13 December 2011

ဝေဟင်ထဲဝဲ....

ခုတလော မြန်မာမလေးတွေ ဘာလို့ လေထဲပျံနေရတာလဲ..
ပျော်စရာမဟုတ်သလို ပိုက်ဆံလဲမရပါဘူး..
ဖက်ရှင်တစ်ခုမဟုတ်သလို
ခေတ်ရေစီးကြောင်းလဲမဟုတ်ပါဘူး.
ဂျာနယ်ထဲမှာတော့ ပါနိုင်တယ်.
ဒါပေမဲ့ မင်းသိဦးမှာလား..
မင်းပုံကကော ဂျာနယ်ထဲမှာ လှပဦးမှာလား..
မလှမပနဲ့ဂျာနယ်ထဲပါမဲ့ အလုပ်ကို
ဘာလို့ လုပ်မှာလဲ..
လေထဲထပ်မပျံကြပါနဲ့တော့ကွာ..

အသဲကွဲလို့ လေထဲပျံတာလား
အလုပ်အဆင်မပြေလို့ ပျံမှာလား
အကြွေးတွေထူနေလို့ ပျံမှာလား
အတောင်ဖြန့်ပြီးပျံလို့ရတဲ့ ငှက်တစ်ကောင်ဖြစ်ရင်တော့
ကောင်းတာပေါ့.. ဒါပေမဲ့
တို့က ငှက်မှ မဟုတ်တာ..
ဝမ်းနည်းလား ငိုပစ်လိုက်စမ်းပါ..
စိတ်ဓာတ်ကျလား ၊ ဒေါသထွက်လား ပစ္စည်းတွေကို ခွဲပစ်လိုက်စမ်းပါ
ဝေဟင်ထဲတော့ မဝဲနဲ့ကွာ..

မင်းလဲ ဗုဒ္ဓဘာသာပါ. ငါလဲ တူတူပဲ
လေထဲပျံလို့ရလာမှာက အဖန်ငါးရာငါးကမ္ဘာတဲ့..
မင်းနားလည်ချင်မှ နားလည်လိမ့်မယ်..
အလွယ်မှတ်ထားလိုက်..
လေထဲ ပျံလို့ အကျမတော်ရင်
ဂျပန်ငါးရာနဲ့ ငါးခါခံရမယ်လို့
အဲလောက်ဆို မင်းသဘောပေါက်မှာပါ..
လေထဲပျံမယ်လို့ ကြိုးစားတိုင်း..
နောက်မှာ ပူဆွေးမဲ့လူတွေရှိတယ်..
နောက်မှာ ဝမ်းနည်းမဲ့သူတွေရှိတယ်
နောက်မှာ မင်းကိုချစ်တဲ့သူတွေရှိတယ်..
အဲဒီလူတွေကို သတိရကြည့်လိုက်ပါ။

မင်း ပျံသန်းပြီးတဲ့နောက်မှာ
မင်း ထက်ဆိုးတဲ့ သူတွေရှိသေးတယ် ဆိုတာတွေမြင်လာလိမ့်မယ်..
ဒါပေမဲ့နောက်ကျသွားပီပေါ့ကွယ်..
အဲဒါကြောင့်...
ဝေဟင်ထဲမဝဲကြပါနဲ့တော့
ဝေဟင်ထဲမဝဲကြပါနဲ့တော့


မှတ်ချက်။   ။ ဘာရယ်မဟုတ်ဘဲ ရေးချမိခြင်းပါ။  မကောင်းမှန်းသိသည် (တူညားမပြောခင်ကြိုပြောထားရတာ)။

လေးစားစွာဖြင့်
မျှစ်
၁၃၁၂၁၁

11 comments:

Angelhlaing(May everybody be happy and healthy! said...

ဝေဟင်ဝဲဖို့ အတွက်များ သူတို့တွေ ဘယ်လိုများ အားအင်မွေးမိပါလိမ့်လို့ တွေးမိတယ်အကို....

လမင်းငယ် said...

ကဗျာလေးလာရောက်ခံစားသွားပါတယ်
ကောင်းပါတယ်အကိုရေ

Anonymous said...

ဟုတ်

ညိမ်းနိုင် said...

ပျံချင်လို့ပါဆို........

mstint said...

'လေထဲပျံလို့ရလာမှာက အဖန်ငါးရာငါးကမ္ဘာတဲ့'
ဆိုသည့်တိုင် 'အဖို့ဘာဂကို' ဆိုသလိုပေါ့ ကိုထွဋ်ရေ။
အတိတ်ဝဋ်ကြွေးဆိုတာ ရှောင်မရဘူးလေနော်။
'ဘာရယ်မဟုတ်ပဲ ရေးချတဲ့ကဗျာလေး'ဆိုတဲ့
အထဲကနေ စာရေးသူရဲ့ စေတနာတွေနဲ့ စိုးရိမ်ပူပန်
မှုတွေကိုမြင်နေရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

အင်း.... ကောင်းတယ်။ ကဗျာလေး။ နောက်ထပ် စူပါဂဲလ်တွေ မမြင်ရချင်တော့ပါဘူး။ သမျှောစရာကောင်းလှတယ်။

Candy said...

ဟုတ်၏... အတောင်ပံတပ်ပေးလိုက်ပါလား.. ဘာမှ မဖြစ်အောင်.. ဟိဟိ :P

...အလင်းစက်များ said...

အင်း....... မျှစ် ပျံတော့ လုပ်ဖို့  မစဉ်းစားနဲ့ နော်။

ညီရဲ said...

ကိုယ့်ကိုယ်ကို သတ်သေဖို့ လွယ်လွယ်ဆုံးဖြတ်ခဲ့တာလား။ ဒီထက်ကောင်းတဲ့ အရာ မရှိတော့ဘူးလားလို့ တခါတခါ စဉ်းစားကြည့်မိတယ်...

မဒမ်ကိုး said...

များလဲဝဲမယ် စကောတပ်ပြီးမှး)

Anonymous said...

Videoslots.com Videoslots.com Videoslots.com Videoslots is the online gambling house founded in 2006 in
Videoslots.com.videoslots.com is the online download youtube videos gambling house founded in 2006 in the hope of providing online gambling services for real money.