31 July 2011

ကြိုက်တယ် မကြိုက်ဘူး

ကဲ ကျနော်ကိုတော့ ကိုမောင်လေး (ခေါ်) ဦးညိမ်းနိုင် တက်တော့လဲရေးရမှာပေါ့။ ရော့.အဲဒီမှာ ဖတ်ကြည့်...

ကိုယ်ခန္ဒာ

ဒီပို့စ်ကို ဘလော့ဂါတွေတော်တော်များများရေးကြတယ်။ ကျားဘလော့ဂါတွေကတော့ ကျစ်ကျစ်လစ်လစ် ဖြစ်ချင်တယ်တဲ့။
ကျနော်လဲ အဲလိုမျိုးဖြစ်ချင်တယ်။ အဲဒါနဲ့ ဂျင်မ်သွားဆော့တာပေါ့။ကိုယ်က အဲဒါမျိုး ခန္ဓာကိုမျိုးမှကြိုက်တာကိုး။ ဂျင်မ်ဆော့တယ် အစားလျှော့တယ်။ မနက်ကျရင်ထပြေးတယ်။ ဒါကျနော့် routine ပေါ့။ ဒါပေမဲ့ နှစ်ပတ်လောက်ကြာတော့ ဂျင်မ် သွားဆော့ရာကနေ အိမ်မှာ ဂျင်ပေါက်တာကိုပြောင်းလိုက်တယ်။ အစားကိုတော့ နှစ်ပန်းကန်စားရာကနေ တစ်ဇလုံကိုပြောင်းစားတယ် (ဇလုံက ၃ပန်းကန်လောက်ဝင်တယ်)။ မနက်ထပြေးတာကတော့ အခု ခြင်ထောင်ကို ပတ်ပြေးနေပါတယ်။ အဲဒီတော့ ခန္ဓာကိုယ်က နည်းနည်းပြည့်တယ်ပေါ့ဗျာ။အရပ်ကတော့ စံချိန်မှီ ၅ပေ၁၀လောက်ရှိတယ်။ ဆံပင်ကကောက်ကောက်နဲ့ တဲယောင်းလိုကေများထားပြီး သွားလိုက်ရင် ဟာကနဲ ဟင်ကနဲပဲလေ။ မျက်နှာကတော့ ရိန်းထက်တော့မလျှော့ဘူး(သူ့မျက်နှာလို ဖြစ်ချင်တာ)ချောတာမှ ခြင်နားမိရင်တောင်ချောလဲနိုင်တယ်... အဲကောင်လောက်တော့ သနားတယ်။ လမ်းမှာ ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်နဲ့ အရပ်က ၅ပေ၁၀ လောက်နဲ့ ရိန်းလိုဆိုရင်တော့ ကျနော်ပါပဲခင်ဗျာ။ ခေါ်နိုင်ပါတယ်။

လူတစ်ယောက် မှာ ကျနော် အရင်ကြည့်တာကတော့ ဦးမေးလောင်လိုပဲ ခြေထောက်ဗျ။ ခြေထောက်မှာ အနာအဆာတွေရှိရင် ကျနော် မကြိုက်ဘူး။ ကျနော်ခြေထောက်မှာ လည်း ဘာအနာအဆာမှ မရှိဘူး။ ခြေချောင်းလေးတွေကလည်းလှမှ။ နို့မို့ဆို အင်း....။သူငယ်ချင်းတွေကပြောတယ် သူ့ဘာသာ နေတာကိုလို့တော့ပြောပါတယ်။ဒါပေမဲ့ကျနော်ကြည့်မရဘူး။



အစားအသောက်

အမဲသားကလွဲလို့ အကုန်စားတယ်(ခွေးသားစားဘူးနော်)။ဘာလို့ အမဲသားမစားတာလဲလို့ တော့မမေးနဲ့။ ဘာသာရေးအရမဟုတ်ဘူး။ စားပြီးရင်သွားကိုက်လို့ မစားဘူး။ ကျန်တာ အကုန်စားတယ်။ ဒီနိုင်ငံမှာ ပေါက်ကရ အကုန်ရတယ်။ အိမ်မှာဆိုရင် ခေါက်ဆွဲခြောက်နဲ့ကြက်ဥကနေ့တိုင်းပဲ။ ပိုက်ဆံရှိရင်ကောင်းကောင်းစားတယ် ဒါပေမဲ့ ဖြစ်သလိုစားရလည်း ပြဿနာမရှိ စားဝင်တယ်။ စားလွန်းလို့ လည်း ငါးပူတင်းဗိုက်ဖြစ်နေပြီ။

ကွန်ပြုတာ

ကွန်ပြုတာ သုံးရတာကြိုက်ပေမဲ့ ကွန်ပြုတာနဲ့ အီဘုတ် ဖတ်ရတာကိုမကြိုက်ဘူး။ ကွန်ပြုတာ ဟန်း သွားရင်လည်း မကြိုက်ဘူး။ အဆင်ပြေနေမှ ကြိုက်တယ်။ဒါပေမဲ့ ရုံးကကွန်ပြုတာက တစ်နေ့ကို အနည်းဆုံးနှစ်ကြိမ် ရီစတပ်ချပေးရတယ်။
LCD စကရမ် မှကြိုက်တယ် CRT ကိုကြည့်လို့ရဘူး။ အဲလိုဇီဇာကြောင်တယ်။

အဝတ်အစား

ဂျင်း ကိုကြိုက်တယ်။ ကျနော်က စတိုင်ပန် နဲ့မလိုက်ဘူး။ အင်း.တကယ်က ဘောက်းဘီနဲ့မလိုက်ဘူး..ဘာဖစ်လို့လဲဆိုတော့ ကျနော်က တင်မရှိလို့တဲ့။ဟုတ်မယ်ဗျ။ တင်ရှိတဲ့ကောင်တွေကျ ဝတ်ထားတာကျ နောက်ကနေ ဆောင့်ကန်ပစ်ချင်စရာ။ အင်္ကျီဆို တီရှပ်ပဲကြိုက်တယ်။ ဘာဖစ်လို့လဲဆိုတော့ မီပုတိုက်စရာမလိုလို့။

လက်တွေခြေထောက် တွေမှာ ကွင်းတွေ ဝတ်ရတာကိုကြိုက်တယ်။ဒါပေမဲ့ မျောက်နဲ့တုတယ်လို့ သယ်ရင်းတွေက သြဘာပေးကြတယ်။လှတာ ဘာလဲဆိုတာမှ သူတို့မသိတာ နေပါစေ။

အပြုအမူ

တင်ပလင် ခွေထိုင်ရတာကြိုက်တယ်။ နေရာတော်တော်များများမှာ ထိုင်တယ်။ အလုပ်လုပ်ရင်လည်း အဲလိုထိုင်ရမှာကြိုက်တယ်။ အဘိုးကတောသား ဆိုတော့ ဆောင့်ကြောင့်ထိုင်ရတာကို သူကကြိုက်တယ်။ ကျနော်လဲ သူ့ဓာတ်နည်းနည်းပါလားမသိ။ တင်ပလင်ခွေ ထိုင်ရတာကိုကြိုက်တယ်။

ကျနော်ရေးချင်တာတွေရေးပြီးပြန်ဖတ်တော့ ပေါတောတောနဲ့လို့ ထင်တယ်။ ဒါပေမဲ့ တတ်နိုင်ဘူး။ကိုယ်ကဒါပဲရေးတတ်တာကိုး။

ဦးမေးလောင်ရေ ကျနော်ရေးပြီးပြီနော်။။။

ကိုထွဋ်
၃၁.၀၇.၂၀၁၁

16 comments:

တောက်ပကြယ်စင် said...

ကိုထွဋ်ရေ ကြိုက်တယ် မကြိုက်ဘူး လာဖတ်သွားတယ်။ အားလုံးနေကောင်းကြတယ်မလား။ အဲဗားလည်း သတိရနေပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ...

ကြယ်စင်အလင်း said...

ကွန်ပျူတာမကြိုက်တာချင်းတူတယ်။ အမဲသားကတော့ ကြိုက်လို့စားဖြစ်တယ်။ ဟုတ်ပါတယ်။ တချို.တွေက စားပြီး၇င် သွားကိုက်တတ်တယ်တဲ့။ ဖတ်၇င်းနဲ့ ပြုံးသွားပါတယ်။ တချို့အချက်တွေက တူနေလို့..း)

...အလင်းစက်များ said...

ဗိုက်ချရေးအစီအစဉ်အောင်မြင်တယ်ပေါ့လေ........ ဟုတ်လှချည်လားဟ.. မျောက်နဲ့ တူတယ် ဆိုတာတော့ ယုံပါတယ် မောင်ရင်ရာ.... ဟဲဟဲဟဲ

မအိမ်သူ said...

မျက်နှာချိုတာတို့ ဇ၀နဥာဏ် ဟာသဥာဏ် ရွှင်တာတို့တွေကော ထည့်မပြောတော့ဘူးလား.. :D

စံပယ်ချို said...

ကြိုက်တယ် မကြိုက်ဘူး ကိုဖတ်ပြီး
တစ်ချို့ကို မကြိုက်ဘူး
တစ်ချို့ကို ကြိုက်တယ် လို့ဖြစ်သွားတဲ့
jasmine ပါ။

Anonymous said...

တင်က ဘယ်ရောက်သွားတာတုန်း ...
အစရှိတယ်မဟုတ်လား ... အဟက်အဟက်

မောင်မျိုး said...

မင်းမှာ ပိုနေတဲ့အသားတွေ ငါ့လာပေးလို့ရရင်တယ်ကောင်းမယ် ၀က်ပုတ်တေေ.ယာင်းရိန်းရေ့း)))))

ညိမ်းနိုင် said...

အော်....ငါ့တူကြီးမျှစ်က မျှစ်စို့ဘွကနေ ဝါးဘိုးဝါးဘွပြောင်း
ှသွားရှာပြီကိုး...:)နောက်ဆို ငပူတင်းဗိုက်ကနေ ဝေလငါး
ဗိုက်ဖြစ်ဖို့ပဲကျန်တော့တယ်...:)
ရေးထားတာလေးကောင်းပါတယ်...၊ရေးပေးတာကျေးဇူး
တင်တယ်ညီ....။

ဖြိုးမောင်မောင်(CTM) said...

လေ့ကျင့်ခန်းကတော့မဆိုးဘူးပဲ ခြင်ထောင်ပတ်ပြေးတာဆိုတော့တော်တော်ဝိတ်ကျမှာနော့်
မောင်မျိုးကတော့လိုချင်တာတွေတောင်းသွားတယ်။
တင်ကတော့ ကိုလေမိုး ဆီကိုပေးလိုက်တာလား။ဟားဟား

မင်းဧရာ said...

ရိန်း.....းဝ}}}}}
ရောက်ခဲ့တယ် တဂ်ပို့စ်အရမ်သဘောကြတယ်
ရယ်ရလို့ လေ ကြိုက်တာလေးတွေက
ကျွန်တော်နဲ့ တော်တော်လေးတူပါတယ်။

ခရစ္စတလ် said...

ဆက်ရေး ကောင်းဒယ် :)

မေသိမ့်သိမ့်ကျော် said...

ရိန်းဆိုလို့...ဖတ်ပြီး ပြုံးစေ့စေ့ဖြစ်သွားတယ်။ တင်ပလင်ခွေထိုင်တာတော့ တော်တော်သဘောကျတယ်။ အညောင်းပြေလို့...း)


ခင်မင်လေးစားလျက်

မဒမ်ကိုး said...

ဟဟဟ
မဒိုးကန်လုပ်သလိုလုပ်ပါလား
လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး
ပန်ခြံထဲကဗယ်လီရိုက်တဲ့စင်ပေါ်တက်အိပ်နေတာ
..ပြီးတော့ပြန်လာတော့ပင်ပန်းလို့ဆိုပြီး
၂ပတ်လောက်နားပစ်လိုက်တယ်..
အဲလိုလုပ်ရတယ် ...း)

ခင်တဲ့
မဒိုးကန်

Angelhlaing(May everybody be happy and healthy! said...

အကိုရေ ကြိုက်၏၊မကြိုက် ဖတ်ပြိး ပြုံးသွားတယ်..:):) နောက်ကျတဲ့ အတွက် ခွင့်လွတ်..:P

mstint said...

ကြိုက်တယ် မကြိုက်ဘူး ဖတ်ပြီး ကိုထွဋ်အကြောင်း တစ်စိတ်တစ်ဒေသ သိသွားတာပေါ့နော်။
ဗိုက်ချတဲ့အစီအစဉ်ဆိုရင် စိတ်ဝင်စားတယ် ဗိုက်ထွက်နေတဲ့ သူတွေကိုနည်းလမ်းပေးချင်လို့ပါး))
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

December Mgmg said...

ဖတ်သွားပါတယ် အကိုရေ ။ သူများတွေ အကုန်ဖတ်ပြီးမှ ရောက်လာလို့ ခွင့်လွတ်ဗျာ :D