဆိုးပေမ ယ့် မူးလာရင် အနှိပ်ခန်းလေး ၊ကေတီဗီလေး
သွားဖို. စည်းရုံးတတ်သူ.....****

၁၄) ကြွက်မူး.....မူးလာရင် သူများပစ္စည်းတွေ..ကားသော. ၊ဟန်းဖုန်း၊
ဖိနပ်စသည်တို.ကို လိုက်ဖွက်ထားတတ်သူ....****

၁၅)ဥသြမူး...မူးလာလျှင်နာမည်တခုကိုထပ်ခါထပ်ခါခေါ်ကာငိုချင်းချတတ်သူ... ****

( ၁၆ ) မျောက်မှုး - မှုးလာရင် ဟိုဆိုင် ဒီဆိုင် ၊ ဟိုဟာ မှ ဒီဟာ သို့
ကူးချင်သူ****

** **

( ၁၇ ) ကြွက်မှုး - မှုးလာရင် အိမ်က မိန်းမမသိအောင် ၊ ဟိုစပ် စပ် ဒီစပ်စပ်
အကုန်လုပ်ချင်သူ ( ခိုးစား ချင်သူ )****

** **

(၁၈) ခြင်္သေ့မှုး - မှုးလာပါက လူတကာကို ဟိန်းလားဟောက်လား နှင့် သတ္တိကောင်းလာသူ**
**

** **

(၁၉) ခွေးအမှုး - မှုးလာပါက ကေတီဗွီ ဆိုင်ကို သွားပြီး အူချင်သူ
(အိမ်မပြန်ချင်ဘူး ၀ူး ၀ူးးးးး )****

** **

** **

(၂၀) ကြောင်မှုး - မှုးလာပါက မိန်းခလေးများနှင့် ပွတ်သီးပွတ်သပ် နေချင်သူ****


ဆက်ရန်

ဖော်ဝပ်မေးကပါ။

ကိုထွဋ်
၂၇.၀၇.၂၀၁၁

10 comments:

ညိမ်းနိုင် said...

မျှစ်ရယ်....နင့်ဟာကလည်း မူးမိတာနဲ့ တိရိစ္ဆာန်ဘွ အရှင်လတ်လတ်ရောက်သွားတော့တာပါပဲလား....:)
မျောက်မူးနဲ့ ကြွတ်မူးက နှစ်ခုထပ်နေသဟ...။
အင်း...နာလည်းမူးရင် ဘာမူးမူးပါလိမ့်.....:D

စံပယ်ချို said...

နောက်တစ်ခါဆိုရင်တော့ တစ်ယောက်ထဲကစ်ရမယ်ထင်တယ် ဒီထဲကလွတ်ဖို့ဆိုတာ မသေချာဘူး...
တစ်ခုခုတော့ညှိနေမှာလေ...

မိုးပျံမ said...

အို...တို့က ဆယ်ပြည့်မူးဟေ့

ဒါနဲ့ ဖွတ် ပဒတ် မဟုတ်လား...

နင်လဲ ငါ့လိုပဲ...ကူးတင်သမျှ...မူရင်းမပျက် စေရဆိုတဲ့ ကောင်ပေါ့လေ...ဟွင့်။

Angelhlaing(May everybody be happy and healthy! said...

ရှာရှာဖွေဖွေ ရေးလည်းရေးတက်ပ အကိုရာ...မှတ်ထားမှ..ပဲ ပြန်ပြောလို့ရအောင်..:P:P

Candy said...

ကြက်မူးက တော်တော်ဆိုးတာပဲ... :D

ဟန်ကြည် said...

အလို...ထူးထွေတည့် အံ့ရာသော်ပါလား...အခုတောင် အကောင်တွေ တော်တော်စုံနေတာ နောက်ထပ်မူးနည်းတွေကျရင် ဘာကောင်တွေလာမယ်မသိ...ဂေါ်ဇီလာမူး...လဒမူးတွေများ ပါဥိးမလား တွေးမိပါတယ်...ဆက်ဖတ်ဦးမယ်...

mstint said...

မူးပေါင်းများစွာ ဖတ်သွားပါတယ် ကိုထွဋ်ရေ။
ဦးဟန်ကြည်ကွန်မန့်ကို ဖတ်ပြီး ပြုံးမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

တီတင့်ပြောလို့ ဖတ်လိုက်တော့ဆရာဦးဟန်ကြည်
မန့်ကိုမြင်တော့အသံထွက်အောင်ရီမိတယ် ..

ပရင့်ထုတ်လိုက်တယ်
ကိုရင့်ကိုမေးမလို့
ရှင်ဘယ်အကောင်ထဲပါသလဲလို့း)


ကိုထွတ်ပြောတာလို့ပြောမှာနော်း)

မေသိမ့်သိမ့်ကျော် said...

;) ဟိဟိ။ ပြုံးစေ့စေ့ဖြစ်နေကြောင်းပါ။ ရုံးမှာမို့ မရယ်ရဲပါ။


ခင်တဲ့
မေသိမ့်

ညီရဲ said...

ဆိတ်မူး မူးပြီး ကြောင်မူးမူးလိုက်မယ်ဗျာ ကိုထွဋ် ကောင်းဘူးလား... ဟား... ဟားးးးးး ရှာရှာဖွေဖွေ ရေးတတ်တယ်။