12 April 2011

ထိုင်ခုံ

ကျနော့်နေတဲ့ နေရာကတော့ ဘာမှထွေထွေထူးထူး မဟုတ်ပါဘူး။ပန်းခြံလေးတစ်ခုထဲက သစ်ပင်လေးတစ်ပင်အောက်မှာပဲ ကျနော်နေတယ်။ ကျနော် ကိုသတိပြုမိတဲ့လူတွေရှိသလို သတိမပြုမိတဲ့လူတွေလဲရှိတယ်။ တချို့တွေက ကျနော်ပေါ်မှာ ထိုင်ပြီး အနားယူကြတယ်။ တချို့ကျတော့လည်း ဆော့ကြတာပေါ့ဗျာ ကလေးတွေကိုး။

ကျနော်ပုံစံကိုပြောရရင် ဆေးရောင်မှိန်မှိန်ပဲ ကျန်တော့တယ်ဗျ။ အရင်တုန်းကတော့ လှတာပေါ့ဗျာ ဆေးရောင်စုံနဲ့လှမှလှ ခင်ဗျားတို့ကို မြင်ဘူးစေချင်တယ်။ ကျနော် ညီအကိုတွေလဲရှိတယ်။ ကျနော်တို့ ရှိတဲ့နေရာကို လူမျိုးပေါင်းစုံ ၊ စရိုက်ပေါင်းစုံ၊ ဘဝပေါင်းစုံလာကြတယ်။

လူတွေဟာ ကျနော်ကိုတွေ့တော့ညောင်းတယ်ဆိုပြီးထိုင်ကြတယ်။ ပြီးတော့ သူတို့ အငြိမ်မနေဘဲ ကျနော်ကို ဖျက်လိုဖျက်စီးလဲ လုပ်သွားကြသေးတယ်။ တချို့တွေက ကျနော်ကို ဓားနဲ့ခြစ်တယ်၊ ဓားနဲ့သူ့နာမည်ထွင်းတယ်။ သမီးရည်းစားတွေက အဆိုးဆုံးပေါ့ဗျာ။ ရန်ဖြစ်ပြီး နှုတ်ခမ်းချင်းလဲကိုက်ကြတယ်။ မဖွယ်မရာတွေလဲ ပြောကြတယ်ဗျာ။ ကျနော်ဖြင့်နားရှက်လိုက်တာ လွန်ပါရော။ ကော်ရက်ရှင်ပန်လေးတွေနဲ့ အသည်းပုံလေးဆွဲ နာမည်ရေးနဲ့ ပျော်နေကြတာပဲ။ ကျနော်မှာတော့ ညစ်ပတ်သွားရတယ်။ တဖက်သားကိုထိခိုက် ပြီးမှပျော်ရမယ်ဆိုရင် တရားပါ့မလား။

ကျနော်က ထိုင်ခုံတလုံးပဲ။ ဒီနေ့အထိ ကျနော်အပေါ်မှာ ထိုင်သွားခဲ့တဲ့လူတွေအများကြီးပဲ။ လူတန်းစားပေါင်းစုံ အဆင့်အတန်းပေါင်းစုံပဲ ဒါပေမဲ့ အားလုံးအတွက် တူညီတဲ့ရလဒ်က တခုတည်းပဲ။ အဲဒါက ဒီမှာ သူတို့ထိုင်ပြီး အချိန်တန်ရင် သူတို့ထွက်သွားကြရမှာပဲ။ အဲဒါနဲ့များ တချို့လူတွေဟာ ဘာဖြစ်လို့ ဒီထိုင်ခုံက လွဲရင်မထိုင်ဘူး ဆိုပြီးဘာလို့ဖြစ်နေကြပါလိမ့် လို့ကျနော်တွေးနေမိတယ်။

ထိုင်ခုံတစ်လုံးအတွက်တော့ သူအပေါ်မှာထိုင်မဲ့သူကို  ရွေးချယ်ခွင့်မရှိပါဘူး။ သူအပေါ်မှာ ထိုင်တဲ့လူက လူကြီးလူကောင်းယောင်ဆောင်ထားတဲ့ သူခိုးလဲဖြစ်မယ်။ ဖြောင့်မတ်မှန်ကန်တဲ့ လုတစ်ယောက်လဲ ဖြစ်မယ်။ ဘာတွေပဲဖြစ်နေပါစေ ကျနော် အတွက်တော့ ရွေးချယ်စရာမရှိပါဘူး။

ဟော...ပြောရင်းနဲ့ မိုးတောင်ချုပ်လာပြီ။ မီးရောင်မှိန်မှိန်လေး ထဲမှာ ကျနော်တစ်ယောက်တည်းကျန်ခဲ့ရတော့မယ်။ လူတစ်ယောက်မှလဲမရှိတော့ဘူး။ ဖြစ်နိုင်ရင်တော့ လူတစ်ယောက်လောက်တော့လာစေချင်တယ် ကျနော့်အတွက် စကားပြောဖော်အဖြစ်နဲ့ပေါ့..

ဒါပေမဲ့ဘယ်မှာလဲ..................................................

ကျနော်တို့ နိုင်ငံမှာရှိတဲ့ အမြင့်ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့လူက လူသား(မြန်မာ)တွေအတွက် အကျိုးပြုပါစေလို့ဆုတောင်ရင်း.....

လေးစားစွာဖြင့်
ကိုထွဋ်
၁၂.၀၄.၂၀၁၁

3 comments:

Angelhlaing(May everybody be happy and healthy! said...

အတွေးတွေနဲ့ ချာချာလည် သွားတယ်အကို...:D
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

ညိမ်းနိုင် said...

ကဲပါဗျာ......စကားပြောဖော်လိုချင်တယ်ဆိုရင်လည်း ကျွန်တော်လာထိုင်ပေးမယ်...:)))

gohang said...

Great post

Jasa Pembuatan Booth Pameran
Vendor Booth Pameran
Kontraktor Booth Pameran
Jasa Pembuatan Booth