08 January 2012

ပြည်တော်ပြန်ခရီး (၂)

အဲလိုနဲ့ နောက်တစ်နေ့မှာ ပိုက်ဆံလဲဖို့ မြို့ထဲကို သွားဖို့မေးကြည့်တော့ အထူးတွေကို စီးတဲ့။ အဲဒီကားတွေက မြန်တယ်တဲ့။ အဲဒါနဲ့ပိုက်ဆံကို ယူပြီး ထွက်လာခဲ့တယ်လေ။ အထူးကားတစ်စီးတွေ့တော့ သွားရမဲ့ မှတ်တိုင်ကို မေးပြီး တက်လိုက်မိတယ်။ ပြီးတော့ တစ်ယောက်နှစ်ရာတဲ့။ ရော့..ယူပေါ့။ အထူးဆိုတဲ့ အတိုင်းပဲ ကားထိုင်ခုံက အထူးကျပ်ပါတယ်။ ကျနော်လို အ၇ပ်၅ပေ ၁၀ ရှိတဲ့ လန်ဘား အတွက်တော့ အထူး ထိုင်ခုံမှာ ထိုင်ရတာ မျောက်ကို ကြက်တူရွေး လှောင်အိမ်ထဲ ထည့်ထားသလိုပါပဲ။ ကျပ်လိုက်တာ မပြောပါနဲ့တော့။တချို့ ဘတ်စ်များကတော့လဲ (အထူးမဟုတ်ပါ) ထိုင်နေရင်းနဲ့ ဘုရားတနေရတယ်။ကိုယ်က ဂတ်စ်အိုးပေါ်ထိုင်နေမိတာကိုး ပေါက်များကွဲသွားရင် မတော်ရာနေရာ ကွဲသွားရင် အသေမလှနိုင်ဆိုကာ ယားကျိယားကျိ ဖြစ်မိသည်။ အဲကွန်းဘတ်စ် လို့ပြောသောငြား ဖရက်အဲယား ဘတ်စ်များ ဖြစ်နေသည်ကို လည်း ဂုဏ်ယူမိပါသည်။

ထူးဆန်းသော အရာတစ်ခုကိုလည်းတွေ့ရသည်။ ထိုအရာမှာ ကပ်ခွာ ဖုန်းပြောနည်းဖြစ်သည်။ အဖြစ်မှာ ကျနော့်ရှေ့တွင်ထိုင်သော အဒေါ်ကြီး၏ ဖုန်းမှ အသံမြည်လာ၏။ သူမက ဖုန်းကို ကိုင်ကာ ဟဲလို ဟုထူး၏။သို့သော် သူမ မကြားရ၍ထင့် ဖုန်းကို နားနား မကပ်ဘဲ ပါးစပ်နားကပ်ကာ “ဟဲလို..ကြားလား” ဟု လေးဖြုအသံဖြင့်မေး၏ ထို့နောက် ဖုန်းကို နားသို့ပြန်ကပ်ကာ ကြားတယ်၏ ဖြေ၏။ ထိုပုံစံဖြင့် ဖုန်းပြောသည်မှာ ၁၅ မိနစ်ကြာ၏။ အကျနုပ်လည်း ဖုန်းပြောသော အခါ အဲလို စမ်းကြည့်မိ၏.. အလိုလေး.. အလွန်တရာမှ စကားပြောလို့ကောင်း၏။ ပါးစပ်နားကပ်လိုက် နားနားကပ်လိုက် အော်ပြောလိုက်နှင့် လူအများ၏ အာရုံကို စွဲဆောင်နိုင်ပေသည်။အသံကျယ်လေ ပိုကောင်းလေပင်ဖြစ်သည်။လူအာရုံစိုက်ခံလိုသူများ ထိုသို့ ဖုန်းပြောသင့်၏။ဒါမှမဟုတ် ဖုန်းအား ၁၅မိနစ်တခါ အလန်းပေးကာ ဖုန်းပြောနိုင်၏။ ဖုန်းပြောသောအခါ ပြောစရာမရှိပါက ဟဲ့ ကောင်မ အိမ်က ဘဲဥကြော် သိမ်းထားနော် (သို့) ထမင်းငါ့အတွက် ချန်ထားဦး စသည်ဖြင့် ပေါက်ကရလျှောက်ပြော၍ လူအာရုံကိုလဲ ဆွဲဆောင်နိုင်၏။

အဲလို နှင့် ကားကို ပျင်းရိစွာ စီး၍ ဆူးလေသို့ရောက်သောအခါ ဆင်းလေ၏။ ဆူးလေသို့ရောက်သောအခါ ကုန်ဈေးတန်းကိုသွားရန် ကားထပ်စီး၏။ ထိုနှင့် ငွေလဲပြီးသောအခါ အိတ်ဖောင်းလေ၏။ သို့နှင့်လုပ်စရာမရှိ၍ အင်တာနက်ဆိုင်အား ဝင်၏။ အင်တာနက်ဆိုင်သို့ရောက်သော် အရင်ဆုံး ဂျီတော့ကို ဖွင့်၏။ ဂျီတော့တွင် Connecting ဟု ၃မိနစ်ခန့်ပြ၏ Signing in ဟု နှစ်မိနစ်ခန့်ပြပြီးသော် ဂျီတော့ထဲသို့ အောင်မြင်စွာဝင်သွားလေ၏။ ထို့နော် မော်ဇီလာကိုဖွင့်၍ ဂျီမေးဝင်၏။ ၅မိနစ်ခန့်ကြာသော် try reloading ဟု ပေါ်လာ၏။ ၁၀ မိနစ်ခန့်ကြာသော် အဆင်ပြေသွား၏။ ဘလော့ကိုဖွင့်ကြည့်သော်ရ၏။မဆိုးပေ။ မေးများကိုစစ်၍ ဆိုင်မှ ပြန်ထွက်လာ၏။ ထို့နောက် အိမ်သို့ပြန်မည်။ အိမ်မှာ လုပ်စရာလေးအချို့ရှိသေးသည်။

ထို့နောက် နှစ်ရက်လောက်အထိ အိမ်မှာပဲ နေဖြစ်သည်။ အဖိုး အသုဘ ပြီးသော် နောက်တစ်ခါ ထပ်ထွက်သောအခါ မြင်ရသော ဝတ်စားဆင်ယင်ပုံများကို မျှော်........................


ဆက်ရန်

မျှစ်
၀၈.၀၁.၂၀၁၁

10 comments:

Anonymous said...

မျှော်နေတယ်

AH said...

အယ်... ဘကြီးထွဋ်လည်း ပြန်လေသကိုး... ကောင်း၏ ကောင်း၏။ အိတ်ဖောင်းကြီးကနေ အိတ်ကွဲကြီးဖြစ်သွားဦးမယ် သတိလည်း ထားဦး :)

လမင်းငယ် said...

မျှော်နေပါမယ် ၀ိတ်ကျသွားလဲလာပြောပါမယ် :P

Angelhlaing(May everybody be happy and healthy! said...

မျှော်.... :):)

blackroze said...

အော်..အားကျထှာ
ရန်ကုန်ရောက်နေတယ်ပေါ့

မဒမ်ကိုး said...

မျှော်နေပါမယ် မျှော်နေပါမယ်း)

...အလင်းစက်များ said...

ဖုန်းပြောနည်းလေး ခိုက်သွားတယ်။ ဟဟ

Candy said...

မျှော်ခိုင်းပြန်ပြီ >.<

ညိမ်းနိုင် said...

အင်း....ဖုံးပြောနည်းကတော့မှတ်သားစရာပေ...။
နောက်ဆက်တွဲများအား မျော့နေသီ........။

An Asian Tour Operator said...

ရွာပြန်လို့ ကတော့ အိပ်ဖောင်းလဲ တမနက်ပါပဲ..