24 February 2011

သူနဲ့ကျနော်

ကျနော်နဲ့ သူနဲ့ တွေ့ခဲ့ကြတာ ငါးလလောက် ရှိပြီးပေါ့။ သူက ကျနော်ကို မျက်စိအောက်ကအပျောက်မခံ နိုင်လောက်အောင် ကိုချစ်တယ်။ ကျနော်လဲသူ့ ကိုအရမ်းချစ်တယ်.. ဒါပေမဲ့ ကံကြမ္မာဆိုးက ကျနော် တို့ကြားကိုဝင်လာတယ်ဗျ။ အဲဒါက သူကောင်လေးတစ်ယောက် နဲ့ အသွားအလာ များနေတယ်ဆိုတာပဲ ဒါပေမဲ့လည်း ကျနော်နားမှာတော့ အရင်လိုနေတုန်းပဲဗျ...နောက်တလလောက် ကြာတော့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြတယ်ဗျ.... 


ကျနော်အရမ်းခံစားရတယ်ဗျာ..ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ဖြစ်ပြီးသွားပြီပဲဗျာ..ပြဿနာကအဲဒီမှာ စတာဗျ...
ဟိုကောင်လေးနဲ့ ကလဲတွဲနေတယ်...ကျနော်ကိုလဲ မဖြတ်ဘူးဗျာ..ခံစားရတယ်ဗျာ...ကျနော်ကလဲ အရမ်းချစ်တော့ သူ့နားမှာရှိနေရရင်ကိုကျေနပ်မိတယ်ဗျာ.....နောက်ဆုံးတော့ ကျနော်မခံစားနိုင်တော့လို့သူ့နားကထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်...ကျနော် မမှားပါဘူးနော်... မမှားပါဘူးနော်....ရင်ထဲမှာ နာကျင်စွာ ခံစားရပေမဲ့ ကျနော် ထွက်သွားမိတယ်ဗျာ...


အချစ်ဆိုတာ ပိုင်ဆိုင်ရယူ ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မဟုတ်ပါဘူး...အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ် ဆိုတဲ့ သူတနေ့တော့ သိလာမှာပါ။ ငါ့အတွက် ကတော့ မင်း ငါ့ကိုချစ်ခဲ့ဖူးတယ် ဆိုတဲ့အသိကပျော်ရွှင်စေမှာပါ။။


ညနေခင်း တခုမှာ ကျနော်ထွက်လာခဲ့တယ်...အဲဒီနောက်ပိုင်း ကျနော်သူ့အကြောင်း ဘာမှမကြားရတော့ဘူး...အချိန်တွေ နှစ်လ ကြာသွားတယ်...ကျနော် အရမ်းလွမ်းတယ်ဗျာ...နှစ်လအတွင်းမှာ ဘာမှမလုပ်နိုင်ခဲ့ဘူး.....လွမ်းနေတာနဲ့တင် အချိန်ကုန်ခဲ့တယ်....
ဒီနေ့တော့ ကျနော်သူ့ကိုအလွမ်းပြေ သွားကြည့်မိတယ်....သူကအရမ်းလှလာတယ် ဘေးမှာတော့ သူကောင်လေးပါစမြဲပဲပေါ့...... ဒါနဲ့ပဲ လှည့်ထွက်ဖို့အလုပ် မှာ သူ့ သူငယ်ချင်းတစ်ယောက် က ကျနော်ကို တွေ့ပြီး အတင်းဆွဲ ခေါ်သွားတယ်... ကျနော်ရုန်းပေ မဲ့ အချဉ်းနှီးပါပဲ ဗျာ...


ကျနော်ကိုတွေ့တော့ သူအရမ်းပျော်သွားပြီး ကျနော် ကိုဖက်ထားတယ်ဗျာ ..ရင်ထဲမှာနွေးနေတာပဲ..ရင်လဲအရမ်းခုန်တယ်ဗျ......
အဲဒီ အချိန်မှာ သူ့ကောင်လေး က အနားလာပြီး သူ့ကိုပြန်တွေ့ရတာ ဝမ်းသာပါတယ် ဆိုပြီး အိမ်ကိုလိုက် ပို့ပေးပါတယ်....ရေမိုးချိုး ပြီးတော့ ကျနော်သုံးယောက် Shoping Mall ကိုသွားပြီးတော့ ကျနော်အတွက်လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ် ကြပါတယ်....သူက နောက်တခါကျရင် ထွက်မသွားနဲ့တော့ နော် တဲ့။ကျနော်ကလည်း မသွားတော့ပါဘူး လို့ကတိပေးလိုက်တယ်။ သူ့ကောင်လေးက နောက်တခါ သူထွက်မသွားအောင်လုပ် ဖို့ကတနည်း ရှိတယ်..အဲဒါက သူ့အတွက် ခွေးမလေးတစ်ကောင်ဝယ်ပေးရမယ်တဲ့....သူကလည်းဟုတ်တယ် ဆိုပြီး ထောက်ခံလိုက်ပါတယ်..


ကျနော် ကတော့ သူ့ကို ကျနော်ရဲ့ သခင်မ အဖြစ် နဲ့ ချစ် ပြီး ကျနော်အတွက် ဝယ်လာမဲ့ခွေးမလေးကို အိမ်သူ သက်ထား ဇနီး မယား အဖြစ် နဲ့ပဲချစ်လိုက်တော့မယ်ဗျာ..ဘဝချင်းမှ မတူဗျာ...




အော်..မေ့လို့..ကျနော်က Lasy ဆိုတဲ့ ချစ်စရာ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်ဗျာ...



ကိုထွဋ်

၂၄.၀၁.၁၁



6 comments:

မိုးယံ said...

အော်... လတ်စသတ်တော့ လက်စသတ်ကိုး... ငါ့နှယ် အပီအပြင်လွမ်းနေတာ..

တော်တော်လဲတော်တဲ့ ကိုထွဋ်ရယ်... လိုရမလို ရယ်ရမလို ကို ဖြစ်လို့.. လူဇိုး။

ညိမ်းနိုင် said...

အဲ....ခွေးကလေးလား....၊လွမ်းတာလေးတောင်...ဘာဖစ်သွားမှန်းမသိတော့ဘူး....:)

Maung Myo said...

ရေးတတ်ပါ့ သူများမတွေးရဲ့ ရှု့ထောင့်ကနေး)


Word verification ကြီးရေးရတာ ပျင်းတယ် အဆင်ပြေမယ်ဆိုရင် ဖြုတ်ပေးပါလား ။

ကိုထွဋ် said...

ဖြုတ်လိုက်ပြီဗျာ....

အိမ်မက်စေရာ said...

ပို့စ်လေး သဘောကျလိုက်တာdream က ခွေးချစ်လွန်းလို့ ဒါလေးဖတ်ပြီးသဘောကျလို့ကို မဆုံးဘူး..ဟုတ်တယ် သိလား..ခွေးလေးတွေက သဝန်တိုတက်တယ် သူတို့မှာလဲ ခံစားချက်လေးတွေရှိတယ်..

Crystal said...

သခင်မလေးကို တွယ်တာတဲ့ သတ္တဝါလေးတစ်ကောင်ရဲ့ ခံစားမှုကလေးပါ။
(မျက်ရှေ့တောင်လည်တွားတယ်)