04 April 2011

ကားမောင်းသင်နေသည်။

" Jamie, You Push the အုံယာ.."
"What is အုံယာ,, you mean this one..ok i get it"
"Change gear no.1 to 2 "
"@@#$#$#^^%*(!)&$" စသည်ဖြင့် ဆူညံနေတာကတော့ ဒီနေ့မနက် ကားမောင်းသင်ရင်း ပြောနေတဲ့ အသံတွေပါပဲ။


ကျနော်ကလဲ ဒီအသက်အရွယ်သာရောက်လာတယ် ကားကိုတခါမှ မမောင်းဖူးဘူး။ ဆိုင်ကယ်နဲ့စက်ဘီးကို ကျွမ်းပေမဲ့ ကားဆိုတာ ဘယ်လိုစက်နှိုးရတယ်ဆိုတာတောင် မသိဘူး။ ဘာလို့သင်တာလဲဆိုတော့ ဘော့စ်ကရာဇသံပေးထားလို့ပါ။ သင်္ကြန်ပြီးရင် သူကိုကားမောင်းပြရမယ်တဲ့ (သူကျတော့သင်ဝူး :P)။

အဲဒါနဲ့ ဒီနေ့မနက်စသင်တယ်ဆိုပါတော့ သင်တဲ့လူကလဲ ရုံးကဒရိုင်ဘာကိုပဲပြန်သင်ခိုင်းရတာ။ ကားက ကလပ်တွေကော ဂီယာ တစ်၊နှစ်၊သုံးလေးတွေနဲ့ ရှုပ်ယှက်ခပ်နေတာပဲ။ ကျနော်က အော်တိုဂီယာနဲ့ပဲ သင်ဖူးတာ အဲဒီတော့ ခက်တာပေါ့ဗျာ။ ပျော်တော့ပျော်စရာကြီး ဘာသာစကားကလဲမတူ သူကပြောချင်ရာပြော ကျနော်ကမောင်းချင်သလိုမောင်းနဲ့တော့ ဟုတ်နေတာပဲ။ သူက ကလပ်ကိုနင်းဆို ကျနော်က လီဗာကိုနင်းတယ်။ ကားသွားနေတဲ့ပုံကလဲ မြွေတကောင် အရက်မူးနေသလိုပဲ ဟိုရမ်းလိုက် ဒီရမ်းလိုက်နဲ့ ပြီးတော့ ကားကလဲအကြီး မီနီဗမ်ကိုမောင်းရတာ မျက်ကလူးဆန်ပြာပဲ။ ဘုရားကလဲတလိုက်ရတာ အမော သူနဲ့ကိုယ့်ရဲ့ မီးကျိုးမောင်းပျက် အင်္ဂလစ်ရှ် နဲ့ Oh my Buddha ! Oh my Buddha !လို့ရွတ်ရင်းနဲ့နောက်ဆုံးတော့ ထရိန်နင် တရက်ပြီးသွားပါတယ်။နောက်ရက်တွေလည်း ဆက်မသင်ဖြစ်သေးဘူး....အလုပ်များနေတာကြောင့်ပါ။

~~~~~~~~~~~~~~~~~~~~~~@@~~~~~~~~~

အခုလောလောဆယ် ရက်ပိုင်းအတွင်း အလုပ်များနေလို့ ဘလော့မှာ စာလဲမရေးဖြစ်ဘူး ဘလော့လဲမလည်ဖြစ်ဘူး။ သင်္ကြန်ပြီးရင်တော့ ပုံမှန်လိုက်လည်ဖြစ်မှာပါ။
လာလည်တဲ့လူတွေရှိရင်ကျေးဇူးတင်ပါတယ်ဗျာ.

လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၀၄.၂၀၁၁

7 comments:

...အလင်းစက်များ said...

What is အုံယာ ......ဘာတုန်း အုံယာ...... ဟီး....

ကျနော်လဲ ကားမမောင်းတတ်ဘူးဗျ... မြန်မာပြည်တုန်းက သူငယ်ချင်းသင်ပေးတာ အမှတ်ရလို့  အဲ့လိုပဲ... You push the အုံယာ လို့ တော့ သူငယ်ချင်းက မပြောဘူးဗျ... မင်းကလဲ @#@##@ ပဲ...ေ-ာက်သုံးကို မကျဘူးလို့  ခဏခဏ ပြောတယ်ဗျာ...... :)))))))

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ပြိးရင် အတွေ့အကြုံလေး ပြန်မျှပေးပါနော်..
ညီမလေးလဲ သင်ရမှာမို့ (၇) လပိုင်းလောက်...ဆို သင်ရမှာမို့...:P
ကောင်းသောနေ့လေးဖြစ်ပါစေ။

Maung Myo said...

လာခဲ့သင်ပေးမယ် နွားလှည်းကနေ လေယာဉ်ပျံထိ အကုန်မောင်းတတ်တယ်း) ဒါမယ့် ခဏခဏလဲတတ်တယ် ဘာမှဖြစ်ပါဘူး မကြောက်နဲ့း))

Anonymous said...

ကျနော်လည်းမမောင်းတက်ဘူးဗျ...သင်တော့သင်ချင်တယ်
သူများမောင်းတာလိုက်စီးရတာစိတ်မရှည်ဘူးဗျာ...

ကိုထွဋ် said...

ွှအလင်းစက်>>အုံယာ ဆိုတာ ကလပ်ကိုပြောတာဗျ.. :D

အိန်ဂျယ်>>>အော်တိုဂီယာနဲ့သင်ဗျ လူသက်သာတယ်..:)

ကိုမျိုး>>>> လေယာဉ်ပျံတော့ မောင်ချင်ဝူး နွားလှည်းတော့ စိတ်ဝင်စားတယ်..:P

ဦးရဲ>> ဒီမှာလဲ အတူတူပဲ လိပ်နဲ့ပက်ကျိ မောင်းနေသလားမှတ်ရအောင်ကိုနှေးတယ် :P

ခနွဲ said...

ကားတော့ မောင်းကိုမမောင်းတက်တာ။ ဆိုင်ကယ်ပဲ ကျွမ်းတယ်။ သင်တန်းပြီးသွားရင် ပြန်လည်ပို့ချပေးဦးနော်။ e-learning လုပ်ရင်ကောင်းမလားလို့။

ညိမ်းနိုင် said...

ကျွန်တော်လည်းမောင်းတတ်ဘူး...၊ဒီမှာဈေးကြီးလို့ မြန်မာပြည်ပြန်သင်ရမလိုဖြစ်နေတယ်ဗျာ...:((
အုံယာဆိုတာ ကလပ်လား...သိပါဘူး ဂီယာများလားလို့....:)) အသံထွက်တူတာကိုး...ဟိ..။