04 May 2012

မျှစ်နှင့်ဖေ့ဘုတ် ဖန်ပေ့

ကျနော်လဲ ပျင်းတာက တစ်ကြောင်း ကုန်ကြမ်းမရတာကတစ်ကြောင်းကြောင့် စာတွေမရေးဖြစ်ဘူး။ နောက်တစ်ချက်က ဖဘမှာပျော်မွေ့နေတာလဲ ပါတာပေါ့လေ။ အခုတော့ ကျနော့်ရဲ့ စာဖတ်ပရိတ်သတ် တွေကို ပို၍နီးကပ်လာစေရန် ဖေ့ဘုတ် ဖန်ပေ့ဂ်ျ ထောင်ဖို့ကြိုးစားနေပါတယ်။ဖန်ပေ့ဂ်ျထောင်ရခြင်းမှာ နာမည်ကြီးလိုစိတ်အလျင်းမရှိဘဲ ပရိသတ်နှင့်ပိုမို နီးကပ်စေရန်ဖြစ်သည်။

ဖေ့ဘုတ်ဖန်ပေ့ ထောင်ခြင်းအားဖြင့် ပရိသတ်နဲ့ကျနုပ်ပို၍နီးကပ်လာမယ်လို့ လဲ ယုံကြည်မိပါတယ်။ စာဖတ်သူများသိကြတဲ့အတိုင်း ကျနော်သည် ရသ စာပေများရေးသူမဟုတ်သောကြောင့် ကျနော့်၏ ဖန်ပေ့တွင် ရသ၊ကဗျာ၊စသည့် တန်ဖိုးရှိသောစာများလုံးဝ လုံးဝ တင်မည် မဟုတ်ဘဲ ..ပေါက်ကရလေးဆယ် စာများ ဒါ့ပုံများ သည်းခြေကြိုက် ရေငတ်စေသောပုံများတင်မည်ဖြစ်သည်။

ပေါက်ကရ ဝတ်ထုများကိုလည်း တင်ပေးမည်ဖြစ်သည်။။ ကျနော်အခုလက်ရှိရေးသားနေသော “မျှစ်တို့၏မာယာ” ဝတ်ထုရှည်ကြီးအားလည်း လက်စသတ်၍ ဖဘတွင် တင်ပြမည်ဖြစ်သည်။ နောက်တစ်ချက်မှာ ကျနော့် ဖန့်ပေ့လေးအား ပထမဆုံး မန်ဘာဖြစ်မဲ့ ခုနှစ်ယောက်ကို အိမ်ကကြောင်မများ ကမြင်း၍မွေးထားသော် ကြောင် ခုနှစ်ကောင်အား အမေ၇ိကန်စစ်စတမ် (ကွကို ပိုက်ဆံရှင်း)စနစ်ဖြင့် အိမ်တိုင်ယာရောက်ပို့ပေးပါမယ်။

ကြောင်မလိုချင်သောသူများကိုလည်း လူကြုံရှိပါက လက်ဆောင်ပစ္စည်းများထည့်ပေးမည်ဖြစ်ပီး ကုန်ကျစ၇ိတ်ကို ပြန်လည်ပို့ပေးရမည်ဖြစ်ပါသည်။ :D

သို့သော ဖန်ပေ့ထောင်ရခြင်းကြောင့် ဘလော့နှင့်လဲ ဝေးကွာမည်မဟုတ်ဘဲ ဆက်လက်ရေးသားသွားမည်ဖြစ်ကြောင်း ပရိသတ်ကို အသိပေးအပ်ပါသည်။

လောလောဆယ် ကျနော့်ရဲ့ဖန်ပေ့လေးကို ဘလော့ဂါ စာဖတ်ပရိသတ်များကို နာမည်လေးရွေးပေးစေချင်ပါတယ်။လောလောဆယ် ကျနော်စဉ်းစားထားသော နာမည်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁) မျှစ်ချိုးဟင်း
၂) မျောလွင့်မျှစ်တို့နားခိုရာ
၃) အမှောင်ထုထဲက မျှစ်ချဉ်များ
၎) မဒမ်မျှစ်
၅) My မျှစ်ချဉ်
၆) အမှတ်တရမျှစ်ချဉ်များ။
၇) ကိုမျှစ်(357)
၈) မျှစ်ချဉ်၏ အတွေးပုံရိမ်များ
၉) မျှစ်တံချို
၁၀) ကိုကိုမျှစ်(မျှစ်ရနံ)

ပရိသတ်ကြီးများထဲက စဉ်းစားမိသောနာမည်လေးများရှိရင်လဲ မန့်သွားကြပါဦးလို့ မစ်တာ ရပ်ခံအပ်ပါဒယ်။

ကျနော့်အား နဲနဲချစ်သော၊ချစ်သော၊အများကြီးချစ်သော ပိုးစိုးနဲ့ပက်စက် ချစ်သောပရိသတ်အားလုံးလဲ ကျန်းမာကြပါစေ။

(ဘလော့နာမည်များအား ယူသုံးထားပါသည်။ခွင့်မတောင်းမိသည့်အတွက် ခွှင့်လွှတ်စေချင်ပါသညါ)

လေးစားစွာဖြင့်
မျှစ်ဝေယံ





16 comments:

...အလင်းစက်များ said...

ကွန်မန့် မှာ တူနဲ့  လာထုလို့ ရရင်သိပ်ကောင်းမှာပဲ ... ကိုရင်မျှစ် မပါဘူးလား :P

Candy said...

ပရိတ်သတ်နဲ့ ပိုနီးမနီးတော့ မသိဘူး.. နင်စားတာတွေ ပေါတာတွေ အကုန်ပေါ်ကုန်မှာတော့ သေချာတယ် ဟိဟိဟိ.. မျှစ်ချဉ် လို့ပေးဟာ.. ပြီးရော ဟိဟိ

ညိမ်းနိုင် said...

မျှစ်ရနံ့သင်းပျံနေသော မျှစ်မိုးအောက်က မျှစ်ချိုးသူ့
မျှစ်လွင်ပြင် ဆိုရင်မကောင်းဘူးလားဟေ......

ဆလူး said...

ဝက်သားနဲ့မျှစ်ချဉ်ကျန်ခဲ့တယ် ငမျှစ်

ကိုရင် said...

ဖေ့ဘွတ်စတား နှင့် အွန်လိုင်း အဂ္ဂမဟာဘလော်ဂါ မျှစ်လထွဋ်..

khin oo may said...

Like

မဒမ်ကိုး said...

မျှစ်စေတန်လို့ပေးလိုက်ပါလား

AH said...

မျောလွင့်နေတဲ့ အမှောင်ထုထဲက အတွေးပုံရိပ်တို့၏ အမှတ်တရ my ရနံ ချိုးဟင်း တံချို မဒမ် 367 မျှစ်ချဉ်... ဒါဆို အားလုံးလဲပါ၊ ပွဲလဲပြတ်..

ခရစ္စတလ် said...

“ဗြောင်းဗြောင်းထ မျှစ်”

နေ၀သန် said...

:P.. လောလောဆယ် မျှစ်ချဉ်ဝက်သားဟင်းစားပြီး လေထလွန်းလို့ မျှစ်ဆို အသံတောင်မကြားချင်ဘူး.. :P.. ဟီးဟီးဟီး..

ခင်မင်လျက်
နေ၀သန်

Anonymous said...

မျှစ်ဆိုတဲ့အမျိုးက
စားလို့သာကောင်းတာ
စားပြီးရင်အားကြီးပူတာကလား
ဓိပ္ပာယ်တူနံမယ်လေးဘဲပေးပါအေ
တခြားဟာပေါ့း)))

ဟန်ကြည် said...

စိတ်မသက်သာဖွယ် ... သြော် နှိပ်စက်ကြသည်မို့လည်း ... ဒီဖန်ပေ့မျိုး မတွေ့ပါရစေနဲ့ကွယ်...

ဘာရယ်မဟုတ်ဘူး...သီချင်းညည်းသွားတာ...သူ့ဖန်ပေ့ရဲ့ ထိပ်စည်းမှာ ရေခဲသေတ္တာတစ်လုံးလောက်တော့ ထားသင့်တယ်...မျှစ်တွေ အနှီလောက်များနေမှဖြင့် အတော်ရင်ပူမယ့်ကိစ္စပဲကိုး...

Mrs. Bagel said...

မျှစ် ( ဝက်ဆီလွင်ပြင်) :P

မယ့်ကိုး said...

ရယ်ရတယ် :D ... My မျှစ်ချဉ် က ကောင်းမလားမသိဘူးနော်။ အစားအသောက်ထင်ပြီး like မယ့်သူတွေလည်း များလောက်တယ် :P

့စကားမစပ် ဆေးညွှန်းတဲ့အတွက် ကျေးဇူးပါ။ ဒီထက် ဝ လာရင်တော့ ကျွန်မ သောက်ဖို့ စဉ်းစားပါ့မယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် သိပ်မဝသေးဘူး ထင်တာမို့ ... :P ...
အားကစားလုပ်ဖို့ ကြိုးစားပါ့မယ်။ ကျေးဇူးအထူးပါရှင်း)

စီအိုင်အေ ပစ်ပစ် said...

ဟင်းဟင်းဟင်းး
ခံစားမှု့မျှစ်သံစဉ်လို့ပေးလိုက်ပါလား

မိုးဇက် said...

ဟားဟားဟား ...........
ရည်ရတာ အူကိုနာလို့
ပေ့နာမည်ပေးမယ့် နမူနာနာမည်တွေ
ဟီးဟီး
ခွီးခွီး