16 February 2012

ငါ..အရူးပါ...

အလိုမကျမှုတွေများနေတယ်။စိတ်ကလဲ ကယောက်ကယက်နဲ့ အလုပ်ထဲလဲ စိတ်မပါ။ အခုလုပ်ချငနေတာက သဲအိတ်တစ်လုံး ကို အားရပါးရထိုးပစ်ချင်တယ်။ အဲဒါဆို အလိုမကျမှုတွေများလျော့သွားမလား မသိ။
အလိုမကျမှုတွေ စိတ်ဓာတ်ကျဆင်းနေမှုတွေကို ဖော်ပြစရာလူမရှိ။ ဖော်လည်းမဖော်ပြချင်ဘူး။

ကိုယ်အပူ သူများကူးမှာ စိုးတယ်။ သစ်ပင်တွေကို သွားပြောပြမယ်ဆိုရင်တောင် အပင်တွေချက်ချင်းသေသွားနိုင်တယ်။ ကိုယ့်အပူက မနဲဘဲကိုး။

အသက်က ကြည့်တော့ဖြင့် နှစ်ဆယ်ကျော် ပူပင်လှချေလားလို့ မေးရင် အေးဗျာ လို့ဖြေရမှာပဲ။ ကိုယ့်ဝမ်းနာ ကိုယ်ပဲ သိသကိုးဗျ။ အားကျတယ် သူများတွေကို ။ ခရီးတွေထွက်နေတာကို အားကျတယ်။ ပိုက်ဆံရှိချင်တယ်။ ထီပေါက်ရင်ကောင်းမှာပဲလို့ တွေးမိတယ်။ ခက်တာက ဒီမှာ ထီမရှိဘူး။

အပူအပင်ကင်းတဲ့ ကလေးလေးဘဝလဲ ပြန်မလိုချင်ပြန်ဘူး။ ကလေး တွေ အပူအပင်ကင်းတာက ဘာမှမှမသိတာ။ အားလုံးကို သိထားပြီး အပူအပင်ကင်းချင်တာ ။ မဖြစ်နိုင်မှန်းသိတယ်ဗျာ။ ဒါပေမဲ့လိုချင်တယ်။

စွန့်ရင်မင်းဖြစ်တယ်ဆိုဘဲ ပြောကြတယ်။ ငါကတော့ မစွန့်စားရဲဘူးဖြစ်နေတယ်။ အခြေအနေကတော့ စွန့်စားရမှာပဲ။ အပြောင်းအလဲကို လိုက်ပြောင်းရမှာပဲ။

ငါ့ဒိန်ခဲ ဘယ်သူရျွေ့သလဲတော့ မမေးတော့ဘူး။ အဖြေမသိတာကို ဘာလို့မေးနေမှာလဲ။ လိုက်ရှာရင်ကော ငါ့ဒိန်ခဲက ပြန်တွေ့နိုင်မလား ။ ကြွက်တွေက ဒိန်ခဲရှာတွေ့ပေမဲ့ ငါဒိန်ခဲ ရှာ့တွေ့နီုင်မလား။

အတွေးများစွာနဲ့ ပူနေတတ်တဲ့ငါ
အပြောင်းအလဲကို ကြောက်နေတဲ့ငါ
မစွန့်စားရဲတဲ့ငါ
ဒိန်ခဲ မရှာနီုင်တဲ့ငါ။
နောက်ဆုံး ဇာတ်ပေါင်းတော့
 ငါအရူးပါ။

15 comments:

AH said...

စိတ်လျှော့ပါ ဘကြီးရယ်.... စိတ်လျှော့ပါ.... ဒိန်ခဲက ဘယ်မှ မရောက်ပါဘူး။ ဘကြီးပူနေလို့ ဒိန်ခဲက အရည်ပျော်သွားတာ... ရေခဲသေတ္တာထဲပြန်ထည့်လိုက်... အဆင်ပြေသွားလိမ့်မယ်.. နော်.. :P

တူမောင်ထွဋ်..

Angelhlaing(May everybody be happy and healthy! said...

အရာရာ အဆင်ပြေပါစေ အကို...:):)

blackroze said...

နောက်ဆုံး ဇာတ်ပေါင်းတော့
ငါအရူးပါ။

ဟုတ်တယ်...ဟုတ်တယ်...
အဲတာမှန်တယ်.. :P


ဆားပုလင်းကိုအောင်ထွတ်
အဆင်ပြေပါစေကွယ်

မဒမ်ကိုး said...

မာစတာမျှစ် တောင့်ထားကွ တောင့်ထား
ဖြစ်လာသမျှ ရင်ကော့ခံလိုက်
အဲ ကျောကော့ခံလိုက်
အဆင်ပြေသွားလိမ့်မယ်
တို့တွေအားလုံးရှိတယ်



ဒိုးကန်

Candy said...

ဒီမှာလည်း ရူးချင်နေတာနော် :(

ကိုရင် said...

သြော်..ငါ အရူးနဲ့ တော်တော်ကြာကြာ စကားပြောဖြစ်သွားတာပဲ..ငါ့နှယ်နော် :D

ညီရဲ said...

စိတ်လျှော့ညီ စိတ်လျှော့... တစ်နေ့ ပိုက်ဆံတွေ ရလာရင် ခရီးတွေ ထွက်နိုင်မှာပါ... ခုညီက ငယ်ပါသေးတယ်... တစ်နေ့ ဖြစ်လာမှာပါ...

ချစ်စံအိမ် said...

ကိုဝဋ္ဋ်ရေ ထီပေါက်ချင်နေတာလား
လမင်းထိုးပေးမယ် နံပတ်ပေး:P
မှတ်ချက်ပေါင်ရင် တော့ .....တယောက်ကို 50%နော် :D

ဟန်ကြည် said...

အခုမှပဲ ရောက်ဖြစ်တော့တယ်...ပို့စ်က ခပ်တိုတိုပေမယ့် ပြောချင်တာကိုတော့ ဒိုင်းခနဲမြည်အောင် ပြောသွားနိုင်ပါ့ဗျား...

နောက်တစ်ခါ လာလို့ရအောင် လင့်ခ်ချိတ်ထားလိုက်ပါရဲ့...

နေ၀သန် said...

:P.. အရူးဆိုရင် ကိုထွဋ်တစ်ယောက်တည်း ဟုတ်မယ်မထင်ဘူး.. နေ၀သန်ကိုပါ ထည့်တွက်လိုက်... :P

ခင်မင်လျက်
နေ၀သန်

Sofar Away Fromu said...

ကလေး တုန်းကလည်း
အပူအပင်မကင်းခဲ့ရပါဘူး
ဘယ်အချိန်များ အိမ်ကလှမ်းခေါ်မလဲလို့
ဆော့နေချိန်ကျ ပူရတယ်
အဲ့ဒီလိုပဲ ကလေးရဲ့ အပူတွေလည်း
သူ့အလျောက်နဲ့သူ တော့ များသား...
အလိုမကျမှု့တွေ အတွက်
ဒီလိုဖော်စရာနေရာလေးရှိတာပါပဲ....

အလွမ်းမြို့ said...

ကိုထွဋ်ရေ..

ရောက်ခဲ့တယ်။ အရူးဆိုတဲ့ ပိုစ်လေးဖတ်ပြီး ရေးစရာ အတွေးလေးတွေ အကောင်ထည်ဖော်ရမယ်။ ဒီနေ့ဘဲ အရူးအကြောင်းနဲ့ ပါတ်သက်ပြီး ကြေကွဲစရာ ဖြစ်ရပ်မှန်းလေး ကြားခဲ့ရလို့ပါ။ပျော်ရွှင်ပါစေ

ကိုတူး said...

ဟိုက်ရှား .. ကျွန်တော့်ကို ရင်ဖွင့်ပါဗျာ.. နားထောင်ပေးပါ့မယ် ကိုထွဋ်ရယ်

...အလင်းစက်များ said...

စိတ်ညစ်နေရင် ကြက်ဖ ခွတ်တိုင်းကစားလိုက်။

ဆုံးဖြတ်ရခက်နေရင် ထမင်းများများစား။ ဒါဆို အိုကေပဲ။ :D

မအိမ်သူ said...

ဘယ်တော့မှ မပြောင်းလဲတာက “ပြောင်းလဲခြင်း” တဲ့။ ဒါပေမဲ့ လူတိုင်းကြောက်ကြတာကလဲ ပြောင်းလဲခြင်းပဲ။ သိပ်မကြောက်နဲ့ သိပ်မပူနဲ့ ခေါင်းအေးအေးထား (မအေးရင်ရေခဲတင်.. :D)စဉ်းစားစရာရှိတာကို အသေအချာ စဉ်းစားပြီး ပြောင်းစရာရှိရင် ပြောင်းသင့်တယ်လို့ ထင်ရင် ပြောင်းဖို့လဲ အခွင့်အရေးကောင်း ရှိတယ် ဆိုရင် ပြောင်းပစ်လိုက်.. ဘ၀မှာ အခွင့်အရေးတစ်ခုက နှစ်ခါမလာဘူး..