17 November 2011

စင်ကာပူ..

“စင်္ကာပူ။”

ခြင်္သေ့ဟာ ခြင်္သေ့လိုမနေတဲ့ မြို့။.

လူကိုလူလို့မမြင်တဲ့ လူတွေနဲ့ မိုးမျှော်တိုက်တွေ ထိုးထိုးထောင်နေတဲ့ မြို့။.
...
ပလီပလာနိုင်ငံရေးနဲ့ ရေညစ်ကို ပြန်စစ်သောက်နေရတဲ့ မြို့။.

အဖြူကိုမှလူထင်ပြီး ရေတူမြေတူကိုလူလို့မထင်ချင်တဲ့ မြို့။.

ဒီဇင်ဘာကို နှင်းအတုနဲ့ ကြိုရတဲ့ မြို့…။.

ကျောက်ရုပ်လို မျက်နှာပေးတွေ ဆပ်ဝေးထဲမှာ ငိုင်နေလှုပ်နေတဲ့ မြို့။.

သူဌေးနဲ့ အလုပ်သမားကြား ယုံကြည်မှုပျက်ပြားနေတဲ့ မြို့။.

လင်ဝေးသားဝေးတွေကို ဖုန်းထဲမှာ တွေးပျော်နေတဲ့ မြို့။.

မြို့ခံလူကြီးတွေ ညစာစားပွဲတောင်မလိုက်ဘူးဆိုပြီး ကုမ္ပဏီအကြီးကြီးတွေခိုးဖွင့်ထားတဲ့ မြို့။.

လိုမြေတွေအတွက် သူတစ်ပါးဘဝတွေကို ချနင်းမြေဖို့နေတဲ့ မြို့။.

ချစ်သူကိုလွမ်းကြောင်း ပီဖင်းဂိုးပြီး အခန်းဖော်ငနဲသစ်နဲ့ဖက်အိပ်နေတဲ့ ကျောင်းသူတချို့ရှိတဲ့ မြို့။.

ကျေးဇူးကြွေးဆပ်ဖို့ဆိုပြီး ဘဝပေါင်တောပြောင်းသွားတဲ့ သားသမီးတွေ ညညအော်ငိုနေတဲ့ မြို့။.

အေ၊ ဘီ၊ စီ၊ ဒီ မရေလည်တဲ့ ပါးကွက်ကြားလေးကို သူနာပြုနဲ့ အိမ်ဖော်လုပ်ဖို့ လိမ်ခေါ်တဲ့ မြို့။.

ကျေးဇူးကြွေးကို ဘဝပေါင်ပြီးဆပ်မယ့် သားသမီးလင်မယားတွေ ညညထငိုနေတဲ့မြို့။.

သား၊ သမီးနဲ့ ဇနီးလိုတာတွေပို့နိုင်ပြီး အနမ်းနဲ့ပြုသောအချစ်တွေပြန်မပို့နိုင်တဲ့ မြို့။.

ကိုယ့်အပူကိုယ်သိမ်းပြီး မွေးမြေအပူတွေကို ငွေစကြေးစမျက်စိမှိတ်လှူကြတဲ့ လူမြတ်တွေရှိတဲ့ မြို့။.

နောက်ဆုံးပေါ်ဖုန်းပေါ်မှာမို့ မတ်စိထားခဲ့ပါဆိုတဲ့ မြို့။.

ဘဝမေ့တဲ့ အမျိုးကောင်းသားနဲ့သမီးတွေရှိတဲ့ မြို့။.

အဲဒီမြို့ကို ဆွမ်းတော်တင်ကြည့်ဖူးတယ်

အဲဒီကနေ ငါပြန်ခဲ့ရတယ်။ အဲဒီမှာ ငါ့သူငယ်ချင်းတွေ ကျန်ခဲ့တယ်။.

အဲဒီမှာ ငါ့သူငယ်ချင်းတွေရှိတယ်။ အခု……………..

အဲဒီမြို့ဟာ ငါ့ သူငယ်ချင်းတွေရဲ့ချွေးနဲစာနဲ့ တည်နေတဲ့ မြို့…။.

စိမ်းခက်စိုး

(ဗုဒ္ဓဟူးနေ့) နိုဝင်ဘာ ၁၆၊ ၂၀၁၁.

နံနက် - ၁၂း ၁၇ နာရီ.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မနှင်းဆီ သိစေချင်လို့ရှဲလိုက်တာပါ.. 


ငထွဋ်

40 comments:

ညီရဲ said...

စင်ကာပူ ဆိုတာ သူ့ လူမျိုး သူကြည့်တဲ့မြို့ ...
သူ့ လူမျိုးသူသိတဲ့ မြို့ ...
တို့ အတွက်ကတော့ စင်ကာပူ ဆိုတာ ခေတ္တကွန်းခိုတဲ့မြို့ ...

မဒမ်ကိုး said...

ကောင်းထှာ ကောင်းထှာ
မှန်ထှာ မှန်ထှား)

မေသိမ့်သိမ့် ကျော် said...

ဟုတ်တယ်။ မှန်တယ်။ ထောက်ခံတယ်။ အားပေးတယ်။ ဂွတ်တယ်။ အီးလို ဘာသာပြန်ပြီး တင်ထည့်လိုက်ရင် ပိုကောင်းမယ်။ ဟေးဟေး

TZH1985 said...

မပြောချင်ဘူး စင်ကာပူအကြောင်း

Anonymous said...

အေးလကွယ်...မချစ်သော်လည်းအောင့်ကာနမ်းရတာပဲ..၊
မြို့လို့ကင်ပွန်းတပ်ပေမယ့် အဓိက က လူတွေပါ...ရှင်
ကြားပူနိုင်ငံသားတွေပေါ့....။အင်း....အကုန်လုံးတော့
မဟုတ်လောက်ဘူးလို့ယုံကြည်ရတာပါပဲ..၊ဒါပေမယ့်
ကိုယ်တော့ ရှင်ကြားပူကို ကျေးဇူးတင်ပါတယ်...၊ဒီကဗျာ
လေးထက် စောဝေကဗျာကိုပိုကြိုက်တယ်....။

ပုံ/ ရှင်ကြားပူက လက်လုပ်လက်စားလေး နိုဗာနိုင်

Anonymous said...

အော်..ပြောဖို့ကျန်ခဲ့တယ်...မနှင်းဆီကိုပြောပြလိုက်မယ်
နော်.....:)

ပုံ/ရှင်ကြားပူက လက်လုပ်လက်စားလေး နိုဗာနိုင်

လမင်းငယ် said...

မှတ်ထားလိုက်တော့မယ်နော်
:) တစ်မျိုးလေးဖတ်လို့ ကောင်းပ

...အလင်းစက်များ said...

အဲ့သည်တော့ မနှင်းဆီက ဘာပြောတုန်းဟင်။

ဘိုင်သဝေး အစ်မ ခရစ်စ်တယ်လ်ဆီမှာ ငါ့တူတို့  စုံတွဲ ပုံလေး တင်ထားသဗျ။ သွားကြည့်လိုက်ပါဦး။ ဟဟဟ

mstint said...

ကိုထွဋ်ရဲ့ မနှင်းဆီ သိစေချင်လို့ ရှဲလိုက်တာလေး ဖတ်သွားတယ်။ စင်္ကာပူမြို့မှာ မပျော်ပိုက်ပေမယ့် ဘဝရှင်သန်ရေးအတွက် ရပ်တည်နေရသူတွေ ဒုနဲ့ဒေးပဲနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးဇက် said...

မိုက်တယ်ဗျာ ဒီကဗျာကို အခိုက်ဆုံးပဲ ဗျို့ ။

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz

Anonymous said...

Zzzz