24 February 2011

သူနဲ့ကျနော်

ကျနော်နဲ့ သူနဲ့ တွေ့ခဲ့ကြတာ ငါးလလောက် ရှိပြီးပေါ့။ သူက ကျနော်ကို မျက်စိအောက်ကအပျောက်မခံ နိုင်လောက်အောင် ကိုချစ်တယ်။ ကျနော်လဲသူ့ ကိုအရမ်းချစ်တယ်.. ဒါပေမဲ့ ကံကြမ္မာဆိုးက ကျနော် တို့ကြားကိုဝင်လာတယ်ဗျ။ အဲဒါက သူကောင်လေးတစ်ယောက် နဲ့ အသွားအလာ များနေတယ်ဆိုတာပဲ ဒါပေမဲ့လည်း ကျနော်နားမှာတော့ အရင်လိုနေတုန်းပဲဗျ...နောက်တလလောက် ကြာတော့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြတယ်ဗျ.... 


ကျနော်အရမ်းခံစားရတယ်ဗျာ..ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ ဖြစ်ပြီးသွားပြီပဲဗျာ..ပြဿနာကအဲဒီမှာ စတာဗျ...
ဟိုကောင်လေးနဲ့ ကလဲတွဲနေတယ်...ကျနော်ကိုလဲ မဖြတ်ဘူးဗျာ..ခံစားရတယ်ဗျာ...ကျနော်ကလဲ အရမ်းချစ်တော့ သူ့နားမှာရှိနေရရင်ကိုကျေနပ်မိတယ်ဗျာ.....နောက်ဆုံးတော့ ကျနော်မခံစားနိုင်တော့လို့သူ့နားကထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်...ကျနော် မမှားပါဘူးနော်... မမှားပါဘူးနော်....ရင်ထဲမှာ နာကျင်စွာ ခံစားရပေမဲ့ ကျနော် ထွက်သွားမိတယ်ဗျာ...


အချစ်ဆိုတာ ပိုင်ဆိုင်ရယူ ခြင်းမဟုတ်သလို ပေးဆပ်ခြင်းလည်း မဟုတ်ပါဘူး...အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတယ် ဆိုတဲ့ သူတနေ့တော့ သိလာမှာပါ။ ငါ့အတွက် ကတော့ မင်း ငါ့ကိုချစ်ခဲ့ဖူးတယ် ဆိုတဲ့အသိကပျော်ရွှင်စေမှာပါ။။


ညနေခင်း တခုမှာ ကျနော်ထွက်လာခဲ့တယ်...အဲဒီနောက်ပိုင်း ကျနော်သူ့အကြောင်း ဘာမှမကြားရတော့ဘူး...အချိန်တွေ နှစ်လ ကြာသွားတယ်...ကျနော် အရမ်းလွမ်းတယ်ဗျာ...နှစ်လအတွင်းမှာ ဘာမှမလုပ်နိုင်ခဲ့ဘူး.....လွမ်းနေတာနဲ့တင် အချိန်ကုန်ခဲ့တယ်....
ဒီနေ့တော့ ကျနော်သူ့ကိုအလွမ်းပြေ သွားကြည့်မိတယ်....သူကအရမ်းလှလာတယ် ဘေးမှာတော့ သူကောင်လေးပါစမြဲပဲပေါ့...... ဒါနဲ့ပဲ လှည့်ထွက်ဖို့အလုပ် မှာ သူ့ သူငယ်ချင်းတစ်ယောက် က ကျနော်ကို တွေ့ပြီး အတင်းဆွဲ ခေါ်သွားတယ်... ကျနော်ရုန်းပေ မဲ့ အချဉ်းနှီးပါပဲ ဗျာ...


ကျနော်ကိုတွေ့တော့ သူအရမ်းပျော်သွားပြီး ကျနော် ကိုဖက်ထားတယ်ဗျာ ..ရင်ထဲမှာနွေးနေတာပဲ..ရင်လဲအရမ်းခုန်တယ်ဗျ......
အဲဒီ အချိန်မှာ သူ့ကောင်လေး က အနားလာပြီး သူ့ကိုပြန်တွေ့ရတာ ဝမ်းသာပါတယ် ဆိုပြီး အိမ်ကိုလိုက် ပို့ပေးပါတယ်....ရေမိုးချိုး ပြီးတော့ ကျနော်သုံးယောက် Shoping Mall ကိုသွားပြီးတော့ ကျနော်အတွက်လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ် ကြပါတယ်....သူက နောက်တခါကျရင် ထွက်မသွားနဲ့တော့ နော် တဲ့။ကျနော်ကလည်း မသွားတော့ပါဘူး လို့ကတိပေးလိုက်တယ်။ သူ့ကောင်လေးက နောက်တခါ သူထွက်မသွားအောင်လုပ် ဖို့ကတနည်း ရှိတယ်..အဲဒါက သူ့အတွက် ခွေးမလေးတစ်ကောင်ဝယ်ပေးရမယ်တဲ့....သူကလည်းဟုတ်တယ် ဆိုပြီး ထောက်ခံလိုက်ပါတယ်..


ကျနော် ကတော့ သူ့ကို ကျနော်ရဲ့ သခင်မ အဖြစ် နဲ့ ချစ် ပြီး ကျနော်အတွက် ဝယ်လာမဲ့ခွေးမလေးကို အိမ်သူ သက်ထား ဇနီး မယား အဖြစ် နဲ့ပဲချစ်လိုက်တော့မယ်ဗျာ..ဘဝချင်းမှ မတူဗျာ...




အော်..မေ့လို့..ကျနော်က Lasy ဆိုတဲ့ ချစ်စရာ ခွေးလေးတစ်ကောင်ဖြစ်ပါတယ်ဗျာ...



ကိုထွဋ်

၂၄.၀၁.၁၁



18 February 2011

ဗန်ပါစီ ၊ အာရှာဗင် နှင့် ကျနော်

 

 အာဆင်နယ်၏ ချေပဂိုးရှင် ဗန်ပါစီ(အပေါ်ပုံ)နှင့်အာရှာဗင်(အောက်ပုံ)

မနေ့ကညနေက အင်တာနက်ကြည့်တော့ Champions League ကိုသတိရတာနဲ့ Soccer Myanmar ကိုဝင်ကြည့်တော့ အာဆင်နယ် ၂-၁ ဘာစီလိုနာ ဆိုတော့ ပျော်လိုက်တာ...

ဘာစီလို ကမ္ဘာ့အကောင်းဆုံးအသင်းကိုအိမ်ကွင်းမှာအနိုင်ရပေမဲ့ အဝေးကွင်းအတွက်တော့ စိတ်ပူနေရသေးတယ်။

ဘာပဲဖြစ်ဖြစ် အနိုင်ရတဲ့အတွက်..နောက်ပွဲကိုသရေ ခံဆော့ပြီး ကွာတားဖိုင်နယ် တက်မယ်လို့ယုံကြည်ပါတယ်...ဂုဏ်ယူပါတယ် အာဆင်နယ်..

England ပွဲတွေပြီးတော့ MNL(Myanmar Negro League) ကိုလေ့လာကြည့်တော့စိတ်ကုန်ပါတယ်...

လက်ရွေးစင်အသင်း ဇလားဗီးယား နည်းပြကြီးကလဲ သူ့ကိုသူ့ မြန်မာ လို့ခံယူပြီးဝင်ပြိုင် မယ်တဲ့...

ဖီဖာ ဥက္ကဋ္ဌ ဘလတ္တာကလဲမြန်မာပြည်ကို လာမယ် တဲ့ ပြီးရင် ခြံထွက်သီးနှံတွေယူပြီး ပြန်မယ်ဆိုတဲ့အကြောင်း

ကဲဘာဒွေဒုန်းဟ...........


ပွဲတော့မကြည့်ဖြစ်လိုက်ဘူး hightlight ပဲကြည့်ဖြစ်တယ်....



လေးစားစွာဖြင့်
ကိုထွဋ်
၁၈.၀၁.၂၀၁၁

17 February 2011

Waving flag version အသစ်





Waving flag new version ပါ။။။

K'nnan - Waving flag

When I get older
I will be stronger
They’ll call me freedom
Just like a wavin flag

[K'naan]
Born from a throne
Older than Rome
But violent prone
Poor people zone

[Nelly Furtado]
But it’s my home
All I have known

[Sam Roberts]
Where I got grown
but now its gone

[Avril Lavigne]
Out of the darkness
in came the carnage
threatening my very survival

[Pierre Bouvier of Simple Plan]
Fractured my streets
and broke all my dreams

[Tyler Connolly of Theory of a Deadman]
Feels like defeat to wretched retreat

[All]
So we strugglin’

[Kardinal Offishall]
Fighting to eat

[All]
And we wonderin’

[Kardinal Offishall]
If we’ll be free

[Jully Black]
We cannot wait for some faithful day
it’s too far away so right I’ll say

[All - Chorus]
When I get older
I will be stronger
They’ll call me freedom
Just like a waving flag
(And then it goes back x3)
Ahhho ahhho ahhho

[Lights]
So many wars, settling scores
 
[Deryck Whibley of Sum 41]
All that we’ve been through
and now there is more
 
[Serena Ryder]
I hear them say love is the way
 
[Jacob Hoggard of Hedley]
Love is the answer that’s what they say
 
[Emily Haines]
But were not just dreamers
of broken down grievers
 
[Hawksley Workman]
A hand will reach us
And will not forsake us
 
[Drake]
This can’t control us
no it can’t hold us down
 
[Chin Injeti]
We gon pick it up even though we still struggling
 
[Pierre Lapointe]
Au nom de la survie (In the name of survival)
 
[all]
and we wondering
 
[Pierre Lapointe]
Battant pour nos vie (Fighting for our lives)

[All]
We patiently wait
for some other day
 
[Fefe Dobson and Esthero]
thats too far away so right now we say

[All - Chorus]
[Drake - Rapping]
Uhh – well alright
How come when the media stops covering
and there’s a little help from the government
we forget about the people still struggling
and assume that its really all love again, nahh
see we don’t have to wait for things to break apart
if you weren’t involved before it’s never too late to start
you probably think that it’s too far to even have to care
well take a look at where you live what if it happened there?
you have to know the urge to make a change lies within
and we can be the reason that they see their flag rise again
lyrics courtesy of www.killerhiphop.com

[Nikki Yanofsky & Drake]
When I get older
I will be stronger
They’ll call me freedom
Just like a wavin’ flag


[Matt Mays]
and then it goes back
 
[Justin Nozuka]
and then it goes back
 
[Nikki Yanofsky]
Then it goes back
[Chorus - All]

[Justin Bieber]
When I get older
When I get older
I will be stronger
just like a waving flag.

15 February 2011

ရယ်စေချင်လို့ပါ။

ဆရာဝန်တစ်ဦးကစားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားဖို့ ရောက်လာခဲ့တယ်။ ဟင်းမှာနေတုန်း မထင်မှတ်ဘဲ စားပွဲထိုး
တင်ပါးကုတ်နေတာကို တွေ့လို့ မေးလိုက်တယ်။
"လိပ်ခေါင်းရှိသလား!"
ဆရာဝန်စကားကိုစားပွဲထိုးပြန်ဖြေလိုက်တာက "ဆောရီး.. menu ထဲမှာရှိတဲ့ဟင်းပဲ မှာပါ"ဟူတည်း။

ဘယ်သူကခွေးလဲ

ပီတာတို့ မိသားစု ညစာစားနေကြသည်။ သုံးဦးစလုံး ငြိမ်သက်စွာ စားနေကြသည်။
ရုတ်တရက် ပီတာ့အမေက ပြောသည်။
" သား အရိုးကို ကိုက်မနေနဲ့လေ၊ သားဟာ ခွေးမဟုတ်ဘူးကွဲ့၊ ဖေဖေ့ကို ပေးလိုက်"
 

အိမ်ထောင်ဆိုတာ။

သာဓု – “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု – “အိမ်ထောင်ဆိုတာ အ၀ိုင်းခံထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေကအပြင်ကိုထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြတယ်”

သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင်ဉာဏ် ပိုလာသလား”
ပါပု – “ဆင်ခြင်ဉာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”

သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာသူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”

သာဓု – “မိန်းမဆိုတာဘာလဲ”
ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”

သတိပေးဆိုင်းပုဒ်

အဝေးပြေးကားလမ်းဘေးတွင် ထောင်ထားသော ဆိုင်းဘုတ်။
"ဖြည်းဖြည်းမောင်း ရှေ့မှာ သချိင်္ုင်း "

ခဏစောင့်ပါ။

ဆေးခန်းတစ်ခုတွင် ဆရာဝန် ရောက်မလာသောကြောင့် လူနာအားလုံး လည်တဆန့်ဆန့် ဖြစ်နေကြသည်။ ထို့ကြောင့် သူနာပြု ဆရာမက အားပေးစကား ပြောလိုက်သည်။ “ အားနာလိုက်တာရှင်...ဒီနေ့မှ ဆရာက အစည်းအဝေးတစ်ခု မဖြစ်မနေတက်နေရလို့။ သည်းခံကြပါရှင်...ခဏနေ ရောက်တော့မှာပါ”
ထိုတွင် လူတစ်ယောက်က ထပြောလိုက်သည်။
“ ဆရာမ ကျေးဇူးပြုပြီး ကျွန့်တော့် နာမည်လေး ဖျက်လိုက်ပါတော့၊ ကျွန်တော် သွားစရာလေး ရှိနေသေးလို့ပါ ”
“ စောင့်လက်စနဲ့ ခဏလေး စောင့်လိုက်ပါ့လား။ ဒါနဲ့..ရှင်က ဘာရောဂါဖြစ်နေလို့လဲ ”
“ ကျွန်တော်က အရက်ဖြတ်မလို့ပါ။ ဒါပေမယ့် ဒီအချိန်က ကျွန်တော် သောက်နေကျ အချိန်လေ..နည်းနည်းတောင် နောက်ကျသွားပြီ ”


သစ်ယာအိုက်ဆီက ဟာသ လေးတွေပါ။ နှစ်သက်မိလို့ ရှယ်လိုက်တာပါ။

လေးစားစွာဖြင့်
ကိုထွဋ်
၁၅.၀၂.၂၀၁၁

14 February 2011

မိုင်ဗယ်လင်တိုင်း

ဒီနေ့ဟာ ချစ်သူရှိတဲ့ လူတိုင်းပျော်ရွှင်ပြီး မရှိတဲ့လူတွေ နောက်နှစ်က ငါ့အလှည့် ပဲလို့ ကြွေးကြော်ကြတဲ့ နေ့၊ Valentines day ပဲဖြစ်ပါတယ်။

ကျနော်ရဲ့ Valentines day  ကတော့ တနေကုန် ဘဏ်နဲ့ ရုံး ၊ ပြီးတော့ အိမ်ခန်း လိုက်ရှာရင်းနဲ့ပဲအချိန် ကုန်သွားတယ်ဗျာ........မြို့ထဲကလမ်းတိုင်း မှာလဲ ပန်းဆိုင်တွေ နဲ့ပြည့် နှက်နေတာပဲ ဓာတ်ပုံမရိုက်ခဲ့ရဘူး ။ ကင်မရာ မပါသွားလို့။ကျနော်အကြောင်းဆက် ပြောရအောင်။
အဲ..မေ့လို့ဗျ.. မနက်က စပိန် class ပြီးတော့ ၁နာရီ လောက် တော့ အချိန်ရခဲ့တယ်။
  

ကျနော်သူကို ပေးတဲ့ ပစ္စည်းတွေ




ပို့စကတ်ထည့်ထား တဲ့စာအိတ်ပါ


စာအိတ် ထဲမှာ ပါတဲ့ ပို့စကတ်
အထဲမှာ ဘာရေးထားလဲ ဆိုတာ ပြောတော့ဝူးနော်


ဖုန်းအတွက်ပါ

နောက်ဆုံးကတော့ Twitty ပါ။ box ထဲကပါ။


လေးစားစွာဖြင့်
ကိုထွဋ်
၁၄.၀၂.၂၀၁၁

12 February 2011

ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏အဆိုအမိန့်များ





၁) ဆရာမဖြစ်ခင် တပည့်ဖြစ်ပါစေ။ (မော်စီတုန်း)

၂) “ကံ” ပါပဲလို့ လူမိုက်က ပြောတယ်။
    “အလုပ်” ပါပဲလို့ ပညာရှိက ပြောတယ်။ (အမည်မသိ)

၃) မုသားပြောခြင်းဖြင့် လူတစ်ယောက်ဟာ ဘယ်လိုအကျိုးအမြတ် တွေရနိုင်သလဲ။
    သူအမှန်ပြောပေမဲ့ ဘယ်သူကမှ သူပြောတာကို မယုံတော့ဘူး။ (အရစ်တိုတယ်)

၎) စကားနည်းတဲ့ လူတွေဟာ အကောင်းဆုံး ပုဂ္ဂိုလ်တွေပါပဲ။ (ရှိတ်စပီးယား)

၅) စာရိတ္တပြဿနာ ဆိုတာ ငွေကိုမက်မောမှုနဲ့ သက်ဆိုင်နေပါသည်။ (ဂျွန်မေနက်ကီးနက်)

၆) ဝေဖန်ဆန်းစစ်မှုမျိုးမရှိတဲ့ဘဝဟာ တန်ဖိုးရှိတဲ့လုနေ မှုဘဝမဖြစ်နိုင်။ (ဆိုကရေးတီး) 

၇) ဒုက္ခဆင်းရဲမှန်သမျှ၊ မကျေနပ်မှုမှန်သမျှတို့သည် အတ္တတစ်ကိုယ်ကောင်းဆန်မှုကြောင့်သာဖြစ်ရသည်။
    (အရှင်နာရဒ)

၈) လောကကြီးပွားရေးမှာ “ပညာ” ဟာ အဓိက “အား” ပါပဲ။ (အရှင်ဇနကာဘိဝံသ)

၉) လောက၌ အကဲ့ရဲ့ လွတ်သောသူမရှိ။ (ဗုဒ္ဓ)

၁၀) ထာဝရဘုရားသခင်ပင်လျှင် အတိတ်ကာလကို မပြောင်းလဲပစ်နိုင်ပါ.။ (အဂ္ဂါသွန်)

လေးစားစွာဖြင့်
ကိုထွဋ်
၁၂.၀၂.၂၀၁၁

11 February 2011

ဝဲမီစိဘူးနော်

မဲဝဲဝင်မွှေသွားတာနဲ့ ဘလော့ဂါတွေ လဲအသည်းအသန် ဝဲနှိမ်နှင်းရေး စတင် လိုက်ကြတာ အခုဆိုဝဲကင်းစင် တဲ့ဘလော့ဂါနိုင်ငံတော် ကြီးဖြစ်လာပါပြီ။






ဝဲ ကင်းစင်ကြောင်းပါ။

ထမင်းလက်မှတ်တွေ ကြားထဲမှာ ဝဲ ကင်းစင်ကြောင်း လက်မှတ်ကိုပါ ထည့်သိမ်းထားလိုက်ပါပြီ။။

လေးစားစွာဖြင့်
ကိုထွဋ်
၁၁.၀၂.၂၀၁၁

10 February 2011

မသိချင်ယောင်ဆောင်မျက်နှာလွှဲ

Bunny Phyo ရဲ့သီချင်းပါ။



 

“မကို အရမ်းချစ်တယ်လို့မပြောချင်ဘူး  တကယ်လားလို့ ပြန်မေးမှာကို မခံစားနိုင်လို့ပါ။
ခံစားချက်တွေ ပြင်းထန်နေလို့ စာရေးချင်စိတ် မရှိဘူးဗျာ။ သီချင်းနားထောင်းပေးပြီး မန့်သွားပါဦး..

လေးစားစွာဖြင့်
ကိုထွဋ်
၁၀.၀၂.၂၀၁၁

09 February 2011

လက်သည်းပွင့်နေလို့ပါ

 ဟိုတစ်နေ့က လက်သည်းညှပ်နေတုန်း လက်သူကြွယ်မှာ လက်သည်းပွင့်နေတော့ ဘာဖြစ်မလဲလို့ သိချင်တာနဲ့ရှာလိုက်တာ အောက်ကအဟောတွေ ရလာတော့တာပဲ။ 

လက်သည်းအဟောရှာတာ ခြေသည်းအဟောတွေပါရလာတယ်...

ကဲ..... ဖတ်ကြည့်လိုက်ပါဦး။

1 လက်မမှာ လက်သည်းပွင့် ရင် မိတ်ပျက်တတ်တယ်

2 လက်ညှိုးမှာ လက်သည်းပွင့် ရင် ဆွေမျိုးပျက်တတ်တယ်

3 လက်ခလယ်မှာ လက်သည်းပွင့် ရင် ပူဇော်ခံရတတ်တယ်

4 လက်သူကြွယ်မှာ လက်သည်းပွင့် ရင် တင့်တယ်ခြင်းကောင်းမြတ်ခြင်းတို.နဲ့ပြည့်စုံတယ်တဲ.

5 လက်သန်းမှာ လက်သည်းပွင့် ရင် ချစ်ရေးချစ်ရာတွင် အလွန်အောင်မြင်ပါတယ်

6 ခြေမမှာ ခြေသည်းပွင့် ရင် ကာမဂုံတွင် မွေ့ပျော်ရတတ်တယ်

7 ခြေညှိုးမှာ ခြေသည်းပွင့် ရင် ခရီးရှည်သွားရ တတ်တယ်

8 ခြေခလယ်မှာ ခြေသည်းပွင့် ရင် ဂုဏ်သတင်းကျော်ဇော တတ်တယ်

9 ခြေသူကြွယ်မှာ ခြေသည်းပွင့် ရင် ချစ်သူကောင်း ရတတ်တယ်

10 ခြေသန်းမှာ ခြေသည်းပွင့် ရင် ငယ်သူရဲ့ ငြိုငြင် ခြင်းကိုခံရတတ်တယ်

 solarkoko ဆီက မှတ်ခဲ့တာလေးပါ..

လေးစားစွာဖြင့်
ကိုထွဋ်
၀၉.၀၂.၂၀၁၁

08 February 2011

ဟိုအကြောင်း...ဒီအကြောင်း

ဘလော့မှာ စာမရေးဖြစ်တာ လဲကြာပြီ။ ခေါင်းကိုက်နေတာကော အလုပ်များနေတာကော ပါတာပေါ့ ။
ဘာဆေးသောက်ရမှန်းလဲမသိဘူး။။အလုပ်ကတော့ ၂၅ ရက်နေ့မှာ အဖွဲ့၁ဖွဲ့ ရှိတယ်တဲ့ VIPတွေတဲ့ ၊ တေချင်တော့တာပဲ။

ဒါပေမဲ့ အခု တလော ဝမ်းသာစရာ သတင်းကတော့ MAI က Cambodia နဲ့ မြန်မာကို တိုက်ရိုက်ပျံမှာ ဆိုတော့ ပိုက်ဆံကုန်သက်သာ လာတာပေါ့။ အရင်က ဘန်ကောက် Airway နဲ့ပြန်ရတာ Round Trip ကို ၄၀၀ ကျော်တယ်လေ။ MAI က ၁၈၀ လောက်ပဲကျမှာ ။  ၆လတခါလောက် ပြန်လို့ရပီ ခွင့်ရရင်ပြောပါတယ်။

အကိုတို့ အမတို့ အန်ကောဝပ် ကိုလာလည် ချင်ရင်ပြောနော် ။ ကျနော်  စီစဉ်ပေးမယ် :D (ကြော်ညာဝင်တာလေ) ။

ခေါ်မဲ့သာခေါ်ရ တာပါ။ ဟိုတစ်နေ့ ကထိုင်း-ကမ်ဘောဒီးယား နယ်စပ်မှာ ဆော်လိုက်ကြတာ အကြီးအကျယ်ပဲ။ အဲဒီမှာ သူတို့လုနေ တဲ့ ဘုရားကျောင်းရှိတယ်လေ။  Preah Vihear ပရက်ဗီိဟီးရား လို့ခေါ်တယ်။





ဒါပေမဲ့ အန်ကောဝပ် နဲ့တော့ ဝေးပါတယ်။  အန်ကောဝပ်၊ ဘိုင်ယွန်၊ တပရွမ် စတဲ့ Temple အားလုံးဟာ အံ့သြဖွယ်ရာပါပဲ ။ ဒါပေမဲ့ ကျနော် တို့တိုင်းပြည်က ပုဂံ လောက်တော့မကောင်းပါဘူး။ သူတို့ရဲ့ Temple အားလုံးရဲ့ အကျယ်အဝန်း က ပုဂံကိုတော့ မမှီပါဘူးဗျာ။ ဒါပေမဲ့ UNESCO ကအသိအမှတ်ပြုတော့လည်း နိုင်ငံခြားသားတွေလည်း သိပြီးလာလည်ကြတာပေါ့ဗျာ....

နောက်နေ့မှ Cambodia အကြောင်းဆက်ရေးမယ်ဗျာ။

ရွှင်လန်းချမ်းမြေ့ပါစေ။

ကိုထွဋ်

 ၀၈.၀၂.၂၀၁၁