23 May 2012

ကျနော့်ရဲ့ ပြတင်းပေါက်လေး

ကျနော့်ရဲ့ ပြတင်းပေါက်လေး
ဟုတ်တယ် ကျနော့်နေတဲ့ အခန်းမှာ ပြတင်းပေါက်လေးတစ်ခုရှိတယ်.
ကျနော်နေတဲ့ အခန်းဆိုတော့ လောလောဆယ် ကျနော်ပိုင်တာပေါ့နော်..

ပြန်ရောက်လာတိုင်းကျနော် အရင်ဆုံးလုပ်မိတာကတော့ ဖယောင်းတိုင်ကိုထုတ် မီးခြစ်ခြစ်ရတာပါပဲ။
အလုပ်က ပြန်လာတိုင်း မီးကပျက်နေတယ်လေ။
နောက်တော့ ဘတ်ထရီကုန်နေတဲ့ အိုင်ပတ် ၂ ကို စားပွဲပေါ်တင်.. အိုင်ဖုန်း ၄အက်စ် ကိုလဲ စားပွဲပေါ်မှာတင်ပီး ပြတင်းပေါက်လေးကို ဖွင့်လိုက်တယ်.. ပီးတော့ ရေချိုးခန်းကိုသွား လက်ဆေး ခြေဆေးပီး ပြတင်းပေါက်နားမှာ ခုံတစ်လုံး ယူထိုင်ပီး ငေးကြည့်နေလိုက်တယ်။

ထိုအချိန်မှာပဲ အတွေးထဲကို ဝင်လာတာ တစ်နေ့တာ ပင်ပန်းတာတွေ၊ရန်ဖြစ်ရတာတွေ ပျော်ရွှင်ကြည်နှုးရတာတွေပေါ့။ အဲဒါတွေကိုထွက်သွားဖို့ သက်ပြင်းလေးကို အနားမှာ ဘယ်သူမှမရှိပေမဲ့ ခိုးချရင်း ဘောင်ခတ်ထားတဲ့ ပြတင်းပေါက်ကို ကျော်ပီး လောကကြီးကိုကြည့်လိုက်မိတယ်။

ပြတင်းပေါက်ကနေလှမ်းကြည့်ရင် တွေ့ရတာက အိမ်လေးတွေပဲ။ တချို့အိမ်တွေက မီးပျက်နေပေမဲ့လဲ အင်ဗာတာလေးတွေနဲ့ ဆိုတော့ မှိတ်တုတ်မှိတ်တုတ် လေးတွေတော့ လင်းနေတယ်။ တချို့ကျတော့ လဲ ဖယောင်းတိုင်လေးတွေနဲ့ပေါ့။ အဲလိုနဲ့လိုက်ကြည့်ရင်း အနားမှာ၇ှိတဲ့ ဘီယာဆိုင်ကို ကြည့်မိတော့။
သူတို့လောက ကတော့ ဆူညံနေလေရဲ့။ နီနီ ဝါဝါ ပြာပြာ မီးရောင်စုံတွေရဲ့အောက်မှာ လှနေတဲ့ မိန်းမလေးတွေရယ် အဆီပျံနေတဲ့မျက်နှာတွေရယ်ကိုတွေ့ရမယ်လို့ စိတ်ကူးပုံဖော်နေမိတယ်။

အဲဒီ အချိန်မှာ သူနားထဲကြားလိုက်ရတာက ရယ်သံလေးတွေ ...ဒီရယ်သံတွေကို သူ မှတ်မှတ်ထင်ထင်ရှိနေခဲ့တယ်။ ရင်းလဲ ရင်းနှီးတယ်။ တချိန်တည်းမှာပဲ သူသတိရမိတာက ဖန်ခွက်တစ်လုံးနဲ့အဖော်ပြုနေတဲ့ သူ့ပုံရိပ်တွေ နံရံကို ကျောမီရင်း အိုင်ဖုန်းနဲ့ ဂိမ်းဆော့နေတဲ့ သူ့ပုံရိပ်တွေ ကို ပြန်မြင်ယောင်လာတယ်။

ဒီနေ့လည်းကျနော် အလုပ်က ပြန်လာတယ်. သူငယ်ချင်းတစ်ယောက်နဲ့ ဘီယာဆိုင် အသစ်အကြောင်းပြောရင်းနဲ့ပေါ့။ပျော်လို့ ရီလို့ မောလို့ပေါ့
အိမ်ပြန်ရောက်တယ်.. ဖယောင်းတိုင်ထွန်းတယ်.. အိုင်ပတ်တွေ အိုင်ဖုန်းတွေကို စားပွဲပေါ်တင်တယ်။ ပြတင်းပေါက်ဖွင့်တယ်။
ဘီယာဆိုင်ကိုငေးကြည့်တယ်။
တချိန်တည်းမှာပဲ တစ်ခုခုကို ဆာလောင်နေတဲ့ အသံကို ပြန်ကြားရတယ်။
နှုတ်ခမ်းကို လျှာနဲ့သပ်မိတယ်။
လမင်းကိုရှာကြည့်တော့ မတွေ့ လမိုက်ရက်ထင်ပါရဲ့..
မီးပြာပြာ နီနီ တွေကို လှမ်းကြည့်မိတယ်.
ဘီယာခွက် ကိုင်ထားပီး မခို့တခို့ရပ်နေတဲ့ ကောင်မလေး ပိုစတာကို လှမ်းကြည့်မိတယ်။

တစ်ယောက်ယောက်က ပြောတဲ့အသံတစ်ခုကြားလိုက်တယ်။
တိုးညှင်းလွန်းနေပေမဲ့ ကျနော် ဘာပြောလဲ ဆိုတာကောင်းကောင်းသိတယ်။
ဘယ်သူမှလဲ အနားမှာ မရှိဘူး ဘယ်သူပြောမှန်းလဲ မသိဘူး။
ဘယ်နေရာက ပြောမှန်းလဲ မသိဘူး
ဒါပေမဲ့ တစ်ယောက်ယောက်ပြောလိုက်တယ် ကျနော်ကြားလိုက်တယ်။

ပြတင်းပေါက်ကို ပိတ်တယ်. အိုင်ဖုန်းကို ယူတယ်။
အပြင်သွားဖို့ပြင်တယ် တံခါးကို လော့ချတယ်။

အဲဒီအချိန်မှာပဲ ခုနက စကားကို ထပ်ကြားလိုက်တယ်။
အဲဒါက
"မင်း ဘီယာသွားသောက် သင့်ပီတဲ့". နှုတ်ခမ်းကို သပ် ..လေးကိုင်းသဏ္ဍန် ကွေးညွှတ်ပီး
ဟုတ်တာပေါ့လို့ ကိုယ့်ကိုကိုယ်ပြောမိတယ်။

 တချိန်တည်းမှာပဲ ကြားလိုက်ရတာက" ဟေး" ဆိုတဲ့ အသံကြီးပဲ

အော် မီးလည်း ပြန်လာပီကိုး...
ကျနော်လည်း လေလေးချွန်ပီး အိမ်နားမှာ ရှိတဲ့ ဘီယာဆိုင်ကို ထွက်လာလိုက်ပါတော့တယ်။

လေးစားစွာဖြင့်
စီအိုင်အေ ငထွဋ်

ပီ အက်စ်။   ။ ဘလော့ဂါတစ်ယောက်ရဲ့ပို့စ်ကို မှီညမ်း၍ ပေါက်ကရလုပ်ထားသည်။

17 comments:

ကကလ said...

တစ်အိုင်ထဲ အိုင်နေတဲ့ အိုင် အိုင် အိုင်တွေက လွဲလို့  ကျန်တာ လွတ်စေ။ အိုင်တွေ အကုန် ဆင်ဆာဖြတ်။ အေးရောလား။

Candy said...

စီအိုင်အေရဲ့ပိုစ့်ကိုတောင် ကော်ပီရဲတယ် ကြည့်စမ်း ကြည့်စမ်းးး ဒင်းတော့.. :P :P :P

Cameron said...

မျှစ်လူဇိုးပဲ...မြန်ထှာ ကော်ပီကူးတာ မနက်ကမှ အဲဒီအော်ရီဂျင်ပို့စ်ကိုသွားမန့်လာတာ..။

မဒမ်ကိုး said...

ဖျားဖျား သူမို့ပုံဒူ ကူးရဲဒယ် အံရော အံရောအေး)))

ငါလဲ ကျမရဲ့ဇလုံလေးလုပ်လိုက်ရမလားဟွင်းးဟွင်းး

ငါ့သမီးမြင်လို့ကတော့ကွာာာာာာ


လေဒီဂျာရစ်

မြစ် said...

မိုက်လဒယ်ကွယ်

မြစ် said...

ဟင်..ဂယ်ပဲ..မဒိုးကမ်ကိုခိုးထားတာလားေိေိ

လွင်ပြင်လှိုင်းငယ် said...

အားပေးဖတ်ရှု့သွားပါတယ်....

ညိမ်းနိုင် said...

ရင်ကိုထိသောစာလေးတစ်ပုဒ်ပါလား.....အသဲနှစ်လုံး
တွေတောင် လှပ်လှပ်လှပ်လှပ်ဖစ်သွားတယ်..ရင်ကို
ထိသွားလို့....၊ထိဆို ဘီဘီဆိုင်ပါသကိုးးးးးးးးး:))))

စီအိုင်အေ ပစ်ပစ် said...

ကထွတ်...အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

သများလည်းရင်တွေ တလှပ်လှပ်တုန်လာပြီနော်
ဟင်းးဟင်းးးဟင်းးးး
ဒိုင်းညှောင့် ဒိုင်းညှောင့် ဒိုင်းညှောင့်

ဝုန်းးးး
(နူးကလီးယားဗုံးတလုံးပါချသွားသည် )

ဟန်ကြည် said...

ဒါကြောင့်စဉ်းစားနေတာ ဒီခေါင်းစဉ်မျိုးမြင်ဖူးပါတယ် လို့...အိုင်ပက်လည်းပြောသေး ဖယောင်းတိုင်လည်းထွန်းသေးဆိုတော့ ဘယ့်နှာပါလိမ့်လို့လည်း စဉ်းစားမိသေးသဗျား...

အင်း လောလောဆယ်ကလည်း ဖယောင်းတိုင်ထွန်းပြကြတာက ခေတ်စားနေသကိုး...ဦးဟန်ကြည်တို့တော့ ထွန်းရဲပေါင်...တော်ကြာ မလေးမခန့်လုပ်တယ်ဆိုပြီး ဆွဲနေမှ...ရိုးရာနည်းအတိုင်း ရေနံဆီမီးခွက်လေးများ ထွန်းပြရရင်ကောင်းမလားလို့...

ကိုရင် said...

အု.. ...
ဂွတ်ဂျော့ :D

မျှစ် said...

ဆာဟန်.. အိုင်ပတ်က ရှိကြောင်းကြွားတာ..

ဖယောင်းတိုင်က မီးပျက်နေလို့ထွန်းထားရတာ..

အင်ဗာတာ မဝယ်.. မီးစက် မရှိတဲ့ အိုင်လူသားကြီးပေါ့ဗျာ... :D :D

Anonymous said...

ကော်ပီလို့ ပြောကြတာ..
မူရင်းတောင် သွားမဖတ်ရသေးဘူး..
ဒါကို ဖတ်ရင်းနဲ့ကို ကြိုက်သွားတာ...စိတ်ကူးထဲ အိမ်မက်လဲ ပြတင်းပေါက်အကြောင်းရေးချင်စိတ် ပေါက်သွားတယ်...
အိမ်မက်စေရာ

ညီရဲ said...

ညီထွဋ်ကတော့ လုပ်ချလိုက်ပြီဟေ့... ငါ့သူငယ်ချင်း ပစ်ပစ်ရဲ့ ဝရန်တာလေးတော့ သွားပါပြီ...

မောင်သီဟ said...

ကော်ဖီကြိုက်ပြီး ကော်ပီမကြိုက်တဲ့သူ လာဖတ်ရင်း
ပစ်ပစ်အစား တရားစွဲလိုက်မယ်နော် ဟွင်းဟွင်း
ပစ်ပစ်ကို သွားအဖော်စပ်အုံးမယ်
ကတွက်ဆွဲ အဲ စွဲကြစို့လို့လေး)း)

Anonymous said...

တော်လိုက်တာကျွန်တော်လဲတွက်ကြည့် လိုက်ပါအုန်း

မိုးဇက် said...

အဟီး
ဖတ်ရတာ တစ်ခုခုအဓိပ္ပါယ်ရှိသလိုတော့ ထင်နေတာ စဖတ်ခါစက ၊ တစ်ခုခုပဲလို့ .....
ဘယ်ဟုတ်မလဲ ပီးမှသိတယ်
ကော်ပီ ......းP