23 June 2011

Facebook တင်ရန် ဓါတ်ပုံရိုက်နည်းများ (The Art of Shooting Photos for Facebook)

Facebook တင်ရန် ဓါတ်ပုံရိုက်နည်းများ (The Art of Shooting Photos for Facebook)



Facebook ၏အလှပဂေးများကိုလိုက်လံငမ်းမောကြည့်ရှုရာမှရရှိလာသောဓါတ်ပုံပညာရပ်ဆိုင်ရာ ဗဟုသုတများကို နောင်လာနောက်သားများအတုယူနိုင်ရန်ဖော်ပြအပ်ပါသည်။



- အသုံးအများဆုံးနည်းလေးကတော့ နှုတ်ခမ်းလေးကိုစူရင်စူ၊ ပါးလေးကိုဖောင်းရင်ဖောင်း၊ ဒါမှမဟုတ် လျှာကလေးကိုတစ်လစ်တစ်လစ်လုပ်လိုက်ပါ။ ဒါမှမဟုတ်လည်း ၃ခုလုံးပြိုင်လုပ်ချင်လဲရပါတယ်။ ပိုလှချင်သေးရင်တော့ လက်ညှိုးနဲ့ ပါး ဒါမှမဟုတ် နှုတ်ခမ်းကိုထောက်လိုက်ပါ။ ပြီးတော့ ရိုးသားသယောင်ယောင် (သို့) အံသြသယောင်ယောင် (သို့) Feel တက်နေသယောင်ယောင်မျက်နှာပေးလုပ်ချင်လဲရပါတယ်။ စိတ်ကျေနပ်ပြီဆိုရင်တော့ Camera မီးကျွမ်းအောင်ရိုက်လို့ရပါပြီ။ ဒီရုပ်ဒီရည်နဲ့ ပုံ ၁၀၀ ရိုက်ရင် ၁ပုံတော့လှမှာပဲ။ အင်း၊ ကြိုက်တဲ့ပုံရပြီဆိုရင်တော့ မြန်မြန်သာ Upload လုပ်ပေတော့။ အစ်ကိုကာလသားတွေမြန်မြန်ငမ်းလို့ရအောင်။



- နောက်တစ်နည်းကတော့ ကိုင်းထူထူနဲ့မျက်မှန်၊ ဒါမှမဟုတ် မှန်မပါတဲ့မျက်မှန်တပ်ပြီးရိုက်နည်းပါပဲ။ ကိုင်းကအရောင်စုံဆိုရင်ပိုတောင်ကောင်းသေး။ ဘာကြောင့်ဒီနည်းကိုသုံးသင့်လဲဆိုရင် မျက်မှန်ကိုင်းကထူတော့ မျက်နှာပေါ်က တင်းတိပ်၊ ဝက်ခြံ၊ ကြက်ခြံတွေကို ဖုံးပြီးသားဖြစ်သွားတာပေါ့ကွယ်။ ပြီးတော့ မျက်မှန်ကိုပဲ အာရုံရောက်နေကြတော့ ကိုယ်မလှတာလူသတိမထားမိဘူးပေါ့။ ဒါတောင်အဆင်မပြေသေးဘူးဆိုရင်တော့ မျက်နှာတစ်ဝက်လောက်ဖုံးတဲ့ နေကာမျက်မှန်ကြီးတွေတပ်ပြီးရိုက်လို့ရပါသေးတယ်။ အခြောက်ကြီးဆိုရင်တောင်လူသိမှာမဟုတ်ဘူး။ ပြီးတော့ ပျားလိုလို၊ ယင်ကောင်လိုလို၊ ပုတုန်းလိုလိုနဲ့ လူတောင်ရှိန်သေး။



- ပိုလှချင်ပါသေးတယ်ဆိုရင်တော့ ဟိုဂျပန်ကာတွန်းကားတွေထဲကလို မျက်ဆံကြီးကြီး အရောင်တောက်တောက်တွေနဲ့ မျက်ကပ်မှန်တွေတပ်ပြီးရိုက်လို့ရပါသေးတယ်။ လန်းလွန်းလို့ ကိုယ့်ရုပ်ကိုယ်တောင်မှတ်မိမှာမဟုတ်ဘူး။ အဲဒီမျက်လုံးတွေကြိုက်တဲ့ကောင်လေးနဲ့တွေ့လို့ ရည်းစားရရင်တော့မပူပါနဲ့။ မျက်ကပ်မှန်ကို အိပ်တဲ့အချိန်ကျမှချွတ်ပေါ့။ အိပ်တဲ့အချိန်ဆိုတော့သူလည်း မျက်လုံးကိုစိတ်ဝင်စားမှာမဟုတ်ပါဘူး၊ (တစ်ခြားစိတ်ဝင်စားစရာတွေရှိတာကိုး)။



- အော်၊ ပြီးတော့ မျက်လုံးကြီးကြီးနဲ့တော့လှချင်တယ်၊ ဒါပေမယ့် မျက်ကပ်မှန်မတပ်ချင်ဖူးဆိုလဲ တစ်နည်းရှိသေးတယ်။ အိမ်မှာသကြားရှိတယ်ဟုတ်? အင်း၊ အဲဒီသကြားကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းလောက်ခပ်ပြီး စားပွဲပေါ်မှာတင်၊ ပြီးရင် ဘူးအလွတ်တစ်လုံးနဲ့ စောင့်နေ။ ခဏနေ ပုရွက်ဆိတ်တွေလာလိမ့်မယ်။ သူတို့ကိုဘူးနဲ့ဖမ်းပြီး တစ်နေ့တစ်ဘူးမှီဝဲဗျ။ ဘာကောင်းလဲဆိုတော့ မသိဘူးလေ၊ လူကြီးတွေပြောတာက ပုရွက်ဆိတ်စားရင် မျက်လုံးပြူးတယ်ဆို။



- နောက်ထပ်တစ်နည်းကတော့ အိမ်မှာ မွှေးပွရုပ်တွေရှိရုံနဲ့ အလုပ်ဖြစ်ပါတယ်။ လုပ်ရမှာက ညဝတ်အင်္ကျီကိုဝတ်၊ ပြီးတော့ဆိုဖာ၊ ဒါမှမဟုတ် ကုတင်ပေါ်မှာထိုင်၊ အရုပ်ကလေးကို ချစ်စဖွယ်ပိုက်ပြီး အိမ်ကလူတစ်ယောက်ယောက်ကို Camera ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင်ဟာ ချစ်စရာ့အရွယ် နို့နံ့မစင်သေးတဲ့ကလေးမငယ်စတိုင် ဓါတ်ပုံတစ်ပုံရဲ့ ဂုဏ်ယူဖွယ်ပိုင်ရှင်ဖြစ်သွားပါပြီ။ သူများတွေလည်းဂုဏ်ယူလို့ရအောင် Facebook မှာတင်ဖို့မမေ့နဲ့အုံးနော်။



- တကယ်လို့ Cute ဖြစ်တာမကြိုက်ပဲ ပူစပ်ပူလောင် Hot & Sexy ကိုကြိုက်ပါတယ်ဆိုရင်တော့ပထမဆုံး Stocking တစ်ထည်ရှာပါ၊ အပေါက်တွေပါရင်ပိုကောင်းပါတယ်။ ပြီးတော့အခုဝတ်နေတဲ့အင်္ကျီထက် ၄ ဆိုဒ်လောက်သေးတဲ့အင်္ကျီကိုရှာပါ။ အဲဒါတွေဝတ်ဆင်လိုက်ရင်တော့ မယ်စကြာဝဠာရှူံးလောက်တဲ့၊ ကိုယ့်မှာရှိနေမှန်းတောင်မသိငုပ်လျှိုးနေခဲ့တဲ့ ကျပ်ထုပ်တင်းရင်းနေတဲ့အလှတွေပေါ်ထွက်လာပါလိမ့်မယ်။ ဓါတ်ပုံရိုက်ရင်လည်း ဒီအလှတွေပေါ်အောင်လို့ Camera ကို အပေါ်ကနေချိန်ပြီးရိုက်ပါ။ ရှုခင်းကောင်းတာပေါ့။ ဒါမှမဟုတ်ရင်လည်းမှန်ထဲကနေတစ်ဆင့် Angle ပေါင်းစုံကနေစမ်းပြီးရိုက်ကြည့်ပါ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး ကိုယ်ကိုတိုင်တောင် မရိုးမရွဖြစ်လာပြီ ဆိုရင်တော့ သင်ဟာနောက်ထပ်ဂုဏ်ယူဖွယ်ရာ ကောက်ညှင်းထုပ်ဓါတ်ပုံ၏ပိုင်ရှင်ဖြစ်သွား ပြီဆိုတာ သိရှိလိုက်ပါတော့။ ပြီးတော့ဒီနေရာမှာယူတတ်ရင်ရမယ့်အခွင့်အရေးလေးတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ Camera အစား Phone နဲ့ဓါတ်ပုံရိုက်တာပါပဲ။ မှန်ထဲမှာရိုက်တာဆိုတော့ ဓါတ်ပုံထဲမှာ သင့် Phone လဲပါလာမယ်လေ။ သင့်၏ တန်ဖိုးကြီးပြီး ဖန်ရှင်စုံပေသော iPhone 10Gs (သို့) HTC Superhero OMFG! (သို့) Sony Ericsson Zeperia Z20 (သို့) Nokia N-Gazillion အစရှိသောအမျိုးကောင်းသား/သမီး Handsetတို့ကိုအသင်၏ခန္ဓာကိုယ်အလှနောက်ခံထားကာ တစ်ကမ္ဘာလုံးမနာလိုအားကျကြောင်းငှာ ကြွားဝါပြသမည့်အရေး ဤနှယ်ကောင်းမွန်သောအခွင့်အရေးထူးကြီးအား အဘယ်မှာတွေ့ရပါညားအံ့။ ထို့ကြောင့်ဤအခွင့်အရေးထူးကြီးအား လက်မလွတ်ရလေအောင် အမိအရယူပါလေ။



- ဒီလိုအံ့မခန်းဓါတ်ပုံတွေရိုက်မယ်ဆိုရင် Setting ကောင်းကောင်းလိုပါတယ်။ Facebook မှာ popular ဖြစ်နေတဲ့နေရာတွေကတော့ Photo studio၊ ပန်းခြံပေါင်းစုံ၊ အဆောက်အဦးများ၏အပေါ်ဆုံးထပ်၊ အင်တာနက်ဆိုင်၊ hotel & restaurants တွေမှာရှိတဲ့ ကျွန်တော့်အခန်းထက်တောင်ကောင်းတဲ့ အဆင့်မှီအိမ်သာကြီးများ၊ ပြီးတော့ အိပ်ခန်း၊ ရေချိုးခန်း အစရှိသဖြင့်ပါပါတယ်။ ကိုယ်ဥာဏ်ရှိရင်ရှိသလောက် ဆန်းသစ်တီထွင်ရိုက်ကူးလို့ရတဲ့အတွက် အကျယ်တဝင့် မညွှန်ကြားတော့ပါဘူး။



- နောက်ဆုံးအနေနဲ့ ဓါတ်ပုံရိုက်ပြီးလို့ Profile Picture တင်တော့မယ်ဆိုရင်တော့ photo frame၊ ဒါမှမဟုတ် စာလေးတွေ၊ အသည်းပုံလေးတွေမပါရင်မပြီးပါဘူး။ တွေ့ရတတ်တဲ့ စာလေးတွေကတော့ "ZOMG I’m sO fUCkiNg CuTE!!!!!1122@@", "I miss you so much that I'm posting my cute/revealing photos on Facebook", "I am so hot I'm jealous of myself", "Your boobs are smaller than mine bwaa haa haa" အစရှိသဖြင့်ဖြစ်ပါတယ်.



အထက်ပါညွှန်ကြားချက်တွေကိုလိုက်နာခဲ့မယ်ဆိုရင်တော့ သင်ဟာ Friends ရာ၊ ထောင်ချီပိုင်ဆိုင်တဲ့ Facebooker တစ်ယောက်အဖြစ်ကိုမကြာမီရောက်ရှိပါတော့မယ်။ အဲဒီ Friends တွေထဲမှာ ပုရိသတွေကတော့ 99.9999999999% ဆိုတာပြောစရာလိုမယ်မထင်ပါဘူး (အဲဒီလိုဖြစ်အောင် လုပ်ထားတာပဲ ဟာပဲ ဟာပဲ ဟာကို)။



ထပ်ပြီးဂုဏ်ယူစရာကတော့ သင်ဟာဒီပုရိသတွေရဲ့ comment တွေနဲ့ ချီးမြောက်မှုတွေကြားမှာ မျက်နှာပန်းပွင့်လန်းလာတော့မှာ မလွဲဧကန်ပါပဲ။ အဲဒီလို ချီးကျူးဂုဏ်ပြုမှုတွေကို ကြိုတင်ခံစားလို့ရအောင် comment နမူနာလေးတွေကို ကျွန်တော့်ရဲ့မှတ်ချက်လေးတွေနဲ့အတူ ဖေါ်ပြပေးပြီး ဒီ Guide ကိုနိဂုံးချုပ်အပ်ပါတယ်။



• "လန်းတယ်နော်" (“ဟုတ်၊ ကျေးဇူးနော်”)



• "so beauty" (English လိုပြောပြီးအထင်ကြီးလဲခံချင်သေး၊ Grammar ကလဲမပိုင်)



• "စားချင်စရာကြီး" (အတော်ပဲ toilet က flush လုပ်လို့မရတာနဲ့)



• “ဘယ်လိုကြည်ကြည်အမြဲလှတယ်” (မြန်မာစာလုံးတောင်မှန်အောင်မပေါင်းဘူး)



• သြော်--- သဘာဝတရားကို ပိုပြီးပြည့်စုံလှပသွားအောင် လှပနေသူပါလားနော် (“သဘာဝတရားကို အကျည်းတန်အောင် ပေါရဲသူပါလားနော်”)



• _____ ရဲ့ပါးပေါ်က မှဲ. လေးဖြစ်ချင်လိုက်တာ (“ဟင့်အင်း၊ ကျွန်မကမှဲ့ရုပ်ဆိုးကြီးလိုချင်ဘူး”)



• ကြည့်ကောင်းလို့ ______ ရဲ့ ပုံကို desktop မှာတင်ထားလိုက်ပြီ (“ရှင့် PC က Core i7 မဟုတ်ရင်တော့ sorry ပဲ)



• BeeeeeeeeeeeeeeOoooooooooooooTeeeeeeeeeeeeeeeeeeeeFuuuuuuuuuuuuuuuuuuuLLLLLLLLLLLLLLLLLL!! ;) (“Sorry but I don’t talk to people who have trouble spelling.”)



ကဲတော်လောက်ပါပြီ၊ ဆက်ရေးလို့ကတော့ပြီးတော့မှာမဟုတ်ဘူး။ ဒါတောင်ဒီ comment တွေက တစ်ယောက်ထဲဆီကယူထားတာ၊ ဘယ်သူလဲဆိုရင်တော့ပြောပြဘူး :P



Disclaimer: ဤဆောင်းပါးကိုမည်သူတစ်ဦးတစ်ယောက်ကိုမျှ နာကျင်ထိခိုက်စေလိုသောရည်ရွယ်ချက်ဖြင့် ရေးသားခြင်းမဟုတ်ပါ။ အပျော်သဘောဖြင့်သာရည်ရွယ်ပါသည်။ တိုက်ဆိုင်မှုမရှိကခွင့်လွှတ်စေလိုပါသည် :P



ပုံ

Chilly Chan

မှတ်ချက်။ ။ ဖဘ ကရတာပါ....

ကိုထွဋ်
၂၃.၀၆.၂၀၁၁

7 comments:

အိမ်မက်စေရာ said...

အမလေး ရှုခင်းပုံရိုက်နည်းထင်လို့ လာကြည့်တာ ခုက ရူခင်းထက်ကို ပိုကောင်းတာတွေ လာတွေ့နေတယ် အစ်ကို လုံးဝကြိုက်သွားပြီ ညီမ ဖဘ ကို ယူသွား ခွင့်ပေးပါနော်...ကြိုက်လွန်းလို့..ပြန်မျှဝေချင်လို့.. လုံးဝမိုက်တယ်

ကိုထွဋ် said...

ဟုတ်ကဲ့..ကျနော် လဲ ဖဘ ကနေမလာတာလေ....

ရှဲပါ..မိန်းကလေးတွေအတွက်ပါ....

အူးလေးညိမ်းနိုင် said...

တူမောင်....ကောင်းအိ...။အူးလေးတို့ အတောင်နှစ်ဆယ်ဝတ်မဟာပူရိသ မင်း
ယောင်္ကျားများ ရိုက်နည်း(ဒါ့ပုံနော်..ဖဲမဟုတ်ဘူး..)ရော...ရှိဘူးလား တူမောင်
မျှစ်ရဲ့....:)

တောက်ပကြယ်စင် said...

ရယ်စရာနဲ့ ဗဟုသုတရောပြီး တင်ပေးတဲ့အတွက် ကိုထွဋ်ကို ကျေးဇူးအထူးပါ...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

မအိမ်သူ said...

အောင်မလေးနော် ရီလိုက်ရတာ.. တကယ်များ ဓါတ်ပုံသင်တန်း ပေးတော့မလို့လားလို့ လာဖတ်တာ တတ်လဲတတ်နိုင်ပါ့ :D

Anonymous said...

သို့ ကိုစီသူ

မျက်မှန်တပ် နှုတ်ခမ်းစူပြီး လျှာထုတ်ထားတဲ့ ပုံတပုံလောက်ရိုက်တင်ပေးပါလား

ချစ်ချင်းအားဖြင့်

ထူးအိမ်သင် အဲ့ အမှတ်တရနေ့စွဲများ

january4 said...

တော်ပါပြီ အစ်ကို ၇ယ် ..ဖော့ဘွတ်မှာတင်ထားတဲ့ ကိုယ့်ပုံလေးတွေတောင် ပြန်ဖျက်လိုက်တော့မယ်...ဓါတ်ပုံ၇ိုက်တာ အ၇မ်းဝါသနာပါလို့ ၇ှယ်ပဲပေါ့ဆိုပြီးလာဖတ်လိုက်တာပါ..