27 March 2011

ချစ်တယ်

Do not count what u have lost.
Just see what u have now,
because past never comes back
but sometimes future can give u back your lost things! ‘good morning‘.

နင့်ရဲ့ဘဝ အတိတ်မှာ ဘာတွေပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ ပြန်တွေးမနေပါနဲ့နော်..အခုအချိန်မှာ ငါနင့်ဘေးနားမှာရှိနေပြီပဲ..နင့်သိထားဖို့က ငါနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာရယ် ဘာပဲဖြစ်ဖြစ်နင့်အတွက်ဆို အဆင့်သင့်ရှိနေမှာပါ။ အတိတ်ကိုမေ့ပစ်ပြီးဘဝအသစ်ပြန်စပါနော်။
ငါ့ဘေးနားမှာ နင်ရှိပေမဲ့ ရင်ဘတ်ချင်းကဝေးနေသလိုပဲ..နင်ကပြောတယ် အစိုးရိမ်လွန်နေတာပါတဲ့ အဲသလိုပဲဖြစ်ချင်ပါတယ်..

ငါနင့်ကိုချစ်တယ် ဘယ်လောက်ထိလဲဆိုရင် ဒီကမ္ဘာပေါ်မှာ ငါထက်ချစ်နိုင်တဲ့သူကို နင်ရှာလို့မတွေ့ပါဘူး။ အ၇င်တုန်းက တနင်္ဂနွေနေ့ဆို အရမ်းပျော်တယ်။ အခုတော့ အလုပ်ပိတ်ရက်တွေကို မုန်းနေတတ်ပြီ။ နင်ငါ့အနားမှာ မရှိတဲ့နေတွေဆို ဘယ်လိုနေရမှန်းမသိတော့ဘူး...

နင့်လက်လေးကိုကိုင်ခဲ့တဲ့အချိန်တွေ၊ငါ့ပါးကိုနမ်းတဲ့ အချိန်တွေဆို အရမ်းပျော်မိတယ်.. နင်ငါ့နားကိုကပ်ပြီး “မ မောင့်ကိုအရမ်းချစ်တာပဲ”  လို့ပြောတဲ့အခါ ကိုယ့်ကိုကိုယ် ကံအကောင်းဆုံးလူသားလို့ ခံစားရတယ်။

မကို မောင်မတွေ့သေးတဲ့ အချိန်တွေမှာ မောင်ဟာ ရိုးရိုးလူသားတစ်ယောက်ပါပဲ။ မကို မောင်ချစ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ မောင်ဘဝဟာ ပျော်ရွှင်စရာအတိဖြစ့်ရပါတယ်။ မ မောင်အနားမှာ တသက်လုံးရှိနေပေးပါ။ ဒီဟာကို စိတ်ကူးယဉ်မှုတခုလို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာစစ်မှန်တဲ့ မအပေါ်ထားရှိတဲ့ မောင့်ရဲချစ်ချင်းပါ...ရွှေမလိုပါဘူး ငွေမလိုပါဘူး မောင်အတွက်လိုအပ်တာက မရဲ့ချစ်ချင်းပါပဲ...





လွမ်းတယ် မရယ်...မ မောင့်အနားမှာရှိနေမယ်လို့မျှော်လင့်ရင်းနဲပဲ.......

ကိုထွဋ်

7 comments:

yar zar said...

ကိုထွဋ်ရေ လိုချင်တဲ့ ဆုတွေ ပြည့်ပါစေဗျာ...
သက်ရောက်မှုတိုင်းမှာ တန်ပြန်မှုတော့ ရှိမှာပါ..
ရာဇာ(ကျေးတောသားလေး)

Angelhlaing(May everybody be happy and healthy! said...

အကိုရေ လိုနေတဲ့ ချစ်ခြင်းတွေ အပြည့်အဝရပါစေလို့
ညီမလေးဆုတောင်းပေးပါတယ်နော်..။
ကောင်းသောနေ့လေးဖြစ်ပါစေ။

ညိမ်းနိုင် said...

ချစ်ပါဗျာ.....ချစ်သာချစ်ပလိုက်ပါ....။ချစ်ခြင်းတွေက အပြစ်ကင်းပါတယ်လေ....ဟုတ်ဘူးလား..:)

အိမ်မက်စေရာ said...

လာလည်တယ် အစ်ကိုရေ ပျော်ရွှင်ဖွယ် ချစ်ခြင်းဖြစ်ပါစေ ..

ညယံ said...

လာလည်ပါတယ်။ ဒီသီချင်းလေးက နှစ်တွေကြာပေမယ့် ရိုးမသွားဘူးနော် ။
မျှော်လင့်နေတဲ့သူနဲ့ လည်း အမြန်ဆုံတွေ့ နိုင်ပါစေ။

...အလင်းစက်များ said...

ဒို့ ဂတော့ ပိတ်ရက်ဆိုသိပ်ပျော်ခဲ့ဖူးဒယ်... ဟီးဟီး.. ပူညံပူညံလုပ်မယ့်သူ မရှိလို့  ... :P

ခနွဲ said...

ဆုတောင်းတွေ ပြည့်ပါစေခင်ဗျာ။