04 December 2011

လတ်တလော အရူးထနေသောအရာ..

လတ်တလော တက်တူးးကို အရူးထနေတယ်.....

ကျနော်ကလဲ တက်တူး ဆိုရင် ရေလည်ခိုက်တယ်... တက်တူး. ကနုတ်တွေပဲဖြစ်ဖြစ် ယာကူဇာပဲဖြစ်ဖြစ် ကြိုက်တယ်...တက်တူးကို ဘယ်လို စကြိုက်လဲ ဆိုရင်တော့ အိမ်က ဦးလေး ကြောင့်ပဲ။ သူက တက်တူးများများ မရှိဘူး...လက်မောင်းမှာ တစ်ပုံတည်း ထိုးထားတာ..သိပ်လှဘူး..ဒါပေမဲ့ကြည့်ကောင်းတယ်ပေါ့ဗျာ..အဲမှာတည်းက ပိုးကစတာပဲ။ ဒါနဲ့ကျောင်းပြီးတော့ ကွန်ပြုတာ သင်တန်းတက်တော့လဲ အဲမှာ ဘော်ဘော်က တက်တူးထိုးထားတာ ..ရေလည်မိုက်တယ်.. နဂါးပုံကို ခြေသလုံးမှာခွေနေတဲ့ပုံ.. ဘယ်ဘက်ကိုယ်လုံးက တက်တူး အပြည့် နဲ့ တော်တော် လန်းတယ်.. လူကလူချော အသားကလဲဖြုဆိုတော့ ထင်းနေတာပဲ။ ကိုယ်လဲ သူ့ကြည့်ပြီးထိုးချင်လာတော့ပေါ့..သူ့လိုများ ရူပါလန်းလာမလားလို့လေ။



အဲဒီတော့ တက်တူးထိုးဖို့ကြံစည်တာပေါ့.. ဆေးဝယ်ဖို့ ပိုက်ဆံစုလိုက်ရတာလဲ အမော.. ဆေးသားကောင်းမှ ဖြစ်မယ်ဆိုပြီး အကောင်းဆုံးမဟုတ်တောင် နည်းနည်းကောင်းတဲ့ဟာတော့ ဝယ်ရမယ်ဆိုပြီး ပိုက်ဆံစု တာ ပြည့်ခါနီးကျတော့မှ အဖေက ငါ့သား မင်းနိုင်ဂံဂျား သွားရမယ်ဆိုတော့ တက်တူး ထိုးချင်တဲ့ စီမံကိန်း ပလုံသွားပါလေရောလား...



အဲဒါနဲ့နိုင်ဂံဂျားရောက်လာတော့လဲ ဘိုးတော်ကြောင့် လှုပ်မရဘူး..ထိုးချင်တာကတော့ တပိုင်းသေ. ..ဖော်ရိန်နာတွေ တက်တူးတွေ့ရင် မယောင်မလည်နဲ့ အနားကပ်ကြည့်ရတာလဲအမော.. တခါတလေကြရင် ဘဲကြီးတွေ ဘုကြည့်ကြည့်တာခံ၇သေးတယ်...

အခုဟိုတစ်နေ့ ဓာတ်ပုံတစ်ပုံတွေ့ပြီး တက်တူးထိုးချင်စိတ်တွေထပ်ပေါ်လာတယ်။ မရရအောင် ထိုးမလို့လဲ ဆူံးဖြတ်ချက်ချထားတယ်။ အခုတော့ မဟုတ်သေးဘူးပေါ့။တစ်နေ့နေ့ပေါ့..ထိုးချင်တာကတော့ အောက်ကပုံပါ။


အဲဒီပုံကို တပုံစံတည်း ညာဘက်လက်မောင်းမှာ ထိုးချင်တယ်.. ဆေးအပြည့်နဲ့ကာလာအပြည့်နဲ့ ထိုးချင်တယ်..ကျောကုန်းမှာ ထိုးချင်ပေမဲ့ အကြီးကြီးထိုးရမှာ.. ဒါကြောင့်လက်မောင်းမှာပဲထိုးဖိုးစဉ်းစားထားတယ်...

ဘာဖြစ်လို့ အဲဒီပုံကို ထိုးချင်တာလဲလို့တော့ မမေးနဲ့။အဖြေမရှိဘူး။ ဒီတိုင်းကြိုက်လို့ ကြည့်၇တာကျက်သရေရှိလို့ ထိုးချင်တာပဲ။ သူများတွေ ချီဂွေဗားရားပုံထိုးတယ်။ ကျနော်ကတော့ ဒေါ်စုပုံထိုးဖို့စိတ်ဝင်စားတယ်။နောက်တစ်ချက်က ချီဂွေဗားရား တက်တူး (che guevara tattoo ချီဂွေဗားရား တက်တူးလင့်)လို့ ဂူးဂဲမှာရေးလိုက်ရင် သူ့တက်တူးတွေအများကြီးတွေ့ရမယ်.. အောင်ဆန်းစုကြည်တက်တူး လို့ရေးလိုက်ရင် ဘာမှပေါ်မလာဘူး.. လေးစားလို့တက်တူးထိုးတာလဲဖြစ်နိုင်တယ်၊ကြိုက်လို့လဲဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော် ဒေါ်စုပုံကိုထိုးမယ်။



အဲဒါပဲ.. အခုတော့ထိုးလို့ရသေးဘူး..ချစ်သူနဲ့အဖေက သတ်မယ်တဲ့။ပုံကြောင့်မဟုတ်ဘူး တက်တူးကို မထိုးစေချင်တာတဲ့။ စိတ်ရှည်လက်ရှည်စောင့်ရမှာပေါ့လေ... တနေ့နေ့ကျရင်တော့ ဒီဘလော့ဂ် ပေါ်မှာ ကျနော့်လက်မောင်းကို ဓာတ်ပုံရိုက်ပြမယ်..အိုကေ..

လေးစားစွာဖြင့်
ကိုထွဋ်
၀၄.၁၂.၂၀၁၁

16 comments:

Anonymous said...

Waiting ....

khin oo may said...

မထိုးပါနဲ့ တက်တူးကိုမကြိုက်ဘူး နံပါတ်စဉ်တစ် အရမ်းနာမယ် နံပါတ်စဦ်နစ် ပြန်ဖျက်လို့မရဘူး ဖျက်မယ်ဆိုအရမ်းနာမယ် ပိုက်ဆံလဲအရမ်းကုန်မယ် ဘယ်သူ့ပု့ဘယ်ဝါပုံထိုးမယ်ဆိုတာနဲ့မဆိုငဘူး အကျီတစ်ထည်ထည်းကို ဝတ်သလိုဘဲ လူတစ်ယောက်ဟာ အကျီတစ်ထည်ထဲကိုဘဲဝတ်ကြသလား ကြာရင်ရိုးသွားတာဘဲကိုယ့်ခနွာပေါ်မှာအကျီတစ်ထည်ကိုသိတ်ကြိုက်လွန်းလို့ တစ်နစ်တိတိဝတ်ကြည့်ရင် အဲသည်ခံဏားချက်ကိုသိလိမ့်မယ် အဲသည်တော့မှပြန်ဖျက်ချင်လို့မရဘူး.။ နောက်တစ်ချက် တက်တူးရှိရင် လူကြီးလူကောင်းမပီသဘူးလို့အကြမ်းဖျင်းယူဆတယ် ငယ်စ်သမှ တက်တူးထိုးပြီးကြိးလောတော့အကျီလက်၇ှည်တောက်လျောက်ဝတ်ရတာ ဘောင်းဘီအရှည်အမြဲဝတ်ရတာဖြစ်မယ် အခုကြိုက်ပေမဲ့ နောက်ဆယ်နစ်မှ ဒီအရာကိုကြို့ဉ်းမလား အရင်စဉ်းစား. ဘယ်လောက်ကြိုက်ကြို့် အကျီလိုလဲမရတဲ့အရာတစ်ခုဟာ ကိုယ့်ခနာမှာရှိခဲ့ပြီးပြီ. ကန်းကွက်တယ်။ောနက်တစ်ချက် အပ်တေါ က သန့်ရှင်းမလား အသည်ယောင်အသာဝါ. နဲ့ HIV တွေ ကစောင့်ကြိုနေမယ်။ လူတွေ က တက်တူးတွေ့ရင် တစ်မျိုးဖြစ်ကြတယ်။ ဆေးသမားလိုလို. လူရမ်းကားလိုလု.ိ အရှည်ကြီးစေတနာထားလို့ရေးခဲ့တယ် ဘယ်သူဘယ်ဝါကို ထိုးမယ်ဆိုတာနဲ့မဆိုင် တက်တူးကိုအားမပေးချင်းဖြစ်သည်။ သိပ်လုပ်ချင်ရင် စတစ်ကာလောက်စိတ်ချမ်းသာရိုံ့သုံကြည့်ပေါ့ ဟူး မောတာ ဒီလောက်အရှည်ကြီးကွန်မက သိတ်ေ၇းလေ့ရှိတာမဟုတ်ဘူး။

...အလင်းစက်များ said...

မကွမ်းအဲ့လောက် ရှည်ရှည်ကျောကျော မမန့် တတ်ဘူး။ ငထွဋ် နားထောင်လိုက်ပါလေ။ (အားပေးချင်သော်လည်း အထက်က ဒေါ်ပေါ်လီအား ကြောက်ရွံ့ရိုသေခြင်းကြောင့် ) :)))

khin oo may said...

မျှစ်ဆိုလို့လိုက်လာကြည့်ရတာ..

khin oo may said...

မမြင်ဘူးထင်သလားဟင်. ။ဟင်း.

ကိုထွဋ် said...

မမကွန်>>ဟုတ်ကဲ့..မမကွန် ကျနော်လဲ မထိုးရသေးပါဘူး... အခုထိလဲ ကန့်ကွက်တဲ့လူတွေရှိပါသေးတယ်.. ထိုးရင် အမွေဖြတ်မဲ့သူနဲ့ ချက်ချင်းပြတ်ဆဲမဲ့သူနဲ့ဆိုတော့... ဘယ်သူဘယ်ဝါကြောင့်မို့လဲ မဟုတ်ပါဘူး..လှချင်တာပါ :D.. လောလောဆယ်တော့ စတစ်ကာ လိုက်ရှာကြည့်လိုက်ဦးမယ်... ကျေးဇှုးတင်ပါတယ်။

ကိုလတ်>> ဘာလဲ..ကလတ်ထိုးမလား ကျနော် ထိုးပေးမယ်လေ...

ကိုစိုး>> မဝိတ်နဲ့တော့ ..ဟိုတစ်ယောက်(မ)ကလဲ သိပ်မကြည်ဘူး တက်တူးထိုးမယ်ပြောမိလို့...

အားလုံးကိုကျေးဇူးတင်ပါတယ်..
မျှစ်..

Candy said...

ယောကျာ်းလေးတွေက တက်တူးကို အရမ်းကြိုက်ကြတယ်နော်.. ဒီလောက်ကြိုက်ရဲ့သားနဲ့ ချစ်သူနဲ့ အဖေကို ငဲ့စဉ်းစားပေးနေတာလေးကို သဘောကျတယ်.. :)

ညိမ်းနိုင် said...

နာလည်းထိုးချင်တယ်....နာက လက်ကောက်ဝတ်မှာ ပတ်
လယ်ကွင်းလေးနဲ့ လက်ဖျံမှာ စာတန်းလေးထိုးချင်တာ...။
ဘူမှအားမပေးလို့ မထိုးဖြစ်သေးဘူး...၊ဘာပဲဖြစ်ဖြစ် နင့်
ဒီပို့စ်ကတော့ ၂၀၁၁အတွင်း အထူးခြားဆုံးပို့စ်ဖြစ်သွားဘီ။
ဘာလို့လဲဆို အစ်မကွန် အဲ့လောက်အရှည်ကြီးမန့်တာမ
တွေ့ဘူးလို့......:)

မဒမ်ကိုး said...

တက်တူးထိုးချင်တဲ့သူတွေကိုတုတ်နဲ့လိုက်ရိုက်မယ်
(ဟိဟိ အနော်လဲ စတစ်ကာကပ်သည် ရံဖန်ရံခါ)
လူမိုက်အလုက်မလုပ်စမ်းပါနဲ့ဗျ
ဟိုလူကြီးကညိမ်းနဲ့ကထွတ်နဲ့တော့ ချစ်သူအမွေဖြတ်ကိန်းဆိုက်တော့မယ်
လိမ်မာတယ် ထိုးကြနဲ့နော

ချယ်ရီမြေ said...

ဘာပဲဖြစ်ဖြစ် ကျနော် ဒေါ်စုပုံကိုထိုးမယ်။ အဲဒီစာသားကိုတော့ ကြိုက်တယ်ကိုထွဋ်ရေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

koko said...

honestly say,,,i have 2 tattoos,,one is on left arm up to half sleeve,,,so obviously i do like tattoo,,,,in this case i don't want to urge post owner,,,on the other hand,, i need to say tattooing is totally own right to do so,,,why did we tattooed,,,it is not to be erased later on ,,,why?we got pained,we r pleased to be pained,,that stuff is never to be erased,,no point to erase when u did it,,,no point to destroy it when u built it,,,,,so i am still proud to have tattoo,,,thanks

ကြယ်စင်အလင်း said...

၆လခံ၊ ၁နှစ်ခံဆေးတွေတော့ ထိုးလို့ရတယ်ကြားဖူးတယ်။
တသက်လုံးထိုးတာကြီးကတော့ မကြိုက်ဘူး။ အသက်ကြီးလာတော့ ပြန်ဖျက်ချင်မခက်ဘူးလားဗျ။

လမင်းငယ် said...

ကိုယ့်ကြိုက်တာကိုယ်လုပ် :P

ပစ်ပစ် said...

ကျမလည်းတက်တူးကိုစိတ်တော့ဝင်စားသား
ဒါပေမဲ့အခုချိန်ထိတော့
အကောင်အထည်မဖော်ဖြစ်သေးဘူး...
တကယ်ကိုအမှတ်တရဖြစ်စေမဲ့
အရာလေးတခုကိုတော့
ချန်ရစ်ထားချင်တယ်
နှလုံးသားထဲကအရာတွေကို
လူမမြင်ရဘူးလေ..
ချစ်သူနာမည်ပြောတာမဟုတ်ဘူးနော်..
လူတယောက်ရဲ့ဘဝမှာ
အမှတ်တရဆိုတာတွေအများကြီးရှိတယ်..
ရှိခဲ့ဖူးတယ်..
ရှိလည်းရှိနေဦးမှာဘဲ..
အဲဒီအမှတ်တရဆိုတာတွေအတွက်
ထိုးချင်တာလေ...

ညီရဲ said...

တက်တူးထိုးတာတော့ အားမပေးချင်ပေမဲ့ ညီသဘော ညီရေ...
ကိုယ့်စိတ်တိုင်းကျ နေထိုင်တာက အကောင်းဆုံးဆိုတော့ ဘာမှ အကြံမပေးချင်တော့ပါဘူး...
ဒီတော့ ညီ့သဘော...

thar nge said...

ပြန်ဖျက်လိုရလား