03 November 2011

မနှင်းဆီ သို့ လွမ်းချင်း

မနှင်းဆီ

နင့်နေလို့မှကောင်းရဲ့လား။ငါနင့်ကိုအရမ်းလွမ်းတာပဲ။ရေမြေတွေခြားနေပေမဲ့ နင့်ကိုငါလွမ်းတယ် ချစ်တယ်။
ဒါပေမဲ့ နင့်သတင်းတွေငါကြားနေရတယ် မနှင်းဆီ။ဘာတွေဖြစ်နေသလဲ မနှင်းဆီ။ နင့်ငါကို မချစ်တော့ဘူးလား။ငါဘယ်လောက် လွမ်းလဲ ဆိုတာနင်မသိနိုင်ပါဘူး...

ဒါပေမဲ့မနှင်းဆီ မင်းက အခုတော့ ငါးကင်မြင်လို့ ငါးစိမ်းပစ် ဆိုသလို။ မင်းအိမ်ဘေးက အိမ်သာတွင်းတူးတဲ့ကုလား စိုဗစ်နဲ့ကြိုက်ချင်နေတယ်လို့ သတင်းရတယ်။အမှန်ပဲလား မနှင်းဆီရယ်...
မကောင်းကြောင်းပြောတာတော့ မဟုတ်ပါဘူး။ အဲဒီ စိုဗစ် ဆိုတဲ့ကောင်က လုံးဝမကောင်းပါဘူး။ နင့်ကိုချုစားမှာလေ။ အခုတောင် ကွမ်းယာတွေကျွေး ဆေးလိပ်တွေ အလကားတိုက်နေရပြီ မဟုတ်လား။
ကုလားတိုင်းက အဲသလိုမဟုတ်ပါဘူး။ဒါပေမဲ့ စိုဗစ်က အဲလိုကောင်ပါ။ 
အော်....မနှင်းဆီရယ် ပြောရင်းနဲ့တောင် လွမ်းလိုက်တာ..နောက်တစ်ခုက ငါသူငယ်ချင်းတွေက နင်ကို အဲဒီကောင်နဲ့ မဆက်သွယ်ဖို့ပြောတော့ နင့်ကိုပြောတော့ နင့်ဘေးက နင့်ကိုကြောင်နေတဲ့ ဖွန်ကြောင်ငတိ ဆိတ်ကျောင်းတဲ့ကောင် လအုကဲ ငါသူငယ်ချင်းတွေကို ရန်စတယ်ဆို။အဲဒါအမှန်ပဲလား မနှင်းဆီ..

အခုတော့ နင်က ဘော်ဒီဂတ်တွေရနေပြီပေါ့ မနှင်းဆီ။နင့်က အဲသလို မိန်းကလေးဆိုတာ ငါမသိခဲ့ဘူး..

ဘာတွေ ဘယ်လိုကြောင့် နင်စိတ်ပြောင်းသွားလဲ ငါမသိဘူး...ငါတို့နှစ်ယောက်အတွက် ကြိုးစားပြီး အလုပ်တွေလုပ်နေတယ်..ဒီနိုင်ငံမှာ ပိုက်ဆံစု နေတဲ့ ငါ့ကို နင်မသနားဘူးလားဟင်..ငါပြန်လာရင် ဒို့တွေ လက်ထပ်ကြမယ်လေ..ငါ့ကိုစောင့်နေပါ..မနှင်းဆီ...

မိုးဖျောင်

မှတ်ချက်။   ။ မနှင်းဆီသည် မနှင်းဆီသာ ဖြစ်ပါသည်...

ကိုထွဋ်

6 comments:

Anonymous said...

တားကို ကယ်ပါ ဦးမျှစ် တားကြောက်တယ် ....

မှက်ချက် .... တားသည် ဦးမျှစ်၏ တူ...
မနှင်းဆီ is မနှင်းဆီ

AH said...

မနှင်းဆီ အဆက်ကို ဖတ်သွားတယ် ကိုထွဋ်ရေ.. ၃ ၄ ၅ ကိုလည်း မျှော်နေမယ်ဗျို့

ခင်မင်စွာဖြင့်
AH

Angelhlaing(May everybody be happy and healthy! said...

မနှင်းဆီ လွမ်းချင်းလေး ဖတ်သွားတယ်အကို :):)

လမင်းငယ် said...

လွမ်းတယ် မနှင်းဆီရယ် :P
ဟိဟိဟိ အားပေးသွားပါတယ်

Candy said...

ဟိဟိဟိ... မနှင်းဆီလည်း သနားပါတယ်.. သူ့ကို ၀ိုင်းရေးနေကြတယ်.. ဟိုလူက တလိုက် ဒီလူက တိုင်လိုက်နဲ့.. ဟီးဟီး.. :D :P

ညိမ်းနိုင် said...

အုမျှစ်ရယ်....မနှင်းဆီက ငါးစိမ်းမြင်လို့ ငါးကင်ပစ်တာ
ဟုတ်ရပါဘူး....တိုက်ဂါးမြင်လို့ ဝီစကီပစ်မိတာရယ်ပါ...:)))