15 February 2011

ရယ်စေချင်လို့ပါ။

ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး
တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကိုစားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ"ဟူတည်း။

ဘယ်သူကခွေးလဲ

ပီတာတို့ မိသားစု ညစာစားနေကြသည်။ သုံးဦးစလုံး ငြိမ်သက်စွာ စားနေကြသည်။
ရုတ်တရက် ပီတာ့အမေက ပြောသည်။
" သား အရိုးကို ကိုက်မနေနဲ့လေ၊ သားဟာ ခွေးမဟုတ်ဘူးကွဲ့၊ ဖေဖေ့ကို ပေးလိုက်"
 

အိမ်ထောင်ဆိုတာ။

သာဓု – “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု – “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု – “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု – “မိန်းမဆိုတာဘာလဲ”
ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သတိပေးဆိုင်းပုဒ်

အဝေးပြေးကားလမ်းဘေးတွင် ထောင်ထားသော ဆိုင်းဘုတ်။
"ဖြည်းဖြည်းမောင်း ရှေ့မှာ သချိင်္ုင်း "

ခဏစောင့်ပါ။

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”


သစ်ယာအိုက်ဆီက ဟာသ လေးတွေပါ။ နှစ်သက်မိလို့ ရှယ်လိုက်တာပါ။

လေးစားစွာဖြင့်
ကိုထွဋ်
၁၅.၀၂.၂၀၁၁

2 comments:

ချမ်းလင်းနေ said...

သတိပေးဆိုင်းပုဒ် သဘောကျဆုံးပဲ။ လိုရင်းနဲ့ တိုရှင်းလို့။ အားလုံးရီရတယ်။

Anonymous said...

ဘယ်သူကခွေးလဲ....ဟဟဟ