25 June 2011

မငိုပါနဲ့တော့သမီးလေး....


“မငိုပါနဲ့တော့ သမီးလေး ဂုဏ်ထုးလေးဘာသာပါလည်းမနည်းပါဘူးတဲ့“


တမျိုးကြီါ်ပဲ..ဂုဏ်ထူးလေးဘာသာပါလို့ ဝမ်းသာပါတယ်တော်ရောပေါ့..အခုတော့ ဘာကြီးမှန်းကိုမသိဘူး..

ကိုနွဲ့ပြောသလိုပြောရရင် အဲဒါပူပန်ကြွားပေါ့နော်.... သမီး အတွက်ပူပန်သလိုလိုနဲ့ ကြွားထားတာ

ကိုယ်တွေ အောင်တုန်းကမကြော်ငြာခဲ့ ရဘူး..

ဘာမှအားမငယ်နဲ့သား အောဒီမရပေမဲ့ ဘာသာစုံပေါင်း အမှတ် ၂၄၀ ရတဲ့အတွက်ဖေဖေနဲ့မေမေ ဂုဏ်ယူတယ်ဆိုပြီးတော့လေ..

အော်..ဒွတ်ခ ဒွတ်ခ....

မိဘမေတ္တာကို ခံစားမိပါတယ်...ဒါပေမဲ့ တမျိုးကြီးပဲနော်.....

ဓာတ်ပုံ ကို ဖေ့ဘုတ် ကိုမင်းဝေယံ ဆီကယူတာပါ..

ကိုထွဋ်
၂၅.၀၆.၂၀၁၁

9 comments:

မအိမ်သူ said...

မပူနဲ့ နောက်ထပ်အဲဒီလို ကြော်ငြာမျိုးတွေ ထပ်လာနိုင်သေးတယ်။
“မငိုပါနဲ့တော့ သမီးလေး လေးမြွှာပူးလေးမွေးလည်း မနည်းပါဘူး။ သမီးရဲ့ စွမ်းဆောင်မှုအတွက် ဖေဖေနဲ့မေမေ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း..” ဆိုတာမျိုးတွေရှိနိုင်သေးတယ်လေ .. :P :D

တောက်ပကြယ်စင် said...

ဟုတ်တယ်နော် ကိုထွဋ် တစ်မျိုးကြီးပဲ...ကျန်းမာပျော်ရွှင်ပါစေ...

ပေပေကြီးညိမ်းနိုင် said...

မငိုပါနဲ့တော့ သားလေး...ဘာသာစုံ မော်ရေးရှင်းနဲ့အောင်
လည်း ဖေဖေမေမေတို့ ကျေနပ်ပါတယ်...:P

mstint said...

မိဘတွေရဲ့ အနှိုင်းမဲ့မေတ္တာပေါ့ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ဟား ဟား ဟား
ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော :)

အမှတ်တရ နေ့စွဲများ... said...

ဘာဘူ ဆိုသလိုမျိုးလေ ကြွားနေတာ ကြွားနေတာ

Anonymous said...

အစ်ကို သူအဖေနဲ့ အမေက Green Light Co.ltd ကတဲ့ သတင်းစာမှာ company ဝန်ထမ်းတွေက မောင်နှမနှစ်ယောက် ၁၀ တန်းအောင်တာကို ဝမ်းသာဂုဏ်ယူတယ်ဆိုပြီးထည့်ထားတယ်..ဖဘ မှာ တွေ့တာပဲ http://www.facebook.com/photo.php?fbid=166004586798644&set=a.166004583465311.42203.165237603542009&type=1&theater ကြည်လို့ရတယ်..

စံပယ်ချို said...

တီတင့်ပြောသလိုပါပဲလေ.....

ကြယ်စင်အလင်း said...

၁၀တန်းအောင်စာ၇င်းထွက်ပြီးနောက်ပိုင်း ဖေ့ဘွတ်မှာ နာမည်အကြီးဆုံး ဓါတ်ပုံပဲဗျ.. ပလူကိုပျံနေတာ...