Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

02 March 2011

မေ့လျော့ခြင်း

မိန်းမောမေ့လျော့ခြင်း

ကိုယ်မင်းကိုများ...သတိမရဘဲ..မေ့နေခဲ့မိပါသလား...
ဟုတ်ပါရဲ့။မင်းရှိနေတာကို..သတိမရဘဲမေ့လျော့နေခဲ့မိပါတယ်
ဘာကြောင့်မေ့နေခဲ့ရလဲ လို့ မင်းကမေးရင် မင်းကိုရှင်းပြရမှပေါ့
ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငါ့ရင်ထဲမှာ သတိရနေစရာ မလိုလောက်အောင်ကို နေရာယူထားပြီးလို့ပါပဲ။
မင်းကိုသတိရကြောင်း ပြောစရာမလိုလောက်အောင်ကို  ငါ့ရင်ထဲမှာ သိမ်းဆည်းထားလို့ပါပဲ။

ငါတို့မှာ မျက်လုံးတွေရှိပေမဲ့ မျက်လုံးတစ်စုံရှိကြောင်း ကိုအမြဲတမ်းသတိ ရနေခဲ့ပါသလား။
"ငါတို့မှာ မျက်လုံးတွေရှိတယ် မျက်လုံးတွေရှိတယ်" လို့ကော ခဏ ခဏ သတိရ ရေရွတ်နေခဲ့ဘူးပါသလား။
မျက်လုံးတွေရဲ့ကျေးဇူးကြောင့် ကိုယ်တို့ လောကကြီးကိုမြင်နိုင်တယ်လေ။
အဲသလိုပဲ မင်းကိုယ်အနားမှာရှိတာ ကိုယ်အမြဲတမ်း သတိရချင်မှရမှာပါ။
မင်းရှိနေတာ ကိုလဲ တဖွဖွ ပြောချင်မှပြောမှပါ
ဒါပေမဲ့ ..မင်းကိုကိုယ်ဘဝရဲ့ အရင်းအမြစ်ထဲမှာ သိမ်းဆည်းထားခဲ့ ပါတယ်။
မင်းကိုယ် ဘဝထဲကိုဝင်ရောက်လာတဲ့ အချိန်ကစပြီး ကိုယ်ဘဝဟာ သာယာစိုပြေလာပြီး ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာခဲ့ရလို့ပါပဲ။


ကိုယ်မင်းကိုများ...သတိမရဘဲ..မေ့နေခဲ့မိပါသလား...
မင်းဟာ ကိုယ်ဘဝရဲ့ ဟိုး ...အတွင်းအကျဆုံးမှာနေရာ ယူထားတဲ့အတွက် ကိုယ်မင်းကိုမေ့လျော့နေခဲ့တာပါ။
ဘာနဲ့အလားသဏ္ဍန်တူလဲဆိုရင် ကိုယ်တို့တွေလမ်းလျောက်သွားရင်း လမ်းဘေးမှာရှိတဲ့   လှပတဲ့ ပန်းတွေရှိတာကို သတိမမူမိ သလိုမျိုး လှပတဲ့ကောင်းကင်ယံမှာ ကြယ်ရောင်စုံတွေ တည်ရှိနေတာ ကိုသတိမမူမိသလိုပါပဲ။

အဲဒီအရာတည်ရှိနေမှုက ဘဝတစ်ခုလုံးကို ချိုမြိန်မှုတွေနဲ့ ပြည့်လျှံနေစေခဲ့သလို မိန်းမောမေ့လျော့ခြင်းတွေကိုလည်း သာယာလှပတဲ့ ဂီတသံတွေနဲ့ အလှဆင်နေခဲ့ပါတယ်.

ကိုယ်ဘဝ မှာမင်းရဲ့တည်ရှိမှုဟာလည်းအဲဒ်ီအရာတွေနဲ့ ထပ်တူထပ်မျှပဲ ဆိုတာ မင်းသိရှိပြီး နားလည်ပေးပါလားအချစ်ရယ်။

တဂိုး

ဒေါက်တာခင်ဇော်လွင်လည်း ဤကဗျာအား ဘာသာပြန်ခဲ့ဘူးပါသည်။ ကဗျာမူရင်းနာမည်က Oblivion ပါ။