15 August 2011

ကြောင်ဂိုဏ်း

ကြောင်ဂိုဏ်းဆိုလို့ ကြောင်တွေပဲပါတဲ့ အဖွဲ့လို့ထင်မသွားနဲ့ပေါ့ဗျာ။ တကယ်ကတော့ လူစစ်စစ်တွေပါဝင်ဖွဲ့စည်းထားတဲ့ အဆင့်မြင့် ပေါတောတော ဂိုဏ်းပါ။ ပါဝင်တဲ့ မန်ဘာတွေက အပြင်မှာ တကယ့်ရာထူးနဲ့အတည်နေထိုင်ကျတဲ့လူတွေပါ။ ဒါပေမဲ့ ကြောင်ဂိုဏ်းအဖွဲ့ဝင်တာနဲ့ နာမည်နဲ့လိုက်အောင်ကိုကြောင်ပြီးပေါရမယ်။ အဲဒါဆိုသင်ဟာကြောင်ဂိုဏ်းဝင်ဖြစ်ပါပြီ။

ကြောင်ဂိုဏ်းဆိုတော့ အဓိပ္ပာယ်နှစ်မျိုးဖွင့်နိုင်တယ်။ ပထမ တစ်မျိုးက ကြောင်ချစ်သူတွေ များလို့လား။ဒါမှမဟုတ် ပျော်ပျော်နေတတ်တဲ့သူတွေများလို့လား (ကြောင်တဲ့လူတွေလို့ပြောရင်ဆဲခံထိမှာဆိုးလို့ :P)။ နှစ်ခုလုံးပဲဗျ။နောက်ပြီး ကျနော်တို့တွေက သူများတွေ အိမ်ကြိုအိမ်ကြား၊ မြောင်းကြိုမြောင်းကြားမှာ ကျက်စားတဲ့ဂိုဏ်းမဟုတ်ဘူး။ အွန်လိုင်းမှာသာ ကျက်စားတဲ့ဂိုဏ်းပါ။အထူးသဖြင့် အခုတလော နာမည်ကြီးနေတဲ့ မြန်မာမလေး မဇာကာပေါက် တီထွင်ထားတဲ့ ဖွဘုတ်မှာပေါ့။ နောက်ထပ်တိုးချဲ့ဖို့စဉ်းစားတာကတော့ အသစ်ပေါ်လာတဲ့။ ဂူး..ဂဲ ပလပ် (ခေါ်) ခွေးဘီးလူးပလပ် (ဂူးဂဲ ဆိုမှတော့ခွေးပေါ့နော် :D)။

ကျနော်တို့ကြောင်ဂိုဏ်းက ဘယ်လောက်ထိ လျှို့ဝှက်လဲဆို ခေါင်းဆောင်ဆရာကြီး ကြောင်ကြောင်လတ်ဟာ သူရဲ့ဓာတ်ပုံကို ဘယ်တော့မှ ဖဘမှာ တင်ချင်းမရှိချေ။ ကြွေးရှင်များကြောက်၍သော်လည်းကောင်း သူ့၏ အလွန်တရာမှ လှပသော ရုပ်ရည်(ပြောင်းပြန်တွေးရန်)ကိုလူတွေ့မခံလို၍ လည်းဖြစ်သည်။ ထို့ကြောင့်သူ့ခမျာ ကြောင်ပုံများကို သူ၏ ပရိုဖိုင်တွင်တင်၍သာ ကျေနပ်နေရသည်။ထို့ပြင် သူသည် အလွန်တကာ လိုက်(like)၏။ အထူးသဖြင့်ညအချိန်မတော်တွင် လိုက်(like)တတ်၏။။ကြောက်စရာပေ။သူသည် မည်းမည်းမြင်ရာလိုက်၏။သူ့တွင်ရှိသော ကြောင်များကိုလည်း ဖွဘုတ်တွင်တင်ကာ ကြောင်ဖြူရှင်များအဖြစ်ခံယူထားသူဖြစ်သည်။

လက်ထောင်ခေါင်းဆောင်ဖြစ်သော မောင်ကြောင်ဇော် မှာလည်း သူ၏ကြောင်များကိုထိက ဆတ်ဆတ်ထိမခံသော ကြောင်ဂိုဏ်း၏ သစ်စာရှိ အဖွဲ့ဝင် တစ်ဦးဖြစ်သည်။ တခါမှာ အကျနုပ် မောင်ထွဋ်သည် သူ၏ ကြောင်များကို ကြောင်းသားဘူးသီးဟင်းချက်စားမည် ပြောမိသောကြောင့် ကျနုပ်အား chewing gun (ဟုတ်ပါဘူး) မရှင်းဂန်း နှင့်ပစ်၏်။
ထို့အပြင် လမ်းမှာတွေ့သမျှကြောင်များကို အိမ်သို့ယူဆောင်ကာ ဓာတ်ပုံရိုက်ကာ ဖွဘုတ်တွင် တင်၏။ကြောင် ပက်ပက်စက်စက် ချစ်သူပင်ဖြစ်သည်။သို့သော် သူသည် အခုတလေ မအားချေ။သူ၏ကြောင်များနှင့် ဘာလုပ်နေသည်မသိ။ ဖွဘုတ်တွင် " Out of energy" ဟုမကြာခဏပေါ်လာတတ်၏။ဆေးသောက်ခိုင်းသော်လည်းမ၇ချေ။ သူသည် စီးပွားရေးလဲလုပ်၏။ အမြဲတမ်းတွေ့ရသည်မှာ "One permit please"ဟုလဲတွေ့ရသည်။သူ၏ အဓိက အလုပ်မှာ ဂိမ်းဆော့ချင်းဖြစ်နိုင်သည်။စီးတီးဗီးတွင် သူ၏ အိမ်များစွာရှိသည်။ဖမ်ဗီးတွင် လယ်များရှိ၏။ကျနော်တို့ကြောင်ဂိုဏ်းတွင် သူသည်အချမ်းသာဆုံးဖြစ်သည်။

နောက်တစ်ယောက်မှာ စင်ကျားပူမှ ငယ်ငယ်က မေးတွင်မီးလောင်ဘူးသောကြောင့် ယခု မောင်မေးလောင် ခေါ် မောင်ကြောင်ညိမ်းဖြစ်သည်။သူသည် ကြောင်ဂိုဏ်း၏ အထူးအရေးကြီးသော တာဝန်များကို ထမ်းဆောင်ရသောသူဖြစ်သောကြောင့် နာမည်များစွာရှိ၏။ သူ၏ နာမည်များစွာကို သူ၏ဘလော့တွင်ဖတ်ရှုနိုင်ပါသည်။သူသည် ဖဘတွင် ကောမန့်ရေးချင်း လိုက်ချင်းတို့ ဝါသနာပါလေ၏။ကြောင်ဂိုဏ်း၏ တာဝန်များထဲမှ တခုဖြစ်သော ဂရုများထဲတွင်ဝင်၍ ဗလွတ်ရွှတ်တလုပ်ချင်းများ သူသည် ဝါသနာကြီး၏။ထွေရာလေးပါး ဂရုတွင် သူသည် ဂိုဏ်းချုပ်ဖြစ်သည်။သူသည် ညဘက်တွင်သာ ဖွဘုတ်နှင့် ဂျီတော့တွင်ရှိ၏။

အထက်ဖော်ပြပါ သူများသည် ကြောင်ဂိုဏ်း၏ အရေးကြီးသောသူများဖြစ်သည်။ ကြောင်ဂိုဏ်း အဖွဲ့ဝင်များသည် သူတို့ဓာတ်ပုံတင်ပါက ဖဲ့ဖို့ဝန်မလေးကြပေ။ စတေးတပ် အသစ်တွေ့ပါက ဗျင်းဖို့ဝန်မလေးကြချေ။ထူးဆန်းသည်မှာ ဂိုဏ်းသားများအားလုံးမှာ ယောကျာင်္းသားများဖြစ်ကြသည်။မိန်းကလေးများလက်မခံချေ။ဘယ်သူမှလည်း မဝင်ချေ။အောကျောလန်ဂိုဏ်းဖြစ်သည်။ကြောင်ဂိုဏ်းဝင်များသည အလွန်စည်းလုံး၏။။တစ်ယောက် ပို့စ်တင်တာနဲ့ဗျင်းပြီးသားပင်။

နောက်ထပ် အဖွဲ့ဝင်များဖြစ်သော ကြောင်သားချော၊ကြောင်မျိုး၊ကြောင်ယံ၊ကြောင်ရဲမောင်မောင် တို့အကြောင်းကိုလည်း အခန်းဆက်ဖြင့်လာမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မှတ်ချက်။ ။ ပျော်စေချင်သောကြောင့် ရေးသားချင်းဖြစ်သည်။ စိတ်အနှောက်အယှက်ဖြစ်ပါက ကျနော်ဒီနေရာကတောင်းပန်ပါတယ်။

ကိုထွဋ်
၁၅.၀၈.၂၀၁၁



8 comments:

...အနောနိမတ် said...

@@@***$$$$*****&&%%%#@ $$$$####&&&%%%% ***** &&&^^^^%%5% #### @@@ ~~~~ &&& ****** ^^^^^ ##### &&&&&& @@@@@ %%%%%%% $$$ &&& n**** ## ကဲ.... မှတ်ပလား ဟင်...... အာ........ ကတောက်.. အားမရဘူးကွာ @@@%%% &&& *** %%% ##$$ @#$ $#@##$ &%$@##$% &^$%^^&&%$# ##$$#@#$ “မ” ရိုက်ပါစေဗျား။ ဆော်ပါစေဗျား။ နှက်ပါစေဗျား။ ခေါက်ပါစေဗျား။ ကဲ ကဲ... .ကဲ.... :D :D :D

မဒမ်ကိုး said...

ဘုရားဘုရားး
ကြောင်ဂိုဏ်းဆိုပါလား
ဝေါင်ဝေါင်ရှေးမှပဲ

း)

မအိမ်သူ said...

အရင်က ယာကူဇာတို့ မာဖီးယားတို့ဘဲ ကြားဘူးတာ.. ဒီဂိုဏ်းကအဆန်းပါလား။း)

စံပယ်ချို said...

ထူးထူး ဆန်းဆန်း ပါပဲ
ခုမှကြားဖူးတယ်....
ဘယ်သူကစပြီးထွင်လိုက်တာလဲ...
အဖွဲ့ဝင်အသစ်တွေခေါ်ဘူးလား....
လူစုပေးမလို့ပါ.... နောင်တစ်ချိန်ဆိုရင်
သူလဲ ယာကူဇာလို ကမ္ဘာကသိချင်သိလာမှာလေ။
ချမ်းမြေ့ပါစေ။

ညိမ်းနိုင် said...

အနှီးကြောင်ဂိုဏ်းတွင်ကြောင်မျှစ်ဆိုသောမန်ဘာတစ်ဦး
လည်းရှိအိ။အဆိုပါကြောင်မျှစ်သည် အင်မတန်မှ“ မ” ကို
ကြောက်ရအိ၊“မေ”ပးသောဒုက္ခအိုးလေးများဖြစ်သော
ကြောင်မ၃ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ရခြင်းဖြင့်
ကြောင်ဂိုဏ်း၏ဂုဏ်ထူးဆောင်မန်ဘာဟူသောဘွဲ့ကိုရ
ခဲ့အိ၊အရင်က ၄ကောင်ရှိရာ တကောင်ကို မတော်တဆ
တမင်တကာ ဟင်းအိုးထဲ ထည့်ပလိုက်သည်ဟူလို...:))))

မိုးယံ said...

ဟဲ့ ငစည်သူ...(မင်းတြားဂျီး လေသံဖြင့်)

မောင်မင်းတို့ ကြောင်ဂိုဏ်းက ဘယ်လို အမှုကိစ္စမျိုးကို ကိုင်တွယ်ပြီး ငါကိုယ်တော်ရဲ့ တိုင်းပြည်တာဝန်ကို ထမ်းရွက်သလဲကွယ်...

မောင်မင်းလျှောက်တင်ပုံအရဆိုရင်ဖြင့် မောင်မင်းတို့ ဖွဲ့က ဖွတ်ဘိုလ် တို့ ကျင်လည်ရာ ဖဘ မှာ ကြက်စားသတဲ့... မောင်မင်းတို့ ဂိုဏ်ချုပ်ကြီးကလည်း ညည ဆို ထထ လိုက် သတဲ့....

သယ်....ငစည်သူ..ငါကိုယ်တော်မြတ် အမိန့်တော်မှတ်မယ်..နာခံစမ်း

ငစည်သူ --- မှန်လှပါ ရေမြေ့သနင်း အရှင်မင်းကြီး ဖလားးးးးးး(ဖင်ချမ်းသော လေသံဖြင့်)
မြင်းတြားဂျီးးးးးးးးးး--- ... အိမ်း အိမ်း....မောင်မင်းတို့ ကြောင်တောင်တောင် ငမိုက်သားများ ဖွဲ့စည်းထားသော ကြောင်ဂိုဏ်းအား...ကိုယ့်တိုင်းပြည် ကိုယ့်လူ မျိုးအား ကောင်းစားစေးရန် အမှုများ စွမ်းစွမ်းတမံ ဆောင်ရွက်စေရန် ငါကိုယ်တော် အမိန့်တော် ချမှတ်လိုက်သည်။

ငစည်သူ ----- မှန်လှပါ..သင့်မြတ်လှကြောင်းပါ ဖလျားးးးးးးးးးး

အဖြူရောင်နတ်သမီး said...

ကြောင်ဂိုဏ်း လောက်ကတော့ အေးဆေးပါ...
လောက်လေးဂွ ဆောင်ထားတယ်..
လက် တည့် မတည့် သိချင်ရင် ရှေ့ထွက်လာကြည့်လိုက်.. ဆော်ပြီသာမှတ်..အဟတ်..


ပုံ/ အဖြူရောင်နတ်သမီး
:P :D

ချယ်ရီမြေ said...

ကြောင်ဂိုဏ်းပေါ်လာတော့မှာဆိုတော့ ကြွက်တွေ မျက်ခုံးလှုပ်နေတော့မှာပဲ...