08 February 2011

ဟိုအကြောင်း...ဒီအကြောင်း

ဘလော့မှာ စာမရေးဖြစ်တာ လဲကြာပြီ။ ခေါင်းကိုက်နေတာကော အလုပ်များနေတာကော ပါတာပေါ့ ။
ဘာဆေးသောက်ရမှန်းလဲမသိဘူး။။အလုပ်ကတော့ ၂၅ ရက်နေ့မှာ အဖွဲ့၁ဖွဲ့ ရှိတယ်တဲ့ VIPတွေတဲ့ ၊ တေချင်တော့တာပဲ။

ဒါပေမဲ့ အခု တလော ဝမ်းသာစရာ သတင်းကတော့ MAI က Cambodia နဲ့ မြန်မာကို တိုက်ရိုက်ပျံမှာ ဆိုတော့ ပိုက်ဆံကုန်သက်သာ လာတာပေါ့။ အရင်က ဘန်ကောက် Airway နဲ့ပြန်ရတာ Round Trip ကို ၄၀၀ ကျော်တယ်လေ။ MAI က ၁၈၀ လောက်ပဲကျမှာ ။  ၆လတခါလောက် ပြန်လို့ရပီ ခွင့်ရရင်ပြောပါတယ်။

အကိုတို့ အမတို့ အန်ကောဝပ် ကိုလာလည် ချင်ရင်ပြောနော် ။ ကျနော်  စီစဉ်ပေးမယ် :D (ကြော်ညာဝင်တာလေ) ။

ခေါ်မဲ့သာခေါ်ရ တာပါ။ ဟိုတစ်နေ့ ကထိုင်း-ကမ်ဘောဒီးယား နယ်စပ်မှာ ဆော်လိုက်ကြတာ အကြီးအကျယ်ပဲ။ အဲဒီမှာ သူတို့လုနေ တဲ့ ဘုရားကျောင်းရှိတယ်လေ။  Preah Vihear ပရက်ဗီိဟီးရား လို့ခေါ်တယ်။





ဒါပေမဲ့ အန်ကောဝပ် နဲ့တော့ ဝေးပါတယ်။  အန်ကောဝပ်၊ ဘိုင်ယွန်၊ တပရွမ် စတဲ့ Temple အားလုံးဟာ အံ့သြဖွယ်ရာပါပဲ ။ ဒါပေမဲ့ ကျနော် တို့တိုင်းပြည်က ပုဂံ လောက်တော့မကောင်းပါဘူး။ သူတို့ရဲ့ Temple အားလုံးရဲ့ အကျယ်အဝန်း က ပုဂံကိုတော့ မမှီပါဘူးဗျာ။ ဒါပေမဲ့ UNESCO ကအသိအမှတ်ပြုတော့လည်း နိုင်ငံခြားသားတွေလည်း သိပြီးလာလည်ကြတာပေါ့ဗျာ....

နောက်နေ့မှ Cambodia အကြောင်းဆက်ရေးမယ်ဗျာ။

ရွှင်လန်းချမ်းမြေ့ပါစေ။

ကိုထွဋ်

 ၀၈.၀၂.၂၀၁၁


No comments: