01 September 2011
အမူးသမားများ မူးနည်း (အပိုင်းနှစ်)
(၂၁) လဒမှုး - မှုးလာလေလေ မှိုင် လာလေလေ ဖြစ်လာသူ****
** **
(၂၂) တောခွေးမှုး - မှုးလာပြီး ဘော်ဒါစုံပါက အဖွဲ့အားကိုး နဲ့ မိုက်ချင်သူ****
** **
(၂၃) ဖားကပ်မှုး - မှူးသာမှုးပြီး အိပ်ထဲက ပိုက်ဆံကို မထုတ်သူ****
** **
ှု( ၂၄ ) အိမ်မြှောင်မှုး - မှုးလာပါက ဆုံးရှုံးခဲ့သမျှကို စုတ်သတ်ပြီး
ညည်းညူတတ်သူ****
** **
( ၂၅) တောဝက်မှုး - မှုးလာပါက မြင်မြင်သမျှ အစွယ်နှင့်
လိုက်ပက်သကဲ့သို့ရန်ရှာတတ်သူ****
၂၆)ပုတ်သင်မူး...မူးလာလျှင်ဘယ်သူပြောပြောမပြောပြောခေါင်းတညိမ့်ညိမ့်
လုပ်နေတတ်သူ...****
** **
၂၇-ဖားပြုတ်မူး...မူးလာလျှင် မျက်ခွံတ၀က်စင်းထားကာ
ပါးစပ်ကိုပြုံးဖြီးဖြီးကြီးလုပ်- ဆရာလိုလို သဘာလိုလို****
မိန့်မိန့်ကြီးထိုင်နားထောင်နေတတ်သူ။****
** **
၂၈-ခွေးမူးနောက်တမျိုး-မူးလာလျှင် မြင်မြင်ရာကားဘီး လမ်းဘေးသစ်ပင်****
ဓါတ်တိုင် ၊အခန်းထောင့်တို့ကိုရှူရှူးပေါက်တတ်သူ။****
၂၉ ။ မြင်းမှုး - မှုးလာလျှင် တဟီးဟီး တဟားဟား ရယ်တတ်သူ****
** **
၃၀။ ဌက်မှုး - မှုးလာရင် ဌက်ကဲ့သို ပျံတော့မတတ် တက်ကြွသူ****
** **
၃၁။ ပုရွက်ဆိတ်မှုး - မှုးလာလျှင် အလုပ်ကို မရပ်မနားတန်း လုပ်တတ်သူ****
** **
၃၂။ ဆင်မှုး - မှုးလာလျှင် လမ်းမှန်းမသိ ခြုံမှန်းမသိ တိုးချင်းရာ တိုးသူ****
** **
၃၃။ ကျွဲမှုး - မှုးလာရင် မကြာခဏဂုတ်ပိုးရေဆွတ် မျက်နှာသစ် လုပ်တတ်သူ****
** **
၃၄။ သမင်မှုး - မှုးလာပါက သမင်ချိုခက် တ၀င့်ဝင့် လုပ်သကဲ့သို့
ပိုင်ဆိုင်သမျှကြွားတတ်သူ****
** **
၃၅။ လိပ်မှုး - မှုးလာပါက လိပ်ကဲ့သို့ လုပ်သမျှ ပြောသမျှ နှေးကွေးသွားသူ ****
** **
၃၆။ ပက်ကျိမှုး - မှုးလာရင် ဂျီကျ ချွဲနွဲ့တတ်သူ ****
** **
၃၇။ ပိုးဖလံမှုး - မှုးသွားပါက ကိလေသာ မီး တိုးချင်သောသူ****
** **
၃၈ ။ စပါးကြီးမြွေမှုး - သောက်ဖော်သောက်ဖက်များကို ရစ်ပတ်ပြီး ပြသနာရှာသောသူ **
**
** **
၃၉။ သာလိကာမှုး - မှုးလာလေ စကားပြောလာလေလေ ဖြစ်သောသူ****
** **
၄၀။ ဆော်လမွန် ငါးမှုး - ဘယ်လောက်မှုးမှုး အိမ်ပြန်ချိန်တွင်
အိမ်ကိုအရောက်ပြန်သူ ****
** **
၄၁။ ချေမှုး - မှုးလာပါက ချေ ( ဂျီ ) တစ်ကောင်ကဲ့သို့ အရာရာကို ကြောက်လာတတ်သူ *
***
** **
၄၂။ ဇီးကွက်မှုး - မှုးလာလျှင် မျက်လုံးပြူးပြူး နှင့်ကြောင်တောင်တောင်
လိုက်ကြည့်နေတတ်သောသူ****
** **
၄၃။ လင်းဆွဲမှုး - မှုးလာပါက ထိုင်နေလျှက် ကြမ်းပြင်ပေါ် ခေါင်းစိုက် သွားတတ်သူ*
ဖော်ဝပ်မေးကပါ
ကိုထွဋ်
၀၁.၀၉.၂၀၁၁
Subscribe to:
Post Comments (Atom)
17 comments:
ကိုထွဋ်.. ရယ်ရတယ်.. :)
စကားမစပ် ကျွန်တော် blogger က interface အသစ်ကို သုံးပြီး Post လိုက်တာ ကျန်တဲ့ blog link လုပ်ထားတဲ့ blog တွေမှာ update မတက်တော့ဘူးအကို..... အစ်ကိုရော interface အသစ်ပြောင်းသုံးသေးလား.... တစ်ချက်လောက် နဲနဲလေး ပြောပေးပါဦး။
ထွဋ်လေးမှ ထွဋ်ကြီးသို့ :)
ကိုယ့်ကိုယ်ကို ဘယ်နည်းနဲ့ မူးနေမှန်း ခုမှပဲ သိတော့တော့ အကိုရေ :)
ငါမူးရင် မူးနည်းပေါင်းစုံနဲ့မူးသဟ.....အဲ့လိုဆိုတော့ဘယ်
လိုပြောရမလဲဟေ.....:)))
ပုလင်းမြင်ရုံနဲ့ပဲ
အကောင်မျိုးစုံမျက်စိထဲကို
ရောက်လာသလိုပါပဲရှင်။
နောက်ထပ် ဘာကောင်တွေကျန်သေးသလဲ စဉ်းစားပါအုံး။ ၄၃မျိုးတည်းဆိုတော့ မနည်းဘူးလား။ :P
ရေးလိုက်တာ အကောင်တွေကို စုံသွားတာပဲ... :D
အကိုရေ မူးနည်းလေးတွေ စုံနေတာပဲ :)
ဖတ်ရင်းပြုံး ပြုံးရင်ကမနေနိုင် ရယ်ချမိတဲ့ အထိပါပဲ :):)
ကိုထွဋ်.
ပရင့်တွေထုတ်ထားရတဲ့အထိဖြစ်နေတယ်နော်
ကိုရင့်ကိုမေးမလို့
ဘယ်လိုမူးသလဲလို့သိချင်လို့ မမြင်ဖူးလို့း)
(လင်မယားရန်ထဖြစ်ရင်တော့ ကိုထွဋ်.ပဲ ဒါဘဲး)
ခင်တဲ့
မဒိုးကန်
စုံနေတာပဲ မူးနည်းတွေ...လန်းတယ် လန်းတယ်။း)
ခင်တဲ့
မေသိမ့်
ကိုယ့်ဘာသာကိုယ် ဘယ်လိုမူးလဲ သိတော့ဘူး။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ ...
လင့်လေး ယူသွားတယ် အစ်ကို...
နောက်မှ ထပ်လာခဲ့ပါဦးမယ်။
မကြာခင် ဂေါ်ဇီလာမူးတွေ လာတော့မယ့်ပုံပဲ...စောင့်ဖတ်လိုက်ဦးမယ်...
အပိုင်းသုံးရောရှိသေးလားဟင်
ဆာထွဋ်မူးရင်ကော ဘာလုပ်တုန်း... မ ကို ပြန်အော်သလား .... ဖြစ်နိုင်လောက်ဘူး။ ထိုင်ထ ပဲ လုပ်ပြနေရပုံပဲ..... ဟီး
ဆာထွဋ်မူးရင်ကော ဘာလုပ်တုန်း... မ ကို ပြန်အော်သလား .... ဖြစ်နိုင်လောက်ဘူး။ ထိုင်ထ ပဲ လုပ်ပြနေရပုံပဲ..... ဟီး
ဆာထွဋ်မူးရင်ကော ဘာလုပ်တုန်း... မ ကို ပြန်အော်သလား .... ဖြစ်နိုင်လောက်ဘူး။ ထိုင်ထ ပဲ လုပ်ပြနေရပုံပဲ..... ဟီး
ကွန်မန့်  ၂ ခုပိုသွားတယ်...... အနုတ် ၂ လို့  မှတ်နော်..... ငထွဋ်
တော်လိုက်တဲ့ငမူးးးးးးးးး
Post a Comment