06 June 2011

လွဲချက်ကယ်နာ အပိုင်း (၂)

တနေ့တွင် သူသည်ကျနော်အားခေါ်၍

ရဲလတ်း”ကိုထွဋ် လာဦးဗျ ပြစရာရှိလို့”
နုပ်း“ဘာလဲဗျ မတော်တာတွေတော့မပြနဲ့နော် ကိုလတ်”
း “ကျနော်ကောင်မလေးနောက်တစ်ယောက်နဲ့ စာအပေးအယူဖြစ်နေပြန်ပီ”
း “အံမယ် မမှတ်သေးဘူးလား ခံရတာလဲများနေပီ”
း “ဒီတစ်ခါတော့စွန်ပြီဗျာ မယုံရင်လဲနေ ဒီမှာ ကြည့် သူစာ..” ဟု ဆိုကာ အီးမေးတစ်စောင် ဖွင့်ပြ၏ ။

ကောင်မလေးကာ သူ့အားကိုကိုရဲဟုခေါ်သည်။

သို့

ကိုကိုရဲ

ဒီစာကို သမီး မအားတဲ့ကြားက ခိုးရေးလိုက်တယ်။ သမီးသူငယ်ချင်းဆီသွားမယ်ဆိုပြီး အင်တာနက်ဆိုင်လာပြီး မေးလာပို့တာ ကိုကို့ လွမ်းလွန်းလို့။ သမီးတို့မှာလည်းနော် တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြရဲသားနဲ့ ဝေးနေရတယ်။ ပြောရအုံးမယ်။ မနက်က မေမေက ထမင်းထချက်ခိုင်းတယ်လေ။ အဲဒါနဲ့ အိမ်မှာ ဖေဖေရယ်၊ မေမေရယ်၊ ချောရယ် ပဲရှိတာကိုလေ ချောက ဆန်၅လုံးတောင်ချက်မိတယ်။ ချောစိတ်ထဲမှာက ကိုကိုလဲစားဖို့ဆိုပြီး ထည့်ချက်မိတာလေ။ ရှက်လိုက်တာပြောမနေနဲ့တော့။ ကိုကို ကျန်းမာရေးလဲ ဂရုစိုက်အုံးနော်။ စာတွေလဲအရမ်းရေးမနေနဲ့အုံး။ချောပြန်တော့မယ်နော်။

ကို့ရဲ ရဲ့ မိချော


ထိုစာကို ကြည့်ခြင်းအားဖြင့် သူသည် ကောင်မလေး အားမည်မျှ စည်းရုံးပြီးသည်ကိုတွေ့နိုင်၏ ။ထို့အတူ သူ မည်သို့စာပြန်မည်ကိုလည်း ပြောစရာမလိုတော့ပေ။ အချစ်ဝတ္ထုများရေးနေသောသူ့အဖို့ မခက်ချေ

“ကိုလတ် အဲဒီကောင်မလေးက ဖဘ မှာ ကော့မန့်လာလာရေးနေတဲ့ ကောင်မလေး မိချောမဟုတ်လားဗျ”
“အေးဗျ အခု ကောင်မလေးဆီက ဓာတ်ပုံတောင်းနေတယ်ဗျ။ သူကတော့ စောင့်ပါဦးတဲ့”
“ခင်ဗျား ကကော ဓာတ်ပုံတင်ထားလို့လား”
“မတင်ထားဘူးလေဗျာ ဘာဖြစ်လို့လဲဆိုတာသိတယ်မဟုတ်လား”
“ဟုတ်ပါတယ် သိပါတယ်”

ကျနော် တို့သည် တောင်တောင်အီအီ ပြောရင်း လမ်းခွဲခဲ့လေသည်။
နောက်ရက်များတွင်လည်း ကျနော်သည် အလုပ်များသဖြင့် သူနဲ့မတွေမိချေ။

တပတ်ခန့်ကြာသော်……

ဟေ့လူ ကိုထွဋ် ကျနော် ဆီလာပါဦးဗျ။
ဘာလုပ်ဖို့တုန်း ဖုန်းထဲကပြောလို့မရဘူးလား
မရဘူး အရေးကြီးတယ် လာခဲ့ပါဆို။

ကျနော် ရောက်သွားသောအခါ သူသည် ကောင်မလေး၏ ဓာတ်ပုံကိုပြ၏ ။ မိချောဆိုသော ကောင်မလေးမှာ ချောမောလှပပေသည်။ သူနှင့်လားလားမျှ မထိုက်တန်။ ပပဝတီနီးပါးလှ၏ သို့သော် ကိုလတ်မှာ မင်းကုသထက်ပင် ဆိုး၏။

ကောင်မလေး၏ စာမှာ

ကိုကိုရဲ

ချောကိုရုပ်ချောတယ် ဆိုပြီးတော့များမချစ်လိုက်နဲ့ ချောကရုပ်ချောတယ်ဆိုပြီး ချစ်တာကို အရမ်းမုန်းတာပဲ။ လှတယ်ဆိုတာ အပုပ်ကောင်ကိုရုပ်ဆောင်နေတာပဲမဟုတ်လား။ ချောကဘယ်လောက်ရုပ်ချောချော ပညာမရှိတဲ့လူဆိုအရမ်းမုန်းတာပဲ။ ကိုကိုလို စာရေးဆရာတစ်ယောက်ဆိုတော့ပြောစရာမလိုဘူး ။ တကယ်တော့ ကိုကိုရယ် ချောလိုတောသူကို ကိုကိုချစ်တယ်ဆိုတာအရမ်းအံသြတယ်သိလား။ ဘာပဲဖြစ်ဖြစ် ကိုကို ချောကိုမထားခဲ့ရဘူးနော်။ "
စသည်ဖြင့်ရေးထားလိုက်သည်မှာ အရှည်ကြီးပင်ဖြစ်သည်။

ကဲ ယုံပြီမဟုတ်လား မောင်ထွဋ်ရဲ့
ဟင်း..မတန်လိုက်တာဗျာ..
ဟ ဘယ်နှဲ့မတန်ရမှာတုန်း..ရုပ်ဆိုးသူတွေမိန်းမချောချောရတယ်ဆိုတဲ့ စကားမှန်နေပြီလေ..မနာလိုမဖြစ်ပါနဲ့။
အင်း စောင့်ကြည့်ရသေးတာပေါ့လေ။
ကောင်မလေးက ချမ်းလဲချမ်းသာတယ်ဗျ..
ကံကောင်းလိုက်တာ (မျက်နှာကိုမဲ့ရွဲ့၍)

အေးဗျာလုပ်ထားဦးပေါ့။ကျနော်လဲရှာလိုက်ဦးမယ်..သွားပြီဗျို့..နောက်မှတွေ့မယ်...

(ဆက်ရန်)

မှတ်ချက်။ ။ ကျနော်သုံးထားသည့် နာမည်များသည် ပျော်စေပျက်စေသဘောဖြင့် သုံးထားဖြင်းဖြစ်သည်။


ကိုထွဋ်
၀၆.၀၆.၂၀၁၁

10 comments:

ခရစ္စတလ် said...

ကိုလတ် ကိုလတ်နဲ့ နှိပ်ထားနော် ဟိုက လိုင်းမတက်နိုင်တုန်းလေ အဟိ။
မြန်မြန်ဆက်ရေးနော် အပိုင်းဆက် ဖတ်ရတာ ဆံ့တငင်ငင်နဲ့၊ စိတ်မြန်တဲ့သူတွေ စာရေးလည်း မြန်ကြတယ်ထင်တာပဲ :)

မအိမ်သူ said...

ဟမ်.. ဇာတ်လမ်းက ဆက်ရန်ရှိသေးသည်လား မြန်မြန်ပေးစားလိုက်လေ..နောက်တပတ်အထိ ဆွဲမထားနဲ့.. :D

မအိမ်သူ said...

ဟဲ့ ကွန်မန့်က အချိန်တွေမှားနေပါလား။ ကျုပ်မန့်တာ ၁နာရီခွဲပါ ဘယ့်နှယ် ၁၁နာရီ ၂၅ ဖြစ်ရတာတုံး...

နေ၀သန် said...

သြော်... ရှာလို့တွေ့ရင် ဒီပေါ်သတင်းပေးဦးနော... :P


ခင်မင်လျက်
နေ၀ဿန်

အမှတ်တရ နေ့စွဲများ said...

ကိုကိုရဲက ဘယ်သူ့ကိုပြောတာလဲ ????

ညိမ်းနိုင် said...

ဟဟဟ ရဲလတ် ဆိုတော့ နှစ်ယောက်လုံးထိတယ်...ကောင်းထှာ....။အောင်မယ်...အမှတ်တရနေ့စွဲများ က ကိုကိုရဲ
ကဘယ်သူ့ကိုပြောတာလဲတဲ့....ဟဟဟဟ....:)

...အလင်းစက်များ said...

နောက်ဆုံးတော့ ငါတစ်ကောင်ပဲ ခံနေရပါလားဟ.... ဟဟ မိုက်တယ်..

မျက်နှာမလိုက်ပါနဲ့  ဆာထွဋ် ငမျိုးလည်းပါပြီ မောင်လေးတို့  ကျန်တဲ့သူတွေပါ ဆွဲထည့်ပါ.. ကမ္ဘောဒီးယားထိ လာသတ်ကြလိမ့်မယ်... ဟဟ

ဂွတ်ဒယ်

ဖြိုးမောင်မောင်(CTM) said...

ကျွန်တော့်ကိုတော့မထည့်နဲ့ နော်........ကြိုပြောထားတယ်။ တကယ်ပြောရရင်ဇာတ်လမ်းက ပေးမပေါင်းစေချင်ဘူးး-)

Anonymous said...

နောက်တပိုင်း ဆိုရင်တော့ အကျိုး အကြောင်းသိရတော့မှာပေါ့

ချစ်ခြင်းအလင်္ကာ said...

..အဲ..ဒါဆိုရင်..ရုပ်ဆိုးတဲ့မိန်းခလေးကျတော့
ယောကျာင်္းချောချောရတာပေါ့နော်...
း)

မြန်မြန်ရေးပါ အကိုရေ...ဆက်ဖက်ရအောင်....

ခင်မင်လေးစားစွာဖြင့်
ချစ်ခြင်းအလကာင်္