25 March 2012

ဘလော့ ဗိုင်းရပ်ကာကွယ်နည်း

Picture from Google


အခုကျနော်တို့ ဘလော့များတွင် မဲဝဲ (သို့) ဗိုင်းရပ်စ် များပျံနေသည်ဟုတွေ့ရသည်။ သိပြီးသားလူများမှာ ဗိုင်းရပ်စ် မည်သို့စစ်ရမည်ကို သိပြီးသားဖြစ်မည်။မည်သို့ သတ်ရမည်နည်းကိုလဲ သိပြီးသား ဖြစ်နိုင်သည်။
ပထမတစ်ခေါက် မဲဝဲဖြစ်တုန်းက ကိုလင်းထက် အစရှိသော အိုင်တီဆရာများမှ နည်းလမ်းများ ပြသခဲ့ပြီးဖြစ်သည်။

သို့သော ကျနုပ် ယခုဖော်ပြမည့် နည်းသည် အလွန်တရာလွယ်ကူသည်။ ဤနည်းသည် ဗိုင်းရပ်စ် မဝင်အောင် ကာကွယ်နည်းဖြစ်သည်။ အကျနုပ်ပေးသည့် နည်းအတိုင်းလုပ်ပါက ဗိုင်းရပ်စ် ဝင်တော့မည် မဟုတ်ချေ။ အလွန်တရာမှ လွယ်ကူသည်။ အကျနုပ်သည် သိထားသောနည်းပညာကို ဖြန့်ဝေခြင်းဖြစ်သည်။ ဘလော့ကိုလဲ ဘက်ကပ် လုပ်စရာမလိုပေ။ တစ်သက်လုံး ဘလော့ရေးနေသရွေ့ စိတ်ချစွာ သုံးသွားနိုင်သည်။

ပထမဦးစွာဖြင့် မည်သူ ဗိုင်းရပ် အကိုက်ခံနေရသနည်းကိုရှာပါ။ ဘလက်လစ်စ် ဝင်နေပီလားဟု စန်းစစ်ပါ။ တွေ့ပါက လင့်ကိုဖြုတ်ပစ်ပါ။ အဲ့ဘလော့ကို ရာသက်ပန် ဘလော့ပစ်ပါ။ :D :P

ဒုတိယ နည်းမှာလည်း လွယ်ကူလှသည်။ settings==> comments ==> ထဲမှ ပထမဆုံးတွေ့ရသော အကွက်လေးကို hide ကိုရွေးလိုက်ပါ။ပြီးရင် ဆေ့လုပ်ပါ။ ဗိုင်းရပ်စ် မည်သို့မှ ဝင်နိုင်မည် မဟုတ်ချေ။ ဤနည်းကို နားမလည်ပါကနောက်တစ်နည်းမှာ
Layout (or) Designထဲဝင်လိုက် blog post ဆိုတဲ့ ပို့စ်တင်တဲ့ နေရာအကျယ်ကြီးရဲ့ ထောင့်မှာ edit ရှိတယ်
အဲ့ကိုဝင် comment ရဲ့ရှေ့က အကွက်လေးထဲက အမှန်ခြစ်လေးကို ကလစ်ပြီးဖယ်လိုက်
ပြီး ဆေ့လုပ်။ ဒါဆို တော်တော် လုံလောက်သွားပါပီ။ ဗိုင်းရပ်စ် ဝင်ဖို့တော်တော် ခက်ခဲသွားပါပီ။

နောက်ဆုံးနည်းမှာ အသေချာဆုံးနှင့်စိတ် အချရဆုံးပင်ဖြစ်သည်။
ထိုနည်းမှာ settings=>permissions=>ထဲမှာ အောက်ဆုံးတွင်ရှိသော အကွက်သုံးခုထဲမှ ညာဘက်အစွန်ဆုံး အကွက်ကို ရွေးလိုက်ပါ။

ခင်ဗျားတို့အားလုံး  ကျနုပ်ပြောသည့်အတိုင်း လုပ်ပါက သင်တို့ ဘလော့သည် ဗိုင်းရပ်စ် ကင်းစင် ပြုံးပျော်ရွှင် ဖြစ်နေမှာ အမှန်ပင်ဖြစ်သည်။

ဘက်ကပ် လုပ်လိုသူများအတွက်
မိတ်ဆွေ သင့် ဘလ အားအကောင်းဆုံး ဘက်ကပ်လုပ်နည်းမှာ ဗလာစာအုပ်တစ်ဒါဇင်ဝယ်၍လက်ရေးဖြင့်ကူးထားသည့်နည်းသာဖြစ်ပေသည်။ဒါ့ပုံများအားလည်း တစ်ပုံမကျန် ဆိုင်တွင်ကူးထားလိုက်ပါ။ထို့အတွက် ကျွန်ုပ်မှ သင့်အား အယ်လ်ဘမ် တစ်ခုလက်ဆောင်ပေးပါမည်။ (credits to July Cloud)

ဒါမှမဟုတ် ယနေ့ သင့်ပို့စ်တင်မည့် အချိန်မှစ၍ ဗလာစာအုပ်ဖြင့်ရေးမှတ်ထားနိုင်သည်။ စက်ထဲတွင် သိမ်းထားပါက ဗိုင်းရပ်ကိုက်နိုင်သည်။

ထို့ကြောင့် "ဘက်ကပ်လုပ်ဖို့ အရေး ဗလာစာအုပ်များ ဝယ်ထားဟေ့" "ဓာတ်ပုံများ မပျောက်ပျက်စေဖို့ အယ်လ်ဘမ် လေးနဲ့သိမ်းကြစို့" စသည့်ဆောင်ပုဒ်များကို ဘလော့ဂါများကြားတွင့် ဖြန့်ချိသင့်သည်။

နည်းလမ်းများ

ပထမနည်း => Settings=> comments=>comments=. choose "hide" 
တတိယနည်း=> Settings=>permission=>blog readers=> "only blog readers"

အဲ့နည်းများလုပ်ပါက ဗိုင်းရပ်စ် မဝင်နိုင်တော့ပေ။

လေးစားစွာဖြင့်
အိုင်တီဂုရု မောင်ငထွဋ်
၂၅.၀၃.၂၀၁၂

8 comments:

ညိမ်းနိုင် said...

ဟွင်းးးးးးးကောင်းလိုက်တဲ့နည်းတွေ...၊နာကတော့
ဗလာစာအုပ်လက်ကားဖြန့်မယ်..၊ဒါ့ပုံကူးဆိုင်ထောင်
မယ်....၊ဘလော့တစ်ခုလျှင် ဒါ့ပုံအယ်လဘန်တစ်အုပ်
လက်ဆောင်ပေးဦးမှာ......:p

AH said...

ဗလာစာအုပ်ပြေးဝယ်နေပြီ... :P

Anonymous said...

စိတ်ကုန်ဘီ

San San Htun said...

ဘလော့ဂါပေါက်စလေးအတွက် တန်ဖိုးရှိတဲ့ ပို့ စ်လေးပါ..ကျေးဇူးပါနော့

Mrs. Bagel said...

အကောင်းမှတ်လို့ ဖတ်တာ။ ဘယ်သူမှကော်မန့်လုပ်လို့မရ၊ ဗလာစာအုပ်ဝယ်၊ ၃၆ယောက်သောသူဖတ်လို့ရ၊ တကတည်းပဲ။ ဟင်းဟင်း (><)

မဒမ်ကိုး said...

မျှစ်စုတ် မျှစ်ပဲ့ အဟုတ်မှတ်လို့း))

ဟန်ကြည် said...

လုပ်ရက်ပါပေ့...အဟုတ်မှတ်လို့ အစအဆုံး အာရုံတွေ အပြည့်စိုက်ပြီး ဖတ်လိုက်ရလေခြင်း...သြော အပေါ်ကတော့ စာပြောင်တွေဟဲ့ အောက်ပိုင်း ဘက်ကပ်ကျရင်တော့ တကယ်ရေးတော့မယ်ထင်လို့ ဆက်ဖတ်မှပိုဆိုး...

အင်း...ဗလာစာအုပ်သွားဝယ်ဦးမှ...အပေါ်က စာအုပ်ပွဲစားကြီးဆီမှာ...တိန်

မောင်သီဟ said...

တိန်
သူပြောကာမှ ကုန်ပေါက်တွေ