27 March 2012

ဂျင်မ် နှင့်မျှစ်

အကျနုပ်မောင်မျှစ်သည် တင်းဂွေနေ့တွင် ဘာမှ လုပ်စရာမရှိသဖြင့် နေမြင့်သော အချိန် ၁၂ နာရီမှာ အိပ်ရာထသည်။ မျက်နှာသစ် သွားတိုက် ရေချိုးပီး၍ မံမံစားပီးသော် ၃ နာရီနီးပါှးရှိလေသည်။ သို့နှင့် ထပ်အိပ်လေသည်။

အိပ်ရာမှ နိုးသော် ညနေ ငါးနာရီထိုးချေပီ။ဘာလုပ်ရမည်နည်းဟု စဉ်းစားသော်။ လူတစ်ကာ အပစ်ဖို့နေသော အရာကို ဖျောက်ဖျက်ပစ်ရန်ကြိုးစားရန် စဥ်းစားမိ၏။ သို့နှင့် ဖုန်းကို နားကြပ်တပ် ဆိုင်ကယ်ယူ ၍ ပိုက်ဆံထည့်ကာ အလေးမရုံ (သို့ )gym ဆီသို့ ဆိုင်ကယ် ခြေလှမ်းကျဲကြီးဖြင့် ထွက်လာခဲ့လေသည်။

ဂျင်မ် သို့ရောက်သောအခါ နှုန်းထားများအား ကြည့်ရှုသောအခါ တစ်ခါတော့ ခမာနိုင်ငံသား နှစ်ထောင် ရီယယ်(လိုကယ်ငွေ) ဖော်ရိန်းနား ဒေါ်လှ တစ်ကျပ် ဖြစ်သည်။ (စကားချပ် တစ်ဒေါ်လာ=လေးထောင်ရီယယ်)။ အံသြမိလေသည်။ မည့်သို့ကြောင့် ဖောရိန်းနား အတွက် နှစ်ထောင်ပိုနေသနည်း။ အကျနုပ် သည် အဆီကျကာ randy orton တို့လို ဖြစ်ချင်သော်လည်း ပိုက်ဆံဖြုန်းရမှာ နှမျောသည့်အတွက် ခမာယောင်ဆောင်ကာ ဝင်သွားလိုက်သည်။ စကားတစ်လုံးမှမပြောဘဲ သဘက်တစ်ထည်ဆွဲခါ အလေးမရန် ခြေလှမ်းကျဲကြီးဖြင့် ဝင်သွားလိုက်သည်။

















အထဲသို့ရောက်သောအခါ ကျနုပ်သည် ထရက်ကင်းမရှင်းပေါ်သို့တက်၍ သွေးပူစသည်။သို့သော် နှစ်မိနစ်ပင် မကြာ ဆင်းပြေးရသည်။အလွန်မော၍ဖြစ်သည်။ အလေးမ၇န် နေရာရှာသောအခါ တစ်နေရာ လွတ်နေသည်ကို တွေ့ရသဖြင့် အပြေအလွှားသွားကာ နေရာယူရသည်။ သူများ မနေသည်ကို ကြည့်လိုက်သောအခါ သူတို့သည် ကီလို ၁၀၀ မနေကျခြင်းဖြစ်သည်။ ကိုယ့်အတွေးမှာ ဂလောက်တော့ အချဉ်ပဲဟု ဆို၍ အလေးကို အစမ်းမရန် ကီလို တစ်ဘက် နှစ်ဆယ်ဆီထည့်၍မလိုက်သည်။ ပထမ တစ်ကျော့ ရှစ်ကြိမ် အေးဆေးပဲ။ နောက်တစ်ကြော့ ရှစ်ကြိမ် နည်းနည်းဖောက်လာသီ။ သုံးကျော့မြောက်တွင်မူ ကျနုပ်၏ ဘယ်ဘက်လက် သည် ခရက် ဟု ကြားလိုက်ရကာ လက်မြှောက်လို့မရတော့ပေ။

ထို့နောက် ဘယ်ဘက်လက်သည် အလွန်မှ နာလာသဖြင့် အလေးမခြင်းကို ရပ်ဆိုင်းကာ ဘယ်လီစင်သို့ သွားကာ ဘယ်လီ ရိုက်လေသည်။ တားဂတ် မှာ တကျော့ အကြိမ် နှစ်ဆယ်ဖြင့် လေးကျော့ ရိုက်ရန်ဖြစ်သော်လည်း။ နှစ်ကျော့ ရိုက်အပီးတွင် ကုန်ပေါ်တွင် ရောက်နေသော ငါးပူတင်း ကဲ့သို့ ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသောကြောင့် ရပ်လိုက်ရသည်။

နောက်ဆုံးမတွင်တော့ ဗိုက်အဆီကျရန် ဗလပ်ဗလပ် မရှင်း (blap Blap Machine or belt messenger)ဆီသို့ သွား၍ ခါးပတ်ပတ်ကာ စက်ကို runလိုက်သော အခါ တုန်တုန် တုန်တုန် ဖြစ်နေသော ဗိုက်ကို ကြည့်ရသည် မှာ မိုက်ကယ်ဂျော်ဒန် ဘောလုံး ပုတ်နေသကဲ့သို့ပင်။ထို့သို့ တုန်တုန် ဗိုက်ကို ကြည့်ရသည်မှာ အလွန်အားရသလို နှမျောလဲ နှမျောမိသည်။ အပျင်းပြေပွတ်စရာ ဗိုက်မရှိတော့မည်ဖြစ်သည်။


နာရီဝက်မျှ တုန်တုန် မရှင်းနှင့် ဆော့ပီးသောအခါ လေ့ကျင့်ခန်း အပီးသတ်ပီ ဖြစ်၍ ကောင်တာသို့သွား ကာ ရီယယ် နှစ်ထောင် ထုတ်ပေးကာ တစ်ချက်သွားဖြဲပြ၍ ထွက်လာခဲ့သည်။ ကျနုပ်သည် ရုတ်တရက်ကြည့်ပါက ခမာများနှင့်ချွတ်စွတ်တူလေသည်။ ထိုကြောင့်နှစ်ထောင်သာပေးခြင်းဖြစ်သည်။

ဂျင်မ် ဆော့ပီးရလာသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပေသည်။
၁။ လက်နာသွားသည်
၂။ ဗိုက်နာသဖြင့် ကုန်းတောင် မကုန်းနိုင်ပါ
၃။ ခန္ဓာကိုယ် အပေါ်ပိုင်းတစ်ခုလုံးမှာ နာကျင်နေပါသီ။

သို့သော်လည်း ယနေ့ထပ်သွားရပေမည်။ လှချင်သည်ကိုး..

မောင်စကြာဝလာ မျှစ်
၂၇ ၀၃ ၂၀၁၂

6 comments:

ညိမ်းနိုင် said...

ဗိုက်မပြုတ်ပဲ လက်ပြုတ်သွားရှာလေအိ....ကောင်းလှောင့်တေး.....:p

Mrs. Bagel said...

ကိုမျှစ် ကိုမျှစ် ဈေးလျှော့ရတာနဲ့ကိုက်အောင် ဝေဒနာတွေ ယူသည်ကိုး။

ZT (TGO) said...

ဟီး ဟီး ဗိုက် မကျ ပဲ ဟိုဟာ ကျနေမှာဖြစ် ။ စတာ နော် .... be concentrate on your diet plan ...CHeer

Anonymous said...

အားကျသည်

Candy said...

တော်တော် ကြိုးစားနေတာပဲ
လုပ်ထား.. လုပ်ထား

စလုပ်တုန်းပဲ နာတာ.. နောက်ပိုင်းအေးဆေးဖြစ်သွားမယ် သီးခံပြီးသာ ဆက်လုပ်

blackroze said...

ဟားဟား..ကြိုးစားထားပါ..
မောင်စကြာဝလာဖြစ်အောင်..

ခင်တဲ့ ပစ်ပစ်