Showing posts with label အဆိုအမိန့်. Show all posts
Showing posts with label အဆိုအမိန့်. Show all posts
12 February 2011
ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏အဆိုအမိန့်များ
၁) ဆရာမဖြစ်ခင် တပည့်ဖြစ်ပါစေ။ (မော်စီတုန်း)
၂) “ကံ” ပါပဲလို့ လူမိုက်က ပြောတယ်။
“အလုပ်” ပါပဲလို့ ပညာရှိက ပြောတယ်။ (အမည်မသိ)
၃) မုသားပြောခြင်းဖြင့် လူတစ်ယောက်ဟာ ဘယ်လိုအကျိုးအမြတ် တွေရနိုင်သလဲ။
သူအမှန်ပြောပေမဲ့ ဘယ်သူကမှ သူပြောတာကို မယုံတော့ဘူး။ (အရစ်တိုတယ်)
၎) စကားနည်းတဲ့ လူတွေဟာ အကောင်းဆုံး ပုဂ္ဂိုလ်တွေပါပဲ။ (ရှိတ်စပီးယား)
၅) စာရိတ္တပြဿနာ ဆိုတာ ငွေကိုမက်မောမှုနဲ့ သက်ဆိုင်နေပါသည်။ (ဂျွန်မေနက်ကီးနက်)
၆) ဝေဖန်ဆန်းစစ်မှုမျိုးမရှိတဲ့ဘဝဟာ တန်ဖိုးရှိတဲ့လုနေ မှုဘဝမဖြစ်နိုင်။ (ဆိုကရေးတီး)
၇) ဒုက္ခဆင်းရဲမှန်သမျှ၊ မကျေနပ်မှုမှန်သမျှတို့သည် အတ္တတစ်ကိုယ်ကောင်းဆန်မှုကြောင့်သာဖြစ်ရသည်။
(အရှင်နာရဒ)
၈) လောကကြီးပွားရေးမှာ “ပညာ” ဟာ အဓိက “အား” ပါပဲ။ (အရှင်ဇနကာဘိဝံသ)
၉) လောက၌ အကဲ့ရဲ့ လွတ်သောသူမရှိ။ (ဗုဒ္ဓ)
၁၀) ထာဝရဘုရားသခင်ပင်လျှင် အတိတ်ကာလကို မပြောင်းလဲပစ်နိုင်ပါ.။ (အဂ္ဂါသွန်)
လေးစားစွာဖြင့်
ကိုထွဋ်
၁၂.၀၂.၂၀၁၁
Subscribe to:
Posts (Atom)
