အခုတလော ဖေ့ဘုတ်မှာ အချစ်ရဲ့တိုယိုတာ သီချင်းနဲ့ပေါက်နေတဲ့ ဆလိုင်းဖွာထောင်းနဲ့ အင်တာဗြုးပါ...
Q: ဟုတ်ကဲ့။ နာမည်လေး ပရိသတ်ကိုမိတ်ဆက်ပေးပါဦး။
A: ကျနော့်နာမည် ပလိုင်း ပြောင်ပြောင် (ဆလိုင်း ဖာကောင်း) လို့ခေါ်ပါတယ်။
Q: နာမည်လေးက ထူးဆန်းတယ်နော်။ ဘယ်လိုပေးဖြစ်တာလဲ ရှင်းပြပေးပါဦး။
A: ဒီလိုပါ။ အခုခေတ်က အဆိုတော်တွေက အင်္ဂလိပ်စာလုံးတွေရှေ့ကထည့်ပြီး Rဇာနည်၊ N ကိုင်ရာ၊ Vနိုထွန်း ခေါ်ကြတယ်။ ကျနော်က တိုင်းရင်းသားဆိုတော့ကာ တိုင်းရင်းသားမှန်းသိအောင်လဲ နာမည်ပေးချင်တယ်။ ရိုးရာလေးလဲ မပျက်အောင်ဆိုတော့ ကျနော်တို့ တောင်ပေါ်မှာလွယ်တဲ့ ပလိုင်း ဆိုတာလေးကိုရှေ့ကထည့်လိုက်တယ်။ နောက်ပြီး ကျနော်က မင်းသိင်္ခဝတ္ထုတွေထဲက စနေမောင်မောင် ကိုသဘောကျလို့ သူနဲ့ နာမည် ကာရန်တူ ပြောင်ပြောင်ဆိုပြီး ထည့်လိုက်တော့ ပလိုင်းပြောင်ပြောင် ဖြစ်သွားတာပါပဲ။ သိတယ်မဟုတ်လား။ ကျနော်တို့ ရပ်ပါတွေက ကာရန်ကြိုက်တယ်လေ။
Q: ဒါနဲ့ အဆိုတော်ရဲ့ သီချင်း အချစ်ရဲ့ တိုယိုတာက အတော်ပေါက်တယ်နော်။ ခုဆို Facebook status တွေမှာတောင် အခြားသီချင်းစာသားတွေ သိပ်မတွေ့ရတော့ဘူး။
"အော်... ရယ်... ။ ကြက်ရိုးပြုတ်ပြီး.. ။"
စတာတွေပဲ အတွေ့များနေတယ်။
A: အော်.. ဒါကလဲ ကျနော်က ပေါက်မဲ့စာလုံးတွေကို ရွေးသုံးတာကိုး။ ဥပမာ - စိုင်းစိုင်း သီချင်းလို
"အိုးလေးလှုပ်ပါဟေ့ ရေအိုးလေးလှုပ်ပါဟေ့"
ဆိုသလိုမျိုးပေါ့။
Q: ဒါနဲ့ အဆိုတော်က မြန်မာစကားသိပ်မပီဘူးနော်။
A: ဒါကတော့ အရင်က နာမည်ကြီးဖြစ်တဲ့ စိုင်းထီးဆိုင်လဲ ဝဲတာပဲ။ အခုခေတ် နောနော်ဆိုလဲ ဘယ်မှာ မြန်မာသီချင်းပီလို့လဲ။ ဒါကပြဿနာမဟုတ်ပါဘူး။
(အော်.. သူ့အသံက သူတို့တွေလို ကောင်းတာကိုး)
Q: နောက်ပြီး USA ရောက်တာကြာပေမယ့်လည်း အင်္ဂလိပ်လို pronunciation မပီသေးဘူးနော်။
A: အော်ဒါကတော့ နေးတစ် စပီကာ မဟုတ်တော့ ပုဇွန်တောင်ဈေးရှင်းတာ ဘယ်ပီမလဲ။ ဘဲရီး ဘူးတီးဖူး။ ဇပလင် (spelling) ကတော့ နည်းနည်းသည်းခံပေါ့ဗျာ။
(မပီတာ မဟုတ်။ အတော်ကို ဆိုးနေတာ)
Q: အခုဆိုရင် အရင်ကမြန်မာပြည်မှာ ကျော်ကြားခဲ့တဲ့ ပလီပလာလေးနဲ့ Gဂျာဟိန်းကို ကျော်တက်သွားပါပြီ။ နောက်ပြီးတော့ အကြည်တော်ကလဲ သူ့ထက် ပိုတော်တယ်လို့ လက်ခံလိုက်ပါပြီ။ အဲဒါနဲ့ ပတ်သက်ပြီးဘာများပြောချင်ပါလဲ။
A: Gဂျာဟိန်းက မြန်မာသံစဉ်လေ။ ကျနော်က ဟစ်ဟော့ သိတယ်ဟုတ်။ နောက်ပြီး ကျနော်က ကမ္ဘာကျော်အောင်မှန်းထားတော့ USA မှာ အသံသွင်းတာလေ။ ဒါမှအသံသွင်းကုမ္ပဏီကြီးတွေက လာကမ်းလှမ်းရင် လွယ်အောင်လို့လေ။ အမီနာတို့၊ အကွန်တို့၊ စနိုးဒေါ့ တို့လိုမျိုးပေါ့။
(ပြောချင်တာလဲ သူ့အပြင်မရှိ။ နာမည်တောင်လွဲသေးတယ်။ ကြားရင် သတ်သေကုန်ဦးမယ်)
Q: နောက်ပြီး မြန်မာနိုင်ငံမှာ စီးရီးထုတ်ဖို့ အစီအစဉ်ရှိပါသလား။
A: ရှိပါတယ်။ စာရေးဆရာ အကြည်တော်ဆိုရင် သူ့ကို ထုတ်မယ့် လကြိုပြောပါလို့တောင် မှာထားသေးတယ်။ သူစာအုပ်အသစ်ထုတ်ရင် ရှောင်ရအောင်လို့ပါတဲ့။ ကျနော့်အခွေက ပေါက်မယ့်အခွေဆိုတော့လေ။
Q: အခုဆို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
A: ကျနော်ကလဲ ကြက်ရိုးတင်ပါတယ်..
နောက်ဆက်တွဲ သတင်းများအရ TOYOTA USA, Inc မှ ဥက္ကဌ တိုင်းပြည်အတွင်း ကုမ္ပဏီနာမည်ကို လူအများသိအောင်မလုပ်ဆောင်နိုင်မှုကြောင့် တာဝန်မှု အနားယူခြင်း။ Rapper များ အစုလိုက်အပြုံလိုက် သတ်သေခြင်း။
facebook မှ ယူလာပါသည်..
ကိုထွဋ်
၁၀.၁၂.၂၀၁၁
11 comments:
ဟား ဟား
ကမ္ဘာပေါ်မှာ အသော်ဆုံး ဆရာဝန်နဲ့သွားပြတယ်..
လက်မြှောက်ပြီ..မရသော့ဘူး..
ကုပေးပါ..ကုပေးပါ..please.. :D
အော်..ရယ် ဟင် ...
ပလိုင်းကိုရင်ဆိုပြီးတောင်ရေးဆိုလုပ်မလို့ဟား)
အဲကျရင်လာဗျူးကြဦးနော်း)
အော်.. ရယ်
ဝါးဟားဟား xD
အော်ရယ်...ပလိုင်း ကိုထွဋ်
အော် ရယ်.....ရယ် အော်
ဘဘကတော့လုပ်ချလိုက်ပြန်ဘီ.....
အော်.....ရယ်.....အဟင်......အချစ်ရဲ့ သိုယိုသာ.....:P
ဟား ဟား ရယ်ရတယ်.. ဒါမျိုးလေးတွေ မကြာမကြာတင်ပေးပါ ဟိ ရယ်ချင်လို့..
ခင်တဲ့
အိမ်မက်
အကိုရေ
ရယ်မိပါတယ်တစ်ကယ်ပါဗျာ အော်ရယ်
ကျွန်တော်လဲနားထောင်ဖူးပါတယ်
အင်တာဗြူးကတော့ရှယ်ပဲ
ရေးတက်ပနော်...အကိုကတော့...:)
Post a Comment