03 March 2012

ငါးထောင်တန်ဖုန်း.

ငါးထောင်တန် ဆင်းကတ် အကြောင်းရေးဖို့ ကိုသက်တန့်ချိုက မဒိုးကန်ကို တဂ်တယ်။ သူက ကျနော့ကို ပြန်တဂ်တယ်။ အဲဒီတော့ေ၇းမယ်ဗျာ။



၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား။ 

မမြင်ပါဘူး..ဈေးကြီးနေပါသေးတယ်။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ကောင်းပါတယ်။ ကိုယ်တွေမှ မလုပ်နိုင်တာ လုပ်နိုင်တဲ့သူတွေ လုပ်တာ အားပေးပါတယ်။ ထိထိရောက်ရောက်တော့ လုပ်ပေါ့။နို့မို့ပိုက်ဆံကုန်ပြီး နာမည်မှတ်ခံရတာပဲ အဖတ်တင်မလေ။


၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။

အနည်းနဲ့အများတော့ ဖိအားပေးရာ ရောက်ပါတယ်။ ဘာမှမလုပ်ပဲ ထိုင်နေတာထက်စာရင် တော်ပါသေးတယ်။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။

ကြိုဆိုပါတယ်။ဒါပေမဲ့ ဖုန်းတာဝါတိုင်တွေလဲ ထပ်လုပ်ဖို့လိုပါတယ်။



၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။


ငါးထောင်တန်ဖုန်းထွက်လာပေမဲ့ ဖုန်းတိုင် အသစ် နှစ်တိုင်လောက်ပဲ ထပ်စိုက်မယ်ဆိုရင် အဆင်မပြေပါဘူး။ အခု ကျနော်နေတဲ့ နိုင်ငံက တာဝါတိုင်တွေကို စိုက်ထားတာ တုန်လေဆပ်ရေကန်ထဲမှာပါရှိပါတယ်။ အရှေ့တောင်အာရှ မှာ အကြီးဆုံးကန်ပါ။ အဲဒီထဲမှတောင် တာဝါတိုင်တွေရှိပါတယ်။အဲဒီတော့ ဖုန်းလိုင်းတွေက ကြည်ပီး ပြောရတာ အဆင်ပြေပါတယ်။ ငါးထောင်တန်ဖုန်းထွက်ရင်လည်း တာဝါတိုင်တွေပါ အသစ်လုပ်ဖို့ မေ့ကြနဲ့ဦးနော်... ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်။ လမ်းစလေး တစ်ခုရလာတာကိုပေါ့။





အခုရန်ကုန်မှာ ဖြစ်နေတာက ဖုန်းကိုင်နိုင်ရင် ဆရာကြီးပါပဲ။ ကျနော်မြင်ခဲ့တာက ငါးသိန်းတန်ဖုန်းထွက်တော့ တချို့ လူအလယ်အလတ်တန်းစားတွေက ဖုန်းကိုင်နိုင်လာတယ်။ အဲဒီမှာ ဘာတွေ့ရလဲ ဆိုတော့ အလယ်အလတ်လောက် အဆင်မပြေတဲ့ လူတွေက ဖုန်းဆက်စရာရှိရင် အရင်ကလို ဆသရ ဖုန်းဆီသွားမနေတော့ဘူး ။သူတို့ဆီက ဖုန်းနဲ့ပဲဆက်လိုက်တယ်။ ဘာပြဿနာလဲဆိုတော့ ဖုန်းဆက်ချင်ရင် အိုက်တင်ခံနေတာတို့။ ဖုန်းကိုဖြေးဖြေးကိုင်တို့၊ ဈေးကြီးတာတို့ ပြဿနာတွေတက်လာတယ်။ အရင်တုန်းက ချစ်ချစ်ခင်ခင်ရှိတဲ့ အိမ်နီးချင်းတွေဟာ ဖုန်းကိစ္စကြောင့် ပြဿနာတက်လာကြတယ်။ ဖုန်းရှိတဲ့လူတွေကလည်း ဖုန်းဝယ်နိုင်တာနဲ့ စောင့်ကြွားကြွား အမူအရာတွေပြလာကြတယ်။


အဲဒါတွေကြောင့် ငါးထောင်တန်ဖုန်း ထွက်လာခဲ့ရင် ဖုန်းနဲ့ပတ်သက်လို့ လူတန်းစား တပြေးညီဖြစ်သွားနိုင်ပါတယ်။ အဲဒီကျတော့ ဟန်းဆက် ပြဿနာပေါ့ဗျာ.. :D :D

ငါးထောင်တန်ဖုန်း အမြန်ထွက်ပါစေလို့ ဆုတောင်းပါတယ်.. (ငါ့မြေးအရွယ်ရောက်ပီ ဆိုရင်တော့ရလောက်ပါပီ :P :P)


ဒါ့ပုံတွေ ဂူးဂဲက ယူပါတယ်။
Ref:Photos from Google


လေးစားလျက်
ငထွဋ်

    

7 comments:

မိုးယံ said...

ကျွန်တော် အရွယ်ရောက်နေပါပြီ ဘကြီးမျှစ်

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်..နော်အကို... ဘာပဲဖြစ်ဖြစ် ..မျှော်လင့်နေရတာကလည်း ..အလုပ်တစ်ခုလိုပါပဲ...

ညိမ်းနိုင် said...

အင်း....နက်ဖြန်သို့မဟုတ်....ဘယ်သောအခါ....:)

Candy said...

ဟဟ.. ငါ့မြေးအရွယ်ရောက်မှတဲ့
စောင့်ရချည်သေးရဲ့ :P

နေ၀သန် said...

နောက်ဆုံးအချက်လေးသဘောကျ... ကိုယ်တို့လူမျိုးတွေကလည်း သိပ်ကြွားချင်ဝါချင်ကြတာကိုး... လူတန်းစားညီမျှဖို့.. အားလုံး တန်ဖိုးနည်းမှဖြစ်မယ်..း))

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

နီအဖိုးဖြစ်လောက်ရင်တော့လုံးဝသေချာဘီး)))

မအိမ်သူ said...

ဈေးထဲက ကန်ဇွန်းရွက်သည်တို့ ငါးသည်တို့တွေ ဖုန်းတတီတီနဲ့ ကိုင်နေကြတာမြင်တိုင်း အားကျပြီး ညန်မာကြည်မှာ အဲလိုဖြစ်စေချင်နေတာ ဒီနိုင်ငံရောက်ကတည်းကပဲ.. ခုဆို ၁၀ နှစ်တောင်ရှိတော့မယ်..း(((